Latest Movie :
Recent Movies

No Escape (2015) မြန်မာစာတန်းထိုး



IMDB Rating : 6.8/10
Rotten Tomatoes Rating : 46%
Metacritic Rating: 38%
Roger Ebert Rating:0.5/4
Genre : Action, Thriller
Duration : 103 min
Director: John Erick Dowdle
Stars: Lake Bell, Pierce Brosnan, Owen Wilson
Jack (Owen Wilson)တို့မိသားစု အမေရိကန်ကနေ ထိုင်းကို ဂျက်အလုပ်ကိစ္စနဲ့ရောက်လာခဲ့တယ်။ ဂျက်ကရေလုပ်ငန်းကအင်ဂျင်နီယာတစ်ယောက်။သူတို့ရောက်ရောက်ချင်းမှာပဲဒီအချိန်မှာပဲ လျှပ်စစ်မီးအလုပ်မလုပ်တာ ဖုန်းလိုင်းမမိတာတွေကြုံရတယ်။နောက်တစ်နေ့မနက်ဂျက်သတင်းစာသွားဝယ်တဲ့အချိန်မှာတော့ အဓိကရုဏ်းတွေကြားထဲသေပြေးရှင်ပြေးပြေးခဲ့ရတယ်။အဖြစ်မှန်က ဂျက်တို့ကုမ္ပဏီကထိုင်းနိုင်ငံကိုလက်ဝါးကြီးအုပ်ဖို့ကြံခဲ့တယ်။ ဒါကို သူပုန်တွေကဆန့်ကျင်ပြီး ၀န်ကြီးချုပ်ကိုသတ်ခဲ့တယ်။ အဓိကရုဏ်းတွေဖြစ်လာပြီး တစ်မြို့လုံးက နိုင်ငံခြားသားတွေအကုန်လုံးကိုသတ်ဖို့ ကြိုးစားခဲ့တယ်။ဂျက်တို့တည်းတဲ့တည်းခိုခန်းကိုလာပြီး သူပုန်တွေလိုက်သတ်လို့ဗီယက်နမ်နယ်စပ်ကို ခက်ခက်ခဲခဲထွက်ပြေးကြရတဲ့အခါ …..



*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။

The Walk (2015) မြန်မာစာတန်းထိုး


Imdb (7.4) အထိရရှိခဲ့သည်။
The Walk ဇာတ်ကားသည် ကြိုးတန်းလမ်းလျှောက်သော သူတစ်ဦး၏ ဘဝ ၊ အိပ်မက် ၊ အခက်အခဲများ ၊ မိတ်ဆွေကောင်းတို့၏ မေတ္တာ ကိုထင်ဟပ်ပြသထားသော ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်သည်။
Eiffel Tower ထက်ပိုမြင့်သော Twin Towers ပေါ်တွင် ကြိုးတန်းလမ်းလျောက်ပြသွားတဲ့ Philippe ဆိုတဲ့ လူတစ်ယောက်အကြောင်းပါ ။
၁၉၇၄ ခုနှစ်ကနေ ဒီနေ့ ဒီအချိန်ထိ သူ့ရဲ့
ကြိုးတန်းလမ်းလျောက်ပြတဲ့စံချိန်ကို ဘယ်သူမှမချိုးနိုင်သေးပါဘူး ။
ကမ္ဘာ့ပထမဆုံးနဲ့နောက်ဆုံး အမြင့်ဆုံးနေရာမှာကြိုးတန်းလမ်းလျှောက်ပြတဲ့လူတစ်ယောက်ဖြစ်ပါတယ်။
လမ်းဘေးမှ ကြိုးတန်းလမ်းလျှောက်သူဘဝမှနေပြီး အမှတ်မထင် မဂ္ဂဇင်းစာမျက်နှာမှ တွေ့ရှိရသော ကမ္ဘာ့အမြင့်ဆုံး Twin Towers ပေါ် တွင် ကြိုးတန်းပေါ်လမ်းလျှောက်ပြချင်သော Philippe တစ်ယောက် အိပ်မက်တွေ စတင်ဖြစ်ပေါ်လာပုံ ။ မိတ်ဆွေသူငယ်ချင်းကောင်းများစွာနှင့် တွေ့ဆုံပုံ ၊ အခက်အခဲများကြုံတွေ့ပါစေ နောက်မဆုတ်တမ်းဖြတ်ကျော်မှူ့များ ကို ကြည့်ရှူ့ရပါမည်။
Twin Towers ပေါ်တွင် လမ်းလျှောက်ရန်အတွက် ဘယ်လိုအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရမလဲ ၊ သူငယ်ချင်းမိတ်ဆွေများ၏ အရေးပါပုံ ၊ လက်တွေ့လျှောက်သောအခါ ကြိုတင်ကြံစည်ထားသည်နှင့်မတူပဲ အခက်အခဲများကို ဖြတ်ကျော်ရပုံများကို The Walk ရုပ်ရှင်တွင် ဆက်လက်ကြည့်ရှူ့ ပါ။
(ဇာတ်လမ်း အညွှန်းနဲ့ ဘာသာပြန်ကတော့ မေမြတ်နိုး ပါ )
*** Update From www.channelmyanmar.com


The Finest Hour (2016) မြန်မာစာတန်းထိုး


အသက်အန္တရာယ်ကြားကနေ ရုန်းကန်လွတ်မြောက်ဖို့ကြိုးစား
ရတဲ့အခက်ခဲဆုံး အချိန်တွေဟာ ကြုံတွေ့နေရတုန်းကတော့
သေမလောက်ထိတ်လန့်စရာကောင်းပေမယ့်
ကျော်ဖြတ်လွန်မြောက်ပြီးတဲ့အခါ မှာပြန်ပြောပြစရာဇာတ်လမ်းလေး
တစ်ခုအဖြစ် ဘာနဲ့မှမလဲနိုင်တဲ့
ဘဝရဲ့အကောင်းဆုံးအချိန်တွေဖြစ်နေတက်ပါတယ်

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးရဲ့ဇာတ်အိမ်ကို
မုန်တိုင်းထန်တဲ့နေ့တစ်နေ့ရဲ့ ညတစ်ညမှာ
ဆီတင်သဘောင်္တွဲကြီး နှစ်စင်းဟာ
ပင်လယ်ထဲမှာထက်ပိုင်းကျိုးထွက်သွားတာနဲ့
ဇာတ်အိမ်တည်ထားပါတယ်
ဒီသတင်းကိုကြားလိုက်ရတဲ့ မြို့လူထုရော
ကမ်းခြေစောင့်ကယ်ဆယ်ရေးတပ်ဖွဲ့တွေရောဗျာများကုန်ကြပြီး
ကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုလွှတ်ကြရပါတော့တယ်
ဒီမှာပဲ မင်းသား ဘာနီဝက်ပါဆိုတဲ့ လူငယ်လေးခေါင်းဆောင်တဲ့ လူလေးယောက်အဖွဲ့ဟာ
မုန်တိုင်းထန်နေတဲ့ပင်လယ်ပြင်မှာကယ်ဆယ်ရေးခရီးစဉ်ကို
ထွက်လာရပါတော့တယ်
တစ်ဖက်မှာလဲ ထက်ပိုင်းကျိုးနေတဲ့သဘောင်္ပေါ်က
သဘောင်္သားတွေရဲ့ အသက်
ရှင်သန်ဖို့ကြိုးစားအားထုတ်ကြရပုံ
တွေကိုတင်ဆက်ထားပြန် ပါတယ်
ဆဲလ်ဘက်လို့ခေါ်တဲ့သဘောင်္သားရဲ့ခေါင်းဆောင်
ှုမှုအောက်မှာသဘောင်္သားတွေ ရှင်သန်ဖို့ဘယ်လိုကြိုးစားကြ
ရမလဲ ကယ်ဆယ်ရေးအဖွဲ့က ဘာနီဝက်ပါရဲ့အားထုတ်ကြိုးပမ်းမှုကရော
သဘောင်္သားတွေကို ကယ်ထုတ်လာနိုင်ပါ့မလား
ကိုယ်တိုင်လဲ ချစ်သူ မီရီယန် ဆိုတဲ့မိန်းမပျိုလေးနဲ့
လက်ထပ်တော့မယ့် ဘာနီဟာ မိမိချစ်သူဆီကိုပြန်နိုင်ပါ့မလား
လူများစွာရဲ့မိသားစုတွေကိုရောပြန်လည်ပေါင်းစည်းပေးနိုင်ပါ့
မလားဆိုတာကိုတော့……………………
ဇာတ်ကားအစအဆုံး ရင်တမမကြည့်ရမယ့်
ဒီဇာတ်ကားလေးဟာ IMDb rating 6.9/10ရရှိထားပြီး
Action,Drama,History အမျိုးအစားဖြစ်ပါတယ်
Actionကားကြိုက်နှစ်သက်သူတွေ
အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။
ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Translator Han Htoo Zaw ကရေးသားပေးခဲ့တာပါ။
*** Update From www.channelmyanmar.com


Ninja Immovable Heart (2014) မြန်မာစာတန်းထိုး


Ninja Immovable Heart (2014) မြန်မာစာတန်းထိုး
mmsubtitle မှကူးယူ တင်ဆက်သည်။။။


Shankar's I(2015) မြန်မာစာတန်းထိုး




ချစ်သူနှစ်ဦးရဲ့ ခိုင်မြဲမှုသင်္ကေတမှာရုပ်ရည်က အဓိကကျနေပါသလား။သင်သာဆိုလျှင်ကော
ရုပ်ရည်ပျက်ယွင်းသွားတဲ့ချစ်သူကိုပစ်ခွာမသွားဘဲအချစ်စစ် ကိုဖော်ကျူးနိုင်မလား မိတ်ဆွေ။

ဒီဇာတ်ကားမှာတော့ အချစ်စစ် ကိုဖွဲ့ဆိုပြထားပြီး
IMDB 7.8 /10 ရထားတဲ့အတွက်လည်းဇာတ်ကားကောင်းအနေနဲ့ရောအချစ်ရဲ့အဓိပ္ပါယ်ကို ပြောပြပေးစွမ်းမယ့်
ဇာတ်ကားကောင်းလေးအဖြစ်ရောသတ်မှတ်ထားမိပါတယ်။

(ဇာတ်လမ်းအကျဉ်း)

ဇာတ်လမ်းအစမှာတော့သတို့သမီးကို ရုပ်ဆိုးဆိုး ခါးကုန်းကုန်းရွတ်တွနေတဲ့သူတစ်ဦးက ဖမ်းခေါ်သွားခဲ့ခြင်းမျိုးနဲ့အစပြုထားပါတယ်။တကယ်တမ်းတော့ဖမ်းယူသွားခဲ့သူဟာ သာမန်သူမဟုတ်ခဲ့ပါဘူး။သူဟာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိထားတဲ့
လင်ဂီချန်ဆိုသူပါ။ကောင်မလေးကလည်းဒိုင်ယာဆိုတဲ့ မော်ဒယ်လ်ချောလေးတစ်ဦးဖြစ်ပါတယ်။အတိတ်မှာဖြင့် လင်ဂီချန်ဟာမစ္စတာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိခဲ့ပြီးMR.INDIA ဆိုတဲ့ကာယဗလမောင်ဆုကိုပါ
ယှဉ်ပြိုင်ရယူရန်ရည်မှန်းထားခဲ့တဲ့သူပါ။အချစ်ရေးမှာလည်းသူဟာ ဒိုင်ယာ ဆိုတဲ့မော်ဒယ်မလေးကို
စွဲလမ်းမိပြီး ရုပ်မြင်သံကြားဖန်သားပြင်မှတိတ်တခိုး ချစ်ခင်နေမိခဲ့တာပါ။
တစ်နေ့မှာတော့ လင်ဂီချန်ဟာဒိုင်ယာ ရှိနေတဲ့ရိုက်ကွင်းနေရာဆီလာရောက်ပြီးဒိုင်ယာကိုတောင် လာမိတ်ဆက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဒိုင်ယာဟာ ချောမောလှတဲ့မိန်းကလေးဖြစ်တာကြောင့်
ဂျွန် ဆိုတဲ့ မင်းသားကလည်းချစ်ရေးဆိုခဲ့ပါသေးတယ်။ဒိုင်ယာကတော့ ငြင်းပယ်လိုက်ပါတယ်။
ဒါကြောင့်ဂျွန်ဟာ ဒိုင်ယာနဲ့ပတ်သက်တဲ့ရှုတင် အားလုံးကိုဖျက်ပြီး ဒိုင်ယာကိုကလဲ့စားချေလိုက်ပါတယ်။အဲ့ဒီနောက် ဒိုင်ယာရဲ့ရှုတင်တွေနည်းပါးလာပြီး
ဒိုင်ယာဟာ လင်ဂီချန်နဲ့ သရုပ်ဆောင်ရန် အကြံရခဲ့ပါတယ်။လင်ဂီချန်အနေနဲ့လည်း ၀မ်းပန်းတသာလက်ခံပြီးဒိုင်ယာနဲ့အတူ သရုပ်ဆောင်ခဲ့ကြတယ်။
သို့သော် အချစ်ရေးဘက်တွင်လည်း မ၀ံ့ရဲသောလင်ဂီချန်အတွက်တော့ သရုပ်ဆောင်မှုတွေကလည်း
မပီပြင်ခဲ့ပါဘူး။ဒါကြောင့် ဒါရိုက်တာရဲ့အကြံပေးချက်အရဒိုင်ယာဟာ လင်ဂီချန်ကို ချစ်သူအယောင်ဆောင်တွဲခဲ့ပြီးသရုပ်ဆောင်ပီပြင်စေခဲ့ပါတယ်။သို့သော်
ဤကဲ့သို့ ချစ်သူအယောင်ဆောင်ထားခြင်းအား
လင်ဂီချန်သိခဲ့လေသောအခါ ----။ဘာတွေဆက်ဖြစ်လာမလဲ။
ချစ်တတ်လွန်းသူအတွက်အပေးဆပ်ခံနှလုံးသားကိုဖဲ့ကျိုးခံရခြင်းက
နာကျည်းမှုတွေများ သန္ဓေတည်စေခဲ့မလားဆိုတာဝမ်းနည်းဖွယ် ကြည့်ရှုရဦးမှာပါ။
လင်ဂီချန် အတွက်ပေးဆပ်မှုတွေက ၀မ်းနည်းမှုဖြစ်ခဲ့သလိုမနာလို ရန်သူတွေလည်း
ပေါ်ပေါက်လာခဲ့ပါတယ်။လင်ဂီချန် ဟာ ဗလမောင်ပြိုင်ပွဲတုန်းကရာဗီးဆိုတဲ့သူနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါသေးတယ်။ရာဗီးကတော့ အခဲမကြေနိုင်ဘဲ အငြိုးထားခဲ့ရာမှ(သူကဲ့သို့ လင်ဂီချန် အားဖယ်ရှားလိုသူ)မင်းသားဂျွန်နဲ့
တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုကတော့လင်ဂီချန်အတွက်အကြီးမားဆုံးသောအန္တရာယ်ကြီး ဖြစ်စေခဲ့ပါတယ်။အဲဒီနောက် လင်ဂီချန်ရဲ့နေ့ရက်တွေဟာဘယ်လိုများဖြစ်ပေါ်စေခဲ့မလဲဆိုတာလည်းရင်မောဖွယ် ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားမှာတော့နောက်ကျောဓားထိုးတတ်တဲ့မိတ်ဆွေအတုအယောင်တွေကိုဖယ်ရှားသင့်ကြောင်း
အသိပေးခဲ့အပြင်ချစ်ခြင်းမေတ္တာ သစ္စာတရားတွေနဲ့လူ့နှလုံးသားအကြောင်းလည်းဖွင့်လှစ်ပြပေးခဲ့တယ်။
ကျွန်တော့်အတွက်တော့ဒီဇာတ်ကားလေးမှာ မထင်မှတ်ရခဲ့တဲ့မြှုပ်ကွက်တစ်စုံက ရင်ဘတ်အရှိုက်ကို
ထိမှန်စေခဲ့ပါတယ်။အတိတ်နဲ့ပစ္စုပ္ပန်ကို တစ်လှည့်စီပြသပေးရင်းစိတ်ကိုနှိုးဆွစေခဲ့တယ်။မိတ်ကပ်ပညာအလွန်ကောင်းမွန်ပြီး
ဇာတ်အိမ်ဖွဲ့ပုံခိုင်မာလွန်းတာကြောင့်တသသကျန်ရစ်စေမယ့်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။
ထို့အပြင်
လင်ဂီချန် တစ်ယောက်ရဲ့နေ့စွဲရက်တွေကခါးကုန်းကုန်းနဲ့ ရွတ်တွသူတစ်ဦးဖြစ်အောင်
မည်သို့များပြောင်းလဲစေခဲ့တာလဲ။ဒိုင်ယာ နဲ့ လင်ဂီချန်တို့ရဲ့ အချစ်ရေးကရော
မည်သို့ရှေ့ဆက်ကြမလဲ။လင်ဂီချန်အတွက်တော့ မမြင်နိုင်တဲ့အန္တရာယ်မည်သူတွေက ဇာတ်လမ်းရဲ့အဓိက ရန်သူဖြစ်လာစေခဲ့မလဲ။လင်ဂီချန်ရဲ့ လှည့်ကွက်ဆန် တုံ့ပြန်လက်စားချေမှုကရောဘယ်လိုမျိုးလဲ ဆိုတာ
စိတ်လှုပ်ရှားစွာ မြင်တွေ့ရဦးမှာပါ။ဒါ့ပြင်လင်ဂီချန် အတွက် ကံကြမ္မာက တဖန်ပြန်လည်မျက်နှာသာပေးဦးမလား။အရင်လို အခြေအနေ ပြန်ကောင်းလာခဲ့မလားဆိုတာကတော့
ဇာတ်ကားလေးကြည့်ရင်းခန့်မှန်းကြည့်ရှုလိုက်ကြစို့နော်။



*** Update From www.channelmyanmar.com
Powered by Blogger.