Latest Movie :
Recent Movies

Allegiant (2016) - မြန်မာစာတန်းထိုး


Insurgent အဖြစ်အပျက်ကြောင့် တံတိုင်းပြင်ပက ကိစ္စတွေလူတွေသိရှိသွားကြတဲ့အခါ Tris နဲ့ Four တို့အဖွဲ့ဟာ Chicago မြို့ကိုစွန့်ခွာပြီး တံတိုင်းပြင်ပကို ထွက်လာကြပါတယ်။ အဲ့အပြင်ရောက်တော့ Chicago မြို့ကို လူတွေထည့်ပြီး နှစ်ရာပေါင်းများစွာ စမ်းသပ်နေခဲ့တဲ့ အရမ်းကိုတိုးတက်ပြောင်းလဲနေတဲ့ လူတွေကိုတွေ့ရှိခဲ့ရင်းနဲ့မှ ဖုံးကွယ်ထားတာတွေ လိမ်ညာနေတာတွေ ဖြစ်လာ သိလာကြရတယ်။ အဲအပြင် Chicago မှာလည်း တိုက်ပွဲတွေဖြစ်ပျက်နေတဲ့အတွက် Tris ဟာ စွန့်စားပြီး အလွန်ခက်ခဲ့တဲ့ ရွေးချယ်စရာတွေ ကြုံတွေ့လာရပါတယ်။

ရုပ်ရှင်အညွှန်း - ဓါတ်ရှင်

Mermaid (2016) - မြန်မာစာတန်းထိုး


လူရှုပ်လူပွေစီးပွားရေးလုပ်ငန်းရှင် လျူရွှမ်ဟာ သဘာဝအပန်းဖြေကမ်းခြေ စီမံကိန်းတစ်ခုလုပ်ဖို့ အစိမ်းရောင်ပင် လယ်ကွေ့နေရာကို ၀ယ်ယူခဲ့ပါတယ်။ အပန်းဖြေဧရိယာထဲမှာရေနေသတ္တ၀ါတွေရဲ့ အန္တရာယ်ရှင်းအောင်လို့ ဆိုနာနည်းပညာသုံးပြီး ဖယ်ရှားခဲ့ပါတယ်။

တကယ်တော့အစိမ်းရောင် ပင်လယ်ကွေ့ဟာ ရေသူထီးတွေ၊ ရေသူမတွေရဲ့ ကျင်လည်ကျက်စားတဲ့နေရာဖြစ်ပြီး ဆိုနာကြောင့် သေဆုံးတာတွေ၊ နာမကျန်းဖြစ်တာတွေကြုံခဲ့ကြပါတယ်။ မသေဘဲကျန်ခဲ့တဲ့ ရေသူထီး၊ ရေသူမ အဖွဲ့ဟာ သင်္ဘောပျက်ကြီးတစ်ခုထဲမှာ ပုန်းနေကြပြီး သူတို့ကိုဒုက္ခပေးတဲ့ လျူရွှမ်ကို လုပ်ကြံဖို့ ကြံစည်ခဲ့ကြပြီး ရှန်းဆိုတဲ့ ချောမောလှပတဲ့ရေသူမလေးကို ရွှမ်ဆီကို စေလွှတ်ခဲ့ပါတယ်။

ဒီလိုနဲ့ ရှန်းဟာ လူယောင် ဖန်ဆင်းပြီး ကချေသည်တစ် ယောက်ပုံစံနဲ့ ရွှမ်ကိုချည်းကမ်ခဲ့ပါတယ်။ ရွှမ်ကတော့ ရှန်းကို မိန်းမရွှင်တစ်ယောက်လို့ ထင်ခဲ့ပြီး သူ့ရဲ့စီးပွားဖက်တွေမနာလိုအောင် ခပ်ချောချောမိန်းကလေးရှန်းကို တွဲဖို့လုပ်ခဲ့ပါတယ်။

ရှန်းဟာရိုးသားပြီး ဟာသဉာဏ်ရွှင်တဲ့ မိန်းကလေးမို့ ရွှမ် သဘောကျခဲ့ပြီး သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်ရွှမ်ဟာ သူချစ်တဲ့ မိန်းကလေးဟာ ရေသူမလေးဖြစ်နေတာကို သိသွားခဲ့ပြီး သူရဲ့ဆိုနာစီမံကိန်းကြောင့် ရေသတ္တ၀ါတွေ ဒုက္ခတွေ့တယ်ဆိုတာပါသိသွားကာ ဆိုနာနည်းပညာကို ဆက်မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရေသတ္တ၀ါတွေက သူတို့ကို ဒုက္ခပေးတဲ့ ရွှမ်ကိုအလွတ်ပေးပါ့ မလား၊ ဘ၀ချင်းမတူတဲ့ ရှန်းနဲ့ရွှမ်တို့ရဲ့ အချစ်ဇာတ်လမ်းကကော ဘယ်လိုဇာတ်သိမ်းမှာလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ ဒီဇာတ်ကားမှာ လျူရွှမ်အဖြစ် ဒန်ချောင်၊ ရှန်းအဖြစ် လင်းယွမ်တို့က ခေါင်းဆောင် ပါဝင်ထားကြတာပါ။

ရုပ်ရှင်အညွှန်း - 7day Daily



My New Sassy Girl(2016) မြန်မာစာတန်းထိုး

ဒီကားက နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ My Sassy Girlကို ပုံစံအသစ်တစ်မျိုးနဲ့ ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ။ My Sassy Girl  နံပါတ် ၂ လို့ ပြောရင်လဲ ရပါတယ်။ မင်းသားက ၂ ကားလုံး အတူတူပါ။  ပထမကားဖြစ်တဲ့ My Sassy Girlက ၂၀၀၁ မှာ ထွက်ရှိခဲ့တာကြောင့် ၁၅ နှစ်ကြာမှ ပြန်ထွက်လာတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်း အကျဥ်းပြောရရင်တော့ ခပ်တုံးတုံးကောင်လေးနဲ့ ပြသနာ အမြဲရှာတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ် ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ခံစား ကြည့်ရှူလိုက်ကြပါဦး

*** Update From www.channelmyanmar.com

File Size         : 710 MB
Quality           : Blu ray 720P
Running Time : 1hr 39 minute
Format           : Mp4
Genre             : Comedy, Romanc
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဘာသာပြန်သူကတော့ Zayyar Htet  ပဲ ဖြစ်ပါတယ်)

Independence day (1996) မြန်မာစာတန်းထိုး


 1996 ဆိုလို့ ဇာတ်ကားဟောင်းကြီးဆိုပြီး ဟင်ခနဲဖြစ်မသွားခင် ခဏလေးဖတ်ကြည့်ပါဦး။ အခုရုံတင်နေပြီဖြစ်တဲ့ Independence day: Resurgence ရဲ့ prequel ဖြစ်တဲ့ ဒီဇာတ်ကားဟာ ဟောလိဝုဒ်ရုပ်ရှင်သမိုင်းကို အလှည့်အပြောင်းဖြစ်စေခဲ့ပြီး ခုချိန်ထိ ရုပ်ရှင်သမားတွေရော ပရိသတ်တွေပါ စံပြအဖြစ်ထားရှိနေရဆဲ တကယ့်Epic ရုပ်ရှင်တစ်ကားပါ။ 1996 ဇူလိုင် ၂ ရက်နေ့မှာ လရဲ့ဒြပ်ထု ၄ ပုံ ၁ ပုံတောင် အရွယ်အစားကြီးမားလှတဲ့ ဂြိုဟ်သားယာဉ်ကြီးဟာ ကမ္ဘာ့ပတ်လမ်းထဲကို ရောက်ရှိလာတာကစလို့ ကမ္ဘာကြီးတစ်ခုလုံး ဘေးအန္တရာယ်ကျရောက်လာတာကိုရိုက်ကူးထားတာပါ။ အမေရိကန်သမ္မတကြီး Whitmore ဦးဆောင်ပြီး လူသားတွေအားလုံး ကမ္ဘာ့ရန်ကို အားချင်းမတန်ပေမယ့် ဖြိုဖျက်နိုင်ခဲ့ပုံကို အဲဒီခေတ်အခါအနေနဲ့ တော်တော်ကြီးကို ကောင်းကောင်းမွန်မွန်ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ခုခေတ်လို ကွန်ပျူတာဖန်တီးမှုတွေ ပေါပေါများများ မသုံးနိုင်တဲ့အချိန်မို့ ဇာတ်ဝင်ခန်းတစ်ခန်းချင်းစီကို ဘယ်လောက်အသေးစိတ် အပင်ပန်းခံရိုက်ကူးထားလဲဆိုတာ ကြည့်ရင်းတွေ့မြင်ရပါလိမ့်မယ်။ ၁၉၉၆ လို ကာလမျိုးမှာ ဝင်ငွေ ၈၁၇ သန်းကျော် ရရှိခဲ့တာမို့ ခေတ်သစ်ဂြိုဟ်သားရုပ်ရှင်တွေရဲ့ ရှေ့ဆောင်လမ်းပြရုပ်ရှင်လည်းဖြစ်ခဲ့သလို အနုပညာတန်ဖိုးအရရော ငွေကြေးအရပါ အဆမတန်အောင်မြင်ပြောင်မြောက်ခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ သိပ္ပံဆိုင်ရာအတွေးအခေါ်အယူအဆတွေ ၊ ခုချိန်ထိ ခေတ်ရှေ့ပြေးနေဆဲ ဇာတ်လမ်းဖွဲ့စည်းပုံတွေ ကင်မရာအယူအဆတွေနဲ့ ကြည့်ရှုသူတိုင်း သိမ်းဆည်းထားသင့်တဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လို့  တင်ဆက်ပေးလိုက်ပါတယ်။ အခုလက်ရှိဇာတ်လမ်းအသစ်ကို အားမရသလိုခံစားမိတဲ့ပရိသတ်တွေ ဒီကားကိုကြည့်ဖြစ်အောင်ကြည့်လိုက်ရင်တော့ Independence day ကို လုံးဝကြိုက်နှစ်သက်သွားမှာဖြစ်ပါကြောင်း။
Credit to  : Gold Channel
Reviewed by : Scarlet Phoenix
Translated by : Christine Evangelline
Encoded by : Invoker
D

'71 (2014) - မြန်မာစာတန်းထိုး

1971 ခုနှစ်ကိုအခြေခံထားတဲ့ စစ်အက်ရှင်ကားကို တင်ပေးလိုက်ပါပြီ ။ မင်းသားကတော့ Jack O'Connell ဖြစ်ပြီး၊ IMDB 7.1 အထိရရှိနေဆဲဇာတ်လမ်းဖြစ်လို့ ဇာတ်လမ်းကောင်းလို့ ညွှန်းလိုက်ပါရစေ။
မြောက်အိုင်ယာလန်နိုင်ငံက ဘဲဖက်မြိုပေါ်မှာဖြစ်တဲ့ လမ်းပေါ်က အထိကရုန်းမှာ ဗြိတိန်စစ်သားငယ်တယောက်ဟာ သူ့တပ်ဖွဲ့နဲ့ကွဲသွားပြီး မငြိမ်းချမ်းတဲ့ နယ်မြေထဲမှာ တယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေကြားထဲကနေ သူ့အိမ်ကိုပြန်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဘယ်လိုအိမ်ပြန်မှာလဲဆိုတာကိုတော့.....

Left Behind (2014) - မြန်မာစာတန်းထိုး

မင်းသားကြီး Nicolas Cage ရဲ့ 2014 တုန်းကထွက်တဲ့ အက်ရှင်ကားဖြစ်ပြီး New York Times ရဲ့ အရောင်းရ ဆုံး ဝတ္ထု တစ်ခု ဖြစ်ခဲ့တဲ့ Left Behind(Series) စာအုပ်ကို ပြန်လည် ရိုက်ကူး ထားသော ရုပ်ရှင်ဖြစ်ပါတယ်။ Action-Thriller Movie အမျိုးအစားဖြစ်ပါတယ်။ ကမ္ဘာ ကြီးရဲ့  နောက်ဆုံး အချိန်၊အားလုံး ပျက်စီး သွားပြီးနောက် အသက်ရှင်ကျန်ခဲ့တဲ့ လူတစ်စုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လူသား တွေဟာ အစအန လိုက်ရှာလို့မရအောင် ပျောက်သွားကျပြီး သူတို့ ရဲ့ အဝတ်အစား တွေ နဲ့ အသုံးအဆောင်တွေသာ ကျန်ခဲ့ ပြီး ကမာ တစ်ခုလုံး မှာ တိုက်ခိုက်မှု တွေ ဖျက်စီး မှု တွေ ဆက်တိုက် ဖြစ်ပေါ် နေတဲ့ အချိန် စြဖ်ပါတယ်။ ယဉ်တွေ အချင်းချင်း တိုက်ခတ်မိပြီး မီးလောင်မှုတွေ ဖြစ်ပွားကာ ၊ နေရာတိုင်းမှာ အရေး ပေါ်အခြေအနေ ဖြစ်သည် အထိ တိုက်ခိုက်ခံနေရပါတယ်။ ဒီ အခြေအနေ ကို ဖြေရှင်းပေးနိုင်မယ့် သူ၊ အဖြေထုတ်ပေးနိုင်မယ့် သူ တစ်ယောက်မှ မရှိနေပါဘူး။ ထိုအချိန်မှာပဲ ကမ္ဘာ ကြီးတစ်ခုလုံး လုံးဝ အမှောင်ကျ သွားခဲ့ပါတယ်။
ထိုအချိန်မှာပဲ Pilot တစ်ဦးဖြစ်တဲ့ Ray Steele နဲ့ သူရဲ့မိသားစု က အသက်ရှင် ကျန်ရစ်ပြီး ၊ သူက တော့ လေယာဉ်ပေါ်မှာ သူ့ ခရီးသည်တွေနဲ့ အတူ ပိတ်မိနေခဲ့ပါတယ်။ သူဟာ သူ့ လေယာဉ်ပေါ်ပါလာတဲ့ ခရီး သည်တွေ ကို များစွာသော အခက်အခဲတွေကြားက ဘယ်လိုကြိုးစားခဲ့ ရတယ်ဆို တာကို တွေ့ရမှာဖြစ်ပါတယ်။
သူ လေယာဉ်ပေါ်မှာ သက်စွန့် စံ ဖျား အသက်ရှင်ဖို့ ကြိုးစားနေရချိန်မှာ မြေပြင်ပေါ်မှာ ကျန်ခဲ့တဲ့ သူ့ သမီးက ထူးဆန်းတဲ့ လူတွေ ပျောက်ဆုံးမှုမှာပါသွားတဲ့ သူ့ အမေနဲ့ သူ့မောင်လေးကို ပြန်တွေ့ဖို့ အပြင်အထန် လိုက်ရှာ နေခဲ့ ရပါတယ်။
ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်း - Movie Update HD
 

My Beloved Bodyguard(2016) မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးမှာအဓိကကတော့တရုတ်ဖတ်တီးမင်း သားခေါ်ဆူမိုဟန်ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်အက်ရှင်ဒရာမာ ရောထားတဲ့ဇာတ်ကားကောင်း လေးတစ်ကားဆိုလည်းမမှားပါဘူး

မင်းသားအန်ဒီလျူ အပါအဝင်ဝါရင့်သရုပ်ဆောင်အများအပြားလည်းသ ရုပ်ဆောင်ထားတာမို့လည်းပရိတ်သတ်တွေအကြိုက် တွေ့မယ်ဇာတ်ကားတစ်ကားဖြစ်လာမှာဧကန်ပါပဲ

 မြေးမလေးပျောက်ဆုံးသွားပြီးအရူးတစ်ပိုင်းဖြစ်ပြီး သောကပွေနေရသောအဖိုးကြီးဒင်

အိမ်နီးချင်းကောင် မလေးတစ်ယောက်ကိုမြေးမလေးအစားသံယောဇင် တွယ်တာမိပြီးအဖိုးအရင်းတစ်ယောက်လိုစောင့် ရှောက်ချင်ခဲ့သည့်ဒင်

ဒင်ကိုတစ်ဖက်သတ်သံယော ဇင်တွယ်မိနေသည့်အိမ်နီးချင်းကိုရီးယားလူမျိုးအဖွား ပက် အဖေနဲ့အမေကွဲနေသည့်အတွက်စိတ်ဒဏ်ရာရ ပြီးဒင်ကိုအဖိုးရင်းတစ်ယောက်လိုသံယောဇင်တွယ် မိနေသည့်သမီးလေးချယ်ရီလီထိုလူသုံးလေးဦးကြား တွင်တရုတ်မာဖီးယားဂိုဏ်းနဲ့ရုရှားမာဖီးယားဂိုဏ်းတို့ ရှုပ်ထွေးလာတဲ့အချိန်မှာဘာတွေဆက်ဖြစ်မလဲ

ရဲမှုး ဟောင်းတစ်ဦးအဖြစ်လဲသိုင်းပေါင်းစုံကျွမ်းကျင်တဲ့အဖိုး ကြီးဒင်ကကောချယ်ရီလီလေးကိုဘယ်လိုကာကွယ် စောင့်ရှောက်မလဲစသဖြင့်ဒရာမာအက်ရှင်ဟာသအစုံ အလင်ရသတွေနဲ့ပရိတ်သတ်တွေကိုရင်ခုန်မှုကိုပေး မယ့်ဇာတ်ကားတစ်ကားကိုကျွန်တော်(စိုးထွေး)ရဲ့၂၄ ကားမြောက်ဘာသာပြန်ကားလေးအဖြစ်တင်ဆက် လိုက်ပါတယ်အမြန်သာဒေါင်းလော့ဆွဲကြပါလို့တိုက် တွန်းလိုက်ပါရစေ
*** Update From www.channelmyanmar.com

File Size         : 780 MB
Quality           : Blu ray 720P
Running Time : 1hr 39 minute
Format           : Mp4
Genre             : Action, Drama, Crime
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Soe Htwe ပဲ ဖြစ်ပါတယ်)

Race ( 2016) မြန်မာစာတန်းထိုး


 ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။
 ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။

*** Update From www.channelmyanmar.com
File Size         : 950 MB
Quality           : Blu ray 720P
Running Time : 2hr 14 minute
Format           : Mp4
Genre             : Biography,Drama,sport
Encoder         : Joker.phs


(ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)


I hate Luv Storys(2010)(မြန်မာစာတန်းထိုး)



အချစ်ကိုယုံကြည်မှုမရှိတဲ့ကောင်လေးတစ်ယောက်ရယ်
အချစ်ကိုဘာသာပြန်မှားနေတဲ့ကောင်မလေးတစ်ယောက်ရယ်
လုပ်ငန်းခွင်မှာထိပ်တိုက်တွေ့ရင်း
အချစ်ဆိုတာလှောင်ရယ်စရာလို့ထင်တဲ့ကောင်လေးရယ်
အချစ်ဆိုတာ လူနေမှုဘ၀ပြည့်စုံမှ အချစ်လို့ထင်တဲ့ကောင်မလေးရယ်
သူတို့ထင်ထားသလို အချစ်ဆိုတာ ဖြစ်မလာတဲ့ အချိန်မှာ ဘာဆက်ဖြစ်မလဲ
ဇာတ်ကားရဲ့tempoအတက်အကျ ပရိတ်သတ်ကိုဆွဲဆောင်နိုင်မှုတွေပြောစရာမရှိလောက်အောင်ကောင်းပါတယ်
ကုလားကားသီချင်းတွေပါနေကျဆိုပေမဲ့ ခုဇာတ်ကားထဲမှာ ထည့်သင့်တဲ့နေရာထည့်သင့်တဲ့အချိန်
အားလုံး timing  ကိုက်လှပါတယ်
သီချင်းထဲက သရုပ်ဆောင်ချက်တွေကလည်း ဇာတ်လမ်းရဲ့သရုပ်ဖော်ပုံစံဖြစ်နေလို့မကျော်သင့်ပါဘူး
အကောင်းဆုံးကတော့မင်းသမီးရဲ့သရုပ်ဆောင်ချက်တွေကောင်းပါတယ်
သူမရဲ့မျက်လုံးတွေကပဲ ဇာတ်လမ်းကိုဆွဲဆောင်နိုင်တယ်လို့ပြောရင်မမှားပါဘူး
Drama comedyအမျိုးအစားဖြစ်ပါတယ် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါ
IMDb rating 5,6/10 အထိရရှိထားပါတယ်။
(ဇာတ်ကားဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ Channel Myanmar ရဲ့ ပရိသတ်တယောက်ဖြစ်တဲ့ “Pyae Phyo” ပဲဖြစ်ပါတယ်။)

*** Update From www.channelmyanmar.com
File size :900Mb
Quality :720 blueRay
Format :MP4
Duration :02:14:00
Traslator :Pyae Phyo
Encoder :AP Newschool




24 (2016) - မြန်မာစာတန်းထိုး

Time Travel နဲ့ ပက်​သက်​ပြီး စိတ်​ဝင်​စားတဲ့ သူငယ်​ချင်း​တွေ အတွက်​ IMBd rating 8.5 အထိ​တောင်​ ရရှိဲထားတဲ့ Science Fiction အမျိုးအစား India movie ​လေးနဲ့ မိတ်​ဆက်​​ပေးချင်​ပါတယ်

ဒီ 24 ဆိုတဲ့ ကား​လေးကို ဒါရိုက်​တာ Vikram Kumar က ရိုက်​ကူးခဲ့ပြီး Suriya က သုံးကိုယ်​ခွဲ သရုပ်​​ဆောင်​ထားတာဖြစ်​ပါတယ်

ဒီရုပ်​ရှင်​​လေး က 2009 ခုနှစ်​ကတည်းက ရိုက်​ဖို့ စီစဉ်​ထားတာဖြစ်​​ပေမယ့်​ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ပျက်​ခဲ့ပြီး 2014 ခုနှစ်​မှ ရိုက်​ကူးနိုင်​ခဲ့ပြီး 2016 May လ 6 ရက်​​နေ့က ထွက်​ရှိခဲ့တာ ဖြစ်​ပါတယ်

ဒီကား​လေးထဲမှာ သိပ္ပံပညရှင်​ Dr. Sethuraman အဖြစ်​ Suriya က သရုပ်​​ဆောင်​ထားပြီး၊ သူသည်​ ၁၉၉၀ ဇန်​န၀ါရီ မှာ အများဆုံး ၂၄နာရီစာ ​ခေတ်​ ​ရှေ့​နောက်​ပြန်​သွားလို့ရတဲ့ နာရီ တလုံးကို တီထွင်​ခဲ့တယ်​။

အဲ့ မှာ သူ့ရဲ့ အမွှာ ညီအကို က သူ့ရဲ့ နာရီကို ခိုးဖို့ ကြိုးစား ရာက​နေ သူ့ရဲ့ နာရီ ​ကော အခိုးခံခဲ့ရလား၊ သူ့ရဲ့ နာရီက​ကော ဘယ်​လို အချိန်​ကို ​ရှေ့​နောက်​ ပြန်​ချိန်​လို့ရလဲ ဆိုတာကို​တော့ ဇာတ်​လမ်း​လေးထဲမှာ ဆက်​လက်​ခံစား​ပေးပါ​နော်
 ရုပ်ရှင်အညွှန်း - Updated New Movie Tube


The Dead Lands (2014) - မြန်မာစာတန်းထိုး


နယူဇီလန်ကျွန်းက ပင်ရင်းလူမျိုးတွေကို အခြေခံထားတဲ့  လူရိုင်းဇာတ်ကားကောင်း တကားတင်ပေးလိုက်ပါတယ်။ ဘိုးဘေးတွေကိုလေးစားပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့ မာအိုရီရွားသူကြီးနဲ့ သူ့လူမျိုးစုဟာ အခြားမဟာမိတ်လူမျိုးစုတစုရဲ့ သစ္စာဖောက်ခြင်းကို ခံရပြီး အသက်ခံရပါတယ်။ ဆယ်ကျော်သက်သာရှိသေးတဲ့ ရွာသူကြီးရဲ့သားအနေနဲ့ ပြန်ကလဲ့စားချေဖို့နဲ့ သူ့လူမျိုးဂုဏ်သိက္ခာကို ပြန်လည်ဖေါ်ဆောင်ဖို့ တာဝန်ရှိတဲ့ တဦးတည်းသောသူဖြစ်လာပါတယ်။ ငယ်ရွယ်လွန်းပြီး အတွေ့အကြုံနုတဲ့ သူ့နေနဲ့ တာဝန်ကို ဘယ်လိုထမ်းဆောင်မလဲဆိုတာကိုတော့....

IMDB 6.4 ရထားတဲ့ လူရိုင်းဇာတ်ကားဟာ 1h:47mins ကြာမြင့်ပါတယ်။


Download & Watch On Blog 

*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။  

The Spiderwick Chronicles (2008) မြန်မာစာတန်းထိုး

2008 ခုနှစ်ရဲ့အကောင်းဆုံးဇာတ်ကား 10 ကားစာရင်းဝင်ဇာတ်ကားပါ။ မှော်တွေ အကောင်ဗလောင်တွေ၊ မိသားစု ဇာတ်ကားအမျိုးစားကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကား.....

မယ်လ်ရီတို့ မိသားစုတွေနယူးယော့ခ် မှာအနေအထိုင်ကြပ်တည်းလာလို့အမွေရထားတဲ့ အိမ်ကြီးကိုပြောင်းရွှေ့လာရာမှ ပြန်မပြောနားမထောင် ဂျရက်တစ်ယောက်ရဲ့ တစ်ဇွတ်ထိုးတစ်ယောက်ကြောင့်မှော်ဝင်စာအုပ်ကြီးတစ်အုပ်တွေ့ရှိရာမှ..... ဒီမှော်ဝင်ကျမ်း(လမ်းညွှန်)ကိုရေးခဲ့တဲ့သူက အာသာစပိုက်ဒါဝါ့ခ် ပါပဲ...
ဒီနေရာမှာ မှော်ဝင်ကျမ်းအကြောင်းနဲနဲပြောပြပေးပါမယ်... အာသာစပိုက်ဒါဝါ့ခ် တစ်ယောက်မိမိရောက်နေရာဒေသကို စူစမ်းရင်းနဲ့ မှင်စာတွေနဲ့ပက်ပင်းတိုးမိပါတယ်၊ အဲဒီကစပြီးသူက မှင်စာတွေရဲ့ အားသာချက် အားနည်းချက်တွေကို စာအုပ်ထဲမှာရေးမှတ်မိပါတော့တယ်... အဲဒီမှာ...မှော်မိစ္ဆာကြီး မာဂရက် တယောက်က ထိုကျမ်းကိုမျက်စိကျလာပါတယ်... မာဂရက်က မှော်ပညာသာကြီးတာ ဥာဏ်ပညာမရှိဘူးလေ သူကတခြားမှင်စာတွေကို သတ်ပြီး ကမ္ဘာ့မှော်ပညာအကြီးဆုံးမိစ္ဆာဖြစ်ချင်နေတာကိုး.... ထိုမှော်ကျမ်းထဲမှာလည်း မိစ္ဆာတွေရဲ့ အားနည်းချက်တွေအများကြီးပါတာကိုး.....

ဒါတွေကိုသိသွားတဲ့ အာသာစပိုက်ဒါဝါ့ခ်က စာအုပ်ကိုကာကွယ်ဖို့ အိမ်ပတ်လည်ကို စည်းချခဲ့ပါတယ်....ဒါတွေက ဂျရက်တစ်ယောက် စာအုပ်ကို မတွေ့ခင်အထိဘေးကင်း နေပေမဲ့...ဂျရက်တစ်ယောက်လည်းစာအုပ်တွေ့သွားရော ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ..... (မင်းသမီး မယ်လ်ရီ က စံရတီမိုးမြင်းနဲ့ အတော်ဆင်တယ်)


***Update From www.channelmyanmar.com
File Size         : 750 MB
Quality           : Blu ray 720P
Running Time : 1hr 36 minute
Format           : Mp4
Genre             : adventure, family, fantasy
Encoder         : Joker.phs


Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)

Special Correspondents(2016) မြန်မာစာတန်းထိုး


 ဒီဇာတ်ကားဟာ……… ရေဒီယိုဂျာနယ်လစ် တစ်ယောက်နဲ့ သူ့ရဲ့နည်းပညာကျွမ်းကျင် သူတို့ နှစ်ယောက်ဟာ တောင်အမေရိကမှာ ပုန်ကန်ထကြွမှုတွေဖြစ်နေစဉ် အတွင်းမှာ ပြန်ပေးဆွဲမှုတစ်ခုပြုလုပ်ရန် လျှို့ဝှက်ကြံစည်ကြပုံကို ဟာသ လေးနှောပြီးရိုက်ကူးထားတဲ့ Comedy ကားကောင်းလေးတစ်ကားဖြစ်ပါတယ် iMDb rating အနေနဲ့ကတော့ဘ5.8/10 ရရှိထားပါတယ်

Download & Watch From Pcloud


Download & Watch On Blog

(ဇာတ်ကားအညွန်းရေးသူကတော့ Han Htoo Zaw ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.com




*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။  
 

Hannah Montana: The Movie (2009) HD 720P 500 MB မြန်မာစာတမ်းထိုး



ဟာသ ဖန်စီ မေတ္တာဘွဲ့ ဇာတ်ကားလေးတွေထဲက အဆိုတော် မင်းသမီးချောလေး
Miley Cyrus ရဲ့ဇာတ်ကားကို ဒီတစ်ပတ် super sunday အတွက် မြန်မာစာတမ်းထိုးနဲ့
တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်လမ်းလေးမှာတော့ Hannah Montana ဆိုတဲ့ Pop star  ဘ၀နဲ့  သာမန်
ကျောင်းသူလေး Miley Stewart ဘ၀နှစ်ခုကြားမှာ လျှို့ဝှုက်ချက်တွေနဲ့ရုန်းကန်ရှင်သန်
နေရတဲ့ ဖတဆိုးသမီး ချစ်စရာကောင်မလေးအဖြစ် ... Miley Cyrus ရဲ့ သွက်လက်တဲ့ သရုပ်ဆောင်ချက်တွေကိုခံစားရမှာဖြစ်ပါတယ် ။ သူမရဲ့ အဘွားဖြစ်သူ မွေးနေ့ပွဲကို အကြောင်းပြုပြီး...သူမဇာတိမြေကိုပြန်ုရောက်သွားတဲ့အခါ...မမျှော်လင့်ပဲကြုံတွေ့ခဲ့ရတဲ့ ..အခက်အခဲ..ပျော်ရွှင်မှု့..မေတ္တာတရားတွေကို...ဟာသဆန်ဆန်
ဖော်ကြူးထားတဲ့ ရသစုံပေးနိုင်တဲ့ ကြည့်သင့်တဲ့ဒရမ်မာကားလေးတစ်ကားပါ
ဒီကားထဲမှာတော့... Miley Cyrus ရဲ့ Climb , The best of both world ,
Butterfly Fly Away စတဲ့နာမည်ကြီးသီချင်းတွေကို ဇတ်ဝင်တေးအဖြစ်
နားဆင်ရမှာဖြစ်ပါတယ် မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။
 

Every Child is Special (2007) မြန်မာစာတန်းထိုး




IMDb Rating (8.6) ရရှိထားတဲ့ မိသားစုတိုင်းကြည့်ရမယ့်ဇာတ်ကားလေးပါ...
3 Idiots မင်းသား Aamir Khan ကိုယ်တိုင်ရိုက်ကူး/သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ...
အကြင်နာတရားကင်းမဲ့တဲ့ အပြိုင်အဆိုင်ကမ္ဘာ ကြီးမှာလူတိုင်းက ထိပ်တန်းတွေ
အကောင်းဆုံးတွေချည်း မွေးချင်နေကြပေမယ့် ကလေးလေးတွေကတော့ သူ့အတွေး
သူ့ကျွမ်းကျင်မှု သူ့အရည်အချင်းနဲ့သူပါ...လူတွေအကြောင်းကိုအကောင်းဆုံးပုံဖော်ထားတဲ့
ရသအမြောက်ဆုံးဇာတ်ကားတစ်ကားပါ...အရာအားလုံးကို ပုံသေကားချပ် နလပိန်းတုံးတစ်ယောက်လို
တွေးတောနေလို့မရဘူးဆိုတာ ဒီဇာတ်ကားမှာ ပြသွားတာကိုကြည့်ရင်း ကျွန်တော် ဖတ်ဖူးတဲ့ ဥပမာ တစ်ခုကိုသတိရမိပါတယ်....
- တြိဂံ တစ်ခုရဲ့ အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီ ဆိုတာ ကျွန်တော်တို့ သင်ခဲ့ဖူးပါတယ်..
ကြမ်းပြင်မှာ တြိဂံ တစ်ခုဆွဲပါ..တိုင်းပါ..အတွင်းထောင့်အားလုံးပေါင်းခြင်းဟာ 180 ဒီဂရီပါ..
မှန်ပါတယ်...ဒါဆိုရင် သင့်ကို မြောက်ဝင်ရိုးစွန်း၊ အမေရိကန်၊ဂျပန် ကိုဆက်ထားတဲ့ တြိဂံပုံစံ တံတား
တစ်ခုဆောက်ခိုင်းပါမယ်...သင်က အတွင်းထောင့်အားလုံးပေါင်းခြင်းကို 180 ဒီဂရီဖြင့်တွက်ပါမယ်...
တံတားကိုဆောက်ပါပြီ...တံတားက တစ်ခုနဲ့တစ်ခု အဆင်ပြေပြေ ဖြောင့်ဖြောင့်တန်းတန်း
မဆက်မိတော့ပါဘူး....ဘာလို့ပါလိမ့်...?????
အဖြေကတော့ ကျွန်တော်တို့ ကမ္ဘာ ဟာအလုံးကြီးပါ...ဘောလုံးလို အခုံးမျက်နှာပြင်ပေါ်က တြိဂံတစ်ခုရဲ့
အတွင်းထောင့်တွေပေါင်းခြင်းဟာ 180 ထက်ကြီးပါတယ်...
အခွက်မျက်နှာပြင်ဆိုရင်180ထက်ငယ်ပါတယ်...Relativity သဘောတရားကိုတွေ့ရပါမယ်...
(ဒီထက်ပိုပြီးလေ့လာချင်ရင် Einstein's Theory of General Relativity ကိုလေ့လာသင့်ကြောင်းပါ)

(ဒီဇာတ်ကားကို ကြိုက်လွန်းလို့ ကိုယ်တိုင်ဘာသာပြန်ခဲ့သော ညီလေး ညီသံလွင်
ကိုကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ...)

Download Pcloud (1.5GB) Link -1

Download Pcloud (1.5GB) Link -2

Download Pcloud Small File Link -1

Download Pcloud Small File Link -2

My Way(2011) - မြန်မာစာတန်းထိုး


တကယ့်အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ IMDb Rating(7.7/10)ရရှိထားပါတယ်။
မြန်မာစာတန်းထိုးကိုတော့ ကသာသားလေး မှရေးသားပေးခဲ့တာပါ။ pCloud ကနေ ဖိုင်ဆိုဒ် 336 MB နဲ့ တင်ပေးလိုက်ပါတယ်

9 Songs( 2004) 21+ မြန်မာစာတန်းထိုး


18+ ထက်ကျော်လွန်ပြီး အချစ်ရဲ့ ခံစားမှု့ရသတွေကို အတုံးလိုက်အတစ်လိုက် ရသအပြည့်ဖော်ပြထားတာကြောင့် 21+ Rating ပေးလိုက်ရခြင်းဖြစ်ပါတယ်.။ အမိုက်စားဇာတ်ကားတစ်ကားပါ.။ ရာသီဥတုဆိုင်ရာပညာရှင် Matt နဲ့ Lisa တို့ဟာ အမေရိကားမှာ သွားရောက်ပညာသင်ကြရတဲ့ အင်္ဂလန်နိုင်ငံမှာ လူငယ်စုံတွဲတစ်ဦးဖြစ်ပါတယ်.။ မက်ဟာ အန္တာတိကတိုက်မှာ အလုပ်လုပ်ခဲ့တာဖြစ်ပေမယ့် Rock ဂီတကို စိတ်ဝင်စားပြီး Rock ဂီတပွဲတွေကို တက်ရတာကို ခုံမင်နှစ်သက်ပါတယ်.။ တစ်ရက်မှာ ဘရစ်စတန်အကယ်ဒမီနဲ့ အခြားပွဲတွေမှာ နားထောင်ခဲ့ဖူးတဲ့ သီချင်း 9 ပုဒ်ရဲ့ ရသအတိုင်း Lisa နဲ့ အတူ အချစ်ဗျူဟာခင်းကျင်းဖို့အတွက် အကြံရခဲ့ပါတယ်.။ အဲ့ဒီ့သီချင်းတွေရဲ့ ချိုမြိန်မှု့ပြင်းရမှု့ ဆွတ်ပျံ့ကြည်နူး လှိုက်ဖို ရင်ခုန်စရာကောင်းမှု့ စတဲ့ရသတွေ အတိုင်း London တစ်ခွင်ကိုလည်ပတ်ရင်းနဲ့ Lisa ဆိုတဲ့ ချစ်သူနဲ့ အတူ အချစ်ဗျူဟာခင်းကျင်းကြပြီး ဘ၀ရဲ့ အရေးပါတဲ့ ကာမဆန္ဒဆိုတဲ့ အစိတ်အပိုင်းတစ်ခုကို ဘယ်လို ချိုမြိန်စွာထုတ်ယူစားသုံးကြမလဲဆိုတာ သီချင်း 9 ပုဒ်ရဲ့ ရသနဲ့ အတူ ချိုမြိန်မှု့ပြင်းရမှု့ ဆွတ်ပျံ့ကြည်နူး လှိုက်ဖို ရင်ခုန်စရာကောင်းမှု့ စတာတွေကို ကြည့်ရှု့ခံစားကြရမယ့်ဇာတ်ကားကောင်းတစ်ကားပါ.။ အချစ်ရဲ့ ပြင်းရှရှ အစိတ်အပိုင်းတွေ လှိုက်ဖိုရင်မောစွာခံစားရမှု့တွေ အသည်းခိုက်အောင်ကျေနပ်နှစ်သိမ့်ရမှု့တွေကို ကွက်ကွက်ကွင်းကွင်းမုန့်တီဟင်းလို မခြွင်းမချန်ဖော်ပြထားတာကြောင့် ကာလသားတွေ အကြိုက်တွေ့စေမယ့် 21+ ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် 18+ နှစ်မပြည့်သေးသူ လူငယ်လူရွယ်များနှင့် မိသားစုနှင့် အတူကြည့်ရှု့ ရန်မသင့်တော်ကြောင့် စကားပါးရင်း ဇာတ်ကားအမိုက်စားတစ်ကားကို ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ရပါတယ်.။


Credit to : Gold Channel
Translated by : Phyu Phyu Kyaw Thein
Encoded by : Water party yay party


Watch & Download - 600 MB 

Download & Watch On Blog

*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။   

House Full 3 (2016) မြန်မာစာတန်းထိုး

IMDB 5.6 ရထား​ပေးမယ့်​ တကယ်​​ကောင်းတဲ့ ဇာတ်​ကား​လေးပါ... လူကြိုက်​​တော်​​တော်​များတဲ့ ဇာတ်​ကား​လေးလဲဖြစ်​ပါတယ်​.... ဟာသကို အဓိကဦးစား​ပေး ရိုက်​ကူးထားတဲ့ ဇာတ်​ကား​လေးလဲ ဖြစ်​ပါတယ်​.....နာမည်​ကြီးသရုပ်​​ဆောင်​ ရုပ်​ရှင်​ မင်းသားနှင့်​ မင်းသမီး​တွေနဲ့ ရိုက်​ကူးထားခြင်းဖြစ်​ပါတယ်​...ပ​ထွေးဖြစ်​သူက သူ့ရဲ့သမီးဖြစ်​သူ​တွေကို လက်​မထပ်​​ပေးချင်​ခဲ့ဘူး...​စည်းစိမ်​ကိုမတ်​ခဲ့တဲ့ ကောင်​​လေးသုံး​ယောက်​ရဲ့ကြိုးစားမှု​ကြောင့်​ အ​ဖေအရင်းဖြစ်​သူ​နှင့်​ အ​ဖြေမှန်​ကို ရှာ​တွေ့နိုင်​ခဲ့တယ်​....ဖ​ထွေးကဘာလို့လက်​မထပ်​​ပေးချင်​တာလဲ.... အ​ဖေအရင်းဘာဖြစ်​လို့ သူ့သမီး​တွေကိုဆွန့်​ပစ်​ခဲ့လဲဆိုတာကို ဆက်​လက်​ရှုစားကြပါဦးခင်​ဗျား... ​ကျေးဇူးတင်​ပါတယ်
Credit to : Gold Channel
Translated by : Paing Soe Hein
Encoded by : Invoker
Quality : HDCAM version
 
 
 
*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။  
 

Colonia Dignidad (2016) မြန်မာစာတန်းထိုး

2016 ခုနှစ်ထွက် ဖြစ်ရပ်မှန် အခြေခံထားတဲ့ ဇကားလေးတစ်ကားနဲ့
စီအမ် ပရိတ်သတ်ကြီးကို ဒီညအတွက် မိတ်ဆက်ပေးပါရစေ
ကျတော်ကတော့ အသဲကျော်လေး အမ်မာဝတ်ဆန်ပါလို့ ဒီကားလေးကိုကြည့်မိပြီး
သဘောကျမိတာနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးတာပါ
ကဲ ဇာတ်လမ်းအကျဉ်းလေးကို သွားလိုက်ကြရအောင်ဗျာ
ဇာတ်လမ်း အကျဉ်းလေးကတော့ ချီလီနိုင်ငံရဲ့ ၁၉၇၃ ခုနှစ်ကာလကို အခြေခံပြီးရိုက်ကူးထားပြီး
ချီလီနိုင်ငံက နာမည်ကြီး ကိုလိုနီးယား ဒစ်ကနီဒက် ဆိုတဲ့ ဘုရားရှိခိုးကျောင်းအမည်ခံ 
စစ်အတွင်း ပုန်ကန်ဆန္ဒပြသူတွေကို ရူးသွပ်သည်အထိနှိပ်စက်ပြီး 
အသိစိတ်ကင်းမဲ့စေသောဆေးများကြွေးပြီး 
သူ့ကိုယ်သူ ဘု၇ားနှင့်ဆက်သွယ်နိုင်သည်ဟု ဆိုကာ နှိပ်စက်နေသော ဘုန်းတော်ကြီး
Paul Schäfer အကြောင်းကို ရိုက်ကူးပြထားသော ဇာတ်ကားဖြစ်ပြီး
ဘုန်းတော်ကြီးPaul Schäfer ကတော့ ၂၀၀၄ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး
ကလေးသူငယ်ဆိုင်ရာ လိင်ကျူးလွန်မှုအပါအ၀င် အခြားအမှုပေါင်းများစွာနှင့်
ထောင်ဒဏ် ၃၃ နှစ်ချမတ်ခံရပြီး ၂၀၁၀ ခုနှစ်မှာ စန်တီဂို အကျဉ်းထောင်အတွင်းမှာဘဲ
ဘ၀ ဇာတ်သိမ်းသွားခဲ့ပါတယ်။
လေယာဉ်မယ် လီနာ တဖြစ်လဲ အမ်မာဝတ်ဆန် ဟာ ချီလီနိုင်ငံကို လေကြောင်းတာဝန်အရ လိုက်ပါခဲ့ပြီး
အနားယူရန် ကားဖြင့် ထွက်လာစဉ် ချစ်သူဖြစ်သူ ဒယ်နီရယ် ကိုတွေ့မိပြီး လိုက်ပါသွားခဲ့ရာမှ
ဒယ်နီရယ် မှာ အာဏာရပါတီ၏အတိုက်အခံ ခေါင်းဆောင်၏ပုံကို ဆွဲပေးပြီး စစ်တပ်မှလိုက်ဖမ်းရာမှ ထွက်ပြေးရင်း အဖမ်းခံရရာမှ ကိုလိုနီးယား ဒစ်ကနီဒက်သို့ရောက်ရှိသွားခဲ့ ရာမှာ
ရည်းစားဖြစ်သူ လီနာ က လိုက်သွားခဲ့ပြီး မည်သို့မည်ပုံကယ်တင်မည်ကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ခံစားကြည့်ရှူကြပါအုံးဗျာ
(Based On True Story ဖြစ်တာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတကားဖြစ်ပြီး
သင်ခန်စာယူဖွယ် သမိုင်းဖြစ်ရပ်များကိုတွေ့ရှိရမှာပါ)
*** Update From www.channelmyanmar.com
File size...(700MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Kyaw Ye Aung 


Download & Watch On Pcloud

Download & Watch On Blog


*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။ 

The Danish Girl (2015) မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းဟာ ၁၉၂၆ မှာ ဒိန်းမတ်နိုင်ငံက ပန်းချီဆရာလင်မယားရဲ့ အကြောင်းကို ရိုက်ယူထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုပါတယ်။ ပန်းချီဆိုတာ အရောင်တွေ သုံးပြီး ကင်းဗတ်စပေါ် ရေးတယ် ဆိုတာလောက်ပဲ သိတဲ့ ကျနော့်အတွက်တော့ သူတို့ဆွဲတဲ့ ပန်းချီ အမျိုးအစားအယူအဆတွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ယောက်ျားဖြစ်သူ Einar က ရှုခင်းပုံဆွဲပြီး သူ့အမျိုးသမီး Gerda က ပုံတူရေးဆွဲတယ်လို့ပဲ ဆိုပါတော့။ တရက်မှ Gerda ဟာ ပုံတူရေးဆွဲရာမှာ မော်ဒယ်လ်ထိုင်ဖို့ အမျိုးသမီးရောက်မလာလို့ သူ့ယောကျာ်း Einar ကိုပဲ အမျိုးသမီးလို ဆင်ပေးပြီး မော်ဒယ်လ်ထိုင်ခိုင်းခဲ့တယ်။ အမှတ်မထင်ပဲ အဲ့ပန်းချီကားဟာလည်း အောင်မြင်သွားတယ်ပေါ့။ ဒါပေမယ့် တဖက်မှာတော့ သူ့ယောကျာ်း Einar ဟာ ငယ်ငယ်ကတည်းက သူ့မှာ ရှိနေတဲ့ အမျိုးသမီးဖြစ်ချင်တဲ့ စိတ်တွေဟာ သူ့မိန်းမကို အမျိုးသမီးအဖြစ် မော်ဒယ်လ်ထိုင်ပေးပြီး နောက်ပိုင်း တဖြေးဖြေး ထကြွလာပြီး နောက်ဆုံးမှာ လိင်ပြောင်းလဲဖို့အထိ ဖြစ်လာပါတော့တယ်။ Gerda ဟာ ပထမတော့ နည်းနည်း အံ့သြထိတ်လန့် သွားပေမယ့် နောက်ပိုင်းမှာ ဒီကိစ္စကို အတူလက်တွဲပြီးရင်ဆိုင်ခဲ့ပါတယ်။

ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါမျိုးက မြန်မာကားတွေမှာဆို ဟာသလုပ်ပြီးရိုက်လေ့ရှိတယ်။ ဂေးဆိုတာ လှောင်ပြောင်စရာ သတ္တဝါတစ်ကောင်အဖြစ်ပေါ့။ ဒီဇာတ်ကားမှာတော့ Gerda ရယ် Einar ရဲ့ငယ်သူငယ်ချင်းရယ်ဟာ Einar ရဲ့ အဖြစ်ကို အပြည့်အဝ နားလည်မှုရှိစွာနဲ့ ဖေးမကူညီခဲ့ပါတယ်။ Einar ဟာ သူ့ကိုယ်သူ အမျိုးသမီးအဖြစ်ခံယူကာ Lili Elbe လို့နာမည်ပြောင်းခဲ့ပါတယ်။
Lili Elbe ရဲ့ ဒိုင်ယာရီကို ၁၉၃၃ မှာ 'Man into Woman ' ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခဲ့ပြီး သူ့ဟာ နောက်ပိုင်းမှာ လိင်ပြောင်းလဲမှုပြုလုပ်သူတွေ အတွက် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့သတဲ့။ ဒီဇာတ်ကားထဲ မင်းသမီး Alicia Vikander ဟာ Gerda အဖြစ် သရုပ်ဆောင်တာ အတော်မိုက်တယ်ဗျ။ ဒါကြောင့်လည်း သူဟာ ဒီဇာတ်ကားနဲ့ ဟိုတလောက Oscars ဆုပေးတာမှာ Best Supporting Actress ဆုရခဲ့တာပေါ့။
IMDb Rating (7/10)
(ရုပ်ရှင်အညွှန်းကို lynnsettreview.blogspot.com မှကူးယူဖော်ပြပါသည်။)
*** Update From www.channelmyanmar.com

File size...(950MB) 
Quality...Blu-ray Rip 720p
 

Format...mp4
Duration....01:59:38
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)


Download & Watch On Blog

*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။ 
  

ကမ္ဘာမြေရဲ့နတ်ဆိုးမိစ္ဆာ - ဟစ်တလာ (သို့မဟုတ်) Hitler Rise of Evil (2003) မြန်မာစာတန်းထိုး





ကမ္ဘာမြေရဲ့နတ်ဆိုးမိစ္ဆာ - ဟစ်တလာ (သို့မဟုတ်) Hitler Rise of Evil (2003) မြန်မာစာတန်းထိုး

Imdb :7.3/10
အာဇာနည်နေ့အမှတ်တရအနေနဲ့ နိုင်ငံရေးကို အမုန်းတရားတေ အယူဝါဒမှိုင်းတွေ 


အလိမ်အညာစကားတွေနဲ့တည်ဆောက်ခဲ့ပြီး ကမ္ဘာတစ်ခွင်ကို ဒုက္ခရောက်စေခဲ့တဲ့ နတ်ဆိုးကြီးအကြောင်း

 ဇာတ်လမ်းကို သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

 သမိုင်းနောက်ခံကားကောင်းကောင်းကြည့်ချင်သူတွေအတွက် Hitler; Rise of evil ပါ။

 ပထမကမ္ဘာစစ်အပြီးမှာ ဟစ်တလာရဲ့ လှုပ်ရှားမှုတွေကစပြီး ဒုတိယကမ္ဘာစစ်ဖြစ်လာစေတဲ့အကြောင်းရင်း၊

 ဟစ်တလာရဲ့ စိတ်နေစိတ်ထား သဘာဝနဲ့ သူ့ဘဝအကြောင်းကို 

သမိုင်းစာအုပ်တွေမှာ လေ့လာနေစရာမလိုတော့ပဲ အနုပညာမြောက်ဇာတ်ကားတစ်ခုအနေနဲ့ 

ခံစားလို့ရပါပြီ။ အပျော်ဗဟုသုတ ရရုံကြည့်ဖို့သာမက ဒုတိယကမ္ဘာစစ်အကြောင်း၊ စစ်ကိုဖြစ်စေခဲ့သူတွေအကြောင်းနဲ့အတူ

 အဲဒီခေတ်က မြင်ကွင်းတွေ လက်နက်တွေနဲ့ ကမ္ဘာ့သမိုင်းမှတ်တမ်းတစ်ခုကိုသိမ်းဆည်းလိုသူများအတွက်

 မဖြစ်မနေကြည့်သင့်ပြီး သိမ်းဆည်းထားသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

 ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ ကွန်မြူနစ်စနစ်တွေကြားထဲမှာမှ တကယ်တမ်းတော့ 

ကိုယ်အကျိုးအမြတ်အတွက်သာ လူတိုင်းကြည့်ပြီးနိုင်ငံရေးလုပ်ကြပုံတွေကို သမိုင်းဝင် ဟစ်တလာရဲ့ 

မိန့်ခွန်းတွေ၊ ကမ္ဘာကျော် သူ့အမူအရာတွေကို စာအုပ်လှန်ဖတ်နေစရာမလိုပဲ တွေ့မြင်ခံစားရမယ့် 

အခွင့်အရေးပါ။ 

 ဂျူးတွေကို အင်မတန်မုန်းပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ ဟစ်တလာအကြောင်းရုပ်ရှင်ဟာ mini series

 အမျိုးအစားဖြစ်ပြီး ဒါကတော့ အပိုင်း ၁ ဖြစ်ပါတယ်။ ဒုတိယပိုင်းကိုလည်း 

ဆက်လက်တင်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။

 ( စကားချပ်အနေနဲ့ကတော့ ကိုယ့်နိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေတွေကိုလည်း ဒီဇာတ်ကားက 

ဝါဒဖြန့်ပုံတွေကိုကြည့်ပြီး သင်ခန်းစာရယူနိုင်ကြပါကြောင်း )

Credit to : Gold ChannelTranslated & Encode by: Scarlet Phoenix
Quality : 720P HD




Watch & Download On Blog  


Watch & Download On Blog ပေါ်တွင် ဒေါင်းလုပ်လုပ်နည်းကို ဒီမှာ ကြည့်လိုက်ပါ။
Iphone အုံးပြုပြီး ဒေါင်းလုပ်လုပ်ချင်သူများ ဒီမှာ ကြည့်လိုက်ပါ။ 

The Intimate (2005) မြန်မာစာတန်းထိုး 18+


ခရီးသွားခါနီး ကုမ္မဏီဒေ၀ါလီခံထားရတဲ့ သူဌေးတစ်ယောက်နဲ့... အချစ်ကိုဂရုမစိုက်နိုင်ပဲမကြာခင်လက် ယူမဲ့သူဌေးတစ်ယောက်ရဲ့ ဇနီးလောင်းလေးတို့ ဆုံတွေ့ကြပြီး….အချစ်ကိုအဓိပ္ပါယ်ဖွင့်ကြပုံပါ..... ထူးခြားတာက တခြားဇာတ်ကားတွေလိုဇာတ်အိမ်ကိုဆွဲဆန့်မထားတာပါ နာရီပိုင်းအချစ်လို့လည်းခေါ်လို့ရပါတယ်.... ကဲ နာရီပိုင်းလေးအတွင်းမှာပဲ...ဘယ်လောက်ထိချစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးပဲဆက်ကြည့်လိုက်ပါလို့ပြောလိုက်ပါရစေ။
*** Update From www.channelmyanmar.com


Mid Nigh Special (2016) မြန်မာစာတန်းထိုး



2016 ရဲ့ အကောင်းဆုံး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သိပ္ပံဇာတ်ကားကောင်းတစ်ကား.။
Mid Nigh Special (2016) မြန်မာစာတန်းထိုး
=================================
ဇာတ်လမ်းအဖွင့်ကတည်းက သောက်ရမ်းလန်းပါတယ်။ sci-fi thriller ဆိုတာ ခဏလေးအတွင်းမှာဘဲ လုံလုံလောက်လောက် ခံစားလိုက်ရတယ်။ ဇာတ်လမ်း အသိမ်းပိုင်းမှာလည်း မြင်လိုက်ရတဲ့ အရာတွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတယ်။ တကယ်တော့ တစ်ကားလုံးမှာ ဆန်းကြယ်တာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ထင်မှတ်မထားတာတွေ အပြည့်ပါ။ Midnight Special ဟာ sci-fi အနေနဲ့ အတော် စိတ်ဝင်စားစရာကောင်းပြီး thriller အနေနဲ့ ဖျော်ဖြေမှုတော်တော်ပေးနိုင်တဲ့ ကားလေးပါ။
ရှိတဲ့ budget နဲ့ sci-fi genre ကို ဒီလောက်အဆင့်ထိ ဖန်တီးနိုင်တာ သက်ဆိုင်သူတွေ တော်တော် တော်ကြပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာ writer အဖြစ်ရော ဒါရိုက်တာအဖြစ်ရော တာဝန်ယူထားတဲ့ Jeff Nichols ပေါ့။ ဒီဇာတ်ကား စကြည့်ဖြစ်တဲ့ အကြောင်းအရင်းကလည်း သူနဲ့ သရုပ်ဆောင်တွေကြောင့်လို့ ဆိုရမှာပါ။ ကိုယ်ကြိုက်တဲ့ ဒါရိုက်တာ ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေပါရင် ဘာကားဖြစ်ဖြစ် အမြဲတမ်းလိုလို ကြည့်ရတာ စိတ်ကျေနပ်မှုရပါတယ်။ သရုပ်ဆောင်တွေက Michael Shannon, Joel Edgerton, Adam Driver, Kristen Dunst တို့ပါ။ အဓိက ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ ကလေးအပါအဝင် သူတို့ အားလုံး အကောင်းဆုံး သရုပ်ဆောင်သွားကြပါတယ်။ ပြီးတော့ ရုပ်ရှင်နည်းပညာပိုင်းကလဲ ဘက်ဂျက်နဲ့ ယှဉ်လိုက်ရင် ချွင်းချက်မရှိ သာပါတယ်။ အထူးသဖြင့် Cinematography နဲ့ အသုံးပြုတဲ့ effect တွေဟာ အတော်ကောင်းမွန်တာ တွေ့ရပါတယ်။ အသံပိုင်းကလဲ ဇာတ်လမ်းနဲ့လိုက်အောင် thrill ဖြစ်လှပါတယ်။ ကျနော့်အဖို့တော့ အဘက်ဘက်က ပြောစရာမရှိအောင် တော်တော် ကောင်းမွန်တဲ့ budget အသင့်တင့် sci-fi thriller တစ်ကားပါ။ ဇာတ်လမ်းအကြောင်းကိုတော့ မပြောချင်ပါဘူး။ နောက်ပြီး thriller ဖြစ်တာကြောင့် မသိဘဲ ကြည့်တာ ပိုကောင်းပါတယ်။ sci-fi ရောထားပေမယ့်လဲ နားလည်ရခက်တဲ့ လိုက်မမှီတဲ့ science facts တွေ မပါတော့ ဘာမှသိမထားပဲ ကြည့်တာ ပြဿနာမရှိပါဘူး။ ကျနော်ဆို ထရေလာတောင် မကြည့်ခဲ့ပါဘူး။
အထူသဖြင့် Jeff Nichols အရင်ဖန်တီးခဲ့တဲ့ drama thriller တွေဖြစ်တဲ့ Shotgun Stories, Mud, Take Shelter တို့ ကြည်ဖူးတဲ့သူတွေ Midnight Special ကို မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်ကြပါ။ ဇာတ်ကားကို ကြိုက်မှာ သေချာသလို Jeff ကိုလဲ ပိုပြီး နှစ်သက်လာစေမှာ သေချာပါတယ်။ ဇာတ်ကားက အရမ်းကြီးကောင်းတယ်လို့တော့ မညွှန်းချင်ပါဘူး၊ ဒါပေမယ့် ဒီ budget နဲ့ ဒီလိုကားမျိုးဟာ ကျနော်အဖို့ special ဖြစ်နေတာတော့ အမှန်ပါ။ တစ်နေ့က ကြည့်ခဲ့တဲ့ 10 Cloverfield Lane လဲ ဘက်ဂျက် အသင့်တင့်နဲ့ အတော် သာမွန်တဲ့ sci-fi thriller တစ်ကားပါ။ MIdnight Specail မှာတော့ သူ့ထက် ပိုကြီးမားတဲ့ set အပြင်အဆင်တွေ ရိုက်ကူးရေးနည်းပညာတွေကြောင့် ပိုသဘောကျမိပါတယ်။ တချို့ sci-fi တွေဆိုရင် budget သန်းရာကျော် သုံးတာတောင် ချာတူးလန်တွေအများကြီးပါ ..
ကျနော်ကတော့ drama thriller တွေဘဲ ရိုက်လာတဲ့ ကိုယ်နှစ်သက်တဲ့ ဒါရိုက်တာ တစ်ယောက်ဆီက ဒီလို အဆင့်မြင့်တဲ့ indie sci-fi thriller ကားလေးဖြစ်မြောက်လာတာ ကျေးဇူးတောင် တင်မိပါတယ်။ Jeff ကတော့ သူ့ရဲ့ ဒါရိုက်တာ career revolution စပြီလို့ ဆိုရမှာပါ..။
Review Credit to - Kaung Suk Han


Wall-E (2008) မြန်မာစာတန်းထိုး



ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့ Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်
ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ...
ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ...ကမ္ဘာကျော် Animation ကုမ္မဏီတွေက နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့ Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..
အများကြီးတွေ့ရပါတယ်..ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ်

ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်....

အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်..
IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ်
Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံး ခွဲထွက်ခဲ့သည့်
 WALL-Eသည် ထုတ်လုပ်မှု ကုန်ကျ စရိတ် ဒေါ်လာ သန်း(၁၈၀)ထိ ရှိခဲ့ပါတယ်

ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အထီးကျန် စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်..

ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကို တွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင် အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်..။ အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်..

ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ် WALL-Eသည် TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌ နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ပါတယ်..

ဒီလောက်ဆိုရင်ညွှန်းတာတော်လောက်ပါပြီ..ဆက်လက်ခံစားကြည့်ရှုကြပါ


Filesize : 697MB
Quality : BrRip 720p
Format : mp4

During : 1:38:11
Subtitle : Myanmar Subtitle (Hardsub)
Encoder : LK


Download And Watch With Pcloud Link 

Hansel and Gretel:Witch Hunters(2013) မြန်မာစာတန်းထိုး



ဂရင်းမ်ညီနောင်ရဲ. မူရင်းပုံပြင်က တောနက်ထဲမှာ ပျောက်ဆုံးသွားတဲ့ ဟန်ဆယ် နဲ. ဂရက်တယ် ဆိုတဲ့ လူမမည်အရွယ် မောင်နှမ နှစ်ယောက်ကို လူသားစား စုန်းမကြီး နဲ. ရင်ဆိုင်ရပုံဇာတ်လမ်းဖြစ်ပါတယ်။
ယခုဇာတ်လမ်းကတော့ သူတို.မောင်နှမ အဲ့သည် စုန်းမကြီးလက်ကထွက်ပြေးလွတ်မြောက်ပြီး နောင်နှစ်ပေါင်းများစွာကြာတဲ့အခါမှာ စုန်းကဝေတွေကို မြေလှန်ရှာပြီး သုတ်သင်ခြေမှုန်းတဲ့ စုန်းမုဆိုးမောင်နှမဖြစ်နေပုံ ဇာတ်လမ်းဖွဲ.ထားပါတယ်။
ဟန်ဆယ်နဲ.ဂရက်တယ်မောင်နှမအဖြစ် အနက်ရောင်သားရေ၀တ်စုံတွေဝတ် ၊ အားပြင်းတဲ့လက်နက်ဆန်းမျိုးစုံကိုင်ပြီး သရုပ်ဆောင်ထားတဲ့ ဂျရမီရန်နာနဲ. ဂျင်မာအာသာဟန်တို.ဟာ မဂ္ဂဇင်းမျက်နှာဖုံးမော်လ်ဒယ်စုံတွဲနဲ. တူနေပါတယ်။ မြို.ငယ်လေးတစ်မြို.က ကလေးငယ်တွေကို စုန်းမတွေက ပြန်ပေးဆွဲသွားတဲ့ အခါ မြို.တော်ဝန်က ဟန်ဆယ်နဲ. ဂရက်တယ်တို.ကို ဌားရမ်းပြီးကလေးတွေကို ရှာဖွေကယ်တင်ခိုင်းပါတယ်။ သူတို. မောင်နှမဟာ ကလေးတွေကို ကယ်တင်ပြီးတော့ စုန်းမတွေကို နှိမ်နင်းကား စုန်းမအားလုံးရဲ. ခေါင်းဆောင် စုန်းမကြီးမြူ ရီယယ်နဲ. ရင်ဆိုင်တိုက်ခိုက်ကြပုံတွေ ဆက်လက်ရှု.စားကြရမှာဖြစ်ပါတယ်ခင်ဗျာ....
ဒါရိုက်တာ Tommy Wirkola ရဲ့ 88 မိနစ်ရှည်တဲ့ Action, Horror ဇာတ်ကား အမျိုးအစား ဖြစ်ပါတယ်။ Jeremy Renner, Gemma Arterton နဲ့ Famke Janssen တို့ပါဝင် သရုပ်ဆောင် ထားတဲ့ ကားကောင်း တစ်ကား ဖြစ်ပါတယ်။
(Movie review မှကူးယူဖော်ပြသည်...)


Zip File size...711MB (WinRAR ဖြင့်ဖြည်ပါ)
Quality....အကြည်
Format...mkv
hour....01:34:00
subtitle....မြန်မာစာတန်းထိုး

Download And watch With Pcloud Link Full HD

Ugly Duckling Don't (2015) မြန်မာစာတန်းထိုး

ပေါ့ပေါ့ပါးပါးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ထိုင်းဇာတ်လမ်းလေးနဲ့ကိုကြည့်ရှုကြစို့
ဇီရိုးဆိုတဲ့ ကောင်လေးဟာ မဟုတ်မခံ သူ့ကျောင်းမှာဆိုရင်လည်းလူစွာလူမိုက်...
အဲ့ဒီကျောင်းကိုရောက်ရှိလာတဲ့ ကျောင်းသူလေး Maewnam....
Maewnam ဆိုတာကလည်း ငယ်ငယ်ကတည်းက သူ့ကို ရုပ်ဆိုးတယ်လို့ပြောရင်
ဆိုက်ကိုဝင်ပြီး လူရှေ့သူရှေ့ထွက်မပြရဲသူ.....သူ့မျက်သူတောင်မပြရဲလို့ မျက်နှာကို
ကတ်ထူပုံးစွပ် တက်ခံရပေမယ့် ကျောင်းမှာတကယ်ခင်တဲ့သူငယ်ချင်းနဲ့တယောက်ရရှိခဲ့ပြီး
ဇီရိုးဆိုတဲ့ ကောင်လေးကရော ရုပ်ဆိုးမလေးနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြအုံးမလဲဆိုတဲ့
သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းတွေဟာဘယ်လိုဆက်ဖြစ်မှာလဲ...
သံယောဇဉ်တွေ ကိုပဲအရင်ဆောက်တည်မှာလား...အချစ်ဆိုတဲ့အရာကိုပဲဆောက်တည်မှာလား
မေးခွန်းတွေ နဲ့ ကြည့်ရမှာမို့ သူငယ်ချင်းဆိုတဲ့အဖြူရောင်စိတ်ကိုပဲ ဆေးဆိုးကြမှာလားဆိုတာကို
စောင့်မျော်ကြည့်ရင်း အားပေးကြပါအုံးစို့
(ဇာတ်လမ်းအညွှန်းကိုတော့ ကိုအောင်ပြေကရေးသားပေးခဲ့တာပါ)
အားလုံး အပိုင်း ၇ပိုင်းရှိပြီး ဆက်လက်တင်ပေးသွားမှာမို့ အားပေးလိုက်ကြပါအုံးဗျာ
*** Update From www.channelmyanmar.com
File size...(400MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Translator .......Wut Mone
Encoder.... Aung Pyay

Powered by Blogger.