Latest Movie :

The Choice (2016) မြန်မာစာတန်းထိုး


တိကုဆရာဝန်ကောင်လေးတစ်ယောက် သူပိုင်ဆိုင်ထားတာ ပင်လယ်ကမ်းးနားဘေးက
အိမ်လေးတစ်လုံးရယ် ခွေးလေးတစ်ကောင်ရယ်.....
အလုပ်သွားတယ် သူငယ်ချင်းတွေနဲ့အတူနေ
ညနေဘက် ခြံဝန်းအစပ်ကသစ်ပင်အောက်မှာ
ထိုင်ခုံလေးတစ်လုံးပေါ်ထိုင် ခွေးကလေးကလည်းနံဘေးမှာ
ပင်လယ်ပြင်ကိုဖြတ်တိုက်လာတဲ့လေနွေးနွေးလေးတွေကိုရှုရှိက်ရင်းပေါ့ မိန်းကလေးတွေဆိုတာလည်းသူ့အတွက်
ခပ်ပါးပါးနမ်းရှိုက်စရာ ရာသီအလိုက်ပွင့်ဖူးတဲ့ပန်းလေးတွေလို့
သဘောထားတဲ့သူ သူ့ဘ၀က ပြည့်စုံတယ် ငြိမ်းအေးတယ်လို့ယူဆထားတဲ့သူ သို့သော်လည်း ငြိမ်းအေးခြင်းရဲ့နောက်ကွယ်မှာ
အချစ်မရှိတော့အထီးကျန်ခြင်းဆိုတဲ့ တိတ်ဆိတ်မှုကရှိနေတတ်တယ်...။
ဒီလိုနဲ့ သူ့အိမ်နံဘေးကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ် ...
အဲ့ဒီကောင်မလေးက ဆေးကျောင်းသူတစ်ယောက်ဖြစ်သလို
လက်ထပ်ဖို့ရည်စူးထားတဲ့သူလည်းရှိနေတယ် အဲ့ဒီသူနဲ့လည်းဘ၀ကိုဖြတ်သန်းမယ်လို့
ယုံကြည်ထားတဲ့ဂျွတ်ဆတ်ဆတ်ကောင်မလေး
ဒီလိုနဲ့တိကုဆရာဝန်နဲ့ကောင်မလေးက အဆင်မပြေမှုတွေနဲ့ဆုံတွေ့ခဲ့ကြတယ်
မြစ်တစ်စင်းရယ် လတစ်စင်းရယ်ရဲ့ဖြားယောင်းမှုအောက်မှာ သူတို့ဘာဆက်ဖြစ်ကြမလဲ ဆရာဝန်ကောင်လေးကရော အားလုံးကိုရင်ဆိုင်
ဖို့ခွန်အားတွေဘာကြောင့်ရခဲ့လဲ???
NS ရဲ့အရောင်းရဆုံးဝတ္ထုတစ်ပုဒ်ကိုပုံဖော်ထားတဲ့အတွက်အချိုးအကွေ့အလှည့်အပြောင်းတွေနဲ့
အရမ်းကောင်းတဲ့ဇတ်ကားလေးတစ်ကားပါ....
ငြိမ့်ညောင်းတဲ့နောက်ခံသီချင်းလေးတွေရယ် သာယာတဲ့မြစ်ကမ်းနံဘေးရယ် ခွေးလေးတွေရယ်
ကဲ နူးညံတဲ့နှလုံးသားပိုင်ရှင်ပရိတ်သတ်ကြီးရေ ..........ခံစားကြည့်ပါဦးလို့......။
(ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Phyo Pyae ပဲဖြစ်ပါတယ်။)
*** UPdate From www.channelmyanmar.com


Share this article :

Post a Comment

Powered by Blogger.