Latest Movie :
Recent Movies
Showing posts with label Asian. Show all posts
Showing posts with label Asian. Show all posts

The Con Artists မြန်မာစာတန်းထိုး




ခုနှစ်ကိုရီးယားရုပ်ရှင်တွေထဲ အောင်မြင်မှုတော်တော်များများရခဲ့ပြီး မြောက်အမေရိက၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ဗီယက်နမ်တို့မှာပါ ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ မင်းသား ကင်ဝူဘင်ကို အများကြီးအောင်မြင်ခဲ့စေတဲ့ဇာတ်ကားဖြစ်ပြီး Professionalေ ဖာက်ထွင်းရေးသမားတစ်ဦး နဲ့ အစီအစဉ်ချတဲ့ သူ့သူငယ်ချင်းတစ်ဦးတို့ လုပ်ငန်းတစ်ခုကို လူမိုက်ခေါင်းဆောင်တစ်ဦးက လာအပ်ရာက စတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ခက်ခဲလှတဲ့ လုပ်ငန်းကိုအကောင်အထည်ဖော်ဖို့ ဟက်ကာတစ်ဦးကိုလည်း သူတို့ခေါ်ယူခဲ့ရပြီး လူမိုက်အဖွဲ့က ခိုင်းတဲ့အလုပ်ကိုလုပ်ပြီးရာမှာတော့ သူတို့ပါ အသက်ဘေးအန္တရာယ်နဲ့ကြုံလာရပါတော့တယ်။ ဒီဇာတ်ကားကို Personal အရပြောရရင်တော့ ကိုရီးယားရုပ်ရှင်တွေထဲ အတော်သဘောကျမိတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်သိမ်းပိုင်းမှာလည်း ဟောလိဝုဒ်ကားတွေထက်မနိမ့်တဲ့ လှည့်ကွက် မြှုပ်ကွက်မျိုးနဲ့
ပရိသတ်ကိုဖမ်းစားသွားတဲ့ကားပါ။ ဒရာမာလည်းမဟုတ် ၀ုန်းဝုန်းဒိုင်းဒိုင်းလည်းမဟုတ်ပဲ တစ်ကားလုံး စိတ်ဝင်စားစရာအပြည့်နဲ့ ဇာတ်အိမ်ဖွဲ့ထားတာမို့ ပရိသတ်တွေ သဘောကျကြမှာ သေချာပါတယ်။
Credit To : goldchannelmovies.com
Translated by: Alice Ei Phyu
Encode by: Eric Min Khant
Quality 720P HD


Just The Way You Are (2015) မြန်မာစာတန်းထိုး



ကဲအမျိုးတို့ရေ …
ဒီတစ်ခါတော့ ပရိသတ်ရင်ထဲရောက်မယ့် တစ်ကားတင်ပေးလိုက်မယ်ဗျာ … ကျွန်တော်တောင် ဘာသာပြန်နေတာကို ရပ်ပြီး ဇာတ်လမ်းဆုံးအောင် ကြည့်မိတဲ့ကားလေးပေါ့ … Just the way you are တဲ့ …. ဇာတ်လမ်းလေးကတော့ မိသားစုကြောင့် အချစ်ကိုအယုံအကြည်မရှိတဲ့ ကောင်လေးနဲ့ ကောင်းမလေးတို့ အလောင်းအစားတစ်ခုကြောင့် ဆုံတွေ့ခဲ့တဲ့အခါမှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် … ထုံးစံအတိုင်း Asian Romance Comedy လေးပါပဲ … အားပေးကြပါဦးနော်
Credit To : www.channelmyanmar.org
File Size         : 770 MB
Quality           : HD Rip 720P
Running Time : 1hr 47 minute
Format           : Mp4
Genre             : Drama, Romance
Encoder         : Joker.phs

Pcloud Link                                 Direct Link

Download (760MB)                     Download (760MB)

Download (380MB)                    Download (380MB)
 

Heartfall Arises (2016)မြန်မာစာတန်းထိုး

ဟောင်ကောင် မှာ နာမည်ကျော် လူသတ်သမား  General ဟာ လုပ်ငန်းရှင်ငွေရှင်ကြေးရှင်တွေကို မသတ်ခင် အသိပေးသော်လည်း လူသတ်မှုတွေ တစ်ခုပီးတစ်ခု ဖြစ်နေပါတယ်။ လုပ်ငန်းရှင် Bam lan ကိုကာကွယ်ဖို့ ဟောင်ကောင် ရဲ John Ma ရဲ့ လက်ထဲမှာ လူသတ်သမား Generalကျရှုံးသွားပါတယ်။ John တစ်ယောက် ဒဏ်ရာရပီး ဆေးရုံတက်နေစဉ်မှာပဲ Profeasor Clavin Che နဲ့တွေ့ဆုံခဲ့တယ်။ တစ်နှစ်အကြာပီးနောက် အာရှလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ပါတီပွဲ မှာ စောင့်ကြည့်ဖို့  John တာဝန်ကျတော့ အမှတ်မထင် General နဲ့ တစ်ပုံတည်း တူတဲ့ လူဆိုးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ General အသစ် တယောက် ထွက်ပေါ်လာပီး John ကိုထပ်ယှဉ်ပြိုင်ဖို့ စိန်ခေါ်ခဲ့တယ်။ ရဲအဖွဲ့က အသစ်ပြန်ပေါ်လာတဲ့ General နဲ့ပုံစံတူ လူသတ်သမားကို ဘယ်လိုဖမ်းဆီးမလဲ ဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ Sharon ကိုးသောက်ပွဲမှာကယ်ခဲ့တဲ့ ရဲ ဟာ သူ့ ရဲ့ ရည်းစားGeneral ကို သတ်တဲ့ သူဖြစ်နေမှန်းsharon သိသွားတဲ့ အခါ  ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်။ သေသွားတဲ့ Dr.Ko အမှုကိုပြန်စစ်ကြည့်တော့ ထိုင်ဝမ်မှာ professor Clavin Che တစ်ယောက်ပဲရှိနေကြောင်း John Ma သိသွားတဲ့အခါ တတ်တဆိတ်စုံစမ်းဖို့ ဖြစ်လာပါတယ်။ အဲ့ဒီနောက် Calvin Che ကိုယ်တိုင်ကလဲ အသည်းအစားထိုးခွဲစိတ်မှုလုပ်ထားရတယ် ဆိုတာနဲ့ ခွဲစိတ်မှုခံယူပီးနောက် စိတ်ပညာရှင် တစ်ယောက် ဘာကြောင့် ဖောက်ပြန်ပီးစိတ်ရိုင်းဝင်သွားလဲဆိုတာ Heartfall Arises မှာ ဆက်လက်ရူစားရမှာပါ။

Credit To : www.goldchannelmovies.com
Review & Translate by Seint Thet Htar Aung
Encoded by Hein Min Htet
quality & size-730mb bluray 720p


Crying Out in Love(2016) မြန်မာစာတန်းထိုး

မင်္ဂလာပါ ပရိတ်သတ်ကြီး အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ၂၀၁၆ခုနှစ် သြဂုတ်လမှာထွက်ရှိထားတဲ့ Crying Out In Love ဆိုတဲ့ တရုတ်အချစ် ဇာတ်ကားေ လး ပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ ၂၀၀၄ခုနှစ်က အရမ်းကိုကျော်ကြားခဲ့တဲ့ Socrates In Love ဆိုတဲ့ ဝတ္ထုလေးကိုပြန်လည် ဆန်းသစ်ထားတဲ့ဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်ရှင့် ဒီဇာတ်ကားလေးထဲမှာ ခီဒါဆိုတဲ့ အရှက်ကြီးတဲ့ အထက်တန်းကျောင်းသားလေးဟာ လှပပြီး ရေကူးကျွမ်းကျင်တဲ့ အတန်းဖော် ကောင်မလေး ရှောင်ရီကို မေတ္တာသက်ဝင်နေပါ တယ်၊ ခီဒါဟာ ရှောင်ရီလေးအတွက် အသံသွင်း ကတ်ဆက်လေး လက်ဆောင်ပေးချင်တဲ့အတွက် ရေဒီယို အစီစဉ် တစ်ခုမှာ ဝတ္ထုရေးခဲ့ပါတယ်၊ ဝတ္ထုထဲက အတိုင်း ရှောင်ရီလေးဟာ ကင်ဆာ ရောဂါနဲ့ဆေးရုံတတ်တဲ့အချိန်မှာ နာမည်တူ ရောဂါတူတဲ့ အခြားရှောင်ရီတစ်ယောက် ပေါ် လာတဲ့အချိန်မှာ  ဘယ်လိုတွေဆက်ဖြစ် မလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်....
Review & Translate by Theint Thazin Naing
Encoded by Hein Min Htet
Hd 720p 680mb
 
 

Oshin (2013) မြန်မာစာတန်းထိုး

 
ခံစားတတ်သူတိုင်းရဲ့ နှလုံးအိမ်ကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ဂန္တ၀င်ဇာတ်လမ်းတစ်ပုဒ် (သို့မဟုတ်) အိုရှင်း OSHIN (2013)
လွန်ခဲ့သော နှစ်ပေါင်း ၃၀ 1983ခုနှစ် ဧပြီလမှာ
"အိုရှင်း" အမည်နဲ့ လူသိများသော ဂျပန်အမျိုးသမီး တစ်ယောက် အကြောင်း ကို
NHK ရုပ်သံလွှင့်ဌာနရဲ့ ၃၁ အကြိမ်မြောက် မနက်ခင်း ရုပ်သံဇာတ်လမ်းတွဲ အဖြစ်
“Oshin” ဟာ အောင်မြင်စွာ မွေးဖွားလာခဲ့ပါတယ် …
ကြည့်ရှုသူများဟာလည်း ကရုဏာသက်မိ … ဆွတ်ပျံ့ မိသည်အထိ …ရေးဖွဲ့ နိုင်ခဲ့သော ဇာတ်ကြောင်းနောက်ခံနဲ့ အတူ ဆွဲဆောင်ခြင်း ခံခဲ့ရပါတယ် …
စုစုပေါင်းအားဖြင့် ဇာတ်လမ်းတွဲပေါင်း ၂၉၇ ပိုင်း အဖြစ် ထုတ်လွှင့်ခဲ့ပါတယ် ..
ထိုစဉ်က ဂျပန်ပြည်မှာ ဇာတ်လမ်းတွဲ တစ်တွဲကို
တစ်နှစ်ပျမ်းမျှ ပရိသတ်ကြည့်ရှုနှုန်းဟာ ၅၂.၆ ရာနှုန်းရှိနေပေမယ့်
"Oshin" ဇာတ်လမ်းတွဲဟာဖြင့် အပိုင်းတစ်ပိုင်းတည်း ကို
၆၂.၉ ရာနှုန်း မြင့်တက်ခဲ့သည်အထိ ကြည့်ရှုအားပေးသူများပြားခဲ့ပါတယ်
ယခု ကျွန်တော် ... မိတ်ဆွေ တို့ကြည့်ရှု့ရမယ့် ရုပ်ရှင်ကတော့ ...
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ မှာ ရုံတင်ခဲ့တဲ့ "Oshin" ဆိုတဲ့ ဂျပန်ရုပ်ရှင်ပဲ ဖြစ်ပါတယ်
Credit to-Matt Scythe( မိုင်းဆိပ် )
ကိုမိုင်းဆိပ် ၏ Fb timeline ပေါ်မှကူးယူဖော်ပြပါသည်..။

Credit To : www.goldchannelmovies.com
Translate by: Khin Ni Ni Shein
Encode by: Hein Min Htet
Quality 720P Blueray-Rip
Size 700MB


Project A 2 (1987) - မြန်မာစာတန်းထိုး

ကလေးလူကြီးအကုန်လုံးကြိုက်တဲ့ ဂျက်ကီချန်းကားကောင်းတလက်ဖြစ်တဲ့ Project A 2 မှာ ဂျက်ကီချန်း ကိုယ်တိုင် ဒါရိုက်တာလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ကြည့်လို့ကောင်းနေဆဲ IMDB rating များတဲ့ဇာတ်ကားတကားပါ။ ဒီဇာတ်ကားကို ဂျက်ကီချန်းခရေဇီ မောင်ဦး မှ ဒုတိယအကြိမ်မြောက်ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ 
ဇာတ်လမ်းအကျဉ်းကတော့ စစ်ဘက်က ဆာဂျင်မာယူလုံ (ဂျက်ကီချန်း)ဟာ  စိုင်းဝမ်မြို့လေးမှာ ရဲအုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိသွားချိန်မှာတော ဒီမြို့လေးအတွက် ဖြေရှင်းပေးရမယ့်ပြသနာတွေ မနည်းမနောရှိနေပါတယ်။ အဆိုးဆုံးကတော့ မြို့ခံလူဆိုးဂိုဏ်ဖြစ်ပြီး သူတို့နဲ့ပါတ်သတ်နေတာကတော့ လာဘ်စားနေတဲ့ ရဲတွေဖြစ်လို့နေပါတယ်။  ပင်လယ်ဓါးပြဟောင်းတွေ ၊ မန်ချူးအစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့လည်း နည်းအမျိုးမျိုးနဲ့ပါတ်သတ်ရပြီး မာယူလံအနေနဲ့ နောက်ဆုံး ဒုစရိုက်တွေကို ဘယ်လိုဖြေရှင်းသွားလဲဆိုတာကိုတော့....
Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Action, Crime
[FILE SIZE]:……………………….:[ 864 MB
[RESOLUTION]:………………….:[ 720x310
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 41mins
[iMDB RATING]:……………………..:[ 7.2/10


Tai Chi Hero (2012) - မြန်မာစာတန်းထိုး

  Tai Chi Zero ရဲ့ အဆက်ပါ၊ imdb 6.2 ရထားတဲ့ ဖိုက်တင်ဇာတ်လမ်းပါ။



Credit To : Flim2mm.com

Tai Chi Zero (2012) - မြန်မာစာတန်းထိုး

Yang ဟာ Chen ဆိုတဲ့ရွာကို ထိုက်ကျိသိုင်းပညာရဲ့ လျို့ ၀ှက်နက်နဲမှုတွေ သင်လိုတာကြောင့် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့သူတို့ရွာသားတွေဟာ အပြင်လူတွေကို (ရွာသားမဟုတ်သူများ) သင်ပေးလေ့မရှိပါဘူး...

သို့ပေမဲ့ yang ဟာ သူတို့ရဲ့ အကြီးမားဆုံးသော မျှော်လင့်ချက်ဖြစ်သော ရွာကိုဖြတ်သန်းကာ မီးရထားလမ်း ဖောက်လုပ်မည့်လူးများကို တိုက်ခိုက်ကယ်တင်မည့်သူဖြစ်လာတဲ့အခါ....

တရုတ်နာမည်ကြီး မင်းသမီး Shu Qi ပါဝင်သော Tai Chi Zero 2012
Credit To : Flim2mm.com
ရုပ်ရှင်အညွှန်း - Movie Lover
 
 

Memories of Murder (2003) - မြန်မာစာတန်းထိုး



IMDb (8.1/10)….Rotten Tomatoes (89%)
Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ….သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး….ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။
——————————————–
Memories Of Murder
ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။
စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက “မရေရာမှု “ပဲ။အီးလိုဆို “Doubtful”လား “Inconclusively “လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။
အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။
ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။
လတ်တလော စိတ်ထဲငြိနေတာ “Memories Of Murder “ဆိုတဲ့ ကိုရီးယားရုပ်ရှင်ကားပါ။ဒီကားကို ပုံဖော်ရိုက်ကူးတဲ့ ဒါရိုက်တာ Bong Joon-ho ကို ဟောလိဝုဒ်ကတောင် လက်ခံတာလည်း မပြောနဲ့။သူဖန်တီးသမျှ လက်ရာတွေကလည်း တကယ်ကို ကောင်းလွန်းပါတယ်။အခုဇာတ်ကားကို ကြို က်နှစ်သက်ရတဲ့ အဓိကအချက်ကလည်း ဘယ်အရာမှ တသမတ်တည်း သတ်မှတ်နေလို့မရတဲ့ အမြင်ဖလှယ်မှု တွေကို ကျကျနန ရိုက်ပြသွားတဲ့အတွက်ပါ။
ကျွန်တော်တို့ရဲ့ဘဝအများစုမှာ အသားကျနေခဲ့ပြီ ဖြစ်တဲ့ တစ်ပါးသူကို နိုင်ထက်ကလူပြု ရင်။ပြန်ပြီး တုံ့ပြန်ခံရမယ်။ဝဋ်လည်မယ် စတဲ့အမြင်တွေနဲ့ အသားကျနေကြပါ။ဖတ်မိသမျှတွေကလည်း အဲဒီလို အမြင်တွေက ခွဲထွက်တာ သိပ်မတွေ့ရပါဘူး။
ဒီဇာတ်ကားမှာတော့ အထက်က ကျွန်တော်တို့ တွေးထင်လက်ခံထားသမျှတွေကို သဘာဝကျကျ တွန်းလှန်ပြထားပါတယ်။လက်တွေ့လောကမှာ အကြောင်းအရာတစ်ခု ရှိခဲ့ကြောင်း ဖြစ်ခဲ့ကြောင်း မှန်ကန်စွာ သက်သေပြနိုင်ဖို့ရာမှာ လုပ်ကိုင်သူလိုမယ်။အဲဒီအချိန်ကို တိကျစွာ မှတ်တမ်းတင်နိုင်ဖို့ လိုမယ်။ဒိထက်ခိုင်မာအောင် တွေ့မြင်ရသူ မှတ်တမ်းတင်နိုင်သူလိုမယ်။အဲဒီအချက်တွေက အကုန်ကိုက်ညီတယ်ဆို မှန်ကန်တယ်ပေါ့။မာတင်စကော့ စကေး ရိုက်တဲ့ “Shutter Island “မှာတော့ အဲဒီသီအိုရီကို ပယ်ဖျက်ပြပြန်တော့ ယုံကြည်ရသိပ်ခက်သွားရပါတယ်။
ကိုယ်ဟာ တစ်ဦးတစ်ယောက်ရှေ့မှာ ကောင်းကင်က ပြာပါတယ်လို့ ပြောပေမယ့် အခြားသူတွေက မှားနေတယ် အညို ရောင်ကြီးဆို ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။ကျွန်တော့်မျက်စိထဲမှာ လက်ခံထားတဲ့ အမှန်တရားတစ်ခုကို ဘေးပတ်ဝန်းကျင်က လုံးဝမှားယွင်းနေကြောင်း တစ်ညီတစ်ညွှတ်တည်း ပြောဆိုနေတဲ့အခါမှာ ကိုယ့်အမှန်တရားကို ဘယ်လိုသက်သေပြမလဲ။
အဲဒီလို မရေရာမှု တွေကို အဓိကကိုင်စွဲထားတဲ့ ယခုရုပ်ရှင်မှာလည်း ပရိသတ်တွေပြန်လိုချင်တဲ့ ရလဒ်ကို ဒါရိုက်တာက လှစ်မပြခဲ့ပါဘူး။သူက ဇာတ်လမ်းတစ်ပုဒ်ဆိုတာထက် ကိုယ်အိမ်ဘေးက အိမ်ထောင်စုတစ်စု ရန်ဖြစ်နေတာကို ထိုင်ကြည့်ရတဲ့ သဘောအသွင်မျိုးနဲ့ ခုရုပ်ရှင်ကို တင်ပြထားပါတယ်။
အမှန်တရားအတွက်
-ခိုင်လုံကြောင်းသက်သေ
-ဝန်ခံချက်
-တိကျတဲ့အချိန်ကာလ
အဲဒီအချက်ထဲက အဓိကလိုအပ်နေတာက မျက်မြင်သက်သေ ။အဓိက ပွို င့်က ဒါပဲ။
1986ကာလမျိုးမှာ ကိုရီယားနိုင်ငံ နယ်မြို့ ကလေးတစ်ဝိုက်မှာ လူသတ်မှု တွေ စဖြစ်လာတယ်။အမှု က ကြောက်ဖို့ကောင်းတယ်။မိန်းမပျို လေးတွေကို မုဒိန်းကျင့် လက်ပြန်ကြိုးတုပ်ပြီးမှ ခေါင်းပေါ်မှာဖြစ်ဖြစ် ပါ့စပ်ကိုဖြစ်ဖြစ် သူရဲ့ပင်တီနဲ့ချည်ပြီး သတ်သတ်ပစ်ခဲ့တာ။
စုံထောက်သုံးယောက်က အဲဒီအမှု ကို လိုက်ရတယ်။ဖြစ်စဉ်က မိုးရွာတဲ့ညဆိုရင် ဖြစ်ပြီ။နောက်နေ့ဆို လယ်ကွင်းတွေထဲမှာ တစ်နေရာရာမှာ စွန့်ပစ်ထားတဲ့ အလောင်းကို တွေ့ရပြီ။
ထုံးစံအတိုင်း ကောလဟာလကလည်း စုံလို့။စားနေကျ အရက်ဆိုင်အိမ်က စိတ်မနှံ့တဲ့ ကောင်လေးထင်ပြီး ဖမ်းကြသေးတယ်။မဟုတ်ဘူး။ဖြစ်စဉ်က မိုးရွာတဲ့ညမှာ ဖြစ်နေကျဆိုတော့ သဲလွန်စလည်းမရဘူး။နောက်တစ်ခုက ကိုရီးယားနိုင်ငံမှာ Semen (သုတ်ပိုး)ကိုလည်း ဓါတ်ခွဲပြီး DNAကို မရှာဖွေနိုင်သေးတာပဲ။ရဲကားတောင် တွန်းနှိုးရတဲ့ အခြေအနေမှာ လူသတ်သမားကတော့ အရိပ်အယောင်လေးတောင် မသိရဘူး။
ဒါရိုက်တာက စုံထောက်တွေ အမြင်ကနေပဲ အဓိကထား ရိုက်ပြတယ်။အဲဒီလူတွေရဲ့ စွမ်းရည်ကလည်း ကိုယ်လိုသူလို အဆင့်ပဲရှိတယ်။အခင်းဖြစ်တဲ့နေရာရောက်ရင် လာကြည့်နေတဲ့သူတွေအော်မယ်။သေသူအနားက ဖြစ်နိုင်ချေ ရှိမယ့် သဲလွန်စ ရှာမယ်။နောက် အနီးဝန်းကျင်က သေသူနဲ့ သိနိုင်သူတွေကို ဖော်ထုတ်မေးမြန်းမယ်။အဲဒီလူတွေစကားတွေကနေ နီးစပ်တဲ့သူကို ဖမ်းမယ်။စစ်မယ်။ရိုက်မယ်။ဒီလောက်ပဲလုပ်တတ်တယ်။အဲဒီအဆင့်ထက်မပိုဘူး။နဲနဲစဉ်းစားတတ်တဲ့ ဆိုးလ်က လာတဲ့ စုံထောက်ကတော့ လူသတ်သမားရဲ့ ထပ်တူညီနေတဲ့အမူအကျင့်တွေကို သုံးသပ်ပြီး အခင်းဖြစ်ပွားနေချိန်မှာ ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင် အနေအထားကို သုံးသပ်တယ်။
ဒါရိုက်တာက လုံးဝမှ လူသတ်သမားရဲ့ သွင်ပြင်ကို သိသာအောင်မပြခဲ့ဘူး။ကြည့်တဲ့သူတွေကို ရှု ပ်ထွေးအောင် မရေမရာဖြစ်အောင်ပဲ လုပ်ပြတယ်။ပြင်ပလောကမှာလည်း အဲဒီအတိုင်းသာ စုံစမ်းထောက်လှမ်းမယ့် ဇာတ်ကွက်မျိုးနဲ့ပဲ ပုံသွင်းတယ်။
နှစ်နာရီကျော်ကြာတဲ့ ရုပ်ရှင်ဟာ ကြာလာလေ ဟိုလူထင် ဒီလူထင်နဲ့ စိတ်တွေက ဇာတ်ကောင်တွေနဲ့အတူ ရှု ပ်ထွေးလာစေတယ်။
အဲဒါဟာ အခုကားရဲ့ အဓိက ဖမ်းဆုပ်မှု တစ်ခုပါပဲ။
(ရုပ်ရှင်အညွှန်းကို Nyi Linn Eain’s FB မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(950MB)
Quality…BR-Rip 720p
Format…mp4
Duration….02:11:08
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud HD (950MB)

 

Watch And Download Direct Link HD (950MB)

 

Watch And Download Pcloud (460MB)

 

Watch And Download Direct Link (460MB)

Call Of Hero (2016) မြန်မာစာတန်းထိုး

မင်္ဂလာပါခင်ဗျ။
တစ်ချိန်ကမြန်မာ့အသံ၊ မြ၀တီရုပ်မြင်သံကြားဖန်သားပြင်ပေါ် နေရာယူခဲ့သော တရုပ် Martial Arts သိုင်းရုပ်ရှင်ကားတွေနဲ့ ပရိသတ်တွေ မစိမ်းသွားသေးဘူးလို့ ထင်ပါတယ်။ ဒီလို Martial Arts သိုင်းကားတွေထဲကမှ ယခု ၂၀၁၆ သြဂုတ်လ လဆန်းပိုင်းတွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်တစ်ကားဖြင့် ယနေ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။
မတရားမှုတွေကို မနှစ်မြို့တဲ့ Eddie Peng နဲ့ ကိုယ်ကောင်းဖို့အတွက် ဘာမဆိုလုပ်တဲ့ Wu Jing၊ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်။ တစ်ယောက်က တရုပ်ပြည်နယ်မြေတော်တော်များများကို မတရားလိုက်
လံသိမ်းပိုက်နေတဲ့ General Cao Ying ရဲ့စစ်သေနာပတိ၊ နောက်တစ်ယောက်က မတရားမှုတွေကို မနေတတ်သလိုလိုက်လံဖြေရှင်းပေးနေတဲ့ သာမန်အရပ်သား။
တစ်နေ့ General Cao Ying ရဲ့သားဖြစ်သူ Junior Commandant Cao ဟာ Eddie Peng နေထိုင်ရာ ရွာသို့ရောက်ရှိလာပြီး လူသတ်မှုကျူးလွန်ခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ရွာရဲ့အကြီးအကဲဖြစ်သူ
Lau Ching-Wan ဟာ Junior Commandant Cao ကို သတ်မိန့်ချခဲ့ပါတယ်။ အဲ့ဒီအချိန် General Cao ရဲ့စစ်သေနာပတိ၊ Eddie Peng ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်သူဟာ သူ့ရဲ့ရာထူး နေရာ တည်မြဲနိုင်ဖို့
အတွက် မတရားမှုများကိုနှစ်သက်သော General Cao ရဲ့သားဖြစ်သူ Junior Commandant Cao ကိုကယ်တင်ဖို့ ရောက်ရှိလာပါတယ်။ အဲ့ဒီအချိန်မှာ မတရားမှုကို မနှစ်သက်တဲ့ Eddie Peng နဲ့ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ Wu Jing အခင်ဆုံးသူငယ်ချင်းနှစ်ယောက် ပြန်လည်တွေ့ကြသောအခါ ...
ကဲဘာတွေဆက်ဖြစ်မယ်ဆိုတာကို ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုကြပါတော့ :D ဇာတ်လမ်းနမူနာအဖြစ် Vertex Cinema မှ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရသလို Full HD ရုပ်သံအကြည် ကြည့်ရှုလိုသောသူများအတွက်လည်း တိုက်ရိုက်ကြည့်နိုင်ရန် လင့်ခ်ကို ဖော်ပြပေးလိုက်ရပါတယ်။

Credit To : www.goldchannelmovies.com
Review Credit to-Vertex Page
Translate by:Yair Man Aung
Encode by: Hein Min Htet
Quality -Bluray Rip
Size 880MB


COLD WAR 2 (2016) မြန်မာစာတန်းထိုး


ဟောင်ကောင်အက်ရှင်ကားတွေ သဘောကျတဲ့ ပရိသတ်တွေ အတွက် သည်းထိတ်ရင်ဖို မှုခင်း အက်ရှင်ကား အသစ်လေး အကြောင်း ဖော်ပြပေးလိုက်ပါ တယ်။ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ Cold War ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကို Cold War စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲမှူး ဟောင်း အဲလ်ဘတ်ကွမ်ရဲ့ အသု ဘအခမ်းအနားနဲ့ စထားပြီး အ ခမ်းအနားအပြီးမှာ အထူးရဲကော် မရှင်အကြီးအကဲ ရှောင်လျူဆီကို ဖုန်းဝင်လာခဲ့ပါ တယ်။ အရာရှိလျူရဲ့ဇနီးကို ပြန်ပေးဆွဲသွားတာဖြစ် ပြီး ဇနီးကို ပြန်ခေါ်ချင်ရင် အကျဉ်းသမား ဂျိုးလီနဲ့ အလဲအလှယ်လုပ် ဖို့ ပြန်ပေးသမားက တောင်းဆို ခဲ့ပါတယ်။

ရှောင်လျူဟာရဲဌာနချုပ်ကို သတင်းမပို့ဘဲ အရေးပေါ်ဆုံးဖြတ် ချက်ချကာ အကျဉ်းသားကိုထောင်က လွှတ်ပေးဖို့လုပ်ခဲ့ပါတယ်။ ဟောင်ကောင်မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက ရဲဌာနရဲ့ အခုလိုအရေးပေါ် ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ တက်လာတာကြောင့် အရာရှိလျူဟာ ဘီလီချွန်းဆိုတဲ့ စုံထောက်ကို တရားခံနဲ့ပတ်သက်ပြီး စုံစမ်းထောက်လှမ်းစေခဲ့ပါတယ်။

ဂျိုးလီထောင်က လွတ်လာ တဲ့အခါ သူ့ဖခင် အမ်ဘီလီ၊ အထူးရဲ ကော်မရှင်အကြီးအကဲဟောင်း ချွဲယန်ကေးတို့ တွေ့ဆုံခဲ့ကြပြီးဂျိုးကို အရာရှိလျူရဲ့ နေရာမှာအစားထိုးနိုင်ဖို့ စီစဉ်ကြပါတော့တယ်။ Cold War စစ်ဆင်ရေးရဲ့လစ်ဟာမှုတွေ၊အရာရှိလျူရဲ့လုပ်ရပ်တွေအတွက်လူထုကိုဖြေရှင်းပေးဖို့ဥပဒေပြုလွှတ်တော် တရားသူကြီး နိုဝေကန်က ဦးဆောင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အရှုပ်အထွေးများစွာဖြစ်ပြီးတဲ့ နောက်မှာတော့ လျူဟာ အလုပ်ကနေ တရားဝင်နုတ်ထွက်ခဲ့ပြီး ကိစ္စရပ်တွေအားလုံးကို ထုတ်ဖော်ပြောကြားခဲ့တယ်။ ပြဿနာတွေရဲ့ နောက်ကွယ်မှာ ရဲဌာနအကြီးအကဲတွေ ဆက်နွှယ်နေတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ၊ အရာရှိလျူတစ်ယောက် ဘယ်လိုဖော်ထုတ်သွားမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဒီဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်တွေအကုန်လုံးက ပရိသတ်တွေ ရင်းနှီးပြီးသား နာမည်ကြီးတွေပဲဖြစ်တဲ့အပြင် အမှန်အကန်အက်ရှင်ကားဖြစ်တာမို့ ပရိသတ်တွေ အကြိုက်တွေ့မယ် ထင်ပါတယ်။ အရာရှိရှောင်လျူအဖြစ် အေရွန်ကွတ်က ခေါင်းဆောင်ပါဝင်ထားပြီး တိုနီလျန်ခါ ဖေ၊ ချောင်ယွန်ဖတ်၊ ချာလီ ယောင်းစသူတွေ ပါဝင်ထားကြပါတယ်။

Credit To : www.goldchannelmovies.com
Review Credit to-7day Daily
Translate by: Htar Inzali and Scarlet Speedster
Quality - 720P HD
Size - 790MB

Two Weeks (2013) မြန်မာစာတန်းထိုး စ/ဆုံး



Two Weeks (2013) မြန်မာစာတန်းထိုး
ပျိုမေတို့အသည်းစွဲ လီဂျွန်ကီရဲ့ လှုပ်လှုပ်ရှားရှား ၂၀၁၃ ခုနှစ်က ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ထယ်ဆန်းဟာ လူဆိုးဂိုဏ်းတစ်ခုမှာပါဝင်ပတ်သက်နေတဲ့လူတစ်ယောက်ပါ။ အင်ဟေးဆိုတဲ့အမျိုးသမီးလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပြီး သူမကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ အခြားလူတစ်ယောက်
သတ်ထားတဲ့ လူသတ်မှုကို သူက ကိုယ်စားဝင်ခံရဖို့အခြေအနေတစ်ခုကြုံတွေ့လာရပါတယ်။ လူသတ်မှုကို သူကိုယ်စားအပြစ်မခံယူခဲ့ရင် အင်ဟေးကို သတ်ပစ်မယ်ဆိုတဲ့ခြိမ်းခြောက်မှုနဲ့ပါ။ ဒီလိုနဲ့ သူထောင်ကလွတ်လာတဲ့အခါ သူ့မှာသမီးလေးရှိနေခဲ့ပြီး သမီးလေးမှာ သွေးကင်ဆာရောဂါ
ခံစားနေရတာကိုသိလိုက်ရတဲ့အခါ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့ အချိန်နှစ်ပတ်ပဲကျန်ပါတော့တယ်။ အဲဒီအချိန်မှာပဲ သူဟာ လူသတ်မှုတစ်ခုနဲ့ထပ်မံအဖမ်းခံလိုက်ရတဲ့အခါမှာတော့...
အခုနောက်ပိုင်း သုံးပွင့်လေးပွင့်ဆိုင်တွေထပ်လာချိန်မှာ ဒီကားလေးကိုပြန်ကြည့်သင့်တဲ့စာရင်းထဲထည့်ကြည့်သင့်တယ်လို့ထင်ပါတယ်။ ချစ်ခြင်းမေတ္တာတွေ၊ အသက်လုရုန်းကန်လှုပ်ရှားမှုတွေနဲ့ ဇာတ်အိမ်အချိုးအပြောင်းတွေကြောင့်
ပရိသတ်တွေအကြိုက်တွေ့မယ့်ဇာတ်လမ်းတွဲလေးဖြစ်တာမို့ အခုပဲကြည့်လိုက်ရအောင်ပါ။
Credit To : www.goldchannelmovies.com
Translate by: Star Let
Reviewed by:Scarlet Phoenix
Encoded by: Sinn Sinn
Size: 400MB








Two Weeks (2013) မြန်မာစာတန်းထိုး စ/ဆုံး



Two Weeks (2013) မြန်မာစာတန်းထိုး
ပျိုမေတို့အသည်းစွဲ လီဂျွန်ကီရဲ့ လှုပ်လှုပ်ရှားရှား ၂၀၁၃ ခုနှစ်က ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ထယ်ဆန်းဟာ လူဆိုးဂိုဏ်းတစ်ခုမှာပါဝင်ပတ်သက်နေတဲ့လူတစ်ယောက်ပါ။ အင်ဟေးဆိုတဲ့အမျိုးသမီးလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပြီး သူမကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ အခြားလူတစ်ယောက်
သတ်ထားတဲ့ လူသတ်မှုကို သူက ကိုယ်စားဝင်ခံရဖို့အခြေအနေတစ်ခုကြုံတွေ့လာရပါတယ်။ လူသတ်မှုကို သူကိုယ်စားအပြစ်မခံယူခဲ့ရင် အင်ဟေးကို သတ်ပစ်မယ်ဆိုတဲ့ခြိမ်းခြောက်မှုနဲ့ပါ။ ဒီလိုနဲ့ သူထောင်ကလွတ်လာတဲ့အခါ သူ့မှာသမီးလေးရှိနေခဲ့ပြီး သမီးလေးမှာ သွေးကင်ဆာရောဂါ
ခံစားနေရတာကိုသိလိုက်ရတဲ့အခါ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့ အချိန်နှစ်ပတ်ပဲကျန်ပါတော့တယ်။ အဲဒီအချိန်မှာပဲ သူဟာ လူသတ်မှုတစ်ခုနဲ့ထပ်မံအဖမ်းခံလိုက်ရတဲ့အခါမှာတော့...
အခုနောက်ပိုင်း သုံးပွင့်လေးပွင့်ဆိုင်တွေထပ်လာချိန်မှာ ဒီကားလေးကိုပြန်ကြည့်သင့်တဲ့စာရင်းထဲထည့်ကြည့်သင့်တယ်လို့ထင်ပါတယ်။ ချစ်ခြင်းမေတ္တာတွေ၊ အသက်လုရုန်းကန်လှုပ်ရှားမှုတွေနဲ့ ဇာတ်အိမ်အချိုးအပြောင်းတွေကြောင့်
ပရိသတ်တွေအကြိုက်တွေ့မယ့်ဇာတ်လမ်းတွဲလေးဖြစ်တာမို့ အခုပဲကြည့်လိုက်ရအောင်ပါ။
Credit To : www.goldchannelmovies.com
Translate by: Star Let
Reviewed by:Scarlet Phoenix
Encoded by: Sinn Sinn
Size: 400MB









Armour of God 2: Operation Condor (1991) - မြန်မာစာတန်းထိုး

ညီငယ် မောင်ဦး ဘာသာပြန်ထားတဲ့ ဂျက်ကီချန်း ဇာတ်ကားဟောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဂျက်ကီ့အနေနဲ့ မိန်းမချောသုံးယောက်နဲ့အတူတူ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေရဲ့ ရွှေတွေကို သဲဂန္တရရထဲမှာ  ရှာပုံတော်ဖွင့်ရတဲ့ဇာတ်ကားပါ။ ဂျက်ကီချန်းကားတို့ရဲ့ထုံးစံအတိုင်း အက်ရှင်ခန်းကောင်းကောင်းလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး မိသားစုအတူတူ ကြည့်လို့ရမှာပါ။
Credit To: Flim2mm.com
[FORMAT]:………………………….:[ 1280p HDRip MP4
[GENRE]:………………………… .: [ Action, Adventure, Comedy
[FILE SIZE]:……………………….:[ 868 MB
[RESOLUTION]:………………………:[ 1280x536
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 20min
[iMDB RATING]:……………………..:[ 7.2/10


Mr. Nice Guy (1997) - မြန်မာစာတန်းထိုး


IMDb rating 6.2 ထိရရှိထားပြီး ၁၉၉၇ ခုနှစ်ကထွက်
ရှိခဲ့တဲ့ ဟာသကွန်ဖူး မင်းသားကြီး ဂျက်ကီချန်းရဲ့ အက်ရှင်ဟာသ
ကားလေးကို တင်ဆက်ပေးခြင်ပါတယ်
ဇာတ်လမ်းလေးကတော့ တီဗီသတင်းထောက် ဒိုင်ယာနာဟာ
ကိုကိန်းရောင်းဝယ်မှုတစ်ခုကို အမှတ်မထင် မှတ်တမ်းတင်မိရာကနေ
ဂျက်ကီချန်းက သတင်းမှာ ထုတ်လွင့်လိုက်တဲ့ အခါမှာတော့
လူဆိုး ဂိုဏ်းတွေရဲ့ အညိုးထားမှုကိုခံလိုက်ရကာမှ
ဘယ်လိုတွေများ ရင်ဆိုင်ကြမလဲဆိုတာကို ဟာသသရုပ်ဆောင်
အက်ရှင် ကွန်ဖူးမင်းသားကြီးရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူဆက်လက် ကြည့်ရှူလိုက်ပါတော့



Love Fiction (2012) - မြန်မာစာတန်းထိုး




IMDb (6.3/10)
Goo Joo-wol …အူကြောင်ကြောင် နိုင်ပြီး အသားမစားတဲ့ စာရေး ဆရာ ပါ။ နောက်ဆုံး တွဲနေတဲ့ ချစ်သူက ရှင်သာ အသား စားရင် ဆိုတဲ့ စကားသုံးခွန်းပဲ ပြောပြီး လမ်းခွဲတာ ခံခဲ့ရသူပါ။ Goo Joo-wol က အချစ်ရေးမှာ သိပ်ကံမကောင်း ပါဘူး။ ကလေး ဘဝကထဲက ချစ်သူ ရှိခဲ့ဖူးပါတယ်။ နင့်ရဲ့ ရှုရှုးပေါက်တဲ့ နေရာ ငါ့ကို ပြပါ ပြောလို့ ကလေးဘဝ အချစ်ဦးနဲ့ လမ်းခွဲ ခဲ့ရပါတယ်။ ဆယ်ကျော်သက် အရွယ်မှာလဲ ခပ်ကြမ်းကြမ်း ချစ်သူဖြစ်နေလို့ လမ်းခွဲ ခဲ့ပြီး။ နောက်ဆုံး ချစ်သူ မတိုင်ခင် ရှေ့တစ်ယောက်က မယ်သီလရှင် ဝတ်သွားလို့ အချစ်ရေး ကံမကောင်းဘူး ဆိုတာ ယုံကြည်ပြီး ခပ်ကြောင်ကြောင် ဖြစ်နေတဲ့ စာရေး ဆရာ တစ်ယောက်ပါ။
Goo Joo-wol ရဲ့ ထုတ်ဝေသူ ခေါ်သွားလို့ ပါတီပွဲ တစ်ခုမှာ မထင်မှတ်ပဲ Hee-Jin နဲ့ Goo Joo-wol တို့ ဆုံမိပြီး Goo Joo-wol တစ်ယောက် အသဲ အသန် ဖြစ်ပါလေရော။
စာရေး ဆရာ ပီပီ စကားလုံး အလှတွေ ဟာသ စကားလုံးတွေနဲ့ Hee-Jin သဘောကျအောင် Goo Joo-wol တို့ကြိုးစားပြီး တကယ်ပဲ Goo Joo-wol နဲ့ Hee-Jin တို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အစပိုင်းမှာ အရမ်းချစ်ကြပေမယ့် တစ်ဖြေးဖြေး တစ်ယောက်နဲ့ တစ်ယောက် ဆိုးကွက်တွေ သိလာပြီး Goo Joo-wol တစ်ယောက် Hee-Jin ကို စိတ်ကုန်စ ပြုလာတဲ့ အခါ…။
ဒါရိုက်တာ Kye Soo Jeon ရဲ့ 121 မိနစ်ရှည်တဲ့ ဇာတ်ကားကို Jung-woo Ha, Hyo-jin Kong နဲ့ Byung-joon Lee တို့ပါဝင် သရုပ်ဆော ထားပေးတဲ့ Comedy Romance ဇာတ်ကား ဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းကို moviereview.ygn.me မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(900MB)
Quality…HD-Rip 720p
Format…mp4
Duration….02:01:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (900MB)

 

Watch And Download Direct Link (900MB)

 

Watch And Download Pcloud (350MB)

 

Watch And Download Direct Link (350MB) 

 

 

 

 

Chongqing Hot Pot (2016) မြန်မာစာတန်းထိုး


မင်္ဂလာပါ
ဒီတစ်ခါတော့ ပရိသတ်ကြီးအတွက် IMDB - 6.7 ရထားတဲ့ တရုတ်ကားကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြည့်လိုက်တော့ ''ချုံချင်းဟော့ပေါ့'' ဆိုတော့ ဇာတ်ကားနာမည်ကိုက စိတ်ဝင်စားဖို့မကောင်းလိုက်တာဆိုပြီးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ နောက်ထပ်ဘာဆက်ဖြစ်လာမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရလောက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းပါရစေ။
ဇာတ်လမ်းကတော့ ချုံချင်း ဆိုတဲ့ တရုတ်ပြည်မြို့လေးတစ်မြို့မှာ ဟော့ပေါ့ဆိုင်တစ်ဆိုင် စပ်တူဖွင့်ထားတဲ့ လူငယ်သုံးယောက်ကို အခြေတည်ထားပါတယ်။
အလယ်တန်းကျောင်းကတည်းက တစ်တန်းတည်းအတူတူတက်ခဲ့ကြတဲ့
လူဘို ရှုထောင် နဲ့ လေးလုံးတို့က ကျောင်းပြီးတဲ့နောက်မှာလည်း အိုင်ဒီယာဆန်းဆန်းလေးတွေနဲ့ လိုဏ်ဂူတစ်ခုရဲ့အဝမှာ ဟော့ပေါ့ဆိုင်လေးတစ်ဆိုင်စပ်တူဖွင့်ခဲ့ကြပါတယ်။ သူတို့သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းဆိုတာထက်ကိုပိုပြီး ညီရင်းအကိုတွေလို နေလာခဲ့ကြပါတယ်။ သူတို့ထဲက လူဘိုကတော့ လောင်းကစားဝါသနာထုံတဲ့သူပေါ့။ လောင်းကစားသမားပီပီ ချေးထားတဲ့အကြွေးတွေကလည်းရှိနေတာပေါ့။
အပြိုင်အဆိုင်တွေအရမ်းများလာတဲ့အခါ သုံးယောက်ပေါင်းဖွင့်ပေမယ့် နှစ်ယောက်က ဆိုင်ကိုသိပ်အာရုံတစိုက်မရှိလှတဲ့အတွက် ရငွေနဲ့အရင်းမကာမိဖြစ်လာတဲ့အချိန်…………
လူဘို့ကို ပိုက်ဆံချေးထားတဲ့ သူဌေးကလည်း ဇွတ်အတင်းအကြွေးတောင်းရင်း ပထမတစ်ခါချိန်းတဲ့ရက်မှာမပေးနိုင်လို့ တပည့်တပန်းတွေနဲ့ ကောင်းကောင်းဝိုင်းဆုံးမခံလိုက်ရတဲ့အချိန်………
အဲ့ဒီအခြေအနေမှာ သူတို့ဆိုင်လေးကို လိုဏ်ဂူဧရိယာချဲ့ရင် သူဌေးတစ်ယောက်က လိုအပ်တဲ့ငွေပမာဏနဲ့ လာရင်းနှီးမယ်လို့ပြောတဲ့အတွက် အပိုမကုန်ရအောင် သူငယ်ချင်းတစ်တွေ ကိုယ်တိုင် လိုဏ်တူးရင်း မရည်ရွယ်ပါဘဲနဲ့
ဘဏ်တစ်ခုရဲ့ ငွေတိုက်ခန်းကို ဖောက်မိသွားတဲ့အချိန်မှာ………

ကိုယ်ချစ်ခင်ရတဲ့သူတွေကိုပါ အခြိမ်းခြောက်ခံနေရချိန်
ဘေးကြပ်နံကြပ် ပြသနာကြုံနေရချိန်မှာ…
ကိုယ်ကျင့်သိက္ခာဆိုတဲ့အရာကို ဘယ်လောက်ထိထိန်းသိမ်းထားနိုင်မလဲ?
လောဘရဲ့သွေးဆောင်မှု အခက်အခဲတွေရဲ့တွန်းအားပေးမှုကို
ဘယ်လောက်အထိရုန်းကန်နိုင်မလဲဆိုတာတွေအပြင်
ညီအကိုတစ်ပိုင်းလိုကို ချစ်ခဲ့ကြတဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းစိတ်ဓာတ်တွေကိုပါ ဒါရိုက်တာ Qing Yang က လှလှပပလေးထည့်သွင်ူရိုက်ကူးပြသွားတဲ့ ဒီဇာတ်ကားမှာ
Baihe Bai, Hao Qin နဲ့ Kun Chen တို့သရုပ်ဆောင်ထားပါတယ် …။
ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်လိုက်ဖြစ်သူ လူဘိုရဲ့နေရာကို အစားဝင်ပြီး ငါသာဆို ဘယ်လိုများရွေးမိမှာလဲဆိုတဲ့အတွေးနဲ့ ပြီးတဲ့အထိ မထတမ်းကြည့်ချင်သွားမယ့်… အချိန်ပေးရကျိုးနပ်မယ့်… bill ကုန်ခံ down ရကျိုးနပ်မယ့်… ဇာတ်ကားကောင်းလေးဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေပရိသတ်တွေရေ။


Credit To : www.goldchannelmovies.com
Review & Translated by: Thorny Phyoe
Size -780mb
Quality - 720P Bluray






 

Secret (2007) - မြန်မာစာတန်းထိုး


ကျောင်းစတက်တဲ့တစ်ရက်မှာ ကောင်လေးတစ်ယောက်က စန္ဒယားတီးခဲ့တယ်
တိုက်တိုက်ဆိုင်ဆိုင် ခပ်လှလှလေးပြုံးတတ်တဲ့
ကောင်မလေးတစ်ယောက်ကိုအဲ့ဒီနေ့မှာတွေ့လိုက်ရတယ်
သူတို့၂ယောက်ဟာ ဂီတသံစဉ်တွေ အတူဖန်ဆင်းလိုက် စက်ဘီးလေးတွေ
အတူစီးလိုက် ပန်းသီးလေးတွေ အတူစားလိုက် ကမ်းစပ်က
လေညှင်းလေးတွေရဲ့ပွတ်တူမှုကို ရယ်မောလိုက်နဲ့ ပေါ့ ဒီကားကသာမန်
drema အချစ်ဇတ်လမ်းလို့ထင်ခဲ့မိတယ် ပြသချိန် မိနစ် ၄၀လောက်ထိက
ကားနံမည်နဲ့ဆိုင်တာဆိုလို့ ကောင်မလေးရဲ့မေးခွန်းတစ်ခုပဲရှိတယ်
နင်နဲ့ငါနဲ့စတွေ့တဲ့နေ့တုန်းက ဘာသံစဉ်တွေတီးလိုက်တာလဲတဲ့
မသိဘူးဘာဖြစ်လို့လဲပြန်မေးတော့ ဒါက လျှို့ဝှက်ချက်(secret)တဲ့
အချစ်ဇတ်လမ်းတို့ထုံးစံအတိုင်း သုံးပွင့်ဆိုင် ကောင်မလေးနောက်
တစ်ယောက်ပါလာခဲ့တယ် ကောင်မလေး ၂ယောက်နဲ့ေ
ကာင်လေးတစ်ယောက်ပေါ့ တစ်နေ့တော့
ကောင်လေးဟာ သူ့ချစ်သူကောင်မလေးအထင်အမြင်လွဲစေမဲ့
အမှားကြီးတစ်ခုကျူးလွန်မိတယ် အဲ့ဒီနေ့ကစပြီး ကောင်မလေးက ဗြုန်းဆိုပျောက်
သွားပါရော ဘယ်မှာမှရှာမတွေ့တော့ဘူး secretဆိုတာကြီးကအဲ့ဒီမှာ
စတော့တာပဲကောင်မလေးရဲ့လျှို့ဝှက်ချက်ကပဲ အချိုးအကွေ့အလှည့်
အပြောင်းဖြစ်သွားစေတယ် ကဲ ပရိတ်သတ်ကြီးရေခံစားကြည့်လိုက်ပါဦး———–
ဒီကားက သံစဉ်တွေနဲ့တည်ဆောက်ထားတယ်ဆိုလည်းမမှားပါဘူး စာအုပ်တွေထဲမှာတော့တွေ့ဖူးတယ်
စန္ဒယားသံကို မိုးခြိမ်းသံ စမ်းချောင်းလေး
စီးဆင်းသံ ဘီးလူးတစ်ကောင်ရဲ့ဒေါသတစ်ကြီးအော်ဟစ်သံဆိုပြီး
ခိုင်းနှိုင်းပုံလေးတွေ တွေ့ဖူးပါတယ် စန္ဒယားသံကိုမခံစားတတ်ဘူးဆိုတာထက်
မသိနားမလည်တဲ့ ကျွန်တော်တောင် ဇတ်ကားထဲကတီးကွက်တွေကိုစီးမြောသွားတယ်ဂီတသံဇဉ်တွေ
ဘာလို့ခမ်းနားနေရတာလဲစူးစမ်းမိတော့ ဒီဇတ်ကားကိုဖန်တီးသူ ဒါရိုက်တာ Jay chouဟာ
ကိုယ်တိုင် အဆိုတော် တေးရေး သရုပ်ဆောင် တူရိယာ
၂မျိုးလောက်ကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်နိုင်သူဖြစ်ပါသတဲ့ ကိုင်း secretဆိုတာဘာလဲစူးစမ်းရင်းနဲ့
ခံစားကြည့်လိုက်ပါဦးလို့ စကားမစပ် ကောင်လေးရော ကောင်မလေးရော တော်တော်ချောတယ်ဗျ ………..
ဇာတ်ကားအညွှန်းကိုတော့ ကိုဖြိုးပြည့်ကရေးသားပေးခဲ့ပြီး ဘာသာပြန်ကတော့ AP New School ပဲဖြစ်ပါတယ်ဗျ





Wish (2013) မြန်မာစာတန်းထိုး


Wish(Hope)2013
ဒီကားလေးဟာဆိုရင်ဖြင့်
ခုလက်ရှိ ကျွန်တော် တို့ဆီမှာ လတ်တလောဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ပညာပေးဇာတ်ကားလေးတစ်ကားပါ
မိဘတိုင်းကြည့်ထားသင့်တဲ့ ဇာတ်လမ်းလေးပါ။ ကိုရီးယား ဒါရိုက်တာ Joon-ik Lee ရိုက်ကူးထားပြီး ပိရိသတ်အားပေးမှု Rating * 8.2/10 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဆုတွေ တသီကြီးရရှိထားပြီး ပရိသတ်ရဲ့ ရင်ထဲကို massage တစ်ခုခု ရောက်စေတဲ့အထိကို ကောင်းတဲ့ ဇာတ်ကားလေးပါ။
ဇာတ်လမ်းလေးကတော့....
အရမ်းအလုပ်ရှုပ်တဲ့ လင်မယားနှစ်ယောက်မှာ ဆူရမ်ဆိုတဲ့ ၈နှစ်အရွယ် ချစ်သရာသမီးငယ်လေး တစ်ယောက်ရှိပါတယ်...
အလုပ်ကိုယ်စီနဲ့မို့ သမီးငယ်လေးကိုလည်း ထင်သလောက် ဂရုမစိုက်နိုင်အားပဲ ဆူရန်မှာ ကိုယ့်အားကိုယ်ကိုးပြီး နေရတဲ့ကလေးမလေးပါ။
မိုးတွေသည်းနေတဲ့တနေ့....ဆူရန်ကျောင်းနောက်ကျနေလို့ ကျောင်းကိုသွားရမယ့် လမ်းအတိုင်းမသွားပဲ ဖြတ်လမ်းကနေ သွားပါတော့တယ်။ ဆူရန် သွားနေတဲ့ လမ်းလေးမှာ....မထင်မှတ်ပဲ တွေ့လိုက်ရသူကတော့ အရက်တွေမူးနေအောင် သောက်ထားတဲ့ အိမ်ယာမဲ့သမားတစ်ဦးပါ.....။
သိပ်မကြာခင်မှာပဲ သတင်းဆိုးတစ်ခု တက်လာခဲ့တာကတော့ ကျောင်းဖြတ်လမ်းက အဆောက်အဦး ပျက်ထဲမှာ ၈နှစ်အရွယ် မိန်းကလေးတစ်ဦး လူမဆန်စွာ အစော်ကားခံရပြီး မျက်နှာတစ်ခုလုံးလည်း ရိုက်နှက်ခံထါးရလို့ ဖူးယောင်နေပြီး သတိလစ်မေ့မျောနေတယ် ဆိုတဲ့ သတင်းပါ။  ကြားသိရတဲ့သတင်းဆိုးကြောင့် ဆူရန့်မိဘတွေ ရင်ကွဲရပါတော့တယ်။
ဆူရန်မှာ အရွယ်နဲ့မမျှအောင် ခံစားလိုက်ရတဲ့... အသိစိတ်ကင်းမဲ့တဲ့ လူတစ်ယောက်ကြောင့် ဆူရန့်ခမျာ ဖခင်ရင်းကိုတောင် အနားမကပ်ခံတောင်ပဲ အကြောက်ကြီးကြောက်သွားပြီး ဘဝကို အရမ်း ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင်ရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုသံ မေးငေါ့သံ စကားသံတွေကို ဆူရန်လေး... ရင်ဆိုင်နိုင်ပါ့မလားဆိုပြီး.... ဖြစ်ရတဲ့ မိဘနှစ်ပါးရဲ့ သောက....
အရက်မူးနေလို့ အသိစိတ်မရှိလို့ ဒီလိုဖြစ်ရတာပါဆိုပြီး....တရားခံရဲ့လျှောက်လဲချက်....
မတရားတဲ့.... လျှောက်လဲချက်တွေ...ပြစ်ဒဏ်ချမှတ်မှုတွေ.....
ခု ကျွန်တော်တို့ လတ်တလော မြင်တွေ့နေရတဲ့... သက်ငယ်မုဒိမ်းမှု...
ကျွန်တော်တို့တွေ ဖြစ်စေချင်နေချင်ကြတဲ့... ပြစ်ဒဏ်ချမှတ်မှု....
အားလုံး...အားလုံးကို... ဒီကားလေးထဲမှာ ကြည့်ရှု့ခံစားရမှာပါ...😢😢😢
ပန်းများအားလုံး မွှေးပျံပါစေ....
ပန်းဖူးလေး ဘဝကနေပြီး အန္တရာယ်ကင်းစွာနဲ့ ဖူးပွင့်ကြစေဖို့ ဥယျာဉ်မှူး တို့ကလည်း သတိလေးနဲ့ စောင့်ရှောက်ကြပါဗျာ 😪😪😪😪
Credit To : www.goldchannelmovies.com
Review by May Satt Thu
Translate by Winnie Ngoon & Phyo Thant
Encoded by Hein Min Htet
size & quality: 880mb\350mb
 
 
 
 
 
 
 
 

Helpless (2012) မြန်မာစာတန်းထိုး




Helpless ဇာတ်ကားဟာဒါရိုက်တာ Young-Joo Byun ရိုက်ကူးပြီး ဒီကားလေးကို နိုဗယ်ဆုရှင်ဂျပန်စာရေးဆရာ မိယုကီ မိယဘီရဲ့KASHA ဆိုတဲ့စာအုပ်မှ အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Rating  6.7/10 နဲ့ ပရိသတ်အားပေးမှုကိုရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ကိုရီးယားဇာတ်လမ်းလေးတွေအတိုင်း အရမ်းမိုက်တဲ့ စိတ်ကူးမျိုးနဲ့ ပုံဖော်ရိုက်ကူးထားတာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့...
မကြာခင်လက်ထပ်တော့မယ့် တိရစ္ဆာန်ဆရာဝန်လေး ဂျန်မူဟို ဟာ သူ့ချစ်သူသတို့သမီးလောင်းကို မိဘတွေနဲ့ မိတ်ဆက်ပေးဖို့အတွက် သူ့မိဘတွေရှိရာမြို့ကိုထွက်လာခဲ့ကြတယ်..
လမ်းတဝက်မှာ ခဏနားပြီး သူ ကော်ဖီဆင်းဝယ်ပြီး ပြန်လာတဲ့ အခါမှာတော့ သူချစ်ရတဲ့ သတို့သမီးလောင်းဟာ ထူးဆန်းစွာနဲ့ ပျောက်ချင်းမလှပျောက်သွားပါတယ်။ ချစ်သူပျောက်လို့အပူမီးတောက်လောက်နေတဲ့ ဂျန်ဟာ ချစ်သူကို စိုးရိမ်တကြီးလိုက်ရှာပါတော့တယ်။ ရှာဖွေလေလေ တွေ့ရှိလေလေ ဆိုသလိုပဲ...သူလက်ထပ်မယ့်မိန်းကလေးအကြောင်းကို စုံစမ်းရင်းနဲ့ ဆရာဝန်သတို့သားလောင်းဂျန်ဟာ သူ့ချစ်သူဟာ သူများနာမည်မှတ်ပုံတင်နံပါတ်ကို ခိုးသုံးပြီး သူများနာမည်နဲ့နေထိုင်သူတစ်ယောက် ဖြစ်ကြောင်း သိလာရတယ်။ ဒီလိုနဲ့ဆက်လက်စုံစမ်းလာတဲ့အခါ သူ့ချစ်သူဟာ အရင်က အိမ်ထောင်ကျခဲ့ဖူးပြီး ကလေးပါရှိနေတာကို သိလာခဲ့ရတယ်...
နောက်ဆုံးအရေးကြီးဆုံး အချက်ကို သိလာရတဲ့အခါမှာ ဂျန်ဟာ လုံးဝ လက်မခံနိုင်စရာဖြစ်လာပါတယ်..
ဒါကတော့...သူ့ချစ်သူဟာ သူများမှတ်ပုံတင်နဲ့ နာမည်ကိုသုံးဖို့အတွက် မှတ်ပုံတင်ပိုင်ရှင်ကို နှုတ်ပိတ်သတ်ပစ်လိုက်တယ်ဆိုတဲ့ အချက်ပါ..သူ့ချစ်သူကို အပူတပြင်းလိုက်ရှာရင်းနဲ့ ...တွေ့သွားတဲ့အခါမှာ ဂျန်သိထားသလို သူ့ချစ်သူဟာ တကယ်ပဲ လူသတ်သမားလား.. စွပ်စွဲခံရတာလား..
ချစ်သူအပေါ်ထားရှိတဲ့ ဂျန်ရဲ့ချစ်ခြင်းနဲ့ မေတ္တာတရား.. သူတို့နှစ်ယောက် ပြန်လည်တွေ့ဆုံကြတဲ့အခါ ဘာတွေဖြစ်လာကြလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပါ... 
Reviewed & translated by: July Moe
Encoded by: Sinn Sinn
Quality: 540P
 
 
 
 




Powered by Blogger.