Latest Movie :
Recent Movies
Showing posts with label Comedy. Show all posts
Showing posts with label Comedy. Show all posts

Sausage Party (2016) Rated R - မြန်မာစာတန်းထိုး


ဒီ Animation ရုပ်ရှင်ဇတ်ကားကို Sony Picture နှင့် Columbia ရုပ်ရှင်ကုမ္ပဏီ မှ စီစဉ်တင်ဆက်ထားပါတယ်
IMDb 6.7/10 ထိ ရရှိထားပြီး Rated R အဆင့် သက်မှတ်ထားလို့ အသက်မပြည့်သေးသော
ကလေးသူငယ်များ နှင့် မိသားစု များ အတူတူ မကြည့်သင့်သော Animation ရုပ်ရှင်ကားဖြစ်ပါတယ်..
Directors: Conrad Vernon, Greg Tiernan တို့ ရိုက်ကူးကာ
August 12, 2016 (USA) မှာ ရုံတင်ပြသခဲ့ပြီး
Box office: 129.1 million USD ရရှိခဲ့ပါတယ်..
ဒီဇတ်လမ်း အညွှန်းကို မပြောပြခင် ဘာသာပြန်ခဲ့တဲ့ Translator တွေ ရဲ့ စိုးရိမ်မှု ကိုပြောပြပါရစေ..
ဒီဇတ်လမ်း တစ်ခုလုံးမှာ စကား ၃ ခွန်း ပြောရင် ၂ ခွန်းက အဆဲစကား ပါပါတယ်…
Channel Myanmar မှာ မသင့်တော်သော ဆေးထိုးမှု များ ဘမ်းစကား များ မထည့်တော့တာ အတော်ကြာပါပြီ
ဒါပေမယ့် အဆဲလွတ်အောင် ဘာသာပြန်ရင်လဲ ရသတွေ ပျက်ကုန်မှာဆိုးတဲ့ အတွက် ကျနော်တို့
ငိုးမ လခွမ်း ဆိုတဲ့ စကားတွေ တွင်တွင် သုံးထားပြီး မူလ အရသာ မပျက်အောင် ကြိုးစားပေးထားပါတယ်
ထို့ကြောင့် ရုပ်ရှင်ကြည့် ပရိတ်သက်များကို ကြိုတင်တောင်းပန်အပ်ပါတယ် ရုပ်ရှင်အရသာ ပျက်သွားရင်
ကျနော်တို့ လိုအပ်နေသေးတာ ဖြစ်ပြီး ဖြည့်စွတ်ကြည့်ရှုပေးကြပါလို့ …..
Translator တွေကတော့ Tariq L Walker . Ye Khant Min , Moe Oo Mann တို့ ဖြစ်ပြီး
Admin Little Neo မှ စကားလုံးများ ပြေပြစ်အောင် ပြင်ဆင်ပေးထားပါတယ်…
(သစ်ဆန်းခန့်)
—————————-
ဇတ်လမ်း အစမှာတော့ စားစရာတွေ ရောင်းတဲ့ စူပါမားကတ် ကနေ စတင်ထားပါတယ်…
စားစရာတွေဟာ လူသားတွေကို ဘုရားသခင် လို့ မှတ်ယူထားပါတယ် မားကတ် မှာ ပုတ်သိုးမယ့် အန္တရာယ် ကနေ
ကယ်တင်မယ့် အရှင်သခင်တွေလို့ မှတ်ယူထားကြတာပါ…
တစ်နေ့တာ ဈေးဝယ်မှု မှာ ၀ယ်သူ ရွေးချယ်ဖို့ သူ့ထက် ငါ အပြိုင်အဆိုင် ဆုတောင်းကြရတာပေါ့
မဟုတ်ခဲ့လို့ရှိရင် Out Of Date ဖြစ်သွားတဲ့အခါ သူတို့မသွားချင်ဆုံးနေရာက အမှိုက်ပုံးအိုကြီးရဲ့ မဲမှောင်နေသာ
တွင်းနက် ကြီးပါပဲ….
ဒီဇတ်လမ်းမှာ မင်းသားကတော့ ၀က်အူချောင်း ပါပဲ ဟုတ်ပါတယ် ၀က်အူချောင်း ပါ….
ဖရန့် ၊ ကားလ် ၊ ဘယ်ရီ တို့ ဟာ ၆ ချောင်းပါတဲ့ ၀က်အူချောင်းပါကင် ထုပ်ထဲက သူငယ်ချင်းတွေပေါ့
သူတို့ ဘေးကပ်ရပ်မှာတော့ ဟော့ဒေါ့ပေါင်မုန့်မလေး တွေ အဖွဲ့ ရှိနေပါတယ်
ဘရန်ဒါ တို့ အုပ်စုပေါ့ သူတို့လဲ ပါမုန့်ချောင်း ၆ ခု တစ်ပါကင် ထုပ်ထဲကပါပဲ…
အနီးကပ် နေရတဲ့ အခါ တစ်ဦးကို တစ်ဦး စိတ်ဝင်စားပြီး ချစ်မိပါလေရော
အ၀ယ်ခံရတဲ့ အခါ အတူတူပါဖို့လဲ ဆုတောင်းကြရတာပေါ့… 😀
တစ်ရက်မှာတော့ ဖရန့် တို့ ပါကင်ထုပ် ရော ဘရန်ဒါ တို့ ပါကင်ထုပ်ရော အ၀ယ်ခံရပါတယ်
ဒါပေမယ့် စိတ်ဖောက်နေတဲ့ ပျားရည်မုန်ညင်းဗူး က သေကြောင်း ကြံစည် လို့
မတော်တဆ မှုတွေ ဖြစ်ပြီး ဖရန့် ရော ဘရန်ဒါ က ဘုရားသခင်(ဈေးဝယ်သူ) ဆီကနေ
ပြုတ်ကျ ပျောက်ဆုံးသွားပါတော့တယ်…
ဖရန့် နဲ့ ဘရန်ဒါ တို့လဲ သူတို့ သူငယ်ချင်းတွေ နဲ့ အတူ ဘုရားသခင်(ဈေးဝယ်သူ) ဆီ ပြန်သွားလို့
လမ်းစ ရှာရင်း နဲ့ ဘုရားသခင် (ဈေးဝယ်သူ) က သူတို့ကို ကြင်နာမှာ မဟုတ်ပဲ စားသုံးဖို့ သက်သက်ဆိုတာ
သိသွားတဲ့ အခါမှာတော့…..
(ရုပ်ရှင်ရဲ့ အချိန် 00:44:45 နေရာရောက်လို့ ကြည့်မိတဲ့အခါ ၀ါးလုံးကွဲ မရယ်မိဖို့ သတိပြုပါ ကျော်မကြည့်နဲ့နော် 😛 )






Just The Way You Are (2015) မြန်မာစာတန်းထိုး



ကဲအမျိုးတို့ရေ …
ဒီတစ်ခါတော့ ပရိသတ်ရင်ထဲရောက်မယ့် တစ်ကားတင်ပေးလိုက်မယ်ဗျာ … ကျွန်တော်တောင် ဘာသာပြန်နေတာကို ရပ်ပြီး ဇာတ်လမ်းဆုံးအောင် ကြည့်မိတဲ့ကားလေးပေါ့ … Just the way you are တဲ့ …. ဇာတ်လမ်းလေးကတော့ မိသားစုကြောင့် အချစ်ကိုအယုံအကြည်မရှိတဲ့ ကောင်လေးနဲ့ ကောင်းမလေးတို့ အလောင်းအစားတစ်ခုကြောင့် ဆုံတွေ့ခဲ့တဲ့အခါမှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် … ထုံးစံအတိုင်း Asian Romance Comedy လေးပါပဲ … အားပေးကြပါဦးနော်
Credit To : www.channelmyanmar.org
File Size         : 770 MB
Quality           : HD Rip 720P
Running Time : 1hr 47 minute
Format           : Mp4
Genre             : Drama, Romance
Encoder         : Joker.phs

Pcloud Link                                 Direct Link

Download (760MB)                     Download (760MB)

Download (380MB)                    Download (380MB)
 

Nine Lives (2016) - မြန်မာစာတန်းထိုး






နာမည်ကျော် သူဌေးကြီး တွမ်ဘရန့် ဟာ သူ့မြို့မှာ အထပ်အမြင့်ဆုံး အဆောက်အဦးတစ်ခုကို တည်ဆောက်ပြီး
မှတ်တမ်းဝင်နိုင်ဖို့ လုပ်နေပါတယ် ဒါပေမယ့် သူ့သမီးလေး မွေးနေ့ကိုလဲ မေ့နေပြန်တဲ့ အလွန်အလုပ်များတဲ့ သူတစ်ဦးပါ…
တွမ် မှာ ပထမ အိမ်ထောင်ရှိခဲ့ပြီး သားတစ်ယောက် ရှိပြီး ထိုသားဖြစ်သူ ဒေးဗစ် မှာလဲ ဖခင် ၏ အသိအမှတ်မပြုခံရတဲ့အပြင်
ဖခင် အား မြင်ချင်တွေ့ချင်သဖြင့် ဖခင် ၏ အလုပ်တွင် ၀န်ထမ်းလာလုပ်နေရသူ ဖြစ်ပါတယ်…
မိသားစု အား အမြဲလိုလို အချိန်ပေးဖို့ မစဉ်းစားပဲ မိမိ အလုပ်ကိုသာ ဦးစားပေးတက်သော တွမ် ၏ ဒုတိယ အိမ်ထောင်တွင်
ရရှိထားသော သမီးဖြစ်သူ ရေဗက္ကာ သည် အထီးကျန်နေသော သူမ အတွက် ကြောင်ကလေး တစ်ကောင် ပူဆာသဖြင့်
ကြောင်မုန်းလှသော တွမ် တစ်ယောက် လမ်းဘေး ချောင်ကြိုချောင်ကြား တစ်ခု မှ မစ်စတာ ပါကာ ၏ ကြောင်သီးသန့် ရောင်းသော
ဆိုင်သို့ ရောက်ရှိသွားပြီး ကြောင်လေးတစ်ကောင်ကို ၀ယ်ယူလိုက်ပါတယ်…
ထိုဝယ်ယူလိုက်သော နေ့မှာပဲ တွမ် တစ်ယောက် ကံဆိုးမိုးမှောင်ကျကာ သူ ပြိုင်ဆိုင် ဆောက်နေသော အထပ်အမြင့်တိုက်ပေါ်မှ ပြုတ်ကျကာ
မသေရုံတမယ် မေ့မျှောသွားပါတော့တယ်…
သူပြန်သတိရလာသော အခါတွင်တော့ သူဌေးကြီး တွမ်ဘရန့် မဟုတ်တော့ပဲ သူ့သမီးကို လက်ဆောင်ပေးရန် ၀ယ်ယူလာသော
ကြောင်လေး တစ်ကောင်သာ ဖြစ်သွားခဲ့သောအခါ…..
ဒီ ဟာသ ဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ Channel Myanmar Translator ဖြစ်သူ Tariq L Walker ပဲ ဖြစ်ပါတယ်..
(Thit San Khant)





Credit To : www.channelmyanmar.org 

Cheeky (2000) 21+ - မြန်မာစာတန်းထိုး





Cheeky ဆိုတဲ့ ဇတ်လမ်းလေးဟာ Comedy & Drama ဆိုပေမယ့် သာမန် 18+ ရုပ်ရှင်ကားတွေထက် အများကြီးဆိုးပါတယ်
သတိပြုသင့်တာက မိသားစု နှင့် အတူ မကြည့်သင့်သလို 18 နှစ်အထက် အသက်ပြည့်ပြီးသူများသာ ကြည့်သင့်ပါတယ်…
Unrated အမျိုးအစား ဖြစ်လို့ အကုန်လုံး မြင်သာထင်သာ ပြသထားတာမို့ ဆင်ဆာ မဖြစ်ထားပါဘူး…
ဇတ်လမ်းပုံစံ ကတော့ ကာလာ ဆိုတဲ့ ချောမောလှပပြီး ချစ်စဖွယ်ကောင်းတဲ့ အီတလီ သူလေးဟာ ရည်းစားများပြီး ပွေရှုပ်တက်သူပါ
တစ်ရက်မှာတော့ မက်တဲယို ဆိုတဲ့ကျောင်းသား ကောင်လေးတစ်ယောက်ကို ချစ်ကြိုက်မိသွားပါတယ်….
မက်တဲယို နှင့် သူမ အတူတူ နေထိုင်ဖို့ တိုက်ခန်း ရှာဖွေရင်း တိုက်ခန်းရှာဖွေပေးတဲ့ လိင်တူချစ်သူ အမျိုးသမီးတစ်ဦးနှင့်လဲ
ဇတ်လမ်းတွေ ဖြစ်လိုက်ပါသေးတယ် ဒါကို မက်တဲယို သိပေမယ့် မိန်းကလေး အချင်းချင်း မို့ ဘာမှ မပြောသေးပါဘူး
တစ်ရက်မှာတော့ ကာလာ ရဲ့ အိမ်မှာ သူမ ယူခိုင်းတဲ့ ပစ္စည်းလေးတွေ သွားယူရင်း မက်တဲယို တစ်ယောက် ကာလာ ရှုပ်ပွေထားတဲ့
ဇတ်လမ်းမြောက်များစွာကို သိရှိလိုက်ရပါတယ်….
မနာလိုချင်း သ၀န်တိုချင်း များစွာဖြင့် ကာလာ နောက် လိုက်သွားရင်း ထိုကိစ္စ များ ရှင်းပြပေးရန် မက်တဲယို မှ ကျိန်းမောင်းပေမယ့်
ကာလာ ကတော့ လိမ်မြဲလိမ်နေပါသေးတယ် ဒါကြောင့် ကာလာ အား မိမိအား မလိမ်မညာပဲ လိင်ဆက်ဆံခဲ့သူတွေအကြောင်း
ခရေစေ့ တွင်းကျ မေးပါတော့တယ်…
မက်တဲယို က ရည်းစားများလွန်းပြီး လူတကာ နှင့် အိပ်သော ကောင်မလေး ကာလာ ကို တကယ် ပြန်လက်ခံနိုင်ပါ့မလား
ကာလာ ကရော သူတကယ်ချစ်တဲ့ မက်တဲယို ကို ပွင့်လင်းနိုင်မလား အမှန်တိုင်းပြောပါ့မလား ဆိုတာကတော့
ဘာသာပြန် Tariq L Walker ၏ ခံစားတင်ဆက်မှု အား ကြည့်ရှုလိုက်ပါစို့….
(Guru Alcon)



Credit To : www.channelmyanmar.org 

Guppy (2016)မြန်မာစာတန်းထိုး

မင်္ဂလာပါ ပရိတ်သတ်ကြီး bollywood fanတွေရော Tamil fanတွေအတွက်ပါ တမူးထူးခြားတဲ့ ဇာတ်အိမ်လေးနဲအကြမ်းကြီးမဟုတ်ပေမယ် ကားကအအေးကြီးလည်းမဟုတ်ပါဘူး။သူဟာသူ ကားအစကနေအဆုံးထိ ဆွဲခေါ်သွားစေမယ် ဇာတ်အိမ်ကောင်းတဲ့ကားတခုလို့တော့ဆိုနိင်ပါတယ်။ ၂၀၁၆ခုနှစ် သြဂုတ်လမှာ ထွက်ရှိထားတဲ့ Guppy ဆိုတဲ့ အိန္ဒိယ  ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ၊ Chethanlal  နဲ့  Tovino Thomas တို့အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်၊ ဒီဇာတ်ကား  ထဲမှာတော့ Chethanlal ဟာ ငါးရောင်းတဲ့ေ ကာင်လေး Guppy   နေရာကနေ သရုပ်ဆောင် ထားပြီး အောက်ပိုင်းသေနေတဲ့သူ့အမေအတွက် ဝှီးချဲးလေးဝယ်ပေးချင်တဲ့ဆန္ဒပြင်းပြနေပါတယ်၊
Guppyဆိုတဲ့ဒီဇာတ်ကားလေးကတော့ ဇာတ်ကားရဲ့မင်းသားနာမည်လေးကိုယူထားတာဖြစ်ပါတယ်။ Drama ဇာတ်ကားလေးတစ်ကားလဲဖြစ်သလို မပျင်းရအောင် Comedyအခန်းလေးတွေလဲထည့်ထားပါတယ်။ Guppyဆိုတဲ့အိမ်မွေးငါးငယ်လေးတွေကိုမွေးမြူရောင်းချရင်း Guppy ဆိုပြီးတော့အမည်တွင်ခဲ့ရသူပါ။ ဖခင်ဖြစ်သူဆုံးပြီးကတည်းက ကိုယ်တိုင်ငွေရှာဖွေ ကျန်းမာရေးမကောင်းတဲ့မိခင်ကိုစောင့်ရှောက်ပြီး ဘဝကိုရုန်းကန်နေရသူတစ်ယောက်ပါ။ သူတို့နေတဲ့မြို့ကိုတံတားဆောက်ဖို့အင်ဂျင်နီယာတွေရောက်လာတဲ့အခါ အင်ဂျင်နီယာခေါင်းဆောင်နဲ့ ဘယ်လိုပဋိပက္ခတွေဖြစ်ကြလဲ။
အင်ဂျင်နီယာခေါင်းဆောင်နဲ့Guppyရဲ့ကြားကပြဿနာတွေက ဘယ်လိုတွေစဖြစ်လို့ ဒီလိုကြီးမားလာသလဲ၊ အမှန်တရားကကောဘာလဲ။ Guppyတစ်ယောက်ဘဝကို ဘယ်လိုကြိုးစားရုန်းကန်လဲ။
Guppyငါးလေးတွေကိုသူဘယ်လောက်ချစ်သလဲ။  ဇာတ်ကားလေးမှာဆက်လက်ရှုစားကြပါ။

Credit To : www.goldchannelmovies.com
Review and Translate Lwin Moe Thwin
Encoded by Hein Min Htet
Hd 720p 1g/500mb




Flipped (2010) - မြန်မာစာတန်းထိုး

IMDB 7.7 ထိရရှိနေဆဲ အချစ်ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဟာသကားဆိုတာက တဟီဟီးရယ်နေရတဲ့ ဟာသမဟုတ်ပဲ သဘောကျလို့ ပြုံးမိရုံဖြစ်စေမှာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ ကိုယ့်ရဲ့ဆယ်ကျော်သက်ဘဝကိုတောင်ပြန်မြင်ယောင်နေမိလို့ ရင်ထဲစွဲတဲ့ဇာတ်ကားလေးတလက်လို့ပြောပါရစေ။ ရိုးရှင်းတဲ့လူနေမှုဘဝ၊မိသားစု၊ပတ်ဝန်းကျင်ကို အခြေခံထားတဲ့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့တည်ဆောက်ထားပေမယ့် တင်ပြပုံနဲ့ သရုပ်ဆောင်ချက်တွေကောင်းတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းတလက်အဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ ဒီလိုဇာတ်လမ်းမျိုးကို မြန်မာကားတွေ ကိုရီးယားကားတွေမှာ မကြာခဏကြည့်ဖူးပေမယ့် တင်ပြပုံနဲ့ အိုင်ဒီယာကသူတို့ထက်ဘယ်လိုသာသွားလဲဆိုတာကိုတော့......
r@bp!G
အမေရိကန် ဒါရိုက်တာ ရော့ဒ်ရိုင်နာက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရော့ဒ်ရိုင်နာအနေနဲ့ ရှေ့မှာ Stand by Me (1986) နဲ့ The Bucket List (2007) ရိုက်ကူးခဲ့သူပါ။ အဲဒီ ဇာတ်ကား နှစ်ကားစလုံး အနှစ်သာရပြည့်ဝပြီး ကောင်းမွန်တဲ့ဇာတ်ကားတွေအ ဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Flipped ဇာတ်ကားက မပြသခင်ကတည်းက နာမည်ကျော်နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၂၀၁၀ပြည့်နှစ်ထဲမှာ ထွက်ရှိမယ့် အကောင်းဆုံးသော ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကား ဖြစ်လာလိမ့်မယ်လို့ ရုပ်ရှင်အကဲ ဖြတ်တွေက ကြိုတင်ဟောကိန်း ထုတ်ခဲ့ပါတယ်။

နေ့စဉ် ဖြစ်ပျက်နေတဲ့ ဘဝတွေထဲက သာမန် အကြောင်းအရာတွေကို စွဲမက်ဖွယ်ဖြစ်အောင် ဖန်တီးပြတတ်တာက ဒါရိုက်တာ ရော့ဒ်ရိုင်နာရဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ် Flipped ဇာတ်လမ်းကလည်း ရိုးစင်းတဲ့ အကြောင်းအရာတစ်ခုကိုပဲ အခြေခံခဲ့တာပါ။ ဒီဇာတ်လမ်းကို စတင် အသက်သွင်းခဲ့သူက စာရေးဆရာမ ဝမ်ဒယ်လင် ဗန်ဒရာနန်ဖြစ်ပါတယ်။ ကလေးစာပေ အထူးပြု စာရေးဆရာမ တစ်ဦးအနေနဲ့ နာမည်ကျော်ပါတယ်။ သူက ဒီရုပ်ရှင်ဖြစ် လာမယ့် Flipped ဝတ္ထုကို ၂၀ဝ၁ခုနှစ်တုန်းက ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ စိတ်ပြောင်းလဲမှုဖြစ်စဉ်ကို ပတ်ဝန်းကျင်၊ ဗီဇရိုက်ခတ်မှုများနဲ့ ချိန်ထိုးပြဆိုခဲ့တဲ့ သာမန် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

သာမန်ဘဝတွေထဲက အလှတရား ကို ရှာဖွေတတ်တဲ့ ဒါရိုက်တာ ရော့ဒ်ရိုင်နာ ကြောင့် Flipped ဝတ္ထုက ရုပ်ရှင်ဖြစ်လာခဲ့ ပါတယ်။ ဒီဇာတ်လမ်းမှာ ဂျူလီယာနာနဲ့ ဘရုစ် ဆိုတဲ့ ကလေးနှစ်ယောက်ရဲ့ စိတ်ခံစားမှုကို အသားပေး ဖော်ပြခဲ့ပါတယ်။ အသက်ခြောက်နှစ် အရွယ်ကတည်းက သူတို့နှစ်ဦး စတင် သိကျွမ်းခဲ့ပါတယ်။ အိမ်နီးနားချင်းတွေ လည်း ဖြစ်ကြပါတယ်။ စတွေ့စဉ်ကတည်းက ဂျူလီယာနာက ဘရုစ်ကို စိတ်ဝင်စားခဲ့ပါ တယ်။ ဘရုစ်ကတော့ ဂျူလီယာနာကို စ တွေ့ကတည်းက စိတ်မဝင်စားခဲ့ပါဘူး။

ကလေးနှစ်ယောက်ရဲ့ နောက်ခံစကား ပြောတွေနဲ့ ဇာတ်ကားကို ဖန်တီးခဲ့ပါတယ်။ အဖြစ်အပျက် တစ်ခုတည်း အပေါ်မှာပဲ မတူ ညီတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြခဲ့ပါတယ်။ စိတ်ခံစားမှု၊ ထင်မြင်ယူဆချက်တွေရဲ့ နောက်ခံ အခင်းအကျင်းကိုလည်း ပြသပါတယ်။ ဘရုစ်က အရာရာကို အပေါ်ယံ တွေးတတ်တယ်။ ဂျူလီယာနာကကိစ္စရပ်တိုင်းကို အဓိပ္ပါယ်ရှိရှိ လေးနက်စွာ တွေးတော တတ်ပါတယ်။ ကလေးတွေရဲ့ စိတ်ကို ပတ်ဝန်းကျင်နဲ့ ဗီဇက ဘယ်လောက်အထိ ရိုက်ခတ်စေတယ်ဆိုတာကို ဒီဇာတ်ကားမှာ ပြသခဲ့ပါတယ်။
ရုပ်ရှင်အညွှန်း - Now! Not Yet
Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Drama, Romance
[FILE SIZE]:……………………….:[ 727 MB
[RESOLUTION]:………………….:[ 720x480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 30mins
[iMDB RATING]:……………………..:[ 7.7/10



One for the Money (2012) - မြန်မာစာတန်းထိုး

စတက်ဖန်နီ ပလမ် ဆိုတဲ့ အမျိုးသမီးတယောက်ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့အခြေအနေမှာ အရေးပေါ်အလုပ်လုပ်ရတော့မယ့်အခြေအနေဖြစ်နေပါပြီ။ သူ့အစ်ကိုဝမ်းကွဲဆီမှာ အလုပ်လုပ်ဖို့ကြိုးစားပါတော့တယ်။ ဝရမ်းထုတ်ထားတဲ့လူတွေကို လိုက်ဖမ်းရတဲ့အလုပ်ပါ။ သူပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လူသတ်မှုတခုအတွက် ထွက်ပြေးနေတဲ့ ရဲအရာရှိဟောင်းကို လိုက်ဖမ်းရမှာဖြစ်ပါတယ်။ သူဖမ်းရမယ့်သူကတော့ တခြားသူမဟုတ်ပါဘူး။ လူငယ်ဘဝတုန်းက ရည်းစားဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းဟောင်းလေးပါပဲ။ ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့....
မြန်မာစာတန်းထိုးဇာတ်ကားများ ဘလော့မှ ပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည်။

Credit To : Flim2mm.com
[FORMAT]:………………………….:[ 1280p HDRip MP4
[GENRE]:………………………… .:[ Action, Comedy, Crime
[FILE SIZE]:……………………….:[ 647 MB
[RESOLUTION]:………………………:[ 1280x536
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 31mins
[iMDB RATING]:……………………..:[ 5.3/10



Paddington (2014) - မြန်မာစာတန်းထိုး


မင်းသမီး Nicole Kidman ပါဝင်ထားတဲ့
Comedy, Family အမျိုးအစားဇာတ်ကားပါ။
IMDb Rating (7.3/10) ရရှိထားပြီး
Rotten Tomatoes (98%) တောင်ရရှိထားပါတယ်။
Rating တွေအရမ်းကောင်းတဲ့ဇာတ်ကားဖြစ်လို့

မိသားစုနဲ့ကြည့်ဖို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားပါ။



The Ant Bully (2006) မြန်မာစာတန်းထိုး


Imdb - 5.9/10


လူးကပ်စ် လို့ခေါ်တဲ့ ကောင်လေးဟာ ကျောင်းမှာ အရှုံးသမားတစ်ယောက်အဖြစ် အမြဲအနိုင်ကျင့်ခံနေရလေ့ရှိတဲ့ ကောင်လေးတစ်ယောက်ပါ.။ အနှိမ်ခံ အနိုင်ကျင့်ခံ ရာမှဖြစ်ပေါ်လာတဲ့ ဒေါသတွေနာကျည်းမှု့တွေကို သူ့အိမ်ခြံဝင်းထဲမှာရှိတဲ့ ပုရွက်ဆိတ်တွေ အပေါ်ကိုပုံချပြီး ပုရွက်ဆိတ်တွေရှိတဲ့တောင်ပို့ကြီးကို ရေသေနတ်နဲ့ပစ် ခြေထောက်နဲ့ နင်းချေစသည်ဖြင့် အမျိုးမျိုး ဒုက္ခပေးလေ့ရှိပါတယ်.။
     လူးကပ်စ်ရဲ့ ဒုက္ခပေးမှု့ကို ခံရပါများလာတဲ့ ပုရွက်ဆိတ်တွေဟာ မခံမရပ်နိုင်တဲ့ အဆုံးမှာ ပြန်လဲကလဲ့စားချေဖို့လုပ်ဆောင်ကြပါတော့တယ်.။
ပုရွက်ဆိတ်တွေရဲ့ မှော်ဆေးရည်အစွမ်းနဲ့လူးကပ်စ်ကို ပုရွက်ဆိတ်အရွယ်အစားဖြစ်အောင် ပြုစားလိုက်ကြပြီး ပုရွက်ဆိတ်ကမ္ဘာမှာ လူးကပ်စ် ဘ၀အတွက်သင်ခန်းစာတွေကို စသင်သင်ကြားရပါတော့တယ်.။
ဟာသ ဘ၀သင်ခန်းစာ အက်ရှင် စတာတွေနဲ့ ရောမွေထားတဲ့ Ant Bully ဆိုတဲ့ ကာတွန်းဇာတ်ကားကောင်းလေးကို ခံစားရင်း ဘ၀အမောတွေပြေနိုင်ကြပါစေ..။

Credit To : www.goldchannelmovies.com
Translate by: Showy Shane
Encode by: Hein Min Htet
Quality -720P HD
Size 800MB


Love Fiction (2012) - မြန်မာစာတန်းထိုး




IMDb (6.3/10)
Goo Joo-wol …အူကြောင်ကြောင် နိုင်ပြီး အသားမစားတဲ့ စာရေး ဆရာ ပါ။ နောက်ဆုံး တွဲနေတဲ့ ချစ်သူက ရှင်သာ အသား စားရင် ဆိုတဲ့ စကားသုံးခွန်းပဲ ပြောပြီး လမ်းခွဲတာ ခံခဲ့ရသူပါ။ Goo Joo-wol က အချစ်ရေးမှာ သိပ်ကံမကောင်း ပါဘူး။ ကလေး ဘဝကထဲက ချစ်သူ ရှိခဲ့ဖူးပါတယ်။ နင့်ရဲ့ ရှုရှုးပေါက်တဲ့ နေရာ ငါ့ကို ပြပါ ပြောလို့ ကလေးဘဝ အချစ်ဦးနဲ့ လမ်းခွဲ ခဲ့ရပါတယ်။ ဆယ်ကျော်သက် အရွယ်မှာလဲ ခပ်ကြမ်းကြမ်း ချစ်သူဖြစ်နေလို့ လမ်းခွဲ ခဲ့ပြီး။ နောက်ဆုံး ချစ်သူ မတိုင်ခင် ရှေ့တစ်ယောက်က မယ်သီလရှင် ဝတ်သွားလို့ အချစ်ရေး ကံမကောင်းဘူး ဆိုတာ ယုံကြည်ပြီး ခပ်ကြောင်ကြောင် ဖြစ်နေတဲ့ စာရေး ဆရာ တစ်ယောက်ပါ။
Goo Joo-wol ရဲ့ ထုတ်ဝေသူ ခေါ်သွားလို့ ပါတီပွဲ တစ်ခုမှာ မထင်မှတ်ပဲ Hee-Jin နဲ့ Goo Joo-wol တို့ ဆုံမိပြီး Goo Joo-wol တစ်ယောက် အသဲ အသန် ဖြစ်ပါလေရော။
စာရေး ဆရာ ပီပီ စကားလုံး အလှတွေ ဟာသ စကားလုံးတွေနဲ့ Hee-Jin သဘောကျအောင် Goo Joo-wol တို့ကြိုးစားပြီး တကယ်ပဲ Goo Joo-wol နဲ့ Hee-Jin တို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အစပိုင်းမှာ အရမ်းချစ်ကြပေမယ့် တစ်ဖြေးဖြေး တစ်ယောက်နဲ့ တစ်ယောက် ဆိုးကွက်တွေ သိလာပြီး Goo Joo-wol တစ်ယောက် Hee-Jin ကို စိတ်ကုန်စ ပြုလာတဲ့ အခါ…။
ဒါရိုက်တာ Kye Soo Jeon ရဲ့ 121 မိနစ်ရှည်တဲ့ ဇာတ်ကားကို Jung-woo Ha, Hyo-jin Kong နဲ့ Byung-joon Lee တို့ပါဝင် သရုပ်ဆော ထားပေးတဲ့ Comedy Romance ဇာတ်ကား ဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းကို moviereview.ygn.me မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(900MB)
Quality…HD-Rip 720p
Format…mp4
Duration….02:01:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (900MB)

 

Watch And Download Direct Link (900MB)

 

Watch And Download Pcloud (350MB)

 

Watch And Download Direct Link (350MB) 

 

 

 

 

Man on High Heels (2014) - မြန်မာစာတန်းထိုး

 
ဒေါက်ဖိနပ်စီးတဲ့ယောက်ျားကြီးတဲ့ ဇာတ်ကားနာမည်က...
အမှုလိုက်တော်၊ အသတ်အပုတ်ကြမ်း၊ ခန္ဒာကိုယ်ထွားကြိုင်း၊ အရပ်ရှည်ပြီး ယောက်ျားပီသတဲ့ စုံထောက်ကြီးတယောက်ရဲ့ ဘာကြောင့်ဒေါက်ဖိနပ်စီးချင်ရသလဲ....
ခက်ထန်ပေမယ့် သံယောဉ်ဇဉ်ကြီးမားပြီး ကြင်နာတတ်တဲ့ အတွင်းစိတ်ကို ဘယ်လိုဖေါ်ပြမလဲ...
သူ့ကိုစိတ်ဝင်စားနေတဲ့ မိန်းကလေးကိုလည်း ပြန်ချစ်နိုင်ပါ့မလား...

ဆိုတာတွေကိုတော့ ဒေါင်းယူကြည့်ရှုကြပါကုန်....

ဒီဇာတ်ကားကိုဘာသာပြန်ပေးတာတော့ ညီငယ် Htoo Htoo Zaw ဖြစ်ပါတယ်။


Cretdit To : Flim2mm.com
IMDB 6.6 ရထားတဲ့ အက်ရှင်ဇာတ်ကား 2h:05mins ကြာမြင့်ပါတယ်။  555MB နဲ့ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Movie 43 (2012) - မြန်မာစာတန်းထိုး




>>> Do not watch with Family due to sexual content<<<
Rating လဲမကောင်း.. 18+ တွေလဲပါတဲ့ ဇာတ်ကားကို ဘာလို့တင်တာလဲလို့ မေးစရာရှိပါတယ်…
တစ်ခါတစ်လေမှာ စိတ်ရှုပ်ထွေးစရာတွေအပြင်လောကမှာကြုံဆုံနေတဲ့အခါမျိုးမှာ.. လက်တွေ့ မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို့ လဲကောင်းသလို ရီဖို့ လဲကောင်းလွန်းတဲ့ ဒီလိုဇာတ်ကားမျိုးကြည့်ခြင်းက သင့်ဦးနှောက်ကို အသစ်အဆန်းတစ်မျိုးနဲ့ မိတ်ဆက်ပေးရာရောက်လိမ့်မယ်လို့ ထင်မိလို့ပါ…
ဒီဇာတ်ကားကို နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာနဲ့ ဒါရိုက်တာပေါင်းများစွာက ဆယ်စုနှစ်တစ်ခုစာလောက်ကြာအောင် ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။
ကဲ… rating ကတော့မြင်တဲ့အတိုင်းပဲ (Rating- IMDb : 4.3/10 , RT:4 , Matacritis : 18%) ဖြစ်ပါတယ်…
အဲ့ဒီရုပ်ရှင်ထဲက Cast တွေအနေနဲ့ ကတော့….…
Kate Winslet , Emma Stone , Naomi Watts , Kate Bosworth , Chloe Grace Moretz , Helle Berry , Anna Faris (Scary Movie) , Elizabeth Banks , Uma Thurman , Kristen Bell , Leslie Bibb အစရှိတဲ့ နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်တွေအပြင် Richard Gere , Gerard Butler , Hugh Jackman , Chris Pratt , Terrence Howard , Josh Duhamel , Dannis Quaid ,Gerg Kinner , Jeremy Allen , Stephen merchant , Christopher Mintz-Plasse , Justin Long , Kieran Culkin , Jason Sudeikis , Jimmy Bennet စတဲ့နာမည်ကြီး အမျိုးသားသရုပ်ဆောင်တွေပါဝင်ထားပါတယ်။
ဒါတင်မကသေးပါဘူး ၊ ဒါရိုက်တာအနေနဲ့ လည်း Steven Brill, Peter Farrelly, Elizabeth Banks စသည်တို့ အပါအ၀င် စုစုပေါင်းဒါရိုက်တာ 13ဦးရိုက်ကူးပြီး ဇာတ်ညွှန်းပိုင်းမှာလဲ ဇာတ်ညွှန်းရေးဆရာ အယောက် 20အထိပါဝင်ထားတဲ့ဒီရုပ်ရှင်ကိုရိုက်ကူးထုတ်လုပ်ရာမှာ အစောကပြောခဲ့သလို ဆယ်စုနှစ်တစ်ခုစာလောက်ကြာမြင့်ခဲ့ပါတယ်။
ဇာတ်ညွှန်းကိုထုတ်ဝေသူအများစုကငြင်းပယ်ခြင်း၊ ကမ်းလှမ်းတဲ့သရုပ်ဆောင်တွေကသရုပ်ဆောင်ရန် ငြင်းဆန်ခြင်း ၊ ရိုက်လက်စသူအချို့ ကလဲ ဆက်မရိုက်တော့ဘူးဆိုကာ ရိုက်ကူးရေးမှထွက်ချင်ခြင်း စတဲ့အခက်အခဲပေါင်းများစွာရင်ဆိုင်ခဲ့ပြီးနောက် 2013 Junuary 25 မှာထွက်လာခဲ့တဲ့ Movie 43 ဟာ 34ကြိမ်မြောက် Golden Raspberry ဆုပေးပွဲမှာ Worst Picture, Worst Director, Worst Screenplay စတဲ့ဆုသုံးဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ထို့ အပြင် one of the worst films of all time ရဲ့စာရင်းထဲကိုလဲဝင်သွားခဲ့ပါသေးတယ်။ ကြာမြင့်ချိန် 98 မိနစ်ရှိပြီး Indie / Comedy အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ရဲ့ထူးခြားချက်ကတော့ ရိုက်ကူးရေးအတွက် စုစုပေါင်းကန်ဒေါ်လာ 6 မီလီယံ ကုန်ကျခဲ့ပြီး Box office မှာ 32.4 မီလီယံဒေါ်လာထိပြန်ရခဲ့ပါတယ်။
ဇာတ်လမ်းလေးကတော့ ……
Calvin Culter နဲ့ သူ့ သူငယ်ချင်း JJ တို့ ဟာ သူတို့ ရိုက်ကူးထားတဲ့ပေါကြောင်ကြောင် Video တစ်ခုကို Youtube မှာ တင်လိုက်ပြီး မိနစ်ပိုင်းတွင်းမှာပဲ သူတို့ ရဲ့ Video ဟာ 1,000,000 view ရသွားတဲ့အခါ အကြီးအကျယ်ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ သူတို့ ရဲ့အပျော်ဟာကြာကြာမခံလိုက်ပါဘူး…ဘာဖြစ်လို့ ဆိုတော့ အဲ့ဒိ့ viewer အများကြီးတိုးလာတာက Calvin ရဲ့ညီ ကွန်ပျူတာကျွမ်းကျင် Baxter ရဲ့ April Fool’s Prank ဖြစ်နေလို့ ပါ…အရမ်းစိတ်ဆိုးသွားတဲ့ Calvin Culter နဲ့  JJတို့ ဟာ Baxter ကိုပြန်ကလဲ့စားချေဖို့ ကြံစည်ပါတော့တယ်။ သူတို့ ရဲ့အကြံအစည်က Baxter ရဲ့ laptop ထဲကို Virus တွေထည့်ဖို့ ပါပဲ….. သူတို့ လက်စားချေခြင်းရဲ့ပထမအဆင့်အနေနဲ့ ကတော့ Baxter ရဲ့ Laptop ကိုခိုးဖို့ ပါ..အဲ့လိုခိုးဖို့ အတွက် Baxter ကိုသူ့ အခန်းထဲကနေအောင် Movie 43 အကြောင်းလုပ်ကြံပြီးပြောရာကနေပြီး ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ….
ဒီရုပ်ရှင်ကိုကြည့်ချင်မိသွားတာက 24 Bad Movies You Forgot Starred Some of Today’s Greatest Actors ဆိုတဲ့ ဆောင်းပါးကိုစဖတ်မိရကပါ။ အဲ့ဒိဆောင်းပါးမှာ moviefone က အဲ့ဒီရုပ်ရှင်အတွက် အားနာမိတဲ့သရုပ်ဆောင်တွေကို ဖော်ပြရမှာ “Kate Winslet & Everyone else” လို့ ဖော်ပြခဲ့လို့ ပါ။ Rating နည်းနည်းလေးပဲရထားပြီး နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတဲ့ဒီရုပ်ရှင်ဟာ စကြည့်လိုက်တာနဲ့ ဆက်ကြည့်ချင်သွားအောင်ဆွဲဆောင်နိုင်ပါတယ်…. လက်တွေ့ မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို့ လဲကောင်းသလို ရီဖို့ လဲကောင်းလွန်းပါတယ်။ (ကျနော်ဆို ကြည့်နေရင်းနဲ့ ပါးစပ်အဟောင်းသားဖြစ်မိပါတယ်… သူ့ ဇာတ်လမ်းတွေက အံ့သြသင့်စရာကောင်းလွန်းလို့ ပါ)..
ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်ဆိုရင်တော့ ဒီကားလေးကိုလက်လွတ်မခံပဲကြည့်ဖို့ တိုက်တွန်းပါရစေ….။
#Nucleon_Review
#Admin_T
(ရုပ်ရှင်အညွှန်းကို Nucleon’s FB Page မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(700MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:38:01
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (700MB)

 

Watch And Download Direct Link (700MB)

 

Watch And Download Pcloud (320MB)

 

Watch And Download Direct Link (320MB) 

 

 

 

 

 

Ghost Team (2016) - မြန်မာစာတန်းထိုး


ကဲဒီတစ်ခါတော့ Ghost buster လို သရဲဖမ်းတဲ့ မုဆိုး ဟာသကားလေး တင်ပေးလိုက်ပါတယ် ဇာတ်ကားလေးကပေါ့ပေါ့ပါးပါးလေးနဲ့ ဟာသဆန်ဆန်လေးရိုက်ကူးထားတာဖြစ်ပြီး IMDb 4.4  ထိရရှိထားတာပါ
ဇာတ်လမ်း အကျဉ်းလေးကတော့ သာမန်မဟုတ်တဲ့ ကိစ္စတွေကို လိုက်လံစုံစမ်းရာမှာ စိတ်ပါဝင်စားတဲ့ သူရဲဖမ်းမုဆိုး David ဟာ သူ့သူငယ်ချင်းနဲ့ သဘာဝလွန် ဖြစ်ရပ်တခုကို စုံစမ်းနေတုန်း သူ့တူရယ် ချောမောလှပတဲ့ ကောင်မလေးရယ် ပါဝင်လာခဲ့ရာမှ ဘယ်လိုတွေအလွဲလွဲအချော်ချော်တွေနဲ့ သရဲတွေကိုဖမ်ကြမလဲဆိုတာကိုဆက်လက်ခံစာကြည့်ရှူရမှာပါ
Credit To : www.channelmyanmar.org





India Pakistan (2015) - မြန်မာစာတန်းထိုး


အိန္ဒိယ တာမီးရုပ်ရှင် အချစ်ဟာသတကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နေရာတခုတည်းမှာ ရုံးအတူတူဖွင့်မိတဲ့ မတည့်အတူနေ ရှေ့နေနှစ်ယောက်အကြောင်းပါ။ တဦးနဲ့ တဦး သံယောဇဉ်ရှိပေမယ့် အပြိုင်အဆိုင်စိတ်ဓါတ်တွေကြောင့် မနီးစပ်နိုင်ကြပါဘူး။ သူတို့နှစ်ဦး ပထမဦးဆုံး လက်ခံလိုက်တဲ့အမှုကတော့ ရွာတရွာက မြေကိစ္စ အငြင်းပွားမှုဖြစ်ပါတယ်။ ဒီလိုထိပ်တိုက်ရင်ဆိုင်နေကြရင်းနဲ့ တဖက်မှာလည်း လူသတ်ပြီး အကျင့်ပျက်ပြားနေတဲ့ ရဲမှူးတယောက်ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကိုရင်ဆိုင်ကြရတဲ့အခါ....


Credit To : Flim2mm.com
IMDB 5.7 ရထားတဲ့ တာမီးဇာတ်ကားဟာ 2h:37mins ကြာမြင့်ပါတယ်။ 850 MB နဲ့ ဒေါင်းလုပ်ယူနိုင်ပါပြီ။





Main Tera Hero (2014) - မြန်မာစာတန်းထိုး



မင်းသား Varun Dhawan နဲ့ မင်းသမီး Ileana D’Cruz , Nargis Fakhri  တို့အဓိကပါဝင်ထားပြီး မင်းသားကြီး Salman Khan တို့နဲ့လဲ အားဖြည့်ထားတဲ့ Action, Comedy, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။
ဇာတ်လမ်းကတော့…….
Sreenath Prasad (ခေါ်) Seenu ဟာ Ooty တစ်ဝိုက်မှာတော့
လူဆိုးလေးအဖြစ်နာမည်အကြီးဆုံးလူပေါ့။ သူဟာ ဘန်ဂလော
ကောလိပ်မှာ ပညာဆက်သင်ဖို့အတွက် Ooty ကောလိပ်ကနေ
ထွက်လာခဲ့တယ်။ ဒီရောက်တော့ Sunaina နဲ့ ချစ်သူဖြစ်သွားရော။
ဒါပေမယ့် Sunaina ဟာ ဒေသခံရဲအရာရှိဖြစ်သူ Angad
(တကယ်တော့ သူက ကြောက်စရာပိုကောင်းတဲ့ ဂိုဏ်းစတားကြီး)နဲ့
လက်ထပ်ရဖို့ စီစဉ်ထားပြီးသား။ Seenu မှာ Ayesha ဆိုတဲ့ အသွင်နဲ့
ချစ်သူနောက်တစ်ယောက်ရှိသေးပေမယ့် သူကိုယ်တိုင်တောင် သတိမထား
မိခဲ့ပါဘူး။ တစ်ခါက သူ့သူငယ်ချင်းတွေကို ကယ်လိုက်ကတည်းက
Ayesha ဟာ သူ့အတွက်ပြီးပြည့်စုံတဲ့ယောက်ျားတစ်ယောက်တွေ့ပြီ
ဆိုတာ ချက်ချင်းသိလိုက်တယ်။ Ayesha ရဲ့အဖေဟာ ဂိုဏ်းစတားကြီး
တစ်ယောက်ဖြစ်တော့ Seenu ကို သူ့သမီးနဲ့ အတင်းအကျပ်လက်ထပ်
စေဖို့အတွက် Suanaina ကို ပြန်ပေးဆွဲလိုက်တဲ့အခါ….။
(ရုပ်ရှင်အညွှန်းကို Yangon Life Myanmar’s FB Page မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:08:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Direct Link 720P HD (1GB)

 

Watch And Download Direct Link 360P (510MB) 

 

 

 

 

Youth (2015) - မြန်မာစာတန်းထိုး



IMDb (7.4/10)….Rotten Tomatoes (73%)
အီတလီရုပ်ရှင်ပါ။
မင်းသားကြီး Michael Caine နဲ့ Harvey Keitel တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Comedy , Drama , Music အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။
၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ Michael Caine က အကောင်းဆုံးသရုပ်ဆောင်ဆု စသဖြင့် ဆုတွေ အသီးသီး ရရှိခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ……..

[Spoiler Alarm]

ဆွစ်တောင်တန်းတွေဆီ အားလပ်ရက် ခရီးထွက်ကြတုန်း အဘိုးကြီးနှစ်ယောက် သူတို့ဖြတ်သန်းခဲ့ကြတဲ့ဘဝတွေကို ပြန်ပြောင်းဆင်ခြင်မိကြတဲ့အကြောင်းတွေလည်း ဖြစ်တယ်။ အိုမင်းခြင်းနဲ့ နုပျိုခြင်း၊ အတိတ်နဲ့ အနာဂတ်၊ ရှင်သန်မှုနဲ့ သေဆုံးမှု စတဲ့အကြောင်းအရာတွေကြားထဲက ထာဝရ ရုန်းကန်နေရခြင်းအကြောင်းတွေပေါ့။
Fred Ballinger ( Michael Caine ) က ဂန္ထဝင်ဂီတစာဆိုကြီးတစ်ယောက်။ Mick Boyle ( Harvey Keitel ) က ရုပ်ရှင်ရိုက်ကူးရေးသမား။ သူတို့နှစ်ယောက်က အခင်ဆုံးမိတ်ဆွေတွေလည်း ဖြစ်ကြတယ်။
ဆွစ်တောင်တန်းတွေပေါ်က အပန်းဖြေဟိုတယ်ကြီးမှာ အပန်းဖြေနေတဲ့ Fred ဆီ အယ်လိဇဘက်ဘုရင်မကြီးရဲ့သံတမန်အဖွဲ့ ရောက်လာပြီး ဖိလစ်မင်းသားရဲ့မွေးနေ့ဖျော်ဖြေပွဲမှာ သူ့နာမည်ကြီးလက်ရာ ‘ Simple Songs ‘ ကို တင်ဆက်ပေးဖို့ ကမ်းလှမ်းလာတယ်။ Fred က ငြင်းဆန်လိုက်တယ်။ နောက်ထပ်တစ်ကြိမ် သံတမန်အဖွဲ့ ထပ်ရောက်လာပြန်တယ်။ Fred က ငြင်းပြန်တယ်။ သူ ငြင်းရတာ အကြောင်းရှိတယ်လေ။ အဲဒါကိုတော့ ရုပ်ရှင်ထဲမှာပဲ ကြည့်ကြည့်ပါ။
Mick က သူ ရိုက်တော့မယ့်ရုပ်ရှင်တစ်ကားအတွက် စာရေးဆရာတစ်စုနဲ့အတူ အပန်းဖြေရင်း ဇာတ်ညွှန်းရိုက်ကွက်တွေကို ပုံဖော်တည်ဆောက်နေတာ။
Fred ရဲ့သမီးဖြစ်သူ Lena ကလည်း Fred နဲ့အတူ အပန်းဖြေဟိုတယ်ကြီးမှာ ရှိနေတယ်။ Lena က Mick ရဲ့သားနဲ့ လက်ထပ်ထားတာဖြစ်တယ်။ ခရီးတစ်ခုကို လင်မယားနှစ်ယောက် အတူထွက်ခါနီးမှ အဲဒီဟိုတယ်မှာပဲ သူ့ခင်ပွန်းက ကွာရှင်းခွင့်တောင်းတာကို Lena ကြုံတွေ့လိုက်ရတယ်။ မထင်မှတ်ဘဲ ကြုံလိုက်ရတာဆိုတော့ သေလုခမန်းပဲ။
Fred နဲ့ Mick စားသောက်နေကြတုန်း Lena ယောက်ျား( Mick ရဲ့သားဖြစ်သူ ) ရောက်လာတယ်။ ဘာကြောင့်ကွာရှင်းရတာလဲဆိုတော့ Lena က အိပ်ရာပေါ်မှာ မကောင်းလို့တဲ့။ သူ လက်ထပ်မယ့်အဆိုတော်အမျိုးသမီးက ရုပ်ထွက် သိပ်မကောင်းဘူး။ အိပ်ရာပေါ်မှာ သိပ်ကောင်းတာကြောင့် သူ လက်ထပ်မှာလို့ ပြောတယ်။
ဟိုတယ်ကြီးမှာ တည်းခိုအပန်းဖြေနေတဲ့လူတွေထဲ တမူထူးတဲ့လူတွေ ပါတယ်။ အဝလွန်နေတဲ့ မာရာဒိုနာ၊ ငယ်ရွယ်နုနယ်တဲ့အနှိပ်သည်မလေး၊ မယ်စကြဝဋ္ဌာ၊ ရိုက်ရတော့မယ့်ရုပ်ရှင်တစ်ကားမှာ သရုပ်ဆောင်ရတော့မယ့် ဝါရင့်သရုပ်ဆောင် Jimmy Tree ( သူက အပန်းဖြေနေရင်း၊ ဇာတ်ကောင်စရိုက်ဝင်လာအောင် လေ့လာစူးစမ်းရင်း နေနေတာ။ )
ဘယ်တော့မှ စကားမပြောကြဘဲ စားသောက်နေရုံပဲစားသောက်ကြတဲ့ လင်မယားနှစ်ယောက်လည်း ရှိတယ်။ Fred နဲ့ Mick နဲ့က အဲဒီလင်မယားနှစ်ယောက် စကားတစ်ခွန်းပဲဖြစ်ဖြစ် ပြောမယ်၊ မပြောဘူး လောင်းကြတယ်။ Mick အမြဲ ရှုံးတယ်။
Mick က သူ့ရိုက်ညွှန်းကို စိတ်ကျေနပ်စွာ အဆုံးသတ်ပြီးတဲ့အခါ သူ့ရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Brenda Morel ( Jane Fonda ) က ဟိုတယ်ကြီးဆီ လာရောက်ပြီး သူ ပါဝင်သရုပ်ဆောင်မှုမပြုတော့ဘူးလို့ ငြင်းဆန်တယ်။
Brenda က Mick ရိုက်ကူးတဲ့ရုပ်ရှင်နဲ့ မင်းသမီးတစ်ယောက် ဖြစ်လာတာပါ။ Mick ရဲ့ရုပ်ရှင်တွေထဲက ၁၁ ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုလာပြောတာက ရုပ်ရှင်ထက် တယ်လီဗစ်ရှင်းစီးရီးတစ်ခုကပေးတဲ့ငွေပမာဏက အဆမတန်များတာကြောင့် ငြင်းဆန်ရတာဖြစ်ကြောင်း၊ Mick အနေနဲ့လည်း ရုပ်ရှင်မရိုက်တော့သင့်ကြောင်း၊ အသက် ၈၁ နှစ်မှာ ရုပ်ရှင်လောကကနေထွက်ပြီး အနားယူသင့်နေပြီဖြစ်ကြောင်း၊ နောက်ပိုင်း Mick ရိုက်တဲ့ရုပ်ရှင်ကားတွေဟာ အလကားရုပ်ရှင်ကားတွေဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုပြီး ထထွက်သွားတယ်။
ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်တွေပျက်ကုန်တော့ စာရေးဆရာအဖွဲ့ ပြန်သွားကြတယ်။ မပြန်ခင် Brenda ကို သူတို့က အပြစ်တင်တော့ Mick က အဲဒီလိုအပြစ်မတင်ဖို့ တားမြစ်တယ်။ ရုပ်ရှင်ရိုက်တာနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကလေးတွေကို Mick က Fred ကို ပြောပြတယ်။ ပြောနေရင်းပဲ မျှော်လင့်ချက်တွေ ကုန်ပြီး အိုမင်းနေပြီဖြစ်တဲ့ Mick ဟာ စိတ်ပျက်အားလျော့စွာနဲ့ Fred ရှေ့မှာပဲ ဟိုတယ်ပေါ်ကနေ ခုန်ချပြီး သတ်သေသွားတယ်။
လေယာဉ်ပေါ် ရောက်နေပြီဖြစ်တဲ့ Brenda ဟာ သတင်းကြားကြားချင်းပဲ ပျံသန်းနေတဲ့လေယာဉ်ပေါ်ကနေ ဆင်းမယ်ဆိုပြီး သောင်းကျန်းတာကြောင့် လေယာဉ်မယ်လေးတွေ အလုပ်များကုန်ကြတယ်။
Fred က ဗင်းနစ်မြို့မှာရှိတဲ့ သူ့မိန်းမဆီ သွားရောက် စကားပြောဆိုတယ်။ ဆေးကုသခံနေရတဲ့သူ့မိန်းမကတော့ ပုံမှန်စိတ်လည်း မရှိ၊ စကားလည်း တစ်လုံးမှ မထွက်နိုင်၊ သူ့ဘက်လည်း လှည့်မကြည့်နိုင်တော့။
ကြည့်ကြည့်လိုက်ပါ။
ငယ်ရွယ်နုပျိုမှုအကြောင်း ပိုသိလာစရာကောင်းပါရဲ့။
ဟောလိဝုဒ်ရဲ့အရိပ်ငွေ့တွေဆီကနေ ရုန်းထွက်ခံစားရတာမျိုးလည်း ကြုံရတာပေါ့။
(ရုပ်ရှင်အညွှန်းကို စိတ်သစ်ပင် စာအုပ်စင်  FB’Page မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(999MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:04:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Direct Link 720P HD (999MB)

 

Watch And Download Direct Link 360P (500MB) 

 

 

 

 

 

Deadpool (2016) မြန်မာစာတန်းထိုး




 Marvel ကားတွေထဲမှာမှ IMDb rating 8.4/10 ထိတောင်ရယူနိုင်ခဲ့ပါတယ်။(မြန်မာနိုင်ငံရဲ့ရုံတွေမှာတင်ပြသွားတုန်းလို ဆင်ဆာလုံးဝမဖြတ်ထားပါဘူး။)
Deadpool Review
**************
မျက်နှာပြောင်လှတဲ့ Deadpool ရုပ်ရှင်က ဇာတ်လမ်းစ စာတန်းထိုးကတည်းကကို ပြောင်ပါတယ်။ ဇာတ်လမ်းပြီး စာတန်းထိုးပြီးတဲ့ထိပါပဲ။ ညစ်တီးညစ်ပတ် ဟာသတွေ၊ မျက်နှာပြောင်နေတာတွေက ကြည့်တဲ့လူကို ရုပ်ရှင်တစ်ကားလုံး မပျင်းရအောင် လုပ်ထားနိုင်တယ်။ ညစ်တီးညစ်ပတ်ဟာသ ဆိုတာ အပြောသာဆိုးတာ တကယ်ဆိုမြန်မာကားတွေထဲမှာ ဒီလိုဟာတွေက ကလေးတောင်သိတဲ့ ဟာသတွေပါ။ ဒါပေမဲ့ Deadpool ထဲက joke တွေတော်တော်များများက ကျွန်တော်တို့ နားမလည်ပါဘူး။ သူတို့ပြောတာနားမလည်တာရယ် တချို့ဟာတွေက သူတို့ နိုင်ငံမှာပဲ ရှိလောက်မဲ့အကြောင်းတွေဖြစ်နေလို့ပါ။

မင်းသား Ryan Reynolds ကတော့ Deadpool လုပ်ဖို့မွေးလာသလားအောက်မေ့ရတယ်။ တချို့ပြောသလိုပဲ RDJ က Iron Man လိုမျိုး Ryan Reynolds က Deadpool ပဲ။ သရုပ်ဆောင် တော်တော်မိုက်တယ်။ လိုက်တယ်လို့ပြောရမှာပေါ့။
ရိုက်ချက်တွေအကြောင်းပြောရရင် Deadpool ရဲ့ action ခန်းတွေက ကျွန်တော်ကြည့်ဖူးတဲ့ Superhero
တွေထဲမှာ အကြမ်းဆုံးဖြစ်နေသလို တော်တော်များများ နာမည်ကြီး Action ကားတွေထက်လည်း ကြမ်းပါတယ်။ ဟိုလို Man of Steel ထဲကလိုမျိုး ဝုန်းဒိုင်းကြဲကြမ်းတာကိုပြောတာမဟုတ်ပါဘူး။ Wade Wilson ရဲ့ Skill ကို ပြသွားတာ တော်တော်မိုက်လို့။ ခုန်ပျံကျော်လွှားတဲ့ဟာတွေ ခုတ်တာဘာညာက တော်တော်ကြည့်ကောင်းတယ်။ Stunt တွေလည်းလှတယ်။4th Wall breaking ကတော့ ဘယ်ပြောကောင်းမလဲပေါ့။ ဖောက်ချက်က မြင်မကောင်းဘူး။ တခြားရုပ်ရှင်တွေ မင်းသားမင်းသမီးတွေ ရုပ်ရှင် studio တွေလည်းမနေရဘူး။ မင်းသားတစ်ယောက်ဆို တော်တော်သနားဖို့ကောင်းတယ် သူ့ပဲဖောက်နေလို့ ။ နောက်ခံတေး သို့မဟုတ် ပြောင်တေး ကလည်းမိုက်သဗျ။ သီချင်းတွေကောင်းတယ်။

နောက်ဆုံးပြောချင်တာက Deadpool ဟာ fan တွေစောင့်စားလာသမျှအတွက် တော်တော်အားရစေမဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အရမ်းကြီး perfect တော့မဖြစ်၊ သိပ်အားမရဘူးတော့ဖြစ်တဲ့လူဖြစ်လိမ့်မယ်။ ဇာတ်လမ်းက အခုမှ အစဖြစ်တာရယ် ပြသချိန်တိုတာရယ် အဲ BUDGET က $58 Million ထဲရယ်။ နောက်ကားတွေဆို ဒီထက်ပိုကောင်းလောက်မယ်ထင်ပ။ လုံးဝ 18+ joke တွေ အခန်းတွေမို့လို့ သိကြမဲ့အတိုင်း ကလေးတွေအတွက် တော်တော်ကြမ်းပါတယ်။ ဒါတောင် တချို့အခန်းတွေက ဒီကမိန်းကလေးတွေအတွက် သိပ်မသင့်တော်ဘူးလို့ပြောလို့ရပါတယ်။ (ဒါပေမဲ့ ဒီမှာတော့ ကလေးဘာညာမရွေး ကြည့်နေကြတာပဲလေနော့) ဒီလောက်ပါပဲ။ အဲလောက်ကြီးအဆိုးကြီးမဟုတ်ပါဘူး။ Comic fan မဟုတ် marvel fan မဟုတ်ဘူးဆိုရင်တောင် action/comedy ကားအနေနဲ့ ကြည့်လို့ကောင်းတယ်။
နောက်ဆုံး မှာချင်တာက ဇာတ်လမ်းကို ပြီးတဲ့ထိကြည့်ကြပါ။ စာတန်းထိုးပြီးတဲ့အထိ။ ကျွန်တော် Mingalar Sanpya မှာကြည့်တာ။ စာတန်းထိုးတဲ့အထိ မီးမဖွင့်သေးလို့ တခြား ဇွဲကောင်းတဲ့ တခြားပရိတ်သတ် (၂၀) လောက်နဲ့ စောင့်လိုက်တာ အားပါးပါး။ ပါတဲ့အခန်းက လုံးဝတန်တယ်။ မိနစ်ပိုင်းလေးပဲကို စောင့်ကြည့်လိုက်ပေါ့။
ရုပ်ရှင်အညွှန်းကို http://www.datshin.com/ ကနေ ကူးယူရေးသားဖော်ပြထားပါတယ်။
(ဒီဇာတ်ကားကို Ye Kyaw Htet နဲ့ Myo Myint Maung တို့မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်။)
File size…(999MB)
Quality…BR-Rip 720p
Format…mp4
Duration….01:48:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Credit To : www.channelmyanmar.org





 

Son of the Mask (2005) (မြန်မာစာတန်းထိုး)


တောင်းဆိုသူ များနေတဲ့ The Mask နဲ့ သူ့ရဲ့ အဆက် Son of the Mask ကို တင်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းမှာတော့ မျက်နှာဖုံးရဲ့ စွမ်းအင်နဲ့ တိုက်ဆိုင်ပြီး မွေးဖွားလာတဲ့ကလေး နဲ့ ကလေးကို မနာလိုတဲ့ ခွေးလေးက မျက်နှာဖုံးကို ခိုးပြီး တစ်ယောက်ကို တစ်ယောက် ချောက်ချကြတာတွေ….. မျက်နှာဖုံးရဲ့ မူလပိုင်ရှင် နတ်ဘုရား လိုကီဟာ သူ့ဖခင်ရဲ့ အတင်းခိုင်းစေမှုကြောင့် မျက်နှာဖုံးရှာပုံတော်ထွက်ရင်း …..
File Size        : 600 / 400 Mb
Duration       : 1hr 30 min
Quality          : Bluray rip
Encoder        : Littleneo
Translator    : YeWai LynnHtut
Update From www.channelmyanmar.org




  
The Mask-1994 ကို ဒီလင့်က ဒေါင်းနိုင်ပါတယ်>>>>https://allmyanmarsubtitlemovies.blogspot.my/2016/07/the-mask-1994.html

Ki & Ka (2016) - မြန်မာစာတန်းထိုး

ရိုက်ကူးကုန်ကျစရိတ် အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းရှိခဲ့ ပြီး ရုံဝင်ငွေအမေရိကန်ဒေါ်လာ ၇ ဒသမ ၉ သန်း ရရှိနေသည့် ဟင်ဒီစကားပြော ဒရမ်မာရုပ်ရှင်ဖြစ်သည်။ ကီရာ (ကာရီ နာကပူခန်) သည် အောင်မြင်သော အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူမကဲ့သို့ပင် အခြားအမျိုးသမီးများအား အိမ် ထောင်သားမွေးအလုပ်မှ ရုန်းထွက် ပြီး မိမိအလုပ်ကို လုပ် ကိုင်ကြရန် တိုက်တွန်းတတ်သူဖြစ်သည်။ သို့မှသာ မိမိခင်ပွန်းဖြစ်သူကို ထောက်ပံ့နိုင်မည်ဟု ယုံကြည်နေသည်။ တစ်နေ့တွင် နာမည်ကျော်ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦး၏ သား ဖြစ်သူ ကာဘီရာဆိုသူနှင့် ဆုံစည်းမိပြီး ထိုအမျိုးသားအပေါ်ကို စိတ် ဝင်စားခဲ့သည်။ ထိုအမျိုးသားသည် သူ၏မိခင်ကဲ့သို့ အိမ်ထောင်ရှင်မ ကောင်းတစ်ဦးဖြစ်လာမည့် မိန်းက လေး တစ်ဦးကိုလိုလားပြီး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေဖြင့် အိမ်မှ ထွက်ကာ အလုပ်လုပ်သည်ကို မနှစ် မြို့ပေ။
ခံယူချက်ချင်းမတူညီသည့် သူ တို့နှစ်ဦးချစ်ကြိုက်မိပြီး လက်ထပ်ရန်စီစဉ်ကြသောအခါမှ ပြဿနာ များ စတင်လာတော့သည်။ ကီရာ၏ အလျှော့မပေးတတ်သော စိတ်နှင့် ကာဘီရာ၏ အနိုင်မ ခံသော စိတ် အခြေအနေများကြောင့် လက်ထပ်ပြီးစ ကြင်စဦးဇနီးမောင်နှံမှာ တကျက်ကျက်ဖြစ်ခဲ့ကြသည်။ လင်မယားနှစ်ဦးကွဲခါနီးအချိန်တွင် အမျိုးသားတစ်ဦးအတွက် အိမ်မှုကိစ္စများ ကိုင်တွယ်ပြီး အပြင်ထွက် အလုပ်မလုပ်ခြင်းသည် ရဲရင့်သော ဆုံးဖြတ်ချက်ဖြစ်သော်လည်း ထို ကဲ့သို့သော ယောကျာ်းမျိုးကိုပိုင်ဆိုင် ရသော မိန်းမတစ်ဦးကို ရွေးချယ်ရ ခြင်းသည် ပိုမိုခက် ခဲသော ဆုံးဖြတ်ချက်ဖြစ်သည်ဆိုသော စာတစ်စောင်ကို လက်ခံရရှိခဲ့သည့်အခါ လင်မယား နှစ်ဦး၏ စိတ်အပြောင်းအလဲ ဖြစ်ခဲ့ရသည်။ ယနေ့ခေတ် အိန္ဒိယလူမှု အသိုက်အဝန်းမှ ဇနီးမောင်နှံတို့ ၏ ဘဝကို ထင်ဟပ်ပြသထားသောရုပ် ရှင်ဖြစ်သည်။
ရုပ်ရှင်အညွှန်း - #Democracy Today

The Fundamentals of Caring (2016) - မြန်မာစာတန်းထိုး


IMDB 7.4 အထိရနေတဲ့
ဂျက်စတင်ဘီဘာရဲ့ ရည်းစားဟောင်း ဆလီးနာဂိုမက်စ် ရဲ့ 2016 ဇာတ်လမ်းအသစ်ဖြစ်ပါတယ်။ ဟာသဇာတ်မြူးတွေမှာနာမည်ရတဲ့ Paul Rudd ပါဝင်ပြီး လူငယ်မင်းသားလေး Craig Roberts ကလည်း သရုပ်ဆောင်ကောင်းလှပါတယ်။ 

ဇာတ်လမ်းအကျဉ်းကတော့ ကြွက်သားနဲ့ အကြောသေနေတဲ့ ရောဂါခံစားနေရတဲ့ လူငယ်လေးတဦးကို အနီးကပ်ပြုစုနေရတဲ့သူတဦးအဖြစ် Paul Rudd က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီလူငယ်လေးကို စိတ်အပန်းဖြေခရီးထွက်ပေးရာကနေ လမ်းမှာ ဂျစ်ကန်ကန်ကောင်မလေးတယောက်ကို တင်ခေါ်လာပြီး ခရီးထွက်လာခဲ့ပါတယ်။   နောက်ထပ်ဘယ်သူတွေကို တင်ခေါ်ပြီး  သူတို့ခရီးကို ဘယ်လိုတွေဆက်သွားမလဲဆိုတာကိုတော့....

အမေရိကန် ဟာသကားဆိုတာ အတင်းကြီး ဂလိထိုးပြီး ရယ်ခိုင်းတာမဟုတ်ပဲ ဆက်စပ်တွေးတောပြီး ဘယ်လို ပြုံးစေ၊ ရယ်မောစေလဲဆိုတာကိုတော့ ကြည့်ပြီး သဘောကျမှာပါ။ 


Download & Watch From Pcloud

Powered by Blogger.