Latest Movie :
Recent Movies
Showing posts with label History. Show all posts
Showing posts with label History. Show all posts

Madras Cafe (2013) မြန်မာစာတန်းထိုး



IMDb Rating (7.8/10) Rotten Tomatoes (74%) ထိရရှိထားတဲ့ Action, Drama, History အမျိုးအစား
Bollywood ဇာတ်ကားဖြစ်ပါတယ်။
မင်းသားကြီး John Abraham ရဲ့ပရိတ်သတ်တွေအကြိုက်တွေ့ဦးမယ့် Agent ဇာတ်ကားမျိုးပါ။
Credit To : channelmyanmar.org
File size…(1GB) 
Quality…Blu-ray Rip 720p
Format…mp4
Duration….02:10:05
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung 


M.S.Dhoni:The Untold Story (2016)မြန်မာစာတန်းထိုး


M.S. Dhoni : The Untold Story

ဒီကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ခရစ်ကက်ကစားသမား မဟီဒရာဆင်းဒွန်နီရဲ့ ဘဝဇာတ်ကြောင်းကို ခရေစေ့တွင်းကျကျ ရိုက်ပြထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒွန်နီဟာ အိန္ဒိယခရစ်ကက်လက်ရွေးစင်အသင်းကို ဆယ်စုနှစ်မျာစွာ ဝေးကွာနေတဲ့ ICC Cricket World Cup ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး လက်ရှိအိန္ဒိယအသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။

လောကကြီးက ဆန်းကြယ်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာ ပုံသေကားချပ်တစ်ခုလို ရေးဆွဲထားပြီးဖြစ်ပေမဲ့ ဘယ်အချိန် ဘာဖြစ်မလဲဆိုတာကို ကြိုသိခွင့်မပေးပါဘူး။ ဒါကြောင့်လည်း ဘောလုံးအားကစားကိုသာ ဝါသနာပါတဲ့ ဒွန်နီဟာ ဆရာကောင်းတစ်ဦးရဲ့ စောင်မမှုကြောင့်သာ သူ တကယ်ပါရမီရှိတဲ့ တကယ်အောင်မြင်မယ့် ခရစ်ကက်အားကစားနည်းနဲ့ ထိတွေ့ခွင့်ရခဲ့ပြီး အိန္ဒိယရဲ့ ခရစ်ကက်အကျော်အမော်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ Neeraj Pandey က ဇာတ်ကားကို ICC Cricket World Cup ဗိုလ်လုပွဲမှာ အိန္ဒိယအသင်းနဲ့ သီရိလင်္ကာအသင်းတို့ ယှဉ်ပြိုင်နေပုံနဲ့ စဖွင့်ထားပါတယ်။ အိန္ဒိယအသင်းဟာ သီရိလင်္ကာအသင်းရဲ့ ကစားပုံအောက်မှာ အရေးမလှဖြစ်နေပြီး အမှတ်တွေ ဆုံးရှုံးခဲ့ရပြီးနောက်မှာတော့ နားနေခန်းထဲကနေ ပွဲကိုစောင့်ကြည့်နေတဲ့ ဒွန်နီက ကိုယ်တိုင်ဝင်ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နည်းပြနဲ့တိုင်ပင်ပြီး ကွင်းထဲကို ဝင်လာခဲ့တဲ့ အချိန်မှာတော့ အိန္ဒိယအသင်းရဲ့ ပရိသတ်တွေဟာ ဒွန်နီရဲ့နာမည်ကို အားကိုးတကြီး ဟစ်ကြွေးနေကြပါတယ်။ အဲဒီနောက်မှာတော့ ဒွန်နီ မွေးဖွားခဲ့တဲ့ (၁၉၈၁)ခုနှစ်ဆီ ပြန်ရောက်သွားမှာဖြစ်ပြီး ဒွန်နီရဲ့ ငယ်ဘဝဖြတ်သန်းပုံတွေ၊ ဘဝရဲ့ဒုက္ခအခက်အခဲတွေကို စိတ်ဓာတ်မကျဘဲ ရင်ဆိုင်ကျော်ဖြတ်ပုံတွေ၊ အချစ်ရေးမှာ ခံစားခဲ့ရပုံတွေအပြင် အောင်မြင်မှုကို ဘယ်လိုရယူခဲ့သလဲဆိုတာတွေကို စွန့်စားခန်းဝတ္ထုတစ်ပုဒ် ဖတ်နေရသလိုမျိုး  ရင်​ဖိုလှိုက်​​မောစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

IMDb Rating 8.1 ရရှိထားပြီး အကဲဖြတ်တွေရဲ့ ချီးကျူးမှုတွေတသီကြီး ရရှိထားတဲ့ ဒီကားဟာ ရုပ်ရှင်ပရိသတ်တစ်ယောက်အနေနဲ့  ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူ့တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ပျင်းရိငြီးငွေ့ဖွယ်မဖြစ်အောင် ပုံဖော်ထားတဲ့ ရုပ်ရှင်အတတ်ပညာကိုလည်း တွေ့ရှိရမှာဖြစ်ပြီး ခရစ်ကက်အားကစားနည်းရဲ့ အနုပညာကိုပါ ခံစားခွင့်ရပါလိမ့်မယ်။o

Credit To : www.goldchannelmovies.com
Review & Translate by Phyoe Ko Ko
Encoded by Hein Min Htet
HD 720p





Oshin (2013) မြန်မာစာတန်းထိုး

 
ခံစားတတ်သူတိုင်းရဲ့ နှလုံးအိမ်ကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ဂန္တ၀င်ဇာတ်လမ်းတစ်ပုဒ် (သို့မဟုတ်) အိုရှင်း OSHIN (2013)
လွန်ခဲ့သော နှစ်ပေါင်း ၃၀ 1983ခုနှစ် ဧပြီလမှာ
"အိုရှင်း" အမည်နဲ့ လူသိများသော ဂျပန်အမျိုးသမီး တစ်ယောက် အကြောင်း ကို
NHK ရုပ်သံလွှင့်ဌာနရဲ့ ၃၁ အကြိမ်မြောက် မနက်ခင်း ရုပ်သံဇာတ်လမ်းတွဲ အဖြစ်
“Oshin” ဟာ အောင်မြင်စွာ မွေးဖွားလာခဲ့ပါတယ် …
ကြည့်ရှုသူများဟာလည်း ကရုဏာသက်မိ … ဆွတ်ပျံ့ မိသည်အထိ …ရေးဖွဲ့ နိုင်ခဲ့သော ဇာတ်ကြောင်းနောက်ခံနဲ့ အတူ ဆွဲဆောင်ခြင်း ခံခဲ့ရပါတယ် …
စုစုပေါင်းအားဖြင့် ဇာတ်လမ်းတွဲပေါင်း ၂၉၇ ပိုင်း အဖြစ် ထုတ်လွှင့်ခဲ့ပါတယ် ..
ထိုစဉ်က ဂျပန်ပြည်မှာ ဇာတ်လမ်းတွဲ တစ်တွဲကို
တစ်နှစ်ပျမ်းမျှ ပရိသတ်ကြည့်ရှုနှုန်းဟာ ၅၂.၆ ရာနှုန်းရှိနေပေမယ့်
"Oshin" ဇာတ်လမ်းတွဲဟာဖြင့် အပိုင်းတစ်ပိုင်းတည်း ကို
၆၂.၉ ရာနှုန်း မြင့်တက်ခဲ့သည်အထိ ကြည့်ရှုအားပေးသူများပြားခဲ့ပါတယ်
ယခု ကျွန်တော် ... မိတ်ဆွေ တို့ကြည့်ရှု့ရမယ့် ရုပ်ရှင်ကတော့ ...
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ မှာ ရုံတင်ခဲ့တဲ့ "Oshin" ဆိုတဲ့ ဂျပန်ရုပ်ရှင်ပဲ ဖြစ်ပါတယ်
Credit to-Matt Scythe( မိုင်းဆိပ် )
ကိုမိုင်းဆိပ် ၏ Fb timeline ပေါ်မှကူးယူဖော်ပြပါသည်..။

Credit To : www.goldchannelmovies.com
Translate by: Khin Ni Ni Shein
Encode by: Hein Min Htet
Quality 720P Blueray-Rip
Size 700MB


Sarbjit (2016) - မြန်မာစာတန်းထိုး

သတိ ယခု တင်ထားသော ဇာတ်ကားကြည့်ရင်း မျက်ရည်မကျပါစေနှင့်....

ဆာရာဂျစ် ဆိုသော အိန္ဒိယနယ်စပ်ရွာမှ သူတဦးဟာ အရက်မူးကာ ပါကစ္စတန် နယ်ထဲသိုဝင်ရောက်မိရာကနေ အဖမ်းခံရပါတယ်။ ကံဆိုးချင်တော့ သူ့ကို အကြမ်းဖက်သမားဟု စွပ်စွဲကာ ထောင်ထဲပို့လိုက်ကြပါတော့တယ်။
သူအဖမ်းခံရချိန်တွင် အဖေဖြစ်သူ၊ ဇနီး ၊ သမီးနှစ်ယောက် နှင့်အတူ သူ့ရဲ့ညီမ ဒယ်လာတို့ ကျန်ရစ်ခဲ့ပါတယ်။  သူ့အစ်ကိုကိုမှားယွင်းစွပ်စွဲကြောင်း သိနေတဲ့ဒယ်လာဟာ သူ့အစ်ကို လွတ်ဖို့အရေးကို ရေကုန်ရေခန်းကြိုးစားပါတော့တယ်။ သူ့ရဲ့ကြိုးစားမှုဟာ နိုင်ငံတော်အဆင့်ထိရောက်ခဲ့ပါတယ်။ မိသားစုနဲ့ အစ်ကိုတွေ့နိုင်အောင်လည်း ကြိုးစားခဲ့ပါတယ်။ စိတ်ဓါတ်ပြင်းတဲ့ အမျိုးသမီးတယောက်အနေနဲ့ သူ့အစ်ကိုကို လွတ်အောင်ဘယ်လိုများ စွမ်းဆောင်မှာလဲ အောင်မြင်မှာလား ဆိုတာကိုတော့...

ဖြစ်ရပ်မှန်ကို အခြေုပုပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်ပါ။  အိန္ဒိယ ပါကစ္စတန်နှစ်နိုင်ငံ ရဲ့ တင်းမာမှုအခြေအနေတွေကိုလည်း တွေ့မြင်ရမှာပါ။ ခါးသီးစရာကောင်းတဲ့ အမုန်းတွေကိုလည်း ဒီကားထဲမှာ တွေ့မြင်ရမှာပါ။ အမျိုးသမီးယောက်အနေနဲ့ ဘယ်လောက်ထိစွမ်းဆောင်နိုင်သလဲဆိုတာကိုလဲ တွေ့မြင်ရဦးမှာပါ။
 ပျော်ရွှင်စရာဇာတ်ကားတော့ မဟုတ်ပါဘူး။ အခန့်မသင့်ရင် မျက်ရည်တွေဘာတွေ ထွက်သွားနိုင်ပါတယ်။

DVD rip ဖြစ်ပြီး ဘာသာပြန်သူကတော့ linnthura1988@gmail.com ဖြစ်ပါတယ်။
Credit To : Flim2mm.com
IMDB 7.3 အထိရရှိထားပြီး 2h:11mins ကြာမြင့်ပါတယ်။ 842 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။


Burma VJ: Reporting from a Closed Country (2008) - မြန်မာစာတန်းထိုး


မြန်မာနိုင်ငံကလူအများစုက ဒီဇာတ်ကားကိုမသိကြပါဘူး။ ၂၀၀၇ မြန်မာနိုင်ငံ အခြေအနေကို ရိုက်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ဟာ အော်စကာဆု စကာတင် ၅ ကားအထိပါဝင်ခဲ့လို့ တော်တော်အောင်မြင်ပြီး လူကြိုက်များခဲ့ပါတယ်။ အခုတော့ ဘာသာပြန်ပြီး မကြည့်ရသေးတဲ့သူတွေကြည့်စေချင်လို့ တင်ပေးလိုက်ပါပြီ။ မည်သည့်ရည်ရွယ်ချက်မှ မရှိပါ။
 r@bp!G

Burma VJ ဇာတ်ကားသည် သည် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင်း တကယ့်အဖြစ်အပျက်များကိုရိုက်ထားသောဇတ်ကားဖြစ်ပြီး ပြည်တွင်းရှိ ဗီဒီယိုဂျာနယ်လစ်တို့က သက်စွန့်ဆံဖျားမှတ်တမ်းတင်ကာ ပြည်ပသတင်းဌာနသို့ အခက်အခဲများကြားမှ ပေးပို့ခဲ့ပုံကို တင်ပြထားသည့် မှတ်တမ်းရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ထို့အတွက် ၂ဝဝ၉ ခုနှစ်အတွက် ရွေးချယ်ခဲ့သည့် (၈၂)ကြိမ်မြောက်   အော်စကာဆုပေးပွဲတွင်   နောက်ဆုံးဇကာတင် ဇာတ်ကား(၅)ကားတွင် တကားအဖြစ် စာရင်းတင်သွင်းခြင်းခံခဲ့သည်။ အော်စကာဆုမရရှိပေမယ့်လည်း လူ့အခွင့်အရေးမှတ်တမ်း ရုပ်ရှင်ဆု (ဘာလင်)၊ ကမ္ဘာ့မှတ်တမ်း ရုပ်ရှင်တည်းဖြတ်ဆု အပါအဝင် နိုင်ငံတကာရုပ်ရှင်ဆုပေါင်း (၄၁) ဆု ဆွတ်ခူးခဲ့သည်။ အဆိုပါဇာတ်ကားကို နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)က စီစဉ်ခဲ့ဖြစ်ပြီး ဒိန်းမတ်လူမျိုးဒါရိုက်တာ Anders Ostergaard ကပြန်လည်တည်းဖြတ်ပေးခဲ့ကာ ထုတ်လုပ်သူမှာ Lise Lense-Mollerတို့ဖြစ်ကြောင်း သိရသည်။
အညွှန်း - မောင်ရှင်(ဘားမားမီဒီယာသတင်းထောက်)
Credit To : Flim2mm.com


IMDB 8.0 ရနေဆဲ ၂၀၀၇ မြန်မာနိုင်ငံနောက်ခံ သတင်းရုပ်ရှင်ဟာ 1h:24mins ကြာမြင့်ပါတယ်။
400 MB နဲ့ ဒေါင်းယူနိုင်ပါပြီ။







 

The Founding Of A Republic (2009) မြန်မာစာတန်းထိုး



ပရိတ်သတ်ကြီးအတွက် တရုတ်နိုင်ငံရဲ့ သမိုင်းကို အခြေပြုရိုက်ကူးထားတဲ့ တရုတ်သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ရပါတယ်.။ခံစားလိုက်ကြပါဦးခင်ဗျာ.


Credit To : www.goldchannelmovies.com
Translate by:Phyo Thant
Encode by Hein Min Htet
Quality 720P HD






Legend of the Fist: The Return of Chen Zhen (2010) မြန်မာစာတန်းထိုး


ကွန်ဖူးမင်းသားကြီး Donnie Yen အဓိကပါဝင်ထားပြီး မင်းသမီးကတော့ Shu Qi ပါ။ ဒီဇာတ်ကြောင်းကို ရှေးကလဲ ဘရုစ်စလီတို့ ဂျက်လီတို့ ရိုက်ကူးခဲ့ဖူးပါတယ်…။ တိုင်းတပါးရဲ့ နယ်ချဲ့ခြင်းကိုခံနေရတဲ့ တစ်ချိန်ကတရုတ်ပြည်မှာ Chen Zhen ဆိုတဲ့ မျိုးချစ်စိတ်ပြင်းထန်တဲ့ သူရဲကောင်းတစ်ဦးပေါ်ထွက်ခဲ့ပါတယ်။သူဟာ ကိုယ်တတ်နိုင်တဲ့နည်းပေါင်းစုံကနေ ကိုယ့်လူမျိုးတွေရဲ့ အကျိုးအတွက် တိုင်းတစ်ပါးနယ်ချဲ့တွေကို ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့တဲ့လူတစ်ယောက်ပါ။ စိတ်ဝင်စားစရာ စစ်ပွဲနောက်ခံဇာတ်ကြောင်းဖြစ်သလို အချစ် အလွမ်း အကြမ်း အရမ်း..ရသစုံတဲ့ဇာတ်ကားပါ။ IMDb Rating(6.3/10) ရရှိထားပါတယ်။

*** Update From www.channelmyanmar.org

File size…(900MB)
Quality…BR-Rip 720p
Format…mp4
Duration….01:45:32
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD Link -1

Download and Watch 720p HD Link - 2

Download and Watch 360p Small File Size(400MB) Link - 1

Download and Watch 360p Small File Size(400MB) Link - 2



Everybody Wants Some!! (2016)


ဒီဇတ်ကားဟာ အမေရိကန် ဘေ့စ်ဘော အသင်းကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး
၁၉၈၀ ခုနှစ်လောက်က အ၀တ်အစားတွေ ဟန်ပန်တွေ အသုံးအနှုန်းတွေ ကို ပြန်လည်တွေ့မြင်ရမှာပါ
ထိုခေတ်က ကောင်လေး ကောင်မလေးတွေ ပုံစံ နဲ့ သီချင်းတွေကလဲ အလန်းတွေပါ
မတူညီတဲ့ သူတွေကို လေ့ကျင့်ပေးဖို့ အတွက် အိမ်တစ်လုံးမှာ စုစည်းပေးထားပြီး
ဘေ့စ်ဘော ပွဲအတွက် ပြင်ဆင်ပေးနေပေမယ့် တစ်ဦးနဲ့ တစ်ဦး အကျင့်စရိုက်တွေ မတူညီကြပုံ
ပြသနာ ရှာကြပုံတွေက ရယ်လဲရယ်ရသလို အသင်းအဖွဲ့စိတ်ဓါတ်လေးတွေ ကိုလဲ တွေ့ရမှာ
Box office: 3.9 million USD ရရှိခဲ့ပြီး
Budget: 10 million USD ရရှိခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်
Director: Richard Linklater ရိုက်ကူးတင်ဆက်ထားပါတယ်
*** Update From www.channelmyanmar.org
 
 
 
 

1911 Revolution (2011) မြန်မာစာတန်းထိုး



တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ ချင်မင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။
မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (6/10) ရရှိထားပါတယ်။
*** Update From www.channelmyanmar.org

File size…(950MB)
Quality…BR-Rip 720p
Format…mp4
Duration….02:01:01
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

   Download Link - 1                                            Download Link - 2

*Download Pcloud 720p HD                   *Download Pcloud 720p HD 

*Download Pcloud (400MB)      *Download Pcloud (400MB)

Warriors of the Rainbow: Seediq Bale (2011) - မြန်မာစာတန်းထိုး


တကယ့်ဆီဒစ်သား လို့အဓိပ္ပယ်ရတဲ့ ဒီရုပ်ရှင်ကားဟာ ၂၀၁၁ စက်တင်ဘာလမှာရုံတင်ပြသခဲ့တဲ့ ထိုင်ဝမ်သမိုင်း နောက်ခံ-အက်ရှင်/ဒရမာကား ဖြစ်ပြီးတော့ ထိုင်ဝမ်ဒါရိုက်တာ တီရှန်ဝေ (ဝေ-တီရှန်) က ဇာတ်ညွှန်းရေးသားရိုက်ကူးထားပါတယ်။ ကျနော်တို့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂျွန်ဝူး ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၁၉၃၀ခုနစ် ထိုင်ဝမ် အလယ်ရှိ #၀ူရှီးအရေးအခင်း အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ မူရင်းကားမှာတော့ အပိုင်း၂ပိုင်းပါဝင်ပြီး အပိုင်း-၁ကို The Sun Flag(နေအလံ)လို့အမည်ပေးထားပြီး
အပိုင်း(၂)ကိုတော့ Rainbow Bridge(သက်တန့်တံတား)လို့  အမည်ပေးပြီး ပြသချိန် ၄နာရီခွဲ စာလောက် ကြာမြင့်ပါတယ်။ ဒီရုပ်ရှင်ကို ၆၈ကြိမ်မြောက် ဗီးနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ၈၄ကြိမ်မြောက် အကောင်းဆုံးနိုင်ငံခြားဘာသာ စကားပြော ရုပ်ရှင် အကယ်ဒမီဆုပေးပွဲမှာလည်း စကာတင်
စာရင်းတွင် ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ဆုပေါင်း ၉ဆုနဲ့  စကာတင်စာရင်းမှာ အကြိမ်၂၀ထိပါဝင်ခဲ့ပါသေးတယ်။
ဆုတွေကတော့
၁။ (2012) Asia Pacific Screen Awards - UNESCO Award
၂။ (2012) Chinese Film Media Awards - Best Picture Award
၃။ (2012) Golden Horse Film Festival - Audience Choice Award
၎။ (2012) Golden Horse Film Festival – 4 Golden Horse Award
(Best Feature Film,Best Supporting Actor,
Best Original Film Score, Best Sound Effects)
၅။ (2012) Osaka Asian Film Festival - Audience Award
၆။ (2012) Shanghai Film Critics Awards – Film of Merit
တို့ဖြစ်ပါတယ်။စကာတင်စာရင်းကတော့ စာရှည်မှာစိုးလို့ ချန်လှပ်ထားလိုက်ပါတယ်။ သို့သော်လည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတွေနဲ့ အနောက်နဲ့ဥရောပအတွက် မူလရုပ်ရှင် ၂ပိုင်းကားကို ၂နာရီခွဲကြာမြင့်တဲ့ တစ်ကားတည်းပုံစံ အဖြစ် Version ပြောင်းပြီး ထပ်မံဖြန့်ချိခဲ့ရပါတယ်။
ဒီရုပ်ရှင်ဟာ ထိုင်ဝမ်နိုင်ငံရဲ့ ရုပ်ရှင်ရိုက်ကူးရေးသမိုင်း ကုန်ကျစရိတ်အမြင့်မားဆုံးအဖြစ် ထင်ရှားခဲ့ပါတယ်။
NT$(New Taiwan Dollar) သန်းပေါင်း ၇၀၀-၇၅၀ကုန်ကျခဲ့တဲ့  ဒီဇာတ်ကားဟာ NT$ သန်းပေါင်း ၈၈၀ အမြတ်စွန်းရခဲ့တဲ့ အတွက် အရင်းကျေရုံသာသာ ရတယ်လို့ထင်ရပေမဲ့  ထိုင်ဝမ်နိုင်ငံမှာတော့ ဒီဇာတ်ကားကို Mel Gibson ပါဝင်တဲ့ စကော့တလန်တော်လှန်ရေးကား Braveheart(1995) နဲ့
အမေရိကန်လူနီရိုင်းတို့ရဲ့ တော်လှန်ရေးကား  The Last of The Mohicans နဲ့ ယှဉ်ထိုး နှိုင်းဆိုကြပါတယ်။

~Review~ (Spoiler-Alert)

အချိန်မှာ….၁၈၉၅ ခုနစ်တရုတ်နိုင်ငံမှ ဂျပန်တို့အား ရှီမိုနိုဆကီ စာချုပ်ဖြင့် ထိုင်ဝမ်ကျွန်းစုကို အပ်နှင်းစဉ်ကာလ....၊ ထိုင်ဝမ်ကျွန်းစုအလယ်ဗဟိုရှိ ၀ူရှီးတောင်တွင်တော့  လူမျိုးစုပေါင်း ၂၀ နီးပါးမှ မိမိအမဲလိုက်မြေကိုသတ်မှတ်၍ အမဲလိုက်ပြီး အခြားလူမျိုးစု၏ အမဲလိုက်မြေပေါ်တွင်
လိုက်မိပါက ခေါင်းဖြတ်သတ်ပြီး လူမျိုးစုစစ်ပွဲဆင်နွှဲ တတ်သောကာလ၊ ပြင်ပကမ္ဘာတွင်တော့ မိမိတို့တည်ရှိရာ ၀ူရှီးတောင်အား တရုတ်မှ ဂျပန်တို့အား အပ်နှင်းထား၍  ဂျပန်တို့မှ ၀ူရှီးတောင်ရှိ ခေါင်းဖြတ်တတ်သောလူရိုင်းမျိုး နွယ်စုတို့ကို မိမိတို့သယံဇာတထုတ်ယူရာတွင် အနှောင့်
အယှက်ပေးတတ်သော တိရစ္ဆာန်များဟု သတ်မှတ်ထား စဉ်။ ထိုလူမျိုးစုများထဲမှ မဟီဘူရွာလေးရှိ ဆီဒစ်လူမျိုးများ ကတော့ သူတို့ကိုယ်သူတို့ ကြီးမြတ်သော ဘိုးဘေးတို့မှ  ဆင်းသက်လာသူ၊   ယောက်ျားဆိုလျှင် ရန်သူအားရဲဝံ့စွာ ခေါင်းဖြတ်နိုင်ပါမှ မိမိသေလျှင် သက်တန့်တံတားပေါ်
လာပြီး ဘိုးဘေးများက မိမိမျက်နှာတွင်ရန်သူ၏သွေးစွန်း ထင်းသည်ကို မြင်မှ ဆီဒစ်သားအစစ်ဟု သတ်မှတ်ြ့ပီး သက်တန့်တံတားမှ ဖြတ်သန်းခွင့်ပြုသည်ဟု ယုံကြည်သူ၊  မိန်းကလေးဆိုလျှင် အပ်ပေါက်ရာနှင့် ကြမ်းတမ်းသော လက်ဝါးကို မြင်မှ မိမိလင်ယောက်ျား၊သားသမီးအပေါ်
တာဝန်ကျေသော ဆီဒစ်သူဟုသတ်မှတ်ပြီး ဖြတ်သန်း ခွင့်ပြုမည်ဟု ယုံကြည်သူများ။ ထိုသို့ သက်တန့်နှင့်
ဘိုးဘေးကို ယုံကြည်သည့် မဖွံ့ဖြိုးမတိုးတက်သေးသော လူတို့နှင့် နေမှဆင်းသက်လာသည်ဟု ယုံကြည်သော ကမ္ဘာတခြမ်းအုပ်စိုးထားသည့် အင်အားကြီးဂျပန်နိုင်ငံတို့ တွေ့ကြရာဝယ်…..။

သမိုင်းအချက်အလက်များနဲ့ပြည့်နှက်ပြီး တောင်ကြီးတလုံးပေါ်မှ လူရိုင်းမျိုးနွယ်စု၏ ခံယူချက်၊
ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စိတ်နေစိတ်ထား၊ ရဲစွမ်းသတ္တိ တွေကို မြင်ရမှာဖြစ်ပြီး၊ အပိုင်း-၁ရော ၂ ပါ တခါတည်းဆောင်ပြီး ကြည့်သင့်တဲ့ ကားမျိုးဖြစ်ပါတယ်။ ခေတ်တစ်ခေတ်လောက်  အင်အားကြီးသူတို့ရဲ့ ဖိနှိပ်မှု၊ ရက်စက်မှု၊ သူ့လူကိုယ်ဘက်သား သပ်လျှိုသွေးခွဲမှုနဲ့ ရင်ဆိုင်လာချိန်မှာ မခံရပ်နိုင်တော့သည့်အဆုံး
သေရမယ်မှန်းသိရက်နဲ့၊ မမျှတမှန်းသိရက်နဲ့ ကျောက်တောင်ကို ဆီးစေ့နဲ့ပေါက်ခဲ့ရတဲ့ ဂျပန်စစ်သားနှင့်ရဲ ၃၀၀၀ နဲ့ ဆီဒစ်သား ၃၀၀ တို့ရဲ့ တိုက်ပွဲဟာ ကျနော်တို့လို ကိုလိုနီလက်အောက်ခံဘ၀  ကျရောက်ဖူးသူတွေအတွက် ရင်နာစရာ၊ကြေကွဲစရာအတိပါပဲ။

တခါ တခါ ဒီထိုင်ဝမ်သရုပ်ဆောင်တွေနဲ့ ဆီဒစ်သားတွေကိုမမြင်မိပဲ တချိန်က နိုင်ငံအတွက် အသက်စွန့်ခဲ့တဲ့ ကျနော်တို့ ဘိုးဘေး တွေကို မြင်ယောင်လာတဲ့အထိ ဆွဲဆောင်လွန်းပါတယ်။
မကောင်းပြောစရာဆိုလို့လည်း အပိုင်း-၁မှာ မမြင်မိပဲ၊  အပိုင်း-၂ဇာတ်သိမ်းခန်းမှာတော့ အချို့သော ရင်ဆိုင်တိုက်ပွဲ တွေမှာ ဇာတ်ကောင်တွေကို သတ်တာ အရမ်းမြန်နေသလို  ခံစားမိတာကလွဲလို့ (ကျနော်စိတ်ထဲမသေစေချင်တာလည်း ပါမှာပေါ့လေ) rating အဖြစ် IMDB 7.5၊ Rottentomatoes
77%နဲ့ Metacritics 65% ရထားတဲ့ #Seediq_Bale (#ဆီဒစ်သား) ကို အကောင်းလွန်ပြီး အလွန်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ညွှန်းဆိုလိုက်ရပါတယ်။
ဇာတ်ကားကို နှစ်ပိုင်းလုံးကို တင်ပေးထားပါတယ်။

ရုပ်ရှင်အညွှ့န်း -  #AMBB - M-MDB

 အပိုင်း ၁ - The Sun Flag(နေအလံ) 


 
အပိုင်း ၂ - Rainbow Bridge(သက်တန့်တံတား)







The Attacks of 26/11 (2013) - မြန်မာစာတန်းထိုး

၂၀၀၈ ခုနှစ်တုန်းကအိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ပါကစ္စတန် အခြေစိုက် အစ္စလာမ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အကြမ်းဖက်သမား ၈ယောက်ရဲ့မွမ်ဘိုင်းကိုရွက်လွှင့်ပြီး ၂၄ နာရီအတွင်းမှာ အကြမ်းဖက်မှုကို ဖန်တီးလုပ်ဆောင်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အကြမ်းဖက်သမားတစ်ယောက်ဖြစ်တဲ့ အာကက်ရှ် ကို အိန္ဒိယ ရဲတွေဖမ်းမိသွားပြီး၊ တရားစီရင်ကာ နောက်ဆုံး ကြိုးပေးကွက်မျက်ခဲ့ပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇတ်လမ်းကို မြန်မာနိုင်ငံ ရှေ့ဆောင်ရုံ ၏မှာ ၂ရက်ပဲ ပြသခဲ့ပြီး ရပ်ဆိုင်းခဲ့ပါတယ်။ အကြောင်းမှာ ရုပ်ရှင်ကားရုံတင်တဲ့ နေ့ရက်ဟာ မန္တလေးတိုင်း မိတ္တီလာမြို့မှာ ဘာသာရေး ကိုအခြေခံတဲ့အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး လူ ၄၀ ၀န်းကျင်သေ၊ လူပေါင်း ၁ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေလို့ဖြစ်ပါတယ်။



 

Colonia Dignidad (2016) မြန်မာစာတန်းထိုး

2016 ခုနှစ်ထွက် ဖြစ်ရပ်မှန် အခြေခံထားတဲ့ ဇကားလေးတစ်ကားနဲ့
စီအမ် ပရိတ်သတ်ကြီးကို ဒီညအတွက် မိတ်ဆက်ပေးပါရစေ
ကျတော်ကတော့ အသဲကျော်လေး အမ်မာဝတ်ဆန်ပါလို့ ဒီကားလေးကိုကြည့်မိပြီး
သဘောကျမိတာနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးတာပါ
ကဲ ဇာတ်လမ်းအကျဉ်းလေးကို သွားလိုက်ကြရအောင်ဗျာ
ဇာတ်လမ်း အကျဉ်းလေးကတော့ ချီလီနိုင်ငံရဲ့ ၁၉၇၃ ခုနှစ်ကာလကို အခြေခံပြီးရိုက်ကူးထားပြီး
ချီလီနိုင်ငံက နာမည်ကြီး ကိုလိုနီးယား ဒစ်ကနီဒက် ဆိုတဲ့ ဘုရားရှိခိုးကျောင်းအမည်ခံ 
စစ်အတွင်း ပုန်ကန်ဆန္ဒပြသူတွေကို ရူးသွပ်သည်အထိနှိပ်စက်ပြီး 
အသိစိတ်ကင်းမဲ့စေသောဆေးများကြွေးပြီး 
သူ့ကိုယ်သူ ဘု၇ားနှင့်ဆက်သွယ်နိုင်သည်ဟု ဆိုကာ နှိပ်စက်နေသော ဘုန်းတော်ကြီး
Paul Schäfer အကြောင်းကို ရိုက်ကူးပြထားသော ဇာတ်ကားဖြစ်ပြီး
ဘုန်းတော်ကြီးPaul Schäfer ကတော့ ၂၀၀၄ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး
ကလေးသူငယ်ဆိုင်ရာ လိင်ကျူးလွန်မှုအပါအ၀င် အခြားအမှုပေါင်းများစွာနှင့်
ထောင်ဒဏ် ၃၃ နှစ်ချမတ်ခံရပြီး ၂၀၁၀ ခုနှစ်မှာ စန်တီဂို အကျဉ်းထောင်အတွင်းမှာဘဲ
ဘ၀ ဇာတ်သိမ်းသွားခဲ့ပါတယ်။
လေယာဉ်မယ် လီနာ တဖြစ်လဲ အမ်မာဝတ်ဆန် ဟာ ချီလီနိုင်ငံကို လေကြောင်းတာဝန်အရ လိုက်ပါခဲ့ပြီး
အနားယူရန် ကားဖြင့် ထွက်လာစဉ် ချစ်သူဖြစ်သူ ဒယ်နီရယ် ကိုတွေ့မိပြီး လိုက်ပါသွားခဲ့ရာမှ
ဒယ်နီရယ် မှာ အာဏာရပါတီ၏အတိုက်အခံ ခေါင်းဆောင်၏ပုံကို ဆွဲပေးပြီး စစ်တပ်မှလိုက်ဖမ်းရာမှ ထွက်ပြေးရင်း အဖမ်းခံရရာမှ ကိုလိုနီးယား ဒစ်ကနီဒက်သို့ရောက်ရှိသွားခဲ့ ရာမှာ
ရည်းစားဖြစ်သူ လီနာ က လိုက်သွားခဲ့ပြီး မည်သို့မည်ပုံကယ်တင်မည်ကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ခံစားကြည့်ရှူကြပါအုံးဗျာ
(Based On True Story ဖြစ်တာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတကားဖြစ်ပြီး
သင်ခန်စာယူဖွယ် သမိုင်းဖြစ်ရပ်များကိုတွေ့ရှိရမှာပါ)
*** Update From www.channelmyanmar.com
File size...(700MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Kyaw Ye Aung 


Download & Watch On Pcloud

Download & Watch On Blog


*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။ 

The Walk (2015) မြန်မာစာတန်းထိုး


Imdb (7.4) အထိရရှိခဲ့သည်။
The Walk ဇာတ်ကားသည် ကြိုးတန်းလမ်းလျှောက်သော သူတစ်ဦး၏ ဘဝ ၊ အိပ်မက် ၊ အခက်အခဲများ ၊ မိတ်ဆွေကောင်းတို့၏ မေတ္တာ ကိုထင်ဟပ်ပြသထားသော ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်သည်။
Eiffel Tower ထက်ပိုမြင့်သော Twin Towers ပေါ်တွင် ကြိုးတန်းလမ်းလျောက်ပြသွားတဲ့ Philippe ဆိုတဲ့ လူတစ်ယောက်အကြောင်းပါ ။
၁၉၇၄ ခုနှစ်ကနေ ဒီနေ့ ဒီအချိန်ထိ သူ့ရဲ့
ကြိုးတန်းလမ်းလျောက်ပြတဲ့စံချိန်ကို ဘယ်သူမှမချိုးနိုင်သေးပါဘူး ။
ကမ္ဘာ့ပထမဆုံးနဲ့နောက်ဆုံး အမြင့်ဆုံးနေရာမှာကြိုးတန်းလမ်းလျှောက်ပြတဲ့လူတစ်ယောက်ဖြစ်ပါတယ်။
လမ်းဘေးမှ ကြိုးတန်းလမ်းလျှောက်သူဘဝမှနေပြီး အမှတ်မထင် မဂ္ဂဇင်းစာမျက်နှာမှ တွေ့ရှိရသော ကမ္ဘာ့အမြင့်ဆုံး Twin Towers ပေါ် တွင် ကြိုးတန်းပေါ်လမ်းလျှောက်ပြချင်သော Philippe တစ်ယောက် အိပ်မက်တွေ စတင်ဖြစ်ပေါ်လာပုံ ။ မိတ်ဆွေသူငယ်ချင်းကောင်းများစွာနှင့် တွေ့ဆုံပုံ ၊ အခက်အခဲများကြုံတွေ့ပါစေ နောက်မဆုတ်တမ်းဖြတ်ကျော်မှူ့များ ကို ကြည့်ရှူ့ရပါမည်။
Twin Towers ပေါ်တွင် လမ်းလျှောက်ရန်အတွက် ဘယ်လိုအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရမလဲ ၊ သူငယ်ချင်းမိတ်ဆွေများ၏ အရေးပါပုံ ၊ လက်တွေ့လျှောက်သောအခါ ကြိုတင်ကြံစည်ထားသည်နှင့်မတူပဲ အခက်အခဲများကို ဖြတ်ကျော်ရပုံများကို The Walk ရုပ်ရှင်တွင် ဆက်လက်ကြည့်ရှူ့ ပါ။
(ဇာတ်လမ်း အညွှန်းနဲ့ ဘာသာပြန်ကတော့ မေမြတ်နိုး ပါ )
*** Update From www.channelmyanmar.com


The Finest Hour (2016) မြန်မာစာတန်းထိုး


အသက်အန္တရာယ်ကြားကနေ ရုန်းကန်လွတ်မြောက်ဖို့ကြိုးစား
ရတဲ့အခက်ခဲဆုံး အချိန်တွေဟာ ကြုံတွေ့နေရတုန်းကတော့
သေမလောက်ထိတ်လန့်စရာကောင်းပေမယ့်
ကျော်ဖြတ်လွန်မြောက်ပြီးတဲ့အခါ မှာပြန်ပြောပြစရာဇာတ်လမ်းလေး
တစ်ခုအဖြစ် ဘာနဲ့မှမလဲနိုင်တဲ့
ဘဝရဲ့အကောင်းဆုံးအချိန်တွေဖြစ်နေတက်ပါတယ်

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးရဲ့ဇာတ်အိမ်ကို
မုန်တိုင်းထန်တဲ့နေ့တစ်နေ့ရဲ့ ညတစ်ညမှာ
ဆီတင်သဘောင်္တွဲကြီး နှစ်စင်းဟာ
ပင်လယ်ထဲမှာထက်ပိုင်းကျိုးထွက်သွားတာနဲ့
ဇာတ်အိမ်တည်ထားပါတယ်
ဒီသတင်းကိုကြားလိုက်ရတဲ့ မြို့လူထုရော
ကမ်းခြေစောင့်ကယ်ဆယ်ရေးတပ်ဖွဲ့တွေရောဗျာများကုန်ကြပြီး
ကယ်ဆယ်ရေးတပ်ဖွဲ့တွေကိုလွှတ်ကြရပါတော့တယ်
ဒီမှာပဲ မင်းသား ဘာနီဝက်ပါဆိုတဲ့ လူငယ်လေးခေါင်းဆောင်တဲ့ လူလေးယောက်အဖွဲ့ဟာ
မုန်တိုင်းထန်နေတဲ့ပင်လယ်ပြင်မှာကယ်ဆယ်ရေးခရီးစဉ်ကို
ထွက်လာရပါတော့တယ်
တစ်ဖက်မှာလဲ ထက်ပိုင်းကျိုးနေတဲ့သဘောင်္ပေါ်က
သဘောင်္သားတွေရဲ့ အသက်
ရှင်သန်ဖို့ကြိုးစားအားထုတ်ကြရပုံ
တွေကိုတင်ဆက်ထားပြန် ပါတယ်
ဆဲလ်ဘက်လို့ခေါ်တဲ့သဘောင်္သားရဲ့ခေါင်းဆောင်
ှုမှုအောက်မှာသဘောင်္သားတွေ ရှင်သန်ဖို့ဘယ်လိုကြိုးစားကြ
ရမလဲ ကယ်ဆယ်ရေးအဖွဲ့က ဘာနီဝက်ပါရဲ့အားထုတ်ကြိုးပမ်းမှုကရော
သဘောင်္သားတွေကို ကယ်ထုတ်လာနိုင်ပါ့မလား
ကိုယ်တိုင်လဲ ချစ်သူ မီရီယန် ဆိုတဲ့မိန်းမပျိုလေးနဲ့
လက်ထပ်တော့မယ့် ဘာနီဟာ မိမိချစ်သူဆီကိုပြန်နိုင်ပါ့မလား
လူများစွာရဲ့မိသားစုတွေကိုရောပြန်လည်ပေါင်းစည်းပေးနိုင်ပါ့
မလားဆိုတာကိုတော့……………………
ဇာတ်ကားအစအဆုံး ရင်တမမကြည့်ရမယ့်
ဒီဇာတ်ကားလေးဟာ IMDb rating 6.9/10ရရှိထားပြီး
Action,Drama,History အမျိုးအစားဖြစ်ပါတယ်
Actionကားကြိုက်နှစ်သက်သူတွေ
အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။
ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Translator Han Htoo Zaw ကရေးသားပေးခဲ့တာပါ။
*** Update From www.channelmyanmar.com


Powered by Blogger.