Latest Movie :
Recent Movies
Showing posts with label Romance. Show all posts
Showing posts with label Romance. Show all posts

Flipped (2010) - မြန်မာစာတန်းထိုး

IMDB 7.7 ထိရရှိနေဆဲ အချစ်ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဟာသကားဆိုတာက တဟီဟီးရယ်နေရတဲ့ ဟာသမဟုတ်ပဲ သဘောကျလို့ ပြုံးမိရုံဖြစ်စေမှာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ ကိုယ့်ရဲ့ဆယ်ကျော်သက်ဘဝကိုတောင်ပြန်မြင်ယောင်နေမိလို့ ရင်ထဲစွဲတဲ့ဇာတ်ကားလေးတလက်လို့ပြောပါရစေ။ ရိုးရှင်းတဲ့လူနေမှုဘဝ၊မိသားစု၊ပတ်ဝန်းကျင်ကို အခြေခံထားတဲ့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့တည်ဆောက်ထားပေမယ့် တင်ပြပုံနဲ့ သရုပ်ဆောင်ချက်တွေကောင်းတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းတလက်အဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ ဒီလိုဇာတ်လမ်းမျိုးကို မြန်မာကားတွေ ကိုရီးယားကားတွေမှာ မကြာခဏကြည့်ဖူးပေမယ့် တင်ပြပုံနဲ့ အိုင်ဒီယာကသူတို့ထက်ဘယ်လိုသာသွားလဲဆိုတာကိုတော့......
r@bp!G
အမေရိကန် ဒါရိုက်တာ ရော့ဒ်ရိုင်နာက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရော့ဒ်ရိုင်နာအနေနဲ့ ရှေ့မှာ Stand by Me (1986) နဲ့ The Bucket List (2007) ရိုက်ကူးခဲ့သူပါ။ အဲဒီ ဇာတ်ကား နှစ်ကားစလုံး အနှစ်သာရပြည့်ဝပြီး ကောင်းမွန်တဲ့ဇာတ်ကားတွေအ ဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Flipped ဇာတ်ကားက မပြသခင်ကတည်းက နာမည်ကျော်နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၂၀၁၀ပြည့်နှစ်ထဲမှာ ထွက်ရှိမယ့် အကောင်းဆုံးသော ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကား ဖြစ်လာလိမ့်မယ်လို့ ရုပ်ရှင်အကဲ ဖြတ်တွေက ကြိုတင်ဟောကိန်း ထုတ်ခဲ့ပါတယ်။

နေ့စဉ် ဖြစ်ပျက်နေတဲ့ ဘဝတွေထဲက သာမန် အကြောင်းအရာတွေကို စွဲမက်ဖွယ်ဖြစ်အောင် ဖန်တီးပြတတ်တာက ဒါရိုက်တာ ရော့ဒ်ရိုင်နာရဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ် Flipped ဇာတ်လမ်းကလည်း ရိုးစင်းတဲ့ အကြောင်းအရာတစ်ခုကိုပဲ အခြေခံခဲ့တာပါ။ ဒီဇာတ်လမ်းကို စတင် အသက်သွင်းခဲ့သူက စာရေးဆရာမ ဝမ်ဒယ်လင် ဗန်ဒရာနန်ဖြစ်ပါတယ်။ ကလေးစာပေ အထူးပြု စာရေးဆရာမ တစ်ဦးအနေနဲ့ နာမည်ကျော်ပါတယ်။ သူက ဒီရုပ်ရှင်ဖြစ် လာမယ့် Flipped ဝတ္ထုကို ၂၀ဝ၁ခုနှစ်တုန်းက ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ စိတ်ပြောင်းလဲမှုဖြစ်စဉ်ကို ပတ်ဝန်းကျင်၊ ဗီဇရိုက်ခတ်မှုများနဲ့ ချိန်ထိုးပြဆိုခဲ့တဲ့ သာမန် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

သာမန်ဘဝတွေထဲက အလှတရား ကို ရှာဖွေတတ်တဲ့ ဒါရိုက်တာ ရော့ဒ်ရိုင်နာ ကြောင့် Flipped ဝတ္ထုက ရုပ်ရှင်ဖြစ်လာခဲ့ ပါတယ်။ ဒီဇာတ်လမ်းမှာ ဂျူလီယာနာနဲ့ ဘရုစ် ဆိုတဲ့ ကလေးနှစ်ယောက်ရဲ့ စိတ်ခံစားမှုကို အသားပေး ဖော်ပြခဲ့ပါတယ်။ အသက်ခြောက်နှစ် အရွယ်ကတည်းက သူတို့နှစ်ဦး စတင် သိကျွမ်းခဲ့ပါတယ်။ အိမ်နီးနားချင်းတွေ လည်း ဖြစ်ကြပါတယ်။ စတွေ့စဉ်ကတည်းက ဂျူလီယာနာက ဘရုစ်ကို စိတ်ဝင်စားခဲ့ပါ တယ်။ ဘရုစ်ကတော့ ဂျူလီယာနာကို စ တွေ့ကတည်းက စိတ်မဝင်စားခဲ့ပါဘူး။

ကလေးနှစ်ယောက်ရဲ့ နောက်ခံစကား ပြောတွေနဲ့ ဇာတ်ကားကို ဖန်တီးခဲ့ပါတယ်။ အဖြစ်အပျက် တစ်ခုတည်း အပေါ်မှာပဲ မတူ ညီတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြခဲ့ပါတယ်။ စိတ်ခံစားမှု၊ ထင်မြင်ယူဆချက်တွေရဲ့ နောက်ခံ အခင်းအကျင်းကိုလည်း ပြသပါတယ်။ ဘရုစ်က အရာရာကို အပေါ်ယံ တွေးတတ်တယ်။ ဂျူလီယာနာကကိစ္စရပ်တိုင်းကို အဓိပ္ပါယ်ရှိရှိ လေးနက်စွာ တွေးတော တတ်ပါတယ်။ ကလေးတွေရဲ့ စိတ်ကို ပတ်ဝန်းကျင်နဲ့ ဗီဇက ဘယ်လောက်အထိ ရိုက်ခတ်စေတယ်ဆိုတာကို ဒီဇာတ်ကားမှာ ပြသခဲ့ပါတယ်။
ရုပ်ရှင်အညွှန်း - Now! Not Yet
Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Drama, Romance
[FILE SIZE]:……………………….:[ 727 MB
[RESOLUTION]:………………….:[ 720x480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 30mins
[iMDB RATING]:……………………..:[ 7.7/10



Love O2O Chinese Drama Series (2016) မြန်မာစာတန်းထိုး (Complete)



ကွန်ပျူတာသိပ္ပံမေဂျာရဲ့နာမည်ကြီးကျောင်းသား ရှောင်းနိုင်ဟာ ဂိမ်းတွေကိုရေးဆွဲဖန်တီးနိုင်တဲ့IQ ကြောင့်အပြင် ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ကြောင့် ကျောင်းသူတွေအားလုံးရဲ့သဲသဲလှုပ်ခြင်းခံရသူဖြစ်ပါတယ်
အေးတိအေးစက်အမှုအရာတွေနဲ့ ဘယ်မိန်းကလေးကိုမှမချစ်တက်သေးပေမဲ့ သူဖန်တီးထားတဲ့ဂိမ်းကိုဝင်ဆော့ရင်း မိန်းကလေး player တွေထဲမှာ နာမည် ကြီးနေတဲ့ ကောင်မလေးကို တွဲကစားဖို့ပူးပေါင်းခဲ့ရင်း တစ်စထက်တစ်စချစ်မိသွားခဲ့တဲ့အခါမှာတော့. . ။
သူစိတ်ဝင်စားမိတဲ့ကောင်မလေးကတော့အခြားမဟုတ်ပါဘူး သူတို့မေဂျာရဲ့Queen ပေဝေဝေပါပဲ ပေဝေဝေဟာ သူတို့မေဂျာက မိန်းကလေးတွေနဲ့မတူအောင်ဥာဏ်ကောင်းပြီး ဂိမ်းဆော့တဲ့နေရာမှာလည်းထူးချွန်သူပါ။ ဂိမ်းထဲကဇာတ်ကောင်တွေကိုရိုက်ပြတဲ့ အခါတကယ့်လူအစစ်ကို အစားသွင်းထားတာကြောင့် ဒီနေ့ခေတ်သွင်ပြင်ရော သိုင်းချစ်သူများအကြိုက် သိုင်းဇာတ်လမ်းပုံစံရော ရိုက်ကူးထားတဲ့တမူ
ထူးခြားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဂိမ်းထဲမှာ အတူကစားကြရင်း သံယောဇဉ်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်
ယောက်အပြင်မှာဘယ်လိုပုံစံနဲ့တွေ့မှာလဲ ဘာတွေဖြစ်လာမလဲ အစရှိသဖြင့်
ကြည်နှုးစရာ ကျောင်းသားလူငယ်တွေရဲ့စရိုက်လေးတွေကြားစီးမျောရင်းကိုယ်
တိုင်ကျောင်းပြန်တက်ချင်တဲ့စိတ်နဲ့သိုင်းချစ်သူ ဂိမ်းချစ်သူတို့အကြိုက် စိတ်လှုပ်ရှား ရင်ခုန်ဖွယ် ဇာတ်ကွက်များနဲ့ ကြည့်ပျော်စေမယ့် Love 020 ဇာတ်လမ်းတွဲကို Gold Channel ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။
Credit To : www.goldchannelmovies.com
Reviewed by: Julia Wine
Translated by: hT aG, Phyo Thant, Julia Wine, Alice Ei Phyu, Winnie Ngoon, မုန်းမာန်, Chue Chue
Encoded by: Sugar
Size: 250 MB
















 

Castaway On The Moon (2009) မြန်မာစာတန်းထိုး

Imdb - 8.2/10
မင်္ဂလာပါ၊ ပထမဦးစွာ ကြိုတင်ပြီး အကြံပြုလိုတာကတော့ Korean Movie fan တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ... ဒီ Castaway on the moon ဟာ ပထမဦးစားပေးကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်တယ်လို့ ဆိုချင်ပါတယ်။ South Korea မှာ ၀င်ငွေအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့အပြင် Creative ဖြစ်လွန်းတဲ့ ဇါတ်ညွှန်းရဲ့ စေစားမှုကြောင့် ဝေဖန်ရေးဆရာတွေ ဘ၀င်ကျခဲ့ရတဲ့ ထိပ်တန်းစာရင်းဝင် ရုပ်ရှင်တစ်ခုလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုရင်တော့ Tom Hanks ရဲ့ Castaway ကနေ idea ရသွားသယောင်ယောင်ပဲလို့ တွေးမိပါတယ်။ :D ဒါပေမယ့် Tom Hanks ရဲ့ Castaway ဟာ သမုဒ္ဒရာထဲက ကျွန်းကလေးတစ်ကျွန်းအပေါ်မှာ အခြေတည်ပြီး ဒီ Movie မှာတော့ .. မြို့လည်ခေါင်မှာ ထီးတည်း တည်ရှိနေတဲ့ ကျွန်းကလေးတစ်ကျွန်းပေါ်မှာ ဇါတ်ကောင်ကို နေရာချထားပါတယ်။ ဒါပေမယ့် ဇါတ်လမ်းရဲ့ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံတွေမှာ လုံးဝကို ကွဲပြားခြားနားနေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်ခင်ဗျ။
အချစ်ရေး၊ လူမှုရေး၊ အဘက်ဘက်က အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ လူရွယ်တစ်ယောက်ဟာ ဘ၀ကို လက်လွှတ်အရှုံးပေးတဲ့အနေနဲ့ တံတားတစ်ခုပေါ်ကနေ သူ့ကိုယ်သူ ခုန်ချ အဆုံးစီရင်ပစ်လိုက်ပါတယ်။ သတိမေ့သွားခဲ့ပြီး သူပြန်လည်နိုးထလာတဲ့အချိန်မှာ သေနေ့မစေ့သေးဘူးဆိုတဲ့စကားနဲ့အညီ ကျွန်းကလေးတစ်ကျွန်း ရဲ့ ကမ်းခြေပေါ်ကို သူရောက်ရှိနေခဲ့ပါတယ်။ ကျွန်းကနေ မြို့ဆီကို ပြန်ကူးဖို့အတွက် လှေတစ်စင်းရှိမှ အဆင်ပြေမယ်ဆိုတာ သူသိရှိထားပါတယ်။ ဒါပေမယ့် လှေလဲ မရှိ၊ ဘာဆိုဘာမှမရှိတဲ့ကျွန်းငယ်လေးပေါ်မှာ သူ့အတွက်တစ်ခုတည်းသောရွေးချယ်မှုက ကျွန်းကလေးပေါ်မှာပဲ ကယ်သူမလာမချင်း စတည်းချနေထိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့.. တောကြီးမျက်မည်းထဲမှာ ယနေ့ခေတ်လူသားတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ခက်ခက်ခဲခဲ တွေ ဖြတ်သန်းနေထိုင်မလဲဆိုတာ ကို အတွေးဆန်းဆန်းလေးတွေနဲ့ tricks လေးတွေ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ အဲဒီိလို တစ်ကိုယ်ရည် အထီးကျန်နေတဲ့သူ့ကို တစ်ခါတစ်ရံမှာ မှန်ဘီလူးနဲ့ မြို့ထဲကနေ ကြည့်ရှု အကဲခတ်နေတဲ့သူ တစ်ယောက်ရှိနေပါတယ်။ အကဲခတ်နေတဲ့သူ ရဲ့ စိတ်အထင်မှာ..  ကျွန်းကလေးပေါ်က ဇါတ်ကောင်ဟာ သူ့အတွက် အာကာသထဲကနေ ပေးပို့လိုက်တဲ့ သူငယ်ချင်း alien တစ်ယောက်လို့ ထင်မှတ်မှားနေတယ်ဆိုတာကို ပရိသတ်ကြီး သိရှိလာရပါလိမ့်မယ်ခင်ဗျာ၊ ကျွန်းကလေးပေါ်က အထီးကျန်လူတစ်ယောက်နဲ့ မိုင်တွေခြားနေတဲ့ တစ်ဖက်စွန်းက သူ့လို အထီးကျန်နေသူတစ်ယောက်တို့ ဘယ်လို ဆုံစည်းကြမလဲ၊ သူတို့အချင်းချင်း ဘယ်လို commuicate လုပ်ကြမလဲ ဆိုတာလေးတွေက ဇါတ်လမ်းဖန်တီးသူရဲ့ အံ့အားသင့်စရာ ဇါတ်လမ်းလှည့်ကွက်လေးတွေဖြစ်ပါတယ်။ 2009 ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် ဘယ်ချိန်ကြည့်ကြည့် ရိုးမသွားနိုင်တဲ့ Movie လေးတစ်ခုဖြစ်တဲ့အတွက်.. ချစ်ပရိသတ်ကြီး အတွက် မကြည့်ရသေးရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]


Credit To : goldchannelmovies.com
Reviewed by: Sugar
Translated by: May Moe Myint
Encoded by: Hein Min Htet
Quality & Size: BRrip 720p 850MB





 

India Pakistan (2015) - မြန်မာစာတန်းထိုး


အိန္ဒိယ တာမီးရုပ်ရှင် အချစ်ဟာသတကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နေရာတခုတည်းမှာ ရုံးအတူတူဖွင့်မိတဲ့ မတည့်အတူနေ ရှေ့နေနှစ်ယောက်အကြောင်းပါ။ တဦးနဲ့ တဦး သံယောဇဉ်ရှိပေမယ့် အပြိုင်အဆိုင်စိတ်ဓါတ်တွေကြောင့် မနီးစပ်နိုင်ကြပါဘူး။ သူတို့နှစ်ဦး ပထမဦးဆုံး လက်ခံလိုက်တဲ့အမှုကတော့ ရွာတရွာက မြေကိစ္စ အငြင်းပွားမှုဖြစ်ပါတယ်။ ဒီလိုထိပ်တိုက်ရင်ဆိုင်နေကြရင်းနဲ့ တဖက်မှာလည်း လူသတ်ပြီး အကျင့်ပျက်ပြားနေတဲ့ ရဲမှူးတယောက်ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကိုရင်ဆိုင်ကြရတဲ့အခါ....


Credit To : Flim2mm.com
IMDB 5.7 ရထားတဲ့ တာမီးဇာတ်ကားဟာ 2h:37mins ကြာမြင့်ပါတယ်။ 850 MB နဲ့ ဒေါင်းလုပ်ယူနိုင်ပါပြီ။





Never Gone (2016) မြန်မာစာတန်းထိုး



Kris လို့လူသိများတဲ့ EXO M leader ဖြစ်ခဲ့ဖူးတဲ့ မင်းသား Wu Yi Fan နဲ့ ဂူဂူးလို့မြန်မာမှာလူသိများတဲ့ မင်းသမီး Liu Yifei တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama, Romance အမျိုးအစားဖြစ်ပါတယ်။IMDb Rating (6.2/10) ရရှိထားတဲ့နာမည်ကြီးဇာတ်ကားပါ။
Kris ကကျေးလက်သူလေးတစ်ယောက်ကိုချစ်မိသွားတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးသားလေးချောင်ဇောင်းအဖြစ်လည်းကောင်း….(ဂူဂူး)က ချစ်သူကိုချစ်လွန်းလို့ အရာရာကိုချစ်သူအလိုကျ မျက်နှာတစ်ချက်မနွမ်းအောင်ဖြည့်ဆည်းပေးခဲ့တဲ့ ဆုရင်အဖြစ်လည်းကောင်းပုံဖော်ထားပါတယ်။
အချစ်စစ်တို့သဘောအတိုင်းမဖြောင့်ဖြူးနိုင်တဲ့သဘောရှိတာမို့ သူတို့ရဲ့အချစ်လမ်းမှာ ဘယ်လိုကံကြမ္မာမုန်တိုင်းတွေဝင်ရောက်လာမလဲဆိုတာ….။
ဘယ်လိုကံကြမ္မာတွေပဲဝင်ရောက်လာလာ …အနားမှာရှိရှိ..မရှိရှိ.. အချစ်ဆိုတာ ရင်ထဲမှာထာဝရကိန်းအောင်းနေမယ့် နှလုံးသားတစ်ခုပဲမဟုတ်ပါလား။

ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အခန်းတိုင်းလိုလိုစိတ်ဝင်စားစရာတွေပါနေလို့ Romance ကြိုက်သူတွေ ဂူဂူးပရိတ်သတ်တွေ Kris ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..။
( ဒီကားလေးရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှ Moe Myint Lwin ဘဲဖြစ်ပါတယ်။ )

*** Update From www.channelmyanmar.org

File size…(850MB)
Quality…WEB-DL Rip 720p
Format…mp4
Duration….01:35:45
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung 


Download and Watch 720p HD

 

Download and Watch 360p Small File Size (350MB)

 

 

 

Ki & Ka (2016) - မြန်မာစာတန်းထိုး

ရိုက်ကူးကုန်ကျစရိတ် အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းရှိခဲ့ ပြီး ရုံဝင်ငွေအမေရိကန်ဒေါ်လာ ၇ ဒသမ ၉ သန်း ရရှိနေသည့် ဟင်ဒီစကားပြော ဒရမ်မာရုပ်ရှင်ဖြစ်သည်။ ကီရာ (ကာရီ နာကပူခန်) သည် အောင်မြင်သော အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူမကဲ့သို့ပင် အခြားအမျိုးသမီးများအား အိမ် ထောင်သားမွေးအလုပ်မှ ရုန်းထွက် ပြီး မိမိအလုပ်ကို လုပ် ကိုင်ကြရန် တိုက်တွန်းတတ်သူဖြစ်သည်။ သို့မှသာ မိမိခင်ပွန်းဖြစ်သူကို ထောက်ပံ့နိုင်မည်ဟု ယုံကြည်နေသည်။ တစ်နေ့တွင် နာမည်ကျော်ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦး၏ သား ဖြစ်သူ ကာဘီရာဆိုသူနှင့် ဆုံစည်းမိပြီး ထိုအမျိုးသားအပေါ်ကို စိတ် ဝင်စားခဲ့သည်။ ထိုအမျိုးသားသည် သူ၏မိခင်ကဲ့သို့ အိမ်ထောင်ရှင်မ ကောင်းတစ်ဦးဖြစ်လာမည့် မိန်းက လေး တစ်ဦးကိုလိုလားပြီး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေဖြင့် အိမ်မှ ထွက်ကာ အလုပ်လုပ်သည်ကို မနှစ် မြို့ပေ။
ခံယူချက်ချင်းမတူညီသည့် သူ တို့နှစ်ဦးချစ်ကြိုက်မိပြီး လက်ထပ်ရန်စီစဉ်ကြသောအခါမှ ပြဿနာ များ စတင်လာတော့သည်။ ကီရာ၏ အလျှော့မပေးတတ်သော စိတ်နှင့် ကာဘီရာ၏ အနိုင်မ ခံသော စိတ် အခြေအနေများကြောင့် လက်ထပ်ပြီးစ ကြင်စဦးဇနီးမောင်နှံမှာ တကျက်ကျက်ဖြစ်ခဲ့ကြသည်။ လင်မယားနှစ်ဦးကွဲခါနီးအချိန်တွင် အမျိုးသားတစ်ဦးအတွက် အိမ်မှုကိစ္စများ ကိုင်တွယ်ပြီး အပြင်ထွက် အလုပ်မလုပ်ခြင်းသည် ရဲရင့်သော ဆုံးဖြတ်ချက်ဖြစ်သော်လည်း ထို ကဲ့သို့သော ယောကျာ်းမျိုးကိုပိုင်ဆိုင် ရသော မိန်းမတစ်ဦးကို ရွေးချယ်ရ ခြင်းသည် ပိုမိုခက် ခဲသော ဆုံးဖြတ်ချက်ဖြစ်သည်ဆိုသော စာတစ်စောင်ကို လက်ခံရရှိခဲ့သည့်အခါ လင်မယား နှစ်ဦး၏ စိတ်အပြောင်းအလဲ ဖြစ်ခဲ့ရသည်။ ယနေ့ခေတ် အိန္ဒိယလူမှု အသိုက်အဝန်းမှ ဇနီးမောင်နှံတို့ ၏ ဘဝကို ထင်ဟပ်ပြသထားသောရုပ် ရှင်ဖြစ်သည်။
ရုပ်ရှင်အညွှန်း - #Democracy Today

One Night Stand (2016) မြန်မာစာတန်းထိုး



အိန္ဒိယ အပြာမင်းသမီးဟောင်း Sunny Leone အဓိကပါဝင်ထားတဲ့ Drama, Romance အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
တစ်ညတာပျော်မွေ့မှုမှာ မှောက်မှားခဲ့ကြတဲ့ အိမ်ထောင်သည်တစ်ဦးရဲ့ ဇာတ်ကြောင်းပါ။
Sunny Leone ပရိတ်သတ်တွေအကြိုက်တွေ့မယ်ထင်ပါတယ်။ခံစားကြည့်ပါဦး။
*** Update From www.channelmyanmar.org

File size…(900MB)
Quality…HD-Rip 720p
Format…mp4
Duration….01:37:16
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD

Download and Watch 360p Small File Size (400MB)

 

 

 

My Little Bride (2004) မြန်မာစာတန်းထိုး



လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံး ကြည့်ဖူးပြီး အရမ်း နှစ်သက်ခဲ့ရတဲ့  My little Bride(2004) ဆိုတဲ့ ကိုရီးယား အချစ်ဇာတ်မြူးကားလေး ဖြစ်ပါတယ်။ အဓိက သရုပ်ဆာင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ လူကြိုက်များနေဆဲ ဖြစ်တဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။
အထူးသဖြင့် ဒီဇာတ်ကားမှာ Moon Geun Young ရဲ့  တကယ့် ငယ်စဉ် ချစ်စဖွယ် ဟန်ပန်နဲ့ ပလီပလာ နွဲ့ဆိုး ဆိုးတဲ့ သရုပ်ဆောင်မှုလေးတွေဟာ ကြည့်နေတဲ့ သူတွေကို ပြုံးပျော်ကြည်နူးစေပါတယ်။ ဘယ်လို အချိန်မှာပဲ ကြည့်ကြည့် စိတ်ရွှင်မြူးသွားစေမယ့် အချစ်ဟာသ ဇာတ်လမ်းလေး တခုဖြစ်တာမို့ ကြည့်ဖြစ်အောင် ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။
IMDb Rating (7.2/10) နဲ့ Rotten Tomotoes (82%) ထိရရှိထားလို့ ကိုရီးယားဇာတ်ကားတွေထဲမှာ Rating မြင့်ဇာတ်ကားပါ။
(ဒီဇာတ်ကားကို Allie Scarlett မှဘာသာပြန် ခံစားတင်ဆက်ထားပါတယ်။)

File size…(800MB) 
Quality…HDTV-Rip 720p
Format…mp4
Duration….01:51:50
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung 

Download and Watch 720p HD

 *** Update From www.channelmyanmar.org

My New Sassy Girl(2016) မြန်မာစာတန်းထိုး

ဒီကားက နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ My Sassy Girlကို ပုံစံအသစ်တစ်မျိုးနဲ့ ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ။ My Sassy Girl  နံပါတ် ၂ လို့ ပြောရင်လဲ ရပါတယ်။ မင်းသားက ၂ ကားလုံး အတူတူပါ။  ပထမကားဖြစ်တဲ့ My Sassy Girlက ၂၀၀၁ မှာ ထွက်ရှိခဲ့တာကြောင့် ၁၅ နှစ်ကြာမှ ပြန်ထွက်လာတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်း အကျဥ်းပြောရရင်တော့ ခပ်တုံးတုံးကောင်လေးနဲ့ ပြသနာ အမြဲရှာတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ် ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ခံစား ကြည့်ရှူလိုက်ကြပါဦး

*** Update From www.channelmyanmar.com

File Size         : 710 MB
Quality           : Blu ray 720P
Running Time : 1hr 39 minute
Format           : Mp4
Genre             : Comedy, Romanc
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဘာသာပြန်သူကတော့ Zayyar Htet  ပဲ ဖြစ်ပါတယ်)

The Danish Girl (2015) မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းဟာ ၁၉၂၆ မှာ ဒိန်းမတ်နိုင်ငံက ပန်းချီဆရာလင်မယားရဲ့ အကြောင်းကို ရိုက်ယူထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုပါတယ်။ ပန်းချီဆိုတာ အရောင်တွေ သုံးပြီး ကင်းဗတ်စပေါ် ရေးတယ် ဆိုတာလောက်ပဲ သိတဲ့ ကျနော့်အတွက်တော့ သူတို့ဆွဲတဲ့ ပန်းချီ အမျိုးအစားအယူအဆတွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ယောက်ျားဖြစ်သူ Einar က ရှုခင်းပုံဆွဲပြီး သူ့အမျိုးသမီး Gerda က ပုံတူရေးဆွဲတယ်လို့ပဲ ဆိုပါတော့။ တရက်မှ Gerda ဟာ ပုံတူရေးဆွဲရာမှာ မော်ဒယ်လ်ထိုင်ဖို့ အမျိုးသမီးရောက်မလာလို့ သူ့ယောကျာ်း Einar ကိုပဲ အမျိုးသမီးလို ဆင်ပေးပြီး မော်ဒယ်လ်ထိုင်ခိုင်းခဲ့တယ်။ အမှတ်မထင်ပဲ အဲ့ပန်းချီကားဟာလည်း အောင်မြင်သွားတယ်ပေါ့။ ဒါပေမယ့် တဖက်မှာတော့ သူ့ယောကျာ်း Einar ဟာ ငယ်ငယ်ကတည်းက သူ့မှာ ရှိနေတဲ့ အမျိုးသမီးဖြစ်ချင်တဲ့ စိတ်တွေဟာ သူ့မိန်းမကို အမျိုးသမီးအဖြစ် မော်ဒယ်လ်ထိုင်ပေးပြီး နောက်ပိုင်း တဖြေးဖြေး ထကြွလာပြီး နောက်ဆုံးမှာ လိင်ပြောင်းလဲဖို့အထိ ဖြစ်လာပါတော့တယ်။ Gerda ဟာ ပထမတော့ နည်းနည်း အံ့သြထိတ်လန့် သွားပေမယ့် နောက်ပိုင်းမှာ ဒီကိစ္စကို အတူလက်တွဲပြီးရင်ဆိုင်ခဲ့ပါတယ်။

ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါမျိုးက မြန်မာကားတွေမှာဆို ဟာသလုပ်ပြီးရိုက်လေ့ရှိတယ်။ ဂေးဆိုတာ လှောင်ပြောင်စရာ သတ္တဝါတစ်ကောင်အဖြစ်ပေါ့။ ဒီဇာတ်ကားမှာတော့ Gerda ရယ် Einar ရဲ့ငယ်သူငယ်ချင်းရယ်ဟာ Einar ရဲ့ အဖြစ်ကို အပြည့်အဝ နားလည်မှုရှိစွာနဲ့ ဖေးမကူညီခဲ့ပါတယ်။ Einar ဟာ သူ့ကိုယ်သူ အမျိုးသမီးအဖြစ်ခံယူကာ Lili Elbe လို့နာမည်ပြောင်းခဲ့ပါတယ်။
Lili Elbe ရဲ့ ဒိုင်ယာရီကို ၁၉၃၃ မှာ 'Man into Woman ' ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခဲ့ပြီး သူ့ဟာ နောက်ပိုင်းမှာ လိင်ပြောင်းလဲမှုပြုလုပ်သူတွေ အတွက် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့သတဲ့။ ဒီဇာတ်ကားထဲ မင်းသမီး Alicia Vikander ဟာ Gerda အဖြစ် သရုပ်ဆောင်တာ အတော်မိုက်တယ်ဗျ။ ဒါကြောင့်လည်း သူဟာ ဒီဇာတ်ကားနဲ့ ဟိုတလောက Oscars ဆုပေးတာမှာ Best Supporting Actress ဆုရခဲ့တာပေါ့။
IMDb Rating (7/10)
(ရုပ်ရှင်အညွှန်းကို lynnsettreview.blogspot.com မှကူးယူဖော်ပြပါသည်။)
*** Update From www.channelmyanmar.com

File size...(950MB) 
Quality...Blu-ray Rip 720p
 

Format...mp4
Duration....01:59:38
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)


Download & Watch On Blog

*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။ 
  
Powered by Blogger.