Latest Movie :
Recent Movies
Showing posts with label Thriller. Show all posts
Showing posts with label Thriller. Show all posts

Udta Punjab (2016) - မြန်မာစာတန်းထိုး


အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်နယ်မှာ ကြွယ်ဝချမ်းသာကြသော်လည်း အဲ့ဒီနယ်ကလူငယ်တွေဟာ မူးယစ်ဆေးဝါးပြသနာတွေနဲ့ လုံးလည်ချာလည် လိုက်နေကြတဲ့ လူငယ်တွေအများအပြားရှိနေတာကို ဘယ်လိုဖြေရှင်းကြလဲဆိုတာကို ရိုက်ကူးပြသထားတဲ့ Rating မြင့်တဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။
Credit To : Flim2mm.com
IMDB 8.0 ထိရရှိနေပြီး ပြသချိန် 2h:28mins ကြာမြင့်ပါတယ်။ 1GB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ကြပါပြီ။


Spectral(2016)မြန်မာစာတန်းထိုး

Spectral (2016)
IMDb : 6.4
Rotten Tomatoes : 80%
How you can stop if you can’t see the enemies are coming?
“ရန်သူတွေ လာနေတာ မမြင်ရရင် မင်းဘယ်လို တားဆီးမလဲတဲ့”။ ခုတလော သည်းထိတ်ရင်ဖိုအက်ရှင်ကားတွေကို တင်ဆက်တဲ့နေရာမှာ အလွန်ကျော်ကြားနေတဲ့ Netflix ရဲ့ Scifi-Thriller ဟာ နာမည်ကြီး အက်ရှင်ဂိမ်းတစ်ခုဖြစ်တဲ့ Gears of War ကို ဂြိုလ်သားတွေနဲ့ ပေးတွေ့လိုက်ပါပြီ။ Pacific Rim တို့ Battleship တို့လိုပဲ သဘာဝလွန်စွမ်းအားတွေရှိတဲ့ တခြားကမ္ဘာက ဂြိုလ်သားတွေနဲ့ အသေအကြေ တိုက်ခိုက်ရတဲ့ အကြောင်းရိုက်ကူးထားတဲ့ Spectral ကို သိပ္ပံကား၊ စစ်ကားဝါသနာအိုးတွေသာမက သည်းထိတ်ရင်ဖိုကြိုက်တဲ့ ပရိတ်သတ်များကပါ ချီးကျူးကြပါတယ်။ ဂိမ်းဝါသနာအိုးတွေအတွက်တော့ မကြည့်မိရင် သူများနောက်ကျန်ခဲ့နိုင်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတွေကို သူသေကိုယ်သေပြန်တိုက်ပေးရတဲ့ special operation တပ်သားတွေရဲ့ တိုက်ပွဲတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲလိုရိုးရှင်းတဲ့ စစ်ကားတစ်ကားကို ဆွဲဆောင်ထားတာကတော့ သူတို့တိုက်ခိုက်တဲ့ နည်းဗျူဟာတွေ၊ သုံးတဲ့ လက်နက်ဆန်းတွေနဲ့ ဂြိုလ်သားတွေရဲ့ သဘာဝလွန်စွမ်းအားတွေ ဖြစ်ပါတယ်။ စစ်ကားဆို သိပ်မကြိုက်တဲ့ သူတောင် Trailer ကြည့်လိုက်တဲ့အချိန်မှာ မျှော်လင့်သွားမိမှာ သေချာတာမို့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။

Credit To : www.goldchannelmovies.com
Review by Waiyan Philip
Translator by Hnin Hnin
Encoded by Hein Min Htet
Quality-bluray 720p
size-770mb


Morgan (2016) မြန်​မာစာတန်းထိုး




(IMDB - 5.8/10)

အားလုံးပဲ မင်္ဂလာပါခင်​ဗျာ ဒီတခါ​တော့ ကျွန်​​တော်​တို့ရဲ့ ပရိတ်သတ် ​တွေ နှစ်​သက်​​လောက်​မယ့်​ Morgan ဆိုတဲ့ ဇာတ်​ကား​လေးကို တင်​ဆက်​​ပေးပါရ​စေ

ဒီဇာတ်ကားမှာ​တော့ Morgan (Anya Taylor-Joy)ဟာ ဇီဝအင်​ဂျင်​နီယာပညာနဲ့ ဖန်​တီးထားတဲ့ မိန်​က​လေးဖြစ်​ပါတယ်​။ သူဟာ လသားအရွယ်​မှာပဲ စကား​ပြောတတ်​ လမ်း​လျှောက်​တတ်​ခဲ့တဲ့ ငါးနှစ်​အရွယ်​ မိန်းက​လေး​ပေါ့။ တ​နေ့မှာ​တော့ သူ့ကို ထိန်း​ကျောင်းသွန်​သင်​​ပေး​နေတဲ့ Dr. Kathy ကို တိုက်​ခိုက်​ခဲ့ပါတယ်​။ ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ Morgan ဟာ ဆက်​လက်​တည်​ရှိသင့်​တဲ့ မျိးစိတ်​သစ်​တခု ဟုတ်​မဟုတ်​ စုံစမ်းစစ်​​ဆေးဖို့ Lee Weather (Kate Mara) ကို ကုမ္ပဏီက ​စေလွတ်​လိုက်​တဲ့ အခါမှာ​တော့.......

ဒီဇာတ်​ကားမှာ Kate Mara (Fantasic four 2015, Martian) Anya Taylor-Joy (The Witch, Split) Rose Leslie (Game of thrones, The Last Witch Hunter) Michelle Yeoh (The Lady, Tomorrow Never Die) နဲ့ Paul Giamatti (Cinderella man, 12 Years in Slave) တို့ အဓိက သရုပ်​​ဆောင်​ထားပြီး Paul Giamatti က​တော့ သူ့ရဲ့ပုံစံအတိုင်း တခန်းကို တခန်းဆိုသလို  ဇာတ်​ကို ဆွဲတင်​သွားခဲ့ပါတယ်​။

ဒါရိုက်​တာ Luke Scott (ဒါရိုက်​တာကြီး Rideley Scott ရဲ့ သား၊ ဒါရိုက်​တာကြီး Tony Scott ရဲ့ တူ) ရဲ့ ပထမဆုံး ရုပ်​ရှင်​ဇာတ်​ကားကြီးဖြစ်​သလို GC ရဲ့ Translater အသစ်​ Luke ရဲ့ ပထမဆုံးဘာသာပြန်​ လက်​ရာလည်းဖြစ်​ပါတယ်​။ မတူညီတဲ့ ​နေရာနှစ်​ခုက မတူညီတဲ့ လူသစ်​နှစ်​​ယောက်​ရဲ့လက်​ရာကို ခံစား​ဝေဖန်​ကြည့်​ချင်​ပါတယ်​ ဆိုရင်​ဖြင့်​ ......
Credit To : www.goldchannelmovies.com
Review & Translator by Luke Walker
Encode by: Hein Min Htet
Quality -720P HD
Size -670MB


Fan (2016) - မြန်မာစာတန်းထိုး


**မကြည့်ရသေးသူများ ကြည့်နိုင်ရန်ပြန်တင်ပေးလိုက်ပါတယ်**
umbai မြို့မှာနေထိုင်တဲ့ Gaurav ဆိုတာ အရမ်းအောင်မြင်နေတဲ့ ရုပ်ရှင်မင်းသားကြီး Aryan Khanna ကို အသဲအမဲ အရူးအမူးကြိုက်တဲ့ fanboy လေးတစ်ယောက်ပေါ့။ သူ့ အခန်းမှာဆိုလည်း Aryan Khanna ရဲ့ပုံတွေအပြည့်။ သူ အားပေးတာကြမ်းချက်က အဖေ၊ အမေ ရော သူငယ်ချင်းတွေပါမနေရ။ ဒါတင်မက Gaurav ရဲ့ရုပ်ရည်ကလည်း Aryan Khanna နဲ့တော်တော်ကိုတူတာ။ အဲ့တော့ Aryan Khanna ရဲ့ ဇာတ်ကားတွေ၊ သရုပ်ဆောင်ပုံတွေ dialogue တွေကိုမလွတ်တမ်းကြည့် သူကို့သူလည်း Aryan Khanna Junior လို့ခေါ်ရလောက်အောင်ကိုရူးတာ။ သူတို့ ရပ်ကွက်မှာလုပ်တဲ့ ရုပ်ရှင်ပြိုင်ပွဲတွေမှာလည်း Aryan Khanna ပုံစံနဲ့ ဝင်ဝင်ပြိုင်ပြီး တူလွန်းလို့ ပထမဆု တွေအမြဲစွတ်ခူးနေတဲ့သူပေါ့။ အဲ့တာနဲ့ Aryan Khanna ရဲ့မွေးနေ့အမှီ သူ ပထမ ရတဲ့ဆုလေးကို သွားပြမယ်။ အကြိုက်ဆုံးမင်းသားနဲ့သွားတွေ့မယ်ဆိုပြီး ကြံပါလေရော။ Gaurav တစ်ယောက် မင်းသားကြီး Aryan Khanna နဲ့တွေ့တဲ့အခါမှာတော့ သူမျှော်လင့်ထားတာတွေနဲ့ တစ်ခြားစီဖြစ်ခဲ့ရပြီး နာမည်ကြီးမင်းသားကြီးနဲ့ သူရဲ့ အရူးအမူး ပရိတ်သတ်တစ်ဦးတို့ ဘယ်လိုဆက်နှစ်ပါးသွားမလဲဆိုတာကို Bollywood ကား Fan မှာခံစားရမှာပါ။

ဒီဇာတ်လမ်းမှာတော့ အားလုံးသိကျတဲ့အတိုင်းပဲ အိန္ဒိယမင်းသားကြီး Shah Rukh Khan က မင်းသားကြီး Aryan Khanna နေရာရော Gaurav နေရာကပါ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ Aryan Khanna ဆိုတဲ့ ဇာတ်ကောင်ဟာ တစ်ကယ့် ဘဝထဲက Shah Rukh Khan ကိုပဲပြန်သရုပ်ဆောင်တာဖြစ်မယ်ထင်ပါတယ်။ Khan ရဲ့ Khanna ကိုသရုပ်ဖော်ထားတာက တစ်ကယ်အရမ်းကောင်းပါတယ်။ ပိုပြီး ချီးကျူးဖို့ကောင်းတာက Khan ရဲ့ Gaurav ကိုသရုပ်ဖော်ထားပုံပါပဲ။ နှစ်ကိုယ်ခွဲသရုပ်ဆောင်ရတယ်ဆိုပေမယ့် သရုပ်ဆောင်နှစ်ယောက်ကို သုံးထားတဲ့ အတိုင်းပါပဲ။ စကားပြောပုံ၊ အမူအရာ၊ အကြည့်တွေ အားလုံးအားလုံးကို ပြောင်းလဲပြီး တော်တော်ကြီး ကြိုးစားထားတာတွေ့ရမှာပါ။ တစ်ကယ်လည်း အရမ်းအောင်မြင်ပါတယ်။ ဒီကားမှာ နောက်ထက်ချီးကျူးရမှာက Gaurav ရဲ့ makeup နဲ့ effect ပါပဲ။ မင်းသားကြီး Khan ကို နှစ် ၂၀ လောက်ပြန်ငယ်သွားအောင် လုပ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ Khan ရဲ့ acting နဲ့ makeup ပေါင်းစပ်လိုက်တဲ့အခါမှ ပြီးပြည့်စုံတဲ့ Gaurav ဖြစ်လာတာပါ။
Credit To : Flim2mm.com
ရုပ်ရှင်အညွှန်း -  ဓာတ်ရှင်

IMDB 7.8 ရထားတဲ့ ဇာတ်လမ်းဟာ ပြသချိန် 2h:22mins ရှိပါတယ်။ 634 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Headhunters(2012) မြန်မာစာတန်းထိုး


Thriller/Action
IMDb (7.6/10)
Rotten Tomatoes (92%)
မင်္ဂလာပါ ပရိတ်သတ်ကြီးခင်ဗျာ...ကျွန်တော်တို့ ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းများကို မရိုးတမ်း တင်ဆက်ပေးရင်း ယခုအခါမှာတော့ Headhunters ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။
ဒီကားလေးဟာ Director(Morten Tyldum) ရိုက်ကူးခဲ့တာဖြစ်ပြီး Thrillerနဲ့Action အရောလေး အမျိုးအစားလေးပဲ ဖြစ်ပါတယ်ခင်ဗျာ။IMDb (7.6/10)ရရှိထားပြီး Empire Award For Best Thriller ဆုကိုရရှိထားတဲ့အပြင်Best International Film မှာလဲ the Saturn Awards ဆုကို အနိုင်ရရှိထားသောကြောင့် ဇာတ်လမ်းကောင်းဆိုတာ ညွှန်းနေဖို့တောင် မလိုပါဘူးခင်ဗျာ။
ဇာတ်လမ်းလေးကတော့....
ရော်ဂျာ ဘရောင်း(Aksel Heennie)ဟာ နော်ဝေးနိုင်ငံရဲ့အင်းအားအကြီးဆုံး တစ်ခုဖြစ်တဲ့ Pathfinder ကုမ္ပဏီရဲ့ လူရည်ချွန်တွေကို စိစစ် ခန့်ထားပေးတဲ့နေရာက ဘောစိတစ်ယောက် ဖြစ်ပါတယ်။ဘောစိဖြစ်ရခြင်း အကြောင်းကတော့ ဒီလုပ်ငန်းရဲ့နောက်ကွယ်မှာ သူကပန်းချီကား သူခိုးတစ်ယောက်ဖြစ်နေလို့ပါပဲ။သူရဲ့ ဖောက်ထွင်းမှု ကိုတော့ အိမ်တွင်းလုံခြုံရေး နည်းပညာဌာနက အိုဗွီ ကေဂျီကီရု ကထောက်ပံ့ပေးပါတယ်။လော်တီ(Julie Ølgaard)ဟာ ရော်ဂျာရဲ့ အဆက်ဟောင်းဖြစ်ပြီး ရော်ဂျာက သူနဲ့မဆက်သွယ်ဖို့် ခါးခါးသီးသီး ငြင်းပယ်ခံထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ရော်ဂျာရှာသမျှဟာ သူ့ချစ်ဇနီးဒိုင်ယာနာ(Synnøve Macody Lund) အတွက်ကြီးပဲ ဖြစ်ပါတယ်။ဒိုင်ယာနာ အတွက် ပန်းချီပြခန်းကိုလည်း သူကိုယ်တိုင်ပဲဖွင့်ပေး ခဲ့ပါတယ်။ဒိုင်ယာနာဟာ သူမရဲ့ပန်းချီပြခန်း ဖွင့်ပွဲညမှာတော့ သူခင်ပွန်းရော်ဂျာကို လူတစ်ယောက်နဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။အဲ့ဒီကတော့ ကလက် ဂါဗွီ(Nikolaj Coster-Waldau)ဖြစ်ပြီး H.O.T.E ဆိုတဲ့ GPS နဲ့ဆိုင်တဲ့ ထောက်လှမ်းရေးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်း ဖြစ်ပါတယ်။ရော်ဂျာ ဟာ ကလက်ကို Pathfinder အတွက် အလုပ်ရွေးချယ်ဖို့် ကမ်းလှမ်းခဲ့ပါတယ်။ ကလက်ဟာ Pathfinder ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အခါ ရော်ဂျာအတွက် ကြီးမားတဲ့ ပြဿနာတွေ နဲ့ အသက်ဘေးအထိပါ ကျရောက် လာတဲ့အချိန်မှာတော့ ရော်ဂျာတစ်ယောက် အသက်ရှင်ဖို့အတွက် ဘယ်လိုကြိုးစားရုန်းကန်မလဲ ဆိုတာကို ဆက်လက်အားပေးပါအုံး ခင်ဗျာ။
(18+ နှစ်ခန်းပါသောကြောင့် မိသားစုဖြင့် ကြည့်လျှင် ရစ်ကြည့်ပါ)
Credit To : www.goldchannelmovies.com
Review By:Kelvin Aung
Translate by: Kelvin Aung
Encoded By:Hein Min Htet
Quality Web DL
Size - 700MB


A Stranger in Paradise (2013) - မြန်မာစာတန်းထိုး


နယူးယောက်မြို့ ဘဏ်ရင်းနှီးမြှုပ်နှံမှုအလုပ်မှာ အလုပ်ကောင်းရထားတဲ့ ဂျော့ခ်ျဟာ သူ့ရဲ့သူဋ္ဌေး အထူးအစီအစဉ်အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ကလပ်ပိုင်ရှင် သူ့အစ်ကို ပေါလ်ဆီကို အလည်အပါတ်သွားဖြစ်ပါတယ်။ အဲ့ဒီကိုရောက်ပြီးမှပဲ ဘန်ကောက်ကသြဇာကြီးတဲ့ မာဖီးယားဂိုဏ်နဲ့ သူ့ရဲ့သူဋ္ဌေး၊ သူ့အစ်ကိုပေါလ်တို့ဖြစ်တဲ့ ပြသနာတခုမှာ သူကကြားညှပ်ဆိုတာကိုသိပေမယ့် နောက်ကျသွားပါပြီ၊ မာဖီးယားတွေရဲ့လက်က လွတ်အောင်ဘယ်လိုတွေလုပ်ဆောင်မလဲ၊ ရဲတွေနဲ့ဘယ်လိုရှင်းမလဲဆိုတာကိုတော့.....

Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Thriller
[FILE SIZE]:……………………….:[ 810 MB
[RESOLUTION]:………………….:[ 1280x720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 23mins
[iMDB RATING]:……………………..:[ 4.8/10


Pet (2016) မြန်မာစာတန်းထိုး




Sethဟာ တိရိစ္ဆာန်​​စောင့်​​ရှောက်​​ရေး​ဂေဟာက ၀န်​ထမ်းတစ်​​ယောက်​ဖြစ်​ပါတယ်
တစ်​ခု​သော​နေ့လည်​ခင်းမှာ​တော့ Sethက အမျိုးသမီးတစ်​​​ယောက်​ကို ဘတ်​စ်​ကားပေါ်မှာ​တွေ့ခဲ့ပါတယ်
အဲ့ဒီအမျိုးသမီး​က​တော့ Sethအထက်​တန်း​ကျောင်းတုန်းက တစ်​ဖက်​သတ်​ချစ်ခဲ့ရတဲ့ Hollyဆိုတဲ့မိန်းက​လေးဖြစ်​ပါတယ်
ခုအချိန်​မှာ စားပွဲထိုးမ​လေးဖြစ်​​နေတဲ့Hollyကို ချစ်​စကားကြိုက်​စကား​ပြောဖို့ အကြိမ်​​ပေါင်များစွာကြိုးစား​ပေမယ့်​ မ​အောင်​မြင်​ခဲ့ပါဘူး
ဒါ​ကြောင့်​ သူအလုပ်​လုပ်​တဲ့​ဂေဟာက ​လှောင်​အိမ်​ထဲမှာ Hollyကိုဖမ်းချုပ်​ထည့်​ထားဖို့ Sethက ဆုံးဖြတ်​ခဲ့ပါတယ်
Sethက ​လှောင်​အိမ်​ကို ​ဂေဟာရဲ့အလုံခြုံဆုံး​နေရာမှာ ထားထားပါတယ်
အထီးကျန်​သမားSethဟာ သူတစ်​ဖက်​သတ်​သ​​ဘောကျရတဲ့မိန်းက​လေးကို ဘာ​ကြောင့်​များ ​လှောင်​အိမ်​ထဲ ဖမ်းထည့်​ထားရတာပါလိမ့်
အတွင်းခံ​လောက်​သာဝတ်​ထားရတဲ့Hollyကို  ​လှောင်​အိမ်​ထဲထည့်​ထားရခြင်းဟာ သူမကိုကယ်​တင်​ဖို့အတွက်​ပါလို့ ဘာ​ကြောင့်​​ပြောရတာပါလိမ့်​ဆိုတာ....
ဇာတ်​လမ်းထဲမှာ ဆက်​လက်​ရှုစားကြပါကုန်

Credit To : www.goldchannelmovies.com
Translate by: Yee Mon Khaing
Encode by: Hein Min Htet
Size 670MB
Quality - Web-DL


Julia’s Eyes (2010) - မြန်မာစာတန်းထိုး


မျက်စိကန်းနေတဲ့သူတစ်ယောက်က သူသေဖို့လမ်းစကိုသူကိုယ်တိုင်ရှာဖွေလို့ရတယ်ဆိုရင်ယုံရခက်ရမလားပါပဲ…

အဲဒီလိုစဉ်းစားရအောင်လည်းဒီကားမှာ မျက်စိကွယ်နေတဲ့”ဆာရာ”ဆိုတဲ့အမျိုးသမီးကသူ့ကိုယ်သူသတ်သေတဲ့ပုံစံမျိုးနဲ့ဇာတ်လမ်းကိုအစပျိုးထားပါတယ်….

တစ်ကယ်ရောသူကိုယ့်ကိုသတ်သေတာဟုတ်ရဲ့လား….စိတ်ဝင်စားစရာတစ်ခုကတော့ သူသေတဲ့အချိန်မှာ သူ့အိမ်တွင်းပတ်ဝန်းကျင်မှာ အမှောင်ရိပ်ကိုအသားယူပြီးပုန်းခိုနေတဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်…
ဒါဆို..ဒါဟာလူသတ်မှု့လား ကိုယ့်ကိုကိုယ်သတ်သေတာပဲလား…အဲဒီလိုမရိုးစင်းတဲ့မေးခွန်းတွေနဲ့အတူစဉ်းစားရကြပ်နေသူကတော့”ဆာရာ့”ရဲ့
အမွှာညီမ ဂျူလီယာပါပဲ…..ဂျူလီယာတစ်ယောက် သူ့အမရဲ့အမှုကိုရှာပုံတော်ဖွင့်ရပါတော့မယ်…ဒီမှာတစ်ခုပြောချင်တာက ဂျူလီယာဟာသူ့အမရဲ့ရောဂါမျိုးရှိနေပါတယ်…

မျက်စိအာရုံကြောနဲ့ပက်သတ်ပြီးတော့ပါ…ဒီတော့သူတစ်ခုသိလိုက်ရတာက မကြာခင်မျက်စိကွယ်တော့ဆိုတာပါပဲ…ဒီတော့ဂျူလီယာတစ်ယောက် ”ဒုက္ခဝေဆာတဲ့ပင်လယ်ကြီးကိုဖြတ်ကျော်နိုင်ပါ့မလား”…မျက်စိကန်းနေလျက်နဲ့ သူရည်ရွယ်ထားတဲ့သူအမရဲ့ကိစ္စကိုဆောင်ရွက်နိုင်ဦးမှာလား…

”ဟုတ်ပါတယ်..မေးခွန်းများစွာနဲ့စိတ်ဝင်စားဖို့ကောင်းနေပါတယ်”
ဒီကားရဲ့အဓိကအကြောင်းအရာကတော့ ”အနီးဆုံးရန်သူကိုမကြွေတာကောင်းပါတယ်”😜
အဲဒီအချက်လေးကတော့ ဇာတ်လမ်းပေါ်အတော်ကြီးသက်ရောက်မှုရှိထားတာမို့

ဒီလောက်နဲ့အညွန်းကိုတစ်ခန်းရပ်ခွင့်ပြုပါ..ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ John La Yaung ပဲဖြစ်ပါတယ်…

File size…(1.0GB,476.8MB)
Quality…Blu-Ray Rip 1080p
Format…mp4
Duration….01:57:15
Subtitle….Myanmar Subtitle (Hardsub)
Encoder….Moe Myint Lwin


Watch And Download Direct Link (476.8MB)

The Ghost Writer (2010) - မြန်မာစာတန်းထိုး

  
ဂျိမ်းစဘွန်းမင်းသားဟောင်း   ပါဝင်သရုပ်ဆောင်ထားတဲ့ IMDB 7.2 အထိရထားတဲ့ Ghost Writer ဆိုတဲ့ဇာတ်ကားကောင်းလေးတကားတင်ပေးလိုက်ပြီ။
Credit To : Flim2mm.com
[FORMAT]:………………………….:[ 1280p DVDRip MP4
[GENRE]:………………………… .:[ Mystery, Thriller
[FILE SIZE]:……………………….:[ HD- 900 MB , SD- 227 MB
[RESOLUTION]:………………………:[ 1280x720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 08min
[iMDB RATING]:……………………..:[ 7.2/10


Watch And Download Direct Link (900MB)



Watch And Download Direct Link (270MB) 

Vertical Limit (2000) - မြန်မာစာတန်းထိုး


User Review အနေနဲ့
“ရင်တထိတ်ထိတ်နဲ့ အလန်းစားစွန့်စားခန်းများ”
vote အများကြီးရထားတဲ့ ဇာတ်ကားလေး တင်ဆက်လိုက်ရပါတယ်။
သင်ဟာစွန့်စားခန်း ဇာတ်ကားကောင်းကောင်း နှစ်သက်မိရင် လုံးဝ လက်မလွှတ်သင့်တဲ့ဇာတ်ကားပါ။
ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ကိုပြောပါဆိုရင် ဧ၀ရက်ပါပဲ။
ဒုတိယ အမြင့်ဆုံးတောင်ကို ပြောပါဆိုရင် K2 ပါတဲ့ နောက်ပြီး အကြမ်းတမ်းဆုံးတောင်လဲဖြစ်ပါတယ်။
စီးပွါးရေး ကုမ္ပဏီတစ်ခုက လေယာဉ်ဖွင့်ပွဲကို စတန့်သဘောနဲ့ပြချင်နေပါတယ်
အဲဒါကတော့ K2 တောင်ထိပ်ပေါ်ကို ပျံဝဲ ပြမှာပါ တောင်တက်သမားတွေက
အချိန်မှီအရောက်တက်ပြီး လေယာဉ်ကို တောင်ထိပ်ပေါ်ကနေ လက်ပြ ရမဲ့စတန့်ပါ။
တောင်တက်သမားတွေက အရောက်သွားနိုင်ပါ့မလား? အားလုံးက ဘာမှ မှန်းဆလို့မရသလို
ယုံကြည်လို့လဲ မရနိုင်ပါဘူး။ သိပ်ပြီး အများကြီးညွှန်းဆိုမနေတော့ပါဘူး။
ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator Aye Min Oo ပဲ ဖြစ်ပြီး
အညွှန်းကိုလဲ သူကိုယ်တိုင် ရေးပေးထားပါတယ်

(သစ်ဆန်းခန့်)


Watch And Download Direct Link (850MB)


Watch And Download Direct Link (450MB)

The Magnificent Seven (2016) - မြန်မာစာတန်းထိုး


ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။ Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။ အကျီင်္လေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မြို့ငယ်လေးကို အင်အားသုံးပြီး နှင်ထုတ်မယ့် လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကို လူ ၇ ယောက်ထဲက မြို့ကလူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။ ၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ အရည်အချင်းတွေနဲ့ ထူးခြားမှုတွေကို ပေါင်းစပ်ပြသွားရင်း မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသက်စွန့်တိုက်ကြတဲ့ သူရဲကောင်းတွေအကြောင်း ပြထားတာပါ။ ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ ဘာသာပြန်သူတောင် ၂ ခါပြန်ကြည့်မိတယ် နဂို ကောင်းဘွိုင်အသေကြိုက်တဲ့အခံလည်းပါတာပေါ့ဗျာ။

Credit To : www.channelmyanmar.org

File Size       :   1.1 Gb / 700 Mb
Duration      :   02: 12: 49
Quality          :   Blurayrip
Format         :   MP4
Genre            :  Action,Thriller
Translator   :   Littleneo
Encoder        :   Littleneo

 

Watch And Download Pcloud (1.1GB)

 

Watch And Download Direct Link (1.1GB)

 

Watch And Download Pcloud (660MB)

 

Watch And Download Direct Link (660MB)

 

 

Sun Shine (2007) - မြန်မာစာတန်းထိုး


2007 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb 7.3 တောင်ရရှိခဲ့ပြီး
ဖလင်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Motion Picture ရယ် UK Film ရယ် ပထမဆုံး ပူးပေါင်း
ရိုက်ကူးထုပ်လုပ်လိုက်တဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်
၂၀၅၇ ရောက်ရင် ကမ္ဘာကြီးက အေးခဲပြီး နေမင်းကြီးဟာလည်း ပျောက်ကွယ်သွားမယ်လို့
သိပ္ပံပညာရှင်တွေက ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်
အဲ့ဒီ ကြိုတင်ခန့်မှန်းချက်တွေကိုလေ့လာဖို့အတွက် မာကျူရီ
ဂြိုလ်ပတ်လမ်းအတွင်းမှာ သွားရောက်လေ့လာဖို့အတွက် အိုက်ကာရပ်စ် အမှတ်၁
စူးစမ်းလေ့လာရေး ယာဉ် ကိုစေလွတ်ခဲ့ရာ အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့ပြီး
နော်က ၇နှစ်အကြာမှာ အိုက်ကာရပ်စ် ၂ ကိုစေလွှတ်ရာမှာ စွန်းစားမှုတွေ
ရှာဖွေတွေ့ရှိမှုတွေကို သဲထိပ်ရင်ဖို အသဲ ကျိန်းဖွယ်ရာရိုက်ကူးပြသထားတာပါ
ကဲ အားပေးလိုက်ကြပါအုံးဗျ



Act of Valor (2012) - မြန်မာစာတန်းထိုး



၂၀၁၂ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။
ဒါရိုက်တာ Mike McCoy နဲ့ Scott Waugh တို့က ရိုက်ကူးခဲ့ပါတယ်။ အမေရိကန်
Navy SEALs တပ်ဖွဲ့ကို နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ ထူးခြားချက်များစွာ
ရှိနေပါတယ်။
ပထမတစ်ချက်ကတော့ Navy SEALs တပ်ဖွဲ့ဝင်တွေ ရဲ့ လှုပ်ရှားမှုကို Navy SEALs
တပ်ဖွဲ့ဝင်တွေကို ကိုယ်တိုင် သရုပ်ဆောင် စေခဲ့တာပါ။ နောက်တစ်ချက်ကတော့ ရိုက်ကူးမှု
အများစုဟာ ဆက်တင်ဆင်ပြီး ရိုက်ကူးခဲ့တာမဟုတ်ဘဲ ပြင်ပမှာ အမှန်တကယ်လှုပ်ရှားနေတဲ့
စီမံချက်တွေထဲ ဝင်ရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ရုပ်ရှင်ကင်မရာ အသုံးပြုမှုအပိုင်းမှာလည်း ထူးခြားမှုရှိခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ
ပုံမှန်အသုံးပြုနေကျ ကင်မရာတွေကို မသုံးဘဲ Canon EOS 5D Mark II ကင်မရာတွေကို
အသုံးပြုခဲ့ပါတယ်။ ရိုက်ကူးရေးသမားတွေဟာ Navy SEALs တပ်ဖွဲ့ဝင်တွေနောက်ကို
Canon EOS 5D Mark II ကင်မရာတွေနဲ့ လိုက်ပါရိုက်ကူး ပြီး လှုပ်ရှားမှုမှန်သမျှကို ရယူခဲ့တာ
ဖြစ်ပါတယ်။
ဇာတ်ကားရိုက်ကူးမှုကို ၂၀ဝ၇ ခုနှစ်မှာ စခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှု စချိန်ကတည်းက
Navy SEALs တပ် ဖွဲ့ဝင်တွေနဲ့ အနီးကပ်ဆုံးနေထိုင်ပြီး ဖန်တီးမှုစခဲ့တာပါ။
နာမည်ကျော် သရုပ်ဆောင်တွေကို အသုံးမပြုခဲ့တဲ့ အပြင် ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့
Navy SEALs တပ်ဖွဲ့ဝင်တွေရဲ့ နာမည် ကို မှတ်တမ်းတင်ခြင်း မပြုခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ Navy SEALs တပ်ဖွဲ့ အတွက် တပ်သားသစ် စုဆောင်းရေးမှာ
အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိခဲ့ပါတယ်။
ဇာတ်ကားရဲ့ အဖွင့်ပိုင်းကို Navy SEALs တပ်ဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် Dave ရဲ့
နောက်ခံစကားပြောနဲ့ စခဲ့ပါတယ်။ သားဖြစ်သူရဲ့ သူငယ်ချင်းကို ပြန်ပြောဟန်နဲ့ ပြောနေခဲ့တာပါ။
မူးယစ်ဆေးဝါး အ ကြောင်း၊ စွမ်းရည်သတ္တိ၊ ဂုဏ်ပြုခံထိုက်ဖို့ အတွက် စည်းမျဉ်းစည်းကမ်းတွေ
အစရှိ တာတွေကို ပြောခဲ့ပါတယ်။
နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခုကိုတော့ ဖိလစ်ပိုင်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့
အမေရိကန်သံအမတ်၊ သူ့ရဲ့သား၊ နောက်ပြီး ဒါဇင်ချီတဲ့ကလေးတွေ အကြမ်းဖက်တိုက် ခိုက်ခံရတဲ့
ဇာတ်ဝင်ခန်းကို ပြခဲ့ပါတယ်။ ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်း ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပြီး
သေဆုံးကုန်တာပါ။ ဒီတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူကAbu Shabal ဆိုတဲ့ ချေချင်ညာ
အကြမ်းဖက် သမားတစ်ဦးဖြစ် ပီး ရုရှနိုင်ငံကို ထွက်ပြေးလွတ်မြောက်သွားသူ ဖြစ်ပါတယ်။
ဒီနောက်မှာတော့ အကြမ်းဖက်သမား၊ မူးယစ်ရာဇာစတဲ့ ဇာတ်ကောင်တွေပေါ်လာခဲ့ပြီး
သူတို့နောက် ကို CIA က နောက်ယောင်ခံခဲ့ပါတယ်။ စစ်ဆင်ရေး အပိုင်းကို
Navy SEALs တပ်ဖွဲ့ဝင်တွေက ဘယ်လို တာဝန်ယူခဲ့ကြတယ် ဆိုတာကို
ဒီဇာတ်ကားမှာ တွေ့ရမှာပါ။
ရုပ်ရှင်အညွှန်း - Now!NoteYet
Credit To : Flim2mm.com
IMDB 6.5 ရရှိပြီး 1h:50mins ကြာမြင့်ပါတယ်။  755.9 MB နဲ့ အောက်မှာ ဒေါင်းလုဒ်ယူနိုင်ပါပြီ။



1 - Nenokkadine (2014) - မြန်မာစာတန်းထိုး

အိန္ဒိယနိုင်ငံရဲ နာမည်ကျော်အဆိုတော် (Rock Star) တယောက်ဟာ ငယ်စဉ်ကတည်းက မိဘတွေအသက်ခံရတဲ့အတွက် စိတ်ဝေဒနာရှိနေပြီး မိဘများအတွက် လက်စားချေလိုစိတ်   ပြင်းပြနေသူဖြစ်ပါတယ်။ သူ့ရဲ့စိတ္တဇဆန်တဲ့ အပြုအမူတွေကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို အထူးခံနေရပါတယ်။ အဲ့ဒီအထဲမှာမှ သတင်းထောက်မလေးတယောက်က သူများထက်စိတ်ဝင်စားမှုပိုတဲ့အတွက် အဆိုတော်ရဲ့ အနီးဆုံးပတ်သတ်ရန်ကြိုးစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Rock Star အနေနဲ့ သူ့မိဘများအတွက် လက်စားချေနိုင်မလား၊ သတင်းထောက်မလေးကလည်း ဘယ်လိုကူညီနိုင်မှာလဲဆိုတာကိုတော့..................
Credit To : Flim2mm.com
IMDB 8.6 အထိတောင်ရထားတဲ့ အက်ရှင်ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ 2h:50 ရှည်လျားပြီ 755 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။


The Rock (1996) - မြန်မာစာတန်းထိုး


IMDb (7.4/10)…Rotten Tomatoes (66%)
မင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ခ်ျ တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက်  ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်….
ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်….
FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်….
ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်………….။
ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်….မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ခ်ျကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။
(Myo Min Aung မှခံစားတင်ထားပါတယ်။)

Credit To : www.channelmyanmar.org

File size…(1.1GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:16:29
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.1GB)

 

Watch And Download Direct Link (1.1GB)

 

Watch And Download Pcloud (470MB)

 

Watch And Download Direct Link (470MB)

Beta Test (2016) - မြန်မာစာတန်းထိုး


ကဲဒီတစ်ခါတော့ ၂၀၁၆ ခုနှစ်ထွက်ရှိထားတဲ့ IMDb rating 6.8 ထိ
ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်ဗျ
ဇာတ်ကားလေးက အက်ရှင်ကားကြိုက်တဲ့ သဲထိပ်ရင်ဖို ကားတွေကိုမှ
နှစ်သက်ကြတဲ့ ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ်ဆိုတာ
အာမခံပါတယ်  အရင် NErve ကိုကြည့်လို့ကြိုက်နှစ်သက်ခဲ့တယ်ဆို
ဒီဇာတ်ကားလေးကို လဲကြိုက်နှစ်သက်မယ်ဆိုတာ ပြောနေစရာမလိုတော့ပါဘူး
ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိမ်းချန်ပီယံတွေကိုဆို ဂိမ်းကုမ္ပဏီတွေက
သူတို့ရဲ့ဂိမ်းရဲက အမှားတွေ ပြစ်ချက်တွေကိုရှာဖို့ Beta version ကို
ပေးဆော့လေ့ရှိပါတယ် ပြီးမှ လုံးဝအဆင်ပြေပြီဆိုမှ Publication လုပ်ကြတာပါ
ဒီဇာတ်ကားလေးထဲမှာလဲ ဂိမ်းချန်ပီယံ မက်စ်ဟာ မကြာမီမှာဖြန့်ချီတော့မယ်
ဂိမ်းတစ်ခုကို အစမ်းဆော့ရာမှ မထင်မှတ်ပဲ ဂိမ်းဟာ အပြင်လောကမှာပါ ဂိမ်းထဲက
အတိုင်းလိုက်ပါဖြစ်ပျက်နေတာကိုတွေ့လိုက်ရတဲ့ အခါမှာတော့
ကဲ ဗျာ ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်လိုက်ပါတော့ ဗျို့
ဘာကြည့်နေတာလဲ မြန်မြန်သွားဒေါင်းတော့လေ 😛

Watch And Download Pcloud (750MB)

Watch And Download Direct Link (750MB) 

Credit To : www.channelmyanmar.org


Buried (2010) မြန်မာစာတမ်းထိုး



 Buried (2010) မြန်မာစာတမ်းထိုး

*************************************

မင်္ဂလာပါ၊ Ryan Reynolds ဒါမှမဟုတ် deadpool ရဲ့ fans တွေအတွက် Movie ခပ်မိုက်မိုက်လေးတစ်ခု တင်ပေးလိုက်ပါပြီခင်ဗျ။ ပြီးခဲ့တဲ့နှစ်က Oscar ဆွတ်ခူးသွားတဲ့ The Room (2015) လိုမျိုး.. ၊ 10 Cloverfield lane လို movie မျိုး.. ကြိုက်တတ်တယ်ဆိုရင် Buried က မလွဲမသွေ ကြည့်ရှုရမယ့်ဇါတ်ကားလို့ညွှန်းဆိုချင်ပါတယ်။

လူတွေရဲ့ အိပ်မက်တွေထဲမှာ ရံဖန်ရံခါ မက်တတ်တဲ့ အိပ်မက်ဆိုးတွေထဲက အဖြစ်မျိုး အပြင်လက်ရှိလောကမှာလဲ ဖြစ်နိုင်တယ် ဖြစ်တတ်တယ်ဆိုတာ..Director Rodrigo Cortés က ပုံဖေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

တကယ်လို့ ကျွန်တော်တို့တွေ ကိုယ်မသိဘဲ အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရတယ်ဆိုရင်. ဘယ်လောက်တောင် သွေးပျက်ခြောက်ခြားစရာကောင်းနေမလဲ... ကိုယ် သတိမေ့ရာက စိတ်ပြန်လည်လာတဲ့အချိန်မှာ.. ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထုနဲ့ ကိုယ်ပဲရှိမယ်. အသက်ရှုဖို့ လေနည်းနည်းပဲရှိနေမယ် ဆိုရင် ကျွန်တော်တို့ဘယ်ကနေစပြီး ဘယ်လို ဒီအခြေအနေကို တုံ့ပြန်မလဲ ဆိုတာ.. ဒီဇါတ်လမ်းလေးနဲ့ ယှဉ်ထိုးပြီး ဆုံးဖြတ်ကြည့်နိုင်ပါတယ်။

အီရတ်နိုင်ငံရောက် U.S ကားမောင်းသမား Paul ဟာ သူ့ရဲ့

ယာဉ်တန်းကို အီရတ်လက်နက်ကိုင်တစ်စုက အကြမ်းဖက်တာခံရပြီးတဲ့နောက်

သတိလစ်မေ့မျောသွားခဲ့ပါတယ်။ သူ ပြန်လည်သတိရလာချိန်မှာ

အီရတ်မြေအောက်က ခေါင်းတလားတစ်ခုထဲမှာ သူ့ကို မြှုပ်နှံခဲ့ကြပြီဆိုတာ...

သိရှီလိုက်ရတဲ့နောက်ပိုင်း.. အားကိုးစရာ ဖုန်းတစ်လုံး မီးခြစ်တစ်လုံးနဲ့ ကျွန်တော်တို့ဆိုရင် သွေးပျက် အသည်းငယ်နေမယ့်အချိန်မျိုးမှာ .. သူဘယ်လို ရင်ဆိုင်ရုန်းထွက်ပြမလဲ ဆိုတာ မျှော်လင့်ချက်မဲ့နေတဲ့ လူတစ်ယောက်အတွက် ဘယ်အရာက အရေးကြီးသလဲဆိုတာ ဇာတ်လမ်းကို ကြည့်ရှုရင်း ခြောက်ခြားစရာ သတိထားမိကြမှာပါ။

[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Credit To : www.goldchannelmovies.com

Review by: Gemini Sugar
Translate by: Chit Mee
Enocde by: Hein Min Htet
Quality 720P HD
Size 680MB




Pink (2016) မြန်မာစာတန်းထိုး

Imdb - 8.6/10

မင်္ဂလာပါ၊ 2016 ဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာပြီ ဖြစ်သလို ဆန်ကာတင်စာရင်းဝင်မယ့် ရုပ်ရှင်တွေကလဲ အပြိုင်အဆိုင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အဓိပ္ပါယ်ပြည့်ဝတဲ့ Movie တစ်ခု ဖြစ်တဲ့အတွက်ကြောင့်.
ရုပ်ရှင်တစ်ကားရဲ့ အနှစ်သာရကို ပိုမိုတန်ဖိုးထားကြည့်ရှုလိုသူများအတွက်တော့.. ကျေနပ်အားရစရာ ရှုစားကြရမှာဖြစ်ပါတယ်။

ရုပ်ရှင်ဇါတ်ကားတစ်ခုလုံးကို ခြုံငုံသုံးသပ်ရရင် Director ရဲ့ ဇါတ်ကားအပေါ်မှာ အာရုံစိုက်ကြိုးပမ်းမှု အတော်လေးကို ထင်သာမြင်သာ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကို မူလ ပင်မ ဇါတ်လမ်းကျောရိုးပေါ်ကနေ သွေဖည်ခြင်းမရှိစေရဘဲ.. မလိုအပ်တဲ့ ပြကွက် ရိုက်ချက်တွေ ထည့်သွင်းထားခြင်းမရှိတာကိုက ဒီ ရုပ်ရှင်ရဲ့ ထူးခြားချက်တစ်ခုလို့ ဆိုရမှာအမှန်ပါပဲ။ Pink မှာ မင်းသားကြီး Amitabh-Bachchan အနေနဲ့ သူ့ရဲ့ အနုပညာစွမ်းရည်ကို သမာသမတ်ကျတဲ့ ရှေ့နေတစ်ယောက်အသွင်နဲ့... အကောင်းဆုံးထုတ်ဖေါ်ပြသနိုင်ခဲ့ပါတယ်။ မျက်နှာအမူအရာ၊ စကားလုံး တိကျပြတ်သားမှုတွေနဲ့ .. မှတ်သားလောက်စရာ Diaogue အတော်များများကို ချက်ကျလက်ကျ ရွတ်ပြသွားနိုင်တာတွေကိုကြည့်ခြင်းအားဖြင့် bollywood ရဲ့ ငွေကြယ်ဖြူတစ်ပွင့် ဟာ ခုထိ အရောင်အဆင်းတောက်ပနေဆဲ လို့ သက်သေပြနေသယောင်ယောင်ပါပဲ။ ကျွန်တော်တို့ ခုလက်ရှိခေတ်အနေအထားနဲ့ လိုက်လျောညီထွေစွာပဲ ရေပေါ်ဆီလူ့အတန်းအစားအချို့ရဲ့ စရိုက်တွေ၊ မင်းစိုးရာဇာတွေနဲ့ ပလဲနံပသင့်အောင်ပေါင်းပြီးအခွင့်အရေးကို အမိအရဆုပ်ကိုင်တတ်သူတွေ နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ စိတ်နေသဘောထား စရိုက်လေးတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ခင်းကျင်းထားတဲ့ ဇါတ်ညွှန်းကြောင့်လဲ ရုပ်ရှင်ဟာ ပိုပိုပြီး ကြွတက်လာပါတယ်။ မှောင်မိုက်တဲ့ ညကာလ အချိန်မှာ.. အမျိုးသမီးငယ်သုံးယောက်ဟာ... ဆိုးသွမ်းလူငယ်တစ်စုရဲ့..  အနိုင်ကျင့်စော်ကားခြင်းကို ခံခဲ့ရတဲ့နောက်.... သူမတို့အတွက် တရားမျှတမှု ဥပဒေဟာ အခြေယိုင်နဲ့စရာတွေဖြစ်လာခဲ့ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတာကတော့  အဲဒီ ဆိုးသွမ်းလူငယ်တစ်စုဟာ . နှယ်နှယ်ရရ မဟုတ်ဘဲ သူတို့ရဲ့.. ကျောထောက်နောက်ခံမိဘများဟာ.. အာဏာပိုင်တွေကို ခါးပိုက်ထောင်ထဲထည့်ထားနိုင်တဲ့... အတန်းအစား တွေ ဖြစ်တဲ့အပြင် တရားခွင်မှာ... သူခိုးက လူပြန်ဟစ်သလို မတရားတင်းဆိုလာတဲ့အကြောင်းရင်းတွေကြောင့်ပါပဲ။ Deepak ဟာ.. အပြစ်မဲ့ အမျိုးသမီးငယ်လေး သုံးယောက်ရဲ့ မတရားမှုပပျောက်ဖို့ နဲ့ တရားမျှတဖို့အတွက်. အဆိုပါ အသိုင်းအ၀ိုင်းကို ဆန့်ကျင်ချေပကာကွယ်ပေးရမယ့်... ရှေ့နေတစ်ယောက်အဖြစ်နဲ့ တရားရုံးလေကထဲကို တကျော့ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ တရားခွင်မှာ အဖက်ဖက်က အားသာနေတဲ့ လူချမ်းသာတွေကို ထိပ်တိုက်ရင်ဆိုင်ရမယ့် Deepak အတွက် ဘယ်လို အချက်အလက်တွေ သက်သေသာဓက တွေ၊ လျှောက်လဲချက်တွေ ဖြစ်ပေါ်လာမလဲဆိုတာ... Pink ရဲ့ အမြင့်မားဆုံး ဇါတ်ရှိန်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဇါတ်ဝင်ခန်းတွေက.. ပရိသတ်ကြီးကို အဖြေဖေါ်ထုတ်ပြသသွားမှာဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေရဲ့ လုံခြုံရေး၊ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် တန်းတူအခွင့်အရေးတွေကို ပညာသားပါပါ ထည့်သွင်းထားတဲ့ ဒီ Movie ကို မှတ်မှတ်ရရ Internation Women day မှာ စတင် အခြေတည်ရိုက်ကူးခဲ့တယ်ဆိုတာကလဲ... ဒီဇါတ်ကားရဲ့ အမှတ်တရဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဆိုတာ အသိပေးပြောကြားရင်း... ပရိသတ်ကြီး ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။


Credit To : www.goldchannelmovies.com
Reviewed by: Sugar
Translated by: Chan Nyein Shein
Encoded by: Hein Min Htet
Rating: Imdb 8.4/10
Quality: Dvdrip 720p
Size: 976MB



Thani Oruvan (2015) - မြန်မာစာတန်းထိုး

အိန္ဒိယနိုင်ငံရဲ့ လဘ်ပေးလဘ်ယူကိစ္စမှာ အဆိုးဆုံးလို့နာမည်ကြီးသူကို တိုက်ခိုက်ဖို့စိတ်အားထက်သန်တဲ့ ရဲအရာရှိရဲ့ခက်ခဲတဲ့လှုပ်ရှားမှုတွေအကြောင်း ရိုက်ပြထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်။

IMDB 8.8 အထိတောင်ရထားတဲ့ဇာတ်ကားဆိုတဲ့အတွက်ကြောင့် ပရိသတ်အကြိုက်ဖြစ်မယ်ဆိုတာ သေချာပါတယ်။ 2h:40mins ကြာတဲ့ဇာတ်လမ်းဖြစ်ပြီး 1GB တဖိုင်ပဲတင်ပေးနိုင်ပါတယ်။




Credit To : Flim2mm.com

The Wave (2015) - မြန်မာစာတန်းထိုး


 ဒီဇတ် လမ်း လေးကကျွန် တော် နှစ် သက် မိတဲ့ဇတ် လမ်း လေးဖြစ် ပြီး
မိတ်ဆွေ တို့လည်းကြိုက် နှစ် သက် လိမ့် မယ် လို့ ပြောရင် မှားမယ် မထင် ပါဘူး…
ဘာလို့လဲဆိုရင် …. ဇတ် လမ်းအစမှာ… တောင်းတန်းရှု့ခင်း တွေရဲ့
အလှကိုအသား ပေးရိုက် ကူးထားပါတယ် ..ဒါက တော့..
သူတိုရုပ် ရှင် ပရိတ် ပေါ်ဆွဲ ဆောင် နည်းတစ် မျိုး ပေါ့ နော် ….
နောက် ပြီး.မုန် တိုင်းဝင် လာတဲ့အချိန် မှာ..
နောက် ခံတီလုံးမှု ကောင်းမှု..effect ကောင်း ကောင်း တွေ
နဲ့ရိုက် ချက် ပီပြင် တဲ့ဒီကားဟာ.. IMDB 6.7ထိရရှိထားပါတယ် ..
ဒီကားမှာအနှစ် သက် ဆုံးအခန်း လေးက တော့..မိသားစုအတွက် ..
အသက် ပေးပြီး..ကယ် တဲ့..ဖခင် တစ် ယောက် ရဲ့ မေတ္တာကို
ထင် ထင် ရှားရှားကြီးမြင် တွေ့ကြရဦးမှာဖြစ် ပါတယ်



Powered by Blogger.