Latest Movie :
Recent Movies
Showing posts with label Horror. Show all posts
Showing posts with label Horror. Show all posts

The Eyes Of My Mother(2016)မြန်မာစာတန်းထိုး


Imdb 7/10
မင်္ဂလာပါ ခုတစ်ခါကတော့Horror ဇာတ်လမ်းကြိုက်တယ့်သူတွေအတွက်ပါ ဒါရိုက်တာ Nicolas Pesce ရဲ့ထုံးစံအတိုင်း Black&White နဲ့ရယ် ကင်မရာအငြိမ်ရယ်နဲ့ရိုက်ထားတာပါ
"ဖရန်စစ်စကာ"ဆိုတဲ့ကလေးမလေးရဲ့မိခင်ကမျက်စိခွဲစိတ်ဆရာဝန်ပါ သူ့သမီးကိုလဲနွားမျက်လုံးတွေနဲ့ပြသခဲ့တယ် သူမငယ်ရွယ်စဉ်လေးမှာ မိခင်ဖြစ်သူရဲ့ရက်စက်စွာသေဆုံးခြင်းကိုကြုံတွေ့ခဲ့ရတယ် မိခင်သင်ကြားပေးခဲ့သလို အရွယ်နဲ့မလိုက်အောင် စိတ္တဇဆန်ဆန်တွေလုပ်ခဲ့တယ် ဖခင်ကလဲဆုံးပါးသွားခဲ့တယ့်နောက် တစ်ယောက်တည်းကျန်ခဲ့ရှာပြီး ရက်ရက်စက်စက်အပြုမှုတွေလုပ်တာကိုတော့ ဇာတ်ကားမှာပဲ ရင်တဖိုဖိုနှင့် ကြည့်ရှုခံစားကြည့်ပါနော်

Credit to : www.goldchannelmovies.com
Review & Translate by Wai Mar Kyaw
Encoded by Hein Min Htet
Webrip 550mb


Ghost Ship (2002) - မြန်မာစာတန်းထိုး




IMDb 5.5 ရထားတဲ့ Horror ရုပ်ရှင်ကားကောင်းတစ်ခု ဖြစ်ပါတယ်…
သမားရိုးကျ အိမ်အိုတစ်လုံးအတွင်း သရဲခြောက်တာတွေ သရဲပူးတာတွေ ကို ကြည့်ရတာ ရိုးလာတဲ့သူတွေအတွက်
ထိတ်လန့် ခြောက်ခြားတာကိုမှ ကြိုက်နှစ်သက်သူတွေ အတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ပါတယ်
ဇတ်လမ်းပုံစံကတော့ ပင်လယ်အတွင်း ပိုင်ရှင်မရှိသော သင်္ဘောတွေကို ဆယ်ယူပြီး ပြန်ရောင်းကာ ဝေစုခွဲယူကြတဲ့
ရှာဖွေရေး အဖွဲ့တစ်ခု ရှိပါတယ် ခေါင်းဆောင် မာဖီ က ဦးဆောင်ပြီး အတော်ဆုံး လူတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်..
တစ်ရက်မှာတော့ သူတို့ အဖွဲ့ ၆ လ အကြာ ပင်လယ်ပြင်တွင် အချိန်ကုန်ခံရှာဖွေခဲ့တဲ့ သင်္ဘောတစ်စီး အတွက် ဘား မှာ အောင်ပွဲခံ
သောက်နေကြတုန်း လူငယ်တစ်ယောက်က သူတို့ အဖွဲ့ကို ပျောက်ဆုံးနေသော မှော်ဆန်တဲ့ သင်္ဘောကြီး တစ်ခုအကြောင်း
သတင်းလာပေးပါတယ်.. ထို သင်္ဘေင်္ာကြီးမှာ ကမ္ဘာပေါ်တွင် ချမ်းသာကြွယ်ဝသော လူအချို့နှင့်ဝန်ထမ်း အားလုံးပေါင်း ၆၀၀ ကို တင်ဆောင်ပြီး
အကြောင်းကိစ္စ တစ်စုံတစ်ရာ မသိရပဲ သတင်းမကြားရပဲ ပျောက်ဆုံးသွားတဲ့ သင်္ဘောကြီး ဖြစ်နေပါတယ် နစ်မြုတ်သွားတယ်လို့လဲ မသိရ
အကျော်ကြားဆုံး ရှာဖွေရေး အဖွဲ့အစည်းတွေကတောင် ရှာမတွေ့ခဲ့တဲ့ သင်္ဘောကြီး အဖြစ် မှတ်တမ်း တင်ထား၍ ၄င်းတို့ အဖွဲ့လဲ လူငယ်ဖြစ်သူနှင့်
ရာခိုင်နှုန်း ခွဲဝေယူရန် ကတိပေးလိုက်ပြီး သင်္ဘောကြီးကို စတင်ရှာဖွေပါတော့တယ်….
ထို သင်္ဘောကြီးမှာ သူတို့ ထင်ထားခဲ့သလို ရိုးရှင်းလှသော အရာတစ်ခုမဟုတ်ပဲ ရက်စက်မှုတွေ လျို့ဝှတ်မှုတွေ
သစ္စာဖောက်မှုတွေ နဲ့ ကျိန်စာသင့်ပြီး မလွတ်မြောက်နိုင်သော ၀ိဥာဉ်များ ရဲ့ ခိုအောင်းရာ နေရာတစ်ခုဆိုတာကို မသိခဲ့သောအခါ…
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးသူကတော့ CM Translator တစ်ဦး ဖြစ်သူ Kaung Myat Thu ပဲ ဖြစ်ပါတယ်…
(Thit San Khant)


Watch And Download Direct Link (970MB)





Mindhunters (2004) - မြန်မာစာတန်းထိုး




IMDb 6.4/10 ထိ ရထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး
သည်းထိတ်ရင်ဖို လျို့ဝှတ်ချက်တွေ အပြည့် နဲ့ ဇတ်လမ်း မျိုးဖြစ်ပါတယ်…
18+ အခန်း တစ်ချို့ နှင့် သွေးထွက်သံယို အခန်းများ ပါဝင်၍ ကလေးသူငယ်များ
နှလုံးရောဂါ ရှိသူများ ကြောက်တက်သူများ ကြည့်ရှုရန် မသင့်တော်ပါ
FBI မှ သူတို့ ဆီမှ အတော်ဆုံး လူ တစ်ချို့ကို စုစည်းပြီး လေ့ကျင့်ခန်း ဆင်းပေးဖို့အတွက်
လူပုံတူ အရုပ်နှင့် အဆောက်အဦးများသာ ရှိသော မှုခင်း စမ်းသက်ကွင်း သဖွယ် ဖန်တီးထားသော
အိုနေဂါ ကျွန်းပေါ်သို့ ပို့ထားမှာ ဖြစ်ပါတယ်…
အသင်းအဖွဲ့ဖြင့် အလုပ်လုပ်တက်စေရန် မှုခင်း ဖော်ထုတ်မှု မြန်ဆန်စေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်ပါတယ်..
FBI အေးဂျင့် တွေ အနေနဲ့ ထို တန်းဆင်း လေ့ကျင့်မှု အောင်မြင်မှာသာ ပြန်ရမှာ ဖြစ်ပေမယ့်
ထို ကျွန်းက သူတို့အတွက် မပြန်လမ်း တစ်ခု အဖြေရှာမရသော ပုဒ်စာ တစ်ခု ဆိုတာ သိရှိလိုက်ရချိန်မှာတော့…
ဒီဇတ်ကားကို CM Translator ဖြစ်သူ Tariq L Walker မှ ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်..
(Thit San Khant)





Siren (2016)မြန်မာစာတန်းထိုး


Siren 2016 (မြန်မာစာတန်းထိုး)
Imdb 5.7/10
မင်္ဂလာပါ
အခုတစ်ခါမှာတော့18+ပါးပါးလေးပါမယ့်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ
ကားနာမည် Siren ဆိုတဲ့အတိုင်းဒီကားထဲမှာထူးဆန်းတဲ့သတ္တဝါတစ်မျိုးပါပါတယ် အဲဒီသတ္တဝါအကြောင်းintroလေးအရင်ပြောပြပါမယ်ရှင် Sirenဆိုတာတကယ့်လောကမှာဆိုရင်ပင်လယ်နက်ထဲမှာရှိတတ်တဲ့ရေသူမလိုမျိုးပါ သူမရဲ့သီချင်းသံဟာဆိုရင် သင်္ဘောကိုဆက်မသွားနိုင်အောင်ပြုနိုင်စွမ်းရှိတယ် ဒီဇာတ်လမ်းထဲမှာတော့ ကုန်းနေသတ္တဝါတစ်မျိုးအဖြစ်နဲ့ပဲhorror ဆန်ဆန်ရိုက်ကူးထားတာပါ
မင်းသားချောChase Williansonကဂျွန်နာအဖြစ်Hannah Fiermanကသတ္တဝါကြီးအဖြစ်သရုပ်ဆောင်ထားကြပါတယ်ဂျွန်နာရဲ့မင်္ဂလာဆောင်မတိုင်ခင်bachelor partyဆင်နွဲဖို့ခရီးထွက်လာကြတယ် ယောကျာ်းလေးတွေထုံးစံအရ ကောင်မလေးတွေရှိရာကိုသွားကြရင်း အဲဒီသတ္တဝါမလေးရှိရာရောက်သွားပြီးရင်တုန်စရာခြောက်ခြားစရာအခန်းတွေကိုတော့ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြည့်
ပါ
Credit To : www.goldchannelmovies.com
Review & Translate by Wai Mar Kyaw
Encoded by Hein Min Htet
Dvdrip 540p 590mb


Friday the 13th 2009 - မြန်မာစာတန်းထိုး


1980 ပြည့်နှစ်များကထွက်ရှိခဲ့တဲ့ Friday the 13th ဆိုတဲ့ horror flim series လေးကိုပြန်လည် အသက်သွင်း reboot လုပ်ထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
2009 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ရိုက်ကူးသူကတော့ horror ကားတွေကိုပြန်လည်အသက်သွင်းလေ့ ရှိတဲ့ Director Macus Nispel ပဲဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့ ညီမလေးကို လိုက်ရှာနေတဲ့ Clay နဲ့ တောတွင်းစခန်းချ အပန်းဖြေခရီးထွက်လာတဲ့ သူငယ်ချင်းတစ်သိုက်တို့ ဘယ်လိုထိတ်လန့်ဖွယ်ရာတွေကြုံတွေ့ရမလဲဆိုတာကတော့…
Clay အဖြစ်နဲ့ ကတော့ နာမည်ကြီးဇာတ်လမ်းတွဲ SUPERNATURAL မင်းသား Jared Padalecki( ဆမ်) ပါဝင်သရုပ်ဆောင်ထားပြီး Flash Series ထဲမှ ဆရာဝန်မလေးဖြစ်တဲ့
Caitlin Snow လည်းပါဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်….
IMDb rating 5.6 ရရှိကာ Box Office ဝင်ငွေ $91.4 million ရရှိထားတဲ့ Horror ကားကောင်းလေးပါ…ဒီကားကိုအညွှန်းနဲ့ခံစားဘာသာပြန်ထားပေးသူကတော့ Ko Jae ပဲဖြစ်ပါတယ်….
File size…(953 MB )
Quality…BluRay 720p
Format…mp4
Duration….01:45:30
Subtitle….Myanmar Subtitle (Hardsub)
Encoder….Moe Myint Lwin


My Ex 2009 - မြန်မာစာတန်းထိုး


ထိုင်းHorrorကားတွေကိုအကြိုက်တွေ့တယ်ဆိုတဲ့ပရိတ်သတ်တွေအတွက် ဇာတ်ကြောတစ်ခုလုံးကိုခပ်ကြွကြွလေးရိုက်ကူးထားတဲ့လူနေမှုဘဝမှာဖြစ်ပျက်တတ်တာလေးတွေကိုပုံဖော်ထားပါတယ်..
ကျွန်တော်ပြောတဲ့လူနေမှုဆိုတာကလူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးကိုဆိုလိုတာပါ…
”စကားတစ်ခွန်းနဲ့လူတစ်ယောက်ကိုသတ်လို့ရတယ်ဆိုတာဒီကားမှာပြထားတယ်”…
ခမ်းဟာ..သူရဲ့ရည်းစားနဲ့မှားပြီးတဲ့နောက်မှာကောင်မလေးကိုတာဝန်ယူချင်တဲ့စိတ်ကင်းမဲ့နေခဲ့ပါတယ်….
ဒါဟာသူ့အတွက်ရှေ့ပြေးနမိတ်ဂြိုလ်ဆိုးတွေဆိုသူသာသိခဲ့ပါလျှင်….
ခမ်းဟာနောက်ထပ်ကောင်မလေးတစ်ယောက်ကိုထပ်ထားချိန်မှာတော့ခမ်းရဲ့ ချစ်သူဟောင်းဟာ….သူ့ကိုယ်သူပဲသတ်သေမလား…သစ္စာမရှိတဲ့ကောင်အတွက်…
သူ့လက်စားချေနည်းတွေကိုဘယ်လိုအသုံးချတော့မယ်ဆိုတာတွေ့ရတော့မှာပါ..ဒီနေ့ခေတ်စကားနဲ့ဆိုရမယ်ဆိုရင်..
“ခြံခုန်နွားနဲ့စနိုက်ကြော်တို့.😜…ဘယ်လိုတွေများနှစ်ပါးသွားကြမလဲဆိုတာကို”…
ဖန်သားပြင်ပေါ်မှာခံစားလိုက်ကြပါ..
ဒီကားလေးကိုအညွှန်းနဲ့ခံစားဘာသာပြန်ပေးထားသူကတော့ John La Yaung ပဲဖြစ်ပါတယ်…

Credit To : www.channelmyanmar.org

File size…(778.6 MB , 347.8 MB )
Quality…DVD-Rip
Format…mp4
Duration….01:25:43
Subtitle….Myanmar Subtitle (Hardsub)
Encoder….Moe Myint Lwin

Watch And Download Pcloud (778.6 MB)

 

Watch And Download Direct Link (778.6 MB)

 

Watch And Download Pcloud (347.8 MB)

 

Watch And Download Direct Link (347.8 MB)

 


Lake Erie(2016)မြန်မာစာတန်းထိုး


ပရိတ်သတ်ကြီးထဲက horror ကားကို တစ်ယောက်ထဲကြည့်ရဲပါတယ်ဆိုတဲ့သူတွေအတွက် 2016 သည်းထိတ်ရင်ဖိုကားလေး တင်ဆက်ပေးချင်ပါတယ်
Lake Erie ဆိုတာကတော့ North America မှာရှိတဲ့ အကြီးဆုံးရေကန် ငါးခုထဲက လေးခုမြောက်ကန်ဖြစ်ပါတယ် အမျိုးသားရုတ်တရက် ဆုံးရှုံးလိုက်ရပြီး စိတ်ကောလူကော ပြန်ကျန်းမာလာဖို့ကြိုးစားနေတဲ့ မုဆိုးမတစ်ဦးဟာ Lake eerie မှာ ရှိတဲ့ အိမ်ဟောင်းတစ်ခုကိုပြောင်းရွှေ့လာပြီးနောက် အမှောင်ထုရဲ့ လျှို့ဝှက်ချက်တွေကို တွေ့ရှိလာပြီး Lake eerie မှာ သူတစ်ယောက်တည်းရှိနေတာမဟုတ်ဘူးဆိုတာ သိရှိသွားတဲ့အခါ သွေးပျက်ကြောက်လန့်စရာတွေကို ကြည့်ရှုရမယ့် horror/ thriller ကားလေးကိုတင်ဆက်လိုက်ရပါတယ်
တစ်ယောက်ထဲမကြည့်ရဲရင်လည်း လူစုပြီးကြည့်ကြပါလို့ ... ;) ။
Credit To : www.goldchannelmovies.com
Review by: ဆလတ်ရွက်
Translate by: War So
Encode by: Hein Min Htet
Size - 740 MB
Quality -WebRip


The Grudge 2 (2006) (မြန်မာစာတန်းထိုး)

The grudge 1အပြီး 2မှာဆိုရင်ဖြင့် ဇာတ်လမ်းပြန်ဆက်ရမယ်ဆိုရင် ပထမပိုင်း မီးလောင်သွားတဲ့အိမ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ Karen ကို ဆေးရုံမှာထိန်းသိမ်းထားတဲ့အခြေအနေ။အဲ့မှာ USA မှာကျန်နေတဲ့ သူ့အမေက သူ့ကိုပြန်ခေါ်ဖို့ သူ့အစ်မ Aubrey ကို Tokyo ကိုလွှတ်လိုက်တယ်...ကံဆိုးစွာနဲ့ပဲ အမဖြစ်သူနဲ့ပြန်တွေ့တဲ့အချိန်မှာပဲ သူ့ကို kayako သတ်လိုက်ပြီ..အဲ့နောက်မှာ Aubrey က သူ့ညီမဘာကြောင့်သေသွားခဲ့လဲဆိုတာ စုံစမ်းဖို့စတင်ခဲ့တော့တယ်..ထိုအချိန် အထက်တန်းကျောင်းက ကောင်မလေး ၃ယောက်ကလဲ အဲ့အိမ်ကြီးထဲခိုးဝင်ခဲ့ကြပြီး ကျောင်းသူလေးတယောက်ကို ဘီဒိုထဲဝင်ခိုင်းပြီး စနောက်ခဲ့ကြတယ်...တစ်ဖက်မှာလဲ Chicago မှာ Trish တို့မိသားစုက တိုက်ခန်းတစ်ခန်းကို ပြောင်းလာခဲ့တယ်...သူတို့ အိမ်နီးချင်းရဲ့အခန်းက ထူးဆန်းတဲ့အသံတွေကြားကြားနေရပြီး နောက်ဆုံး ဘယ်လိုဖြစ်မယ် Kaako ကလဲ ဘယ်လိုတွေကြောက်စရာကောင်းအောင်လိုက်ခြောက်လဲဆိုတာကို the grudge2လေးမှာ ဆက်လက်ရင်တထိတ်ထိတ်ခံစားလိုက်ပါဦးနော်
review & translate by Phoo Phoo
Encode by: Hein Min Htet
Quality 720P Br-Rip
Size 800MB

The Crone (2013) မြန်မာစာတန်းထိုး

The Crone (2013) မြန်မာစာတန်းထိုး
ပရိတ်သတ်ကြီး  ဒီနေ့ည မအိပ်ခင် စောင်ပုံထဲမှာ ကွေးပြီး သည်းထိတ်ရင်ဖို Horror လေးကြည့်ရှုခံစားဖို့အတွက် The Crone ဂျပန်သည်းထိတ်ရင်ဖိုကားလေး တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားဟာ IMDb rate 4 သာရရှိထားပေမယ့် ထိတ်လန့်စရာ horror ရသကိုတော့ အပြည့်အဝပေးနိုင်မယ့် ကားလေးဖြစ်ပါတယ်
ဇာတ်လမ်းကတော့ "Jersey Girls" ဆိုတဲ့ မိန်းကလေးသုံးဦးပါဝင်တဲ့ Idol group လေးဟာ သဘာဝလွန်ဖြစ်ရပ်တွေအကြောင်း ရိုက်ကူးဖို့ TV အစီအစဉ်တစ်ခုမှာ ဖိတ်ခေါ်ခံရတာကနေ အစပြုပါတယ် အစီအစဉ်ရိုက်ကူးရာ စွန့်ပစ်ထားတဲ့ လူအိုရုံကြီးတစ်ခုမှာ မိန်းကလေးတွေဟာ ဘယ်သူက သတ္တိအကောင်းဆုံးနဲ့ မှတ်တမ်းအတင်နိုင်ဆုံးသူဖြစ်မလည်းဆိုတာ ပြိုင်ဆိုင်ခဲ့ကြပါတယ် ဒါပေမယ့် သူတို့ကိုယ်တိုင် သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရချိန်မှာတော့ ဘယ်လိုသွေးပျက်စရာ အဖြစ်အပျက်တွေ တွေ့ရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ဖို့ တသ်ဆက်လိုက်ရပါတယ်။


Credit To : www.goldchannelmovies.com
Translate by-Chit Mee
Review by: ဆလတ်ရွက်
Encode by: Hein Min Htet
Quality -BR-Rip 720P
Size - 500MB








 

Knucklebones(2016) - မြန်မာစာတန်းထိုး


ကဲ အခုတခါ Ouija နဲ့ Jason ဇာတ်ကား၂ကားကို ပေါင်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတကားနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးက ပုံမှန်မြင်နေကြသမားရိုးကျ မဟုတ်ပဲ ဆန်းသစ်ရိုက်ကူးထားတာကိုတွေ့ရမှာပါ
ဇာတ်လမ်း အကျဉ်းလေးကတော့ ကောလိပ်ကျောင်းသူတစ်စု အပန်းဖြေသွာကြရင်း သရဲခေါ်ပဟေဠိဘုတ်ပြားကစားနည်းကို ကစားမိရာမှ မိမိတို့အသတ်ကို ယူဆောင်မယ့် သေမင်းတမန်နတ်ဆိုးကို ဖိတ်ခေါ်မိပြီး အသတ်ခံရပုံကို ရိုက်ကူးပြထားတာပဲ ဖြစ်ပြီး ပရိတ်သတ်ကြီး အနေနဲ့ ရင်တထိပ်ထိပ်နဲ့ကြည့်ရှူရမှာမို့ ဒေါင်းယူကြည့် လိုက်ပါအုံးဗျာ




Credit To : www.channelmyanmar.org









 

Daybreakers (2009) - မြန်မာစာတန်းထိုး


မင်းသား Ethan Hwake,ဝါရင့်မင်းသားကြီးWillam defoe,မင်းသမီး Claudia Karvanတို့ ပါဝင်တဲ့
science fiction horrorဇတ်ကားတစ်ကားဖြစ်ပါသည်
ကမ္ဘာပေါ်မှာရှိတဲ့လူတွေအကုန်နီးပါး vampireတွေဖြစ်သွားပြီး
ဆယ်နှစ်အကြာကာလမှာဇတ်အိမ်တည်ထားပါတယ်
Edward Daltonအဖြစ်သရုပ်ဆောင်ထားတဲ့Ethan Hawkeဟာ
vampireတယောက်ဖြစ်သလို ဓာတုဗေဒဓာတ်ခွဲဆရာဝန်တယောက်လဲဖြစ်ပါသည်
တနေ့မှာvampireတွေအတွက်အစာရေစာဖြစ်တဲ့လူ့  သွေးတွေကုန်သလောက်ဖြစ်
သွားတဲ့အခါမှာEdwardကိုအဲဒီကိစ္စကိုဖြေရှင်းဖို့တာဝန်ပေးခြင်းခံရပါတယ် အဖြေရှာရင်းနဲ့
တရက်အိမ်အပြနိမှာAudreyဆိုတဲ့လူသားကောင်မလေးတို့ အဖွဲ့ ကိုကယ်တင်ရင်းAudreyကနေတဆင့်
အရင်ကvampireတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့Elvisအကြောငိးကိုသိလိုက်ရတဲ့အခါမှာ
Edwardတစ်ယောက်ကမ္ဘာကြီးကိုပြန်လည်ပြောင်းလဲနိုင်မလားဆိုတာပရိတ်သတ်ကြီးရူစားရမှာဖြစ်ပါသည်
ဒီဇတ်ကားကိုMicheal Spierigနဲ့Peter Spierigတို့မှရိုက်ကူးထားပြီး
Budget $20millions မှာBox officeဝင်ငွေ $51.4millions
ပြန်လည်ရရှိထားတဲ့ဇတ်ကားကောင်းတစ်ကောင်းဖြစ်ပါသည်
ဒီဇတ်ကားကို Kaung Myat Thu မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
(သစ်ဆန်းခန့်)







 

Agoraphobia (2015) - မြန်မာစာတန်းထိုး

  
မထင်မှတ်ထားသောယအိမ်တွင်းထူးဆန်း သော အရာတစ်ခု 
သဘာဝလွန်ဖြစ်ရပ်လား ပုဏ္ဏက တိုက်မှူလား မသဲကွဲသော ဖြစ်ရပ်
ထိုထူးဆန်းမှူတွေကို ဘယ်လိုကျော်လွန်နိုင်မလဲ
ဇာတ်လမ်းအကျဉ်း – ဖလောရီဒါပြည်နယ်ရှိဖခင်၏ အိမ်သို့သွားလည်ရာမှ 
ထူးဆန်းသော ဖြစ်အပျက်များဆက်တိုက်ဖြစ်ပွားနေပြီး ထိုထူးဆန်းဖြစ်စဉ်များ
ရဲ့နောက်ကွယ်မှာ ထောင်ခြောက်တခုရှိနေတဲ့အခါမှာတော့

The Monster (2016) မြန်မာစာတန်းထိုး




မင်္ဂလာပါခင်ဗျာ၊ အဆက်မပြတ် ထွက်ရှိနေတဲ့ Movie တွေကြားမှာ ဘာကို ဦးစားပေး ကြည့်ရှုရမလဲလို့ စဉ်းစားရခက်နေမယ့် ပရိသတ်ကြီးအတွက် အမြဲလိုလို သင့်တော်မယ့် ကားကောင်းလေးတွေကို လက်မလွတ်ရအောင် ရွေးချယ်ပေးလျက်ရှိပါတယ်။ ခုတစ်ခေါက်မှာလဲ... 2016 October မှာ ထွက်ရှိလာတဲ့ Horror Movie တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။ Imdb ရဲ့ PG ( Parentel Guide) rating မှာ R အဆင့်သတ်မှတ်ထားတဲ့အတွက်..  စကားလုံးအသုံးအနှုံး နဲ့...  အချို့သော ပြကွက်များဟာ အနည်းငယ် ခက်ထန်ကြမ်းတမ်းနေမယ်ဆိုတာလေး.. ကြားဖြတ်ပြောချင်ပါတယ်။
Main Character နှစ်ယောက်တည်းနဲ့..  ကျစ်ကျစ်လစ်လစ် ရိုက်ကူးထားတဲ့ The Monster ဟာ.. အထိုက်အလျောက် သင့်တင့်ကောင်းမွန်တဲ့ Movie ဖြစ်တာက တစ်ကြောင်း၊ 2016မှာ ထွက်ရှိလာခဲ့တဲ့ Horror Movie တွေ အများစု ဇါတ်ကောင်တွေလို .. ဇါတ်လမ်းအသားပေးတာထက် ဇါတ်ရုပ်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်သွားနိုင်တဲ့ .. သရုပ်ဆောင်နှစ်ဦးရဲ့ အရည်အချင်းကို ချီျးကျူးလေးစားမိတာကတစ်ကြောင်းကြောင့် .. ခုတစ်ခေါက် Horror choice အဖြစ်.. The Monster ကို ရွေးချယ်ရခြင်းဖြစ်ပါတယ်။ အနောက်တိုင်းလူနေမှု စနစ်ရဲ့အောက်က..  အရက်စွဲနေတဲ့ မိခင်တစ်ယောက်နဲ့... အရွယ်ရောက် သမီးပျိုတို့ နှစ်ဦးကြားက struggle တွေနဲ့ အတူ... အထူးပြုလုပ်ချက်တွေ ထူးထူးကဲကဲ မသုံးပဲ brutal scene တွေကို ခြောက်ခြားစရာဖြစ်အောင် ရိုက်ကူးထားတဲ့ The Monster ဟာ... ဖြည်းဖြည်းချင်း ဇါတ်ရှိန်ဆွဲမြှင့်လာတဲ့အရသာကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဝါသနာအိုးတွေအတွက်.. နှစ်လိုဖွယ် Movie တစ်ခု ဖြစ်တဲ့အပြင်.  Director Bryan Bertino ရဲ့ ရိုက်ချက်တွေကလဲ အားရကျေနပ်စရာကောင်းအောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ The Strangers နဲ့  ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ . Bertino ဟာ.. 2014 မှာ Mocking Bird နဲ့ သူ့ ပရိသတ်တွေကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပေမယ့်... ခု The Monster မှာတော့... သူ့ရဲ့ အနုပညာ အယူအဆအသစ်တွေနဲ့ တစ်ကျော့ ပြန်ပြီး ဖမ်းစားနိုင်လိမ့်ဦးမယ်လို့ ယူဆရပါတယ်။ စိတ်လှုပ်ရှားစရာ သဘာဝကျကျ... scene တွေနဲ့...  ပြေပြစ်တဲ့ သရုပ်ဆောင်ကောင်းတွေ ပေါင်းစပ်ထားတဲ့ The Monster ဟာ.. ပရိသတ်ကြီးကြည့်ရှုထားသင့်တဲ့ .. Dramatic Horror film တစ်ခု ဖြစ်တဲ့အကြောင်းကို ညွှန်းဆိုချင်ပါတယ်ခင်ဗျာ။
[ရွှင်လန်းချမ်းမြေ့ကြပါစေ]
Reviewed by: Sugar
Translated by: Phoo Phoo
Encoded by: Hein Min Htet
Quality & Size: Webrip 720p 750MB
Credit To : www.goldchannelmovies.com








Ju-on: The Final Curse (2015) မြန်မာစာတန်းထိုး



မိတ်ဆွေ သင်သိပါသလား Ju-on ဇာတ်ကားတွေဟာ ဂျပန်ရုပ်ရှင်သမိုင်းမှာ ကြောက်စရာအကောင်းဆုံးဖြစ်ခဲ့တယ်ဆိုတာကို မိတ်ဆွေသင်သိပါသလား ဟောလိဝုဒ်ရဲ့ ကြောက်စရာကောင်းလှပါပြီဆိုတဲ့ သရဲကားတွေဟာ JU-ONကို ကျောရိုးယူပြီး ရိုက်ထားတယ်ဆိုတာကို ဒီဇာတ်ကားက Ju-onဇာတ်ကားတွေရဲ့ နောက်ဆုံးကားပါ ကလေးလေးကအစပြုခဲ့တဲ့ Ju-onကျိန်စာဟာ နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပါတယ် ဒီကားကတော့ Ju-onကျိန်စာရဲ့ အဆုံးသတ်လို့ပြောရမယ့်ကားပါ ကဲအညွှန်းတိုတိုပဲရေးပေးတော့မယ် ကြည့်မယ့်သူဖီးလ်းပျက်သွားမှာစိုးလို့ပါ အခြေခံပညာကျောင်းမှာ စာသင်နေရင်း ပျောက်ဆုံးသွားတဲ့ Yui Shonoကို သူရဲ့အမ Maiက လိုက်ရှာပါတယ် မကြာခင် Teriyakiအိမ်ထောင်စုက သူရဲ့ညီမ ဘာဖြစ်သွားခဲ့တယ်ဆိုတာ Maiကိုပြောပြလိုက်ပါတယ် အဲ့ဒါကြောင့် Maiက Ju-onရဲ့အမှောင်လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး အားလုံးအတွက် ကျိန်စာကို တခါထဲနဲ့ အဆုံးသတ်ဖို့ ကြိုးစားရမှာပါ
(review credit to www.khitmarket.com)
**Update From www.channelmyanmar.org
File size…(680 MB)
Quality…Bluray Rip
Format…mp4
Duration….01:30:30
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Thanhtike Zaw

Download Here (680 MB)

 

Download Small File Size (300 MB)
 
 
 
 
 

Program na winyan akat (2008) - မြန်မာစာတန်းထိုး



ဒီရုပ်ရှင် အညွှန်းလေး မပြောပြခင် ရုပ်ရှင်ကို ဘာသာပြန်ပေးတာကတော့ CM Team ရဲ့ ဘာသာပြန်သူ Wut Mhone ဖြစ်ပါတယ်
ဒီကားကို ဘာသာပြန်နေရင်း ကြောက်လာလို့ ရပ်ထားလိုက် အကြောက်ပြေရင် ဆက်လုပ်လိုက်နဲ့ ရက်ပေါင်းတော်တော်ကြာမှ ပြီးသွားပါတယ်
သရဲ ရုပ်ရှင်ဆိုရင် ဘာကိုမှ မကြောက်တက်တဲ့ ကျနော်တောင် ဘာမှမဟုတ်ပါဘူး ဆိုပြီး ကျတ်သီး ထလာလို့ ကြည့်နေရင်း ပိတ်လိုက်မိတဲ့အထိ
ဖြစ်ခဲ့ပါတယ်… 😀
ဒီရုပ်ရှင် ရဲ့ ပုံစံ ကတော့ ဖြစ်ရပ်မှန် လူသတ်မှု တစ်ခုကို အခြေခံ ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ ရုံတင်ပြသဖို့ ရုပ်ရှင်ရုံ တစ်ခုကိုရောက်ရှိလာပါတယ်
ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာမို့ အလွန်နာမည်ကြီးနေပါတယ် ခိုးကူးတွေကလဲ ဖလင်အခန်း က ၀န်ထမ်းဖြစ်တဲ့ ရှန်း ကို ပိုက်ဆံပေး ခိုင်းစေပါတယ်
ရှန်း ဟာ မကြာသေးခင်ကမှ လောင်းကစား များ ဆေးသုံးမှု များနဲ့ အကြွေးတင်နေသူ ဖြစ်တာကြောင့် ရုပ်ရှင်ကို ကင်မရာဖြင့် ညဘက်
ခိုးရိုက်ထားဖို့ သဘောတူလိုက်ပါတော့တယ်…
သို့ပေမယ့် တစ်ခြားဝန်ထမ်းတွေ မသိအောင် ဖလင်ခန်း ၀န်ထမ်း ရှန်း တစ်ယောက် ရုံထဲတွင် ရုပ်ရှင်ကားကို ခိုးရိုက်တဲ့အခါ
မမျှော်မှန်းထားတဲ့ အဖြစ်အပျက်တွေ ထိတ်လန့်ချောက်ချားဖွယ်များ စတင်ကြုံတွေ့ရပါတယ် သူ့အတွက်  ကံဆိုးမှုတွေကျရောက်တော့မယ်အချိန်ဆိုတာကို
သူကိုယ်တိုင် မသိခဲ့သော အခါ….
(ဆက်လက်ကြည့်ရှုပါရန်)
*** Update From www.channelmyanmar.org
File size – ( 600MB )
Quality – DVD Rip Xvid
Format – MP4
Subtitle – Myanmar Subtitle
Encoder – Thit San Khant


Train To Busan(2016) (မြန်မာစာတန်းထိုး)


ဒီဇာတ်ကားကို အတော်များများတော့ ကြားဖူးနေကြလောက်ပါပြီ။ အများကြီးတော့ ညွှန်းစရာမရှိပါဘူး။ ကိုရီးယားကားတွေထဲမှာတော့ ထိပ်တန်းအဆင့်ရှိတဲ့ ဇာတ်ကားတစ်ခုပါပဲ။ အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံ စိတ်ဓာတ်ပေါင်းစုံနဲ့ လူတွေ ကြောက်မက်ဖွယ် အန္တရာယ်တွေ ကြုံလာတဲ့အချိန်မှာ တစ်ဦးချင်းစီရဲ့ စရိုက်၊ စိတ်ထားတွေ အပြောင်းအလဲတွေနဲ့ သူတို့ရဲ့ ဘ၀တွေကို ကောင်းကောင်းကြီး ပြသသွားတာပါပဲ။ ကြောက်ရွံ့မှု ရဲရင့်မှု ပျော်ရွှင်မှု ကြေကွဲမှု တကိုယ်ကောင်းဆန်မှု စွန့်လွှတ်အနစ်နာခံမှုတွေကို တနေရာတည်းမှာ စုစည်းခံစားလိုက်ကြပါစို့။
**Update From www.channelmyanmar.org

File Size       :  900MB/ 500 Mb
Duration      :  1hr 58 min
Quality         :  Webrip 1080p
Translators  :  Moe Oo Mann, Moe Myint Lwin
Encoder       :  Thanhtike Zaw



Download Pcloud Link - 1 (894MB)

Download Pcloud Link - 2 (894MB)

Download Pcloud Link - 1 (450MB) small file

Download Pcloud Link - 2 (450MB) small file

Wrong Turn ( 1+2+3+4+5+6 ) မြန်မာစာတန်းထိုး Special Package


2003 ခုနှစ်ကနေစပြီး 6 ကားတိတိ ထွက်ရှိခဲ့တဲ့ Wrong Turn ဆိုတဲ့ ဇာတ်ကားဟာ Saw ဇာတ်ကားလိုမျိုးပဲအောင်မြင်မှုတွေရရှိခဲ့ပါတယ်..သည်းထိတ်ရင်ဖိုကိုမှ ကြည့်ချင်နေတဲ့
သူတွေအတွက်တော့ ဒီ Wrong Turn ဇာတ်ကား 6 ကားစလုံးဟာ ဒီအရသာကိုပြည့်ပြည့်၀၀
ပေးစွမ်းနိုင်စွမ်းရှိပါလိမ့်မယ်..ဒါပေမယ့် ကလေးသူငယ်များ နဲ့ နှလုံးရောဂါအခံရှိသူများ
ကြည့်ရှုဖို့တော့အဆင်မပြေနိုင်ပါ ….။
အခုတင်ပေးထားတဲ့ဒီခြောက်ကားစလုံးအတွက် ဒေါင်းရတာ
အဆင်ပြေအောင် ဖိုင်ဆိုဒ်အကြီး ( အကြည် ) ရော ဖိုင်ဆိုင်အသေးပါ တခါတည်းတွဲတင်ပေးထားပြီး ဒေါင်းလုပ်လင့်နှစ်နေရာက ဒေါင်းနိုင်အောင် တင်ပေးထားပါတယ်..အဆင်ပြေမယ်လို့မျှော်လင့်မိကြောင်းပါ့
အညွှန်းကိုရေးရမယ်ဆိုရင် တစ်ကားကိုတစ်ခု ရေးရမယ်ဖြစ်ပြီး Post အရမ်းရှည်သွားမှာ
ဖြစ်လို့ ကိုယ်တိုင်ပဲ စိတ်လှုပ်လှုပ်ရှားရှားနဲ့ ခံစားကြည့်ရှုကြပါ 😉
( ဒီဇာတ်ကားအတွက်စာတန်းထိုးဖိုင်ကို ကသာသားလေးမှ ပြုလုပ်ပြီး
ကို ကျော်စွာဝင်းမှ Encoding ပြုလုပ်ပါသည် )
*** Update From www.channelmyanmar.org

       Download Link - 1                                                     Download Link - 2

*Download Wrong Turn - 1 Pcloud(903MB)         *Download Wrong Turn - 1 Pcloud(903MB)

*Download Wrong Turn - 1 Pcloud(270MB)         *Download Wrong Turn - 1 Pcloud(270MB)
 -----------------------------------------------------------------------------------------------------------------
*Download Wrong Turn - 2 Pcloud(904MB)         *Download Wrong Turn - 2 Pcloud(904MB)

*Download Wrong Turn - 2 Pcloud(311MB)         *Download Wrong Turn - 2 Pcloud(311MB)
------------------------------------------------------------------------------------------------------------------
*Download Wrong Turn - 3 Pcloud(904MB)         *Download Wrong Turn - 3 Pcloud(904MB)

*Download Wrong Turn - 3 Pcloud(379MB)         *Download Wrong Turn - 3 Pcloud(379MB)
------------------------------------------------------------------------------------------------------------------
*Download Wrong Turn - 4 Pcloud(904MB)         *Download Wrong Turn - 4 Pcloud(904MB)

*Download Wrong Turn - 4 Pcloud(299MB)         *Download Wrong Turn - 4 Pcloud(299MB)
------------------------------------------------------------------------------------------------------------------
*Download Wrong Turn - 5 Pcloud(904MB)         *Download Wrong Turn -5 Pcloud(904MB)

*Download Wrong Turn - 5 Pcloud(368MB)         *Download Wrong Turn - 5 Pcloud(368MB)
------------------------------------------------------------------------------------------------------------------
*Download Wrong Turn - 6 Pcloud(902MB)         *Download Wrong Turn - 6 Pcloud(902MB)

*Download Wrong Turn - 6 Pcloud(290MB)         *Download Wrong Turn - 6 Pcloud(290MB)

Dark Shadows (2012) မြန်မာစာတန်းထိုး


ဒရက်ဂူလာ ဟာသကားလေးပါ…
မင်းသား Johnny Depp ပါဝင်သရုပ်ဆောင်ထားပါတယ်။
၁၉၆၆ ခုနှစ်က တင်ဆက်ပြသသော opera ကို ဇတ်လမ်းအဖြစ် ပြန်လည်ကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။
၁၇၆၀ ခုနှစ်မှာ Collins Family ဟာ လီဗာပူးကနေ အမေရိကန်ကိုပြောင်းရွေ့လာရာက ဇတ်လမ်းစထားတာပါ။
၁၄ နှစ်လောက်ကြာတဲ့အခါ မင်းသား Barnabas ဟာ အိမ်ဖော်အမျိုးသမီးဖြစ်သူ Angelique နဲ့အချစ်ဇတ်လမ်းဖြစ်ပွားခဲ့ပါတယ်။ ငယ်စဉ်တည်းက မင်းသားကိုပြုစားထားတဲ့ စုန်းမဖြစ်ပါတယ်။
အဲ Angelique ဟာ မင်းသားရဲ့ မိဘတွေကိုလဲခတ်ပစ်ပီး မင်းသားကိုလဲ မသေနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ဘ၀ကို ပြောင်းခဲ့ပါတယ်….အခေါင်း တစ်ခုတွင်းမှာထည့်သွင်းကာ စီရင်ခဲ့ပါတယ်။
နောက် ၁၉၆ နှစ်အကြာ ၁၉၇၂ ခုနှစ်မှာတော့.. အလုပ်သမားတစ်ယောက်က မမျှော်လင့်ပဲ Barnabas ရဲ့ အခေါင်းကိုဖွင့်ပီး လွတ်စေခဲ့သောအခါ…….
နောက် Victoria ဆိုတဲ့ကောင်မလေး….
မင်းသားနဲ့ဘယ်လိုပက်သက်မှာလဲ နောက်ဆုံး ကျိန်စာတွေပြယ်တဲ့အခါ …..
ဗစ်တိုးရီးယားကတော့ ပြတင်းပေါက်ကနေ ခုန်ချလိုက်ပီးသားဖြစ်နေခဲ့တယ်… သူ့အသက်ကိုမင်းသားက ဘယ်လိုကယ်မလဲ။
ဇတ်လမ်းနားထောင်ရတာ ..စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာထင်ရပေမဲ့ တကယ်လဲကြည့်ရော ရယ်နေရပါတယ် …
ရယ်စရာ သရဲ (သွေးစုပ်ဖုတ်ကောင် ) ဇတ်ကားလေးဆိုတော့ အပျင်းပြေစေမှာပါ။
ကြည့်လိုက်ရအောင်….။
(ရုပ်ရှင်အညွှန်းကို swannyeelover.blogspot မှကူးယူဖော်ပြပါသည်။)

*** Update From www.channelmyanmar.org

File size…(900MB)
Quality…BR-Rip 720p
Format…mp4
Duration….01:53:05
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD

Download and Watch 360p Small File Size (400MB)

Silent Hill (2006) မြန်မာစာတန်းထိုး


IMDb rating 6.6 ရထားတဲ့ Horror ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ရောင်းအကောင်းဆုံးစာရင်းဝင်ခဲ့တဲ့ ဗီဒီယိုဂိမ်းကို အသက်သွင်းထားတာပါ။ ထူးခြားတာက အခြားသရဲကားတွေလို ပုံပျက်ပန်းပျက် ဗျူးဗြဲ မလုပ်ပါဘူး Character တွေကလဲ ထူးခြားနေပါတယ် Horror ဆိုတာထက် မှော် ပိုဆန်ပါတယ် ရှာရွန်လေးတစ်ယောက် အိပ်ပျော်ရင်းလမ်းထလျှောက်တဲ့ ဝေဒနာခံစားနေရပြီး Silent Hill ဆိုပြီးတစ်ချိန်လုံးအော်နေပါတယ်။ ဒါကိုမခံစားနိုင်တော့တဲ့အဆုံး အမေဖြစ်သူရို့စ် ကသူ့သမီးကို ဝေဒနာသက်သာလိုသက်သာငြား Silent Hill ကိုခေါ်သွားပါတော့တယ်။ Silent Hill ဆိုတာကြီးက မကောင်းမှု့တွေကြောင့်ရော မြေအောက်မီးကြောင့်ရော အပိတ်ခံထားရတဲ့ မြို့ဖြစ်နေပါတယ်။ရှာရွန်တို့ Silent Hill ကိုဘယ်လိုရောက်သွားကြမှာလဲ ရောက်ပြီးရင်ရောဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတာ ကြည့်ရှု့အားပေးကြပါလို့…. (ရှာရွန်ကမွေးစားသမီးဖြစ်ပါတယ် မွေးစားသမီးဖြစ်ပေမဲ့ သူမအပေါ်ထားတဲ့ ရို့စ်ရဲ့ မိခင်မေတ္တာ အတိမ်အနက်ကို ပရိတ်သတ်ကြီး မျက်ဝါးထင်ထင်တွေ့ရမှာပါ – ဤကားစကားချပ်။)

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org

Cabin Fever(2016) မြန်မာစာတန်းထိုး


ဒီတစ်ခါတော့ စွန်းကြမ်းတဲ့ Horror/Thrill တကားနက် မိတ်ဆက်ပေးမယ်
ကြမ်းလား မကြမ်းလားကတော့ ပိုစတာကြည့်သိမှာပါ 😛
ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်ဘင် ဆိုတဲ့ နေရာကို သူငယ်ချင်း ၅ယောက်
သွားလည်ရာမှ မပြန်လမ်းကို မြန်းသွားပုံကို ရိုက်ကူးပြထားပြီး
Horro တို့ရဲ့ ထုံးစံ အတိုင်း Rating တော့ အတော်နည်းတာကိုတွေ့ရတယ်ဗျ
ပုရိသအကြိုက်ကား မျိုးမို့ ကြောက်တာရယ် ဟွာရယ် ဆိုတဲ့ ရသ ၂မျိုးကို
တပြိုင်နက် ခံစားရမှမို့ သိပ်လန်းမယ်ဆိုတာ တော့ ပြောစရာမလိုတော့ဘူးထင်ပါတယ်
သူတို့က ၅ယောက်စုသွားတယ်
ကွီးတို့က ၁၈ယောက် စုကြည့်ကြပေါ့ 😛

Download & Watch On Pcloud

 

*** Update From www.channelmyanmar.org

Powered by Blogger.