Latest Movie :
Recent Movies
Showing posts with label Bollywood. Show all posts
Showing posts with label Bollywood. Show all posts

Madras Cafe (2013) မြန်မာစာတန်းထိုး



IMDb Rating (7.8/10) Rotten Tomatoes (74%) ထိရရှိထားတဲ့ Action, Drama, History အမျိုးအစား
Bollywood ဇာတ်ကားဖြစ်ပါတယ်။
မင်းသားကြီး John Abraham ရဲ့ပရိတ်သတ်တွေအကြိုက်တွေ့ဦးမယ့် Agent ဇာတ်ကားမျိုးပါ။
Credit To : channelmyanmar.org
File size…(1GB) 
Quality…Blu-ray Rip 720p
Format…mp4
Duration….02:10:05
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung 


Udta Punjab (2016) - မြန်မာစာတန်းထိုး


အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်နယ်မှာ ကြွယ်ဝချမ်းသာကြသော်လည်း အဲ့ဒီနယ်ကလူငယ်တွေဟာ မူးယစ်ဆေးဝါးပြသနာတွေနဲ့ လုံးလည်ချာလည် လိုက်နေကြတဲ့ လူငယ်တွေအများအပြားရှိနေတာကို ဘယ်လိုဖြေရှင်းကြလဲဆိုတာကို ရိုက်ကူးပြသထားတဲ့ Rating မြင့်တဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။
Credit To : Flim2mm.com
IMDB 8.0 ထိရရှိနေပြီး ပြသချိန် 2h:28mins ကြာမြင့်ပါတယ်။ 1GB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ကြပါပြီ။


M.S.Dhoni:The Untold Story (2016)မြန်မာစာတန်းထိုး


M.S. Dhoni : The Untold Story

ဒီကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ခရစ်ကက်ကစားသမား မဟီဒရာဆင်းဒွန်နီရဲ့ ဘဝဇာတ်ကြောင်းကို ခရေစေ့တွင်းကျကျ ရိုက်ပြထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒွန်နီဟာ အိန္ဒိယခရစ်ကက်လက်ရွေးစင်အသင်းကို ဆယ်စုနှစ်မျာစွာ ဝေးကွာနေတဲ့ ICC Cricket World Cup ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး လက်ရှိအိန္ဒိယအသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။

လောကကြီးက ဆန်းကြယ်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာ ပုံသေကားချပ်တစ်ခုလို ရေးဆွဲထားပြီးဖြစ်ပေမဲ့ ဘယ်အချိန် ဘာဖြစ်မလဲဆိုတာကို ကြိုသိခွင့်မပေးပါဘူး။ ဒါကြောင့်လည်း ဘောလုံးအားကစားကိုသာ ဝါသနာပါတဲ့ ဒွန်နီဟာ ဆရာကောင်းတစ်ဦးရဲ့ စောင်မမှုကြောင့်သာ သူ တကယ်ပါရမီရှိတဲ့ တကယ်အောင်မြင်မယ့် ခရစ်ကက်အားကစားနည်းနဲ့ ထိတွေ့ခွင့်ရခဲ့ပြီး အိန္ဒိယရဲ့ ခရစ်ကက်အကျော်အမော်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ Neeraj Pandey က ဇာတ်ကားကို ICC Cricket World Cup ဗိုလ်လုပွဲမှာ အိန္ဒိယအသင်းနဲ့ သီရိလင်္ကာအသင်းတို့ ယှဉ်ပြိုင်နေပုံနဲ့ စဖွင့်ထားပါတယ်။ အိန္ဒိယအသင်းဟာ သီရိလင်္ကာအသင်းရဲ့ ကစားပုံအောက်မှာ အရေးမလှဖြစ်နေပြီး အမှတ်တွေ ဆုံးရှုံးခဲ့ရပြီးနောက်မှာတော့ နားနေခန်းထဲကနေ ပွဲကိုစောင့်ကြည့်နေတဲ့ ဒွန်နီက ကိုယ်တိုင်ဝင်ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နည်းပြနဲ့တိုင်ပင်ပြီး ကွင်းထဲကို ဝင်လာခဲ့တဲ့ အချိန်မှာတော့ အိန္ဒိယအသင်းရဲ့ ပရိသတ်တွေဟာ ဒွန်နီရဲ့နာမည်ကို အားကိုးတကြီး ဟစ်ကြွေးနေကြပါတယ်။ အဲဒီနောက်မှာတော့ ဒွန်နီ မွေးဖွားခဲ့တဲ့ (၁၉၈၁)ခုနှစ်ဆီ ပြန်ရောက်သွားမှာဖြစ်ပြီး ဒွန်နီရဲ့ ငယ်ဘဝဖြတ်သန်းပုံတွေ၊ ဘဝရဲ့ဒုက္ခအခက်အခဲတွေကို စိတ်ဓာတ်မကျဘဲ ရင်ဆိုင်ကျော်ဖြတ်ပုံတွေ၊ အချစ်ရေးမှာ ခံစားခဲ့ရပုံတွေအပြင် အောင်မြင်မှုကို ဘယ်လိုရယူခဲ့သလဲဆိုတာတွေကို စွန့်စားခန်းဝတ္ထုတစ်ပုဒ် ဖတ်နေရသလိုမျိုး  ရင်​ဖိုလှိုက်​​မောစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

IMDb Rating 8.1 ရရှိထားပြီး အကဲဖြတ်တွေရဲ့ ချီးကျူးမှုတွေတသီကြီး ရရှိထားတဲ့ ဒီကားဟာ ရုပ်ရှင်ပရိသတ်တစ်ယောက်အနေနဲ့  ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူ့တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ပျင်းရိငြီးငွေ့ဖွယ်မဖြစ်အောင် ပုံဖော်ထားတဲ့ ရုပ်ရှင်အတတ်ပညာကိုလည်း တွေ့ရှိရမှာဖြစ်ပြီး ခရစ်ကက်အားကစားနည်းရဲ့ အနုပညာကိုပါ ခံစားခွင့်ရပါလိမ့်မယ်။o

Credit To : www.goldchannelmovies.com
Review & Translate by Phyoe Ko Ko
Encoded by Hein Min Htet
HD 720p





Krrish 3 (2013) - မြန်မာစာတန်းထိုး


IMDb (5.4/10)….Rotten Tomatoes(83%)
အိန္ဒိယ သိပ္ပံနဲ့ စွန့်စား မှု တွေပါ ၀င်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်တဲ့ Krrish 3 ဟာ အောက်တိုဘာ ၃၁ ရက်နေ့က
ထွက်ရှိခဲ့ပါ ပြီ။ အနောက်တိုင်း animated ရုပ်ရှင်ကား တွေကို ယှဉ်နိုင်တဲ့ Bollywood ရုပ်ရှင် တွေရဲ့ အဆင့်အတန်းကို ဖော်ပြ
နိုင်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်ပါ တယ်။ အရင် ဇာတ်ကားတွေ ဖြစ်တဲ့ Koi….Mil Gaya (2003) အဓိပ္ပါယ် ကတော့
I…found someone နဲ့ သူ့ရဲ့ နောက်ဆက် တွဲ Krrish (2006) တို့ဟာလည်း အောင်မြင်ခဲ့ တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ ပထမ
ဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့
ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ
ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့
ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ
ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး
မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပါတယ်။ Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း
ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ
အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား
ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို
အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း
တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့
ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး
တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။ အခု Krrish 3 မှာတော့
Rohit နဲ့ Krrishna တို့သားအဖဟာ မွန်ဘိုင်းမြို့မှာ သူတို့ရဲ့ အစွမ်းအစတွေနဲ့ ကမ္ဘာကြီးကို အကြိုးပြုနေကြပါတယ်။ Rohit က သေသူ
ကိုအသက်ပြန်သွင်းနိုင်တဲ့ စက်ကြီးတစ်လုံးတည်ဆောက်နေပြီး Krrishna ကတော့ Priya နဲ့ လက်ထပ်ပြီး Krrish တစ်ဖြစ်လဲ အနေနဲ့
ဒုက္ခရောက်နေသူ တွေကို ကူညီလျှက်ရှိပါတယ်။ သူတို့ရင်ဆိုင်ရ မယ့် စူပါဗီလိန်ကတော့ Dr.Kaal ဖြစ်ပါတယ် ။ အာဖရိက ဘက်မှာ
ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ် က မွန်ဘိုင်းကိုပြန့်နှံ့လာနေပြီး ဖြေဆေးကို Rohit က အချိန်မီရှာရမှာပါ။ ပြီးတော့ Dr.Kaal ရဲ့ လူတစ်ပိုင်း တိရိစ္ဆာန်
တစ်ပိုင်း Maanvars လို့ခေါ်တဲ့ Mutant တွေက မွန်ဘိုင်းမြို့ကြီးရဲ့ ကယ်တင်ရှင် Krrish ကို တိုက်ခိုက်ပုံတွေ ကို အသည်းတယားယားနဲ့
ကြည့် ကြရမှာပါ။ သေသပ်လှတဲ့ Animation effect တွေနဲ့ Hrithik Roshan, Vivek Oberoi, Priyanka Chopra, Kangna Ranaut တို့
ဦဆောင်ထားပြီး ဒါရိုက်တာ Rakesh Roshan ရဲ့ လက်ရာကားကောင်းတစ်ကားပါ။ Hrithik က Rohit ရော Krrishna အဖြစ်ပါ သရုပ်ဆောင်
ထားပါတယ်။ Priyanka Chopra ကတော့ Priya အဖြစ်သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1.1GB)
Quality…BR-Rip 720p
Format…mp4
Duration….02:32:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.1GB)


Watch And Download Direct Link (1.1GB)


Watch And Download Pcloud (540MB)


Watch And Download Direct Link (540MB)

Krrish (2006) - မြန်မာစာတန်းထိုး



IMDb (6.3/10)….Rotten Tomatoes(100%)
မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကား Koi….Mil Gaya (2003) ရဲ့အဆက်ဇာတ်ကားဖြစ်ပါတယ်။
Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း
ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ
အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား
ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို
အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း
တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့
ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး
တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။
ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။
(ဘာသာပြန်ထားသူကတော့ Aye Nyein Thu Hein ဖြစ်ပါတယ်။)

Credit To : www.channelmyanmar.org

File size…(1.3GB)
Quality…BR-Rip 720p
Format…mp4
Duration….03:05:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.3GB)

 

Watch And Download Direct Link (1.3GB)

 

Watch And Download Pcloud (660MB)

 

Watch And Download Direct Link (660MB)

Koi… Mil Gaya (2003) - မြန်မာစာတန်းထိုး




IMDb (7.1/10)….Rotten Tomatoes(75%)
မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။
Koi….Mil Gaya (2003)
အဓိပ္ပါယ် ကတော့ I…found someone ဖြစ်ပါတယ်။ဒီဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့
ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ
ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့
ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ
ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး
မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပေမယ့် လူစွမ်းကောင်း Krrish မွေးဖွားဖို့ ဒီဇာတ်ကားပအစပြုထားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လဲ အတော်ကောင်းမွန်ပြီး Rating မြင့် ဘောလိဝုဒ်ဇာတ်ကားပါ။
(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1.2GB)
Quality…DVD-Rip 720p
Format…mp4
Duration….02:59:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.2GB)

 

Watch And Download Direct Link (1.2GB)

 

Watch And Download Pcloud (680MB)


Watch And Download Direct Link (680MB)

Guppy (2016)မြန်မာစာတန်းထိုး

မင်္ဂလာပါ ပရိတ်သတ်ကြီး bollywood fanတွေရော Tamil fanတွေအတွက်ပါ တမူးထူးခြားတဲ့ ဇာတ်အိမ်လေးနဲအကြမ်းကြီးမဟုတ်ပေမယ် ကားကအအေးကြီးလည်းမဟုတ်ပါဘူး။သူဟာသူ ကားအစကနေအဆုံးထိ ဆွဲခေါ်သွားစေမယ် ဇာတ်အိမ်ကောင်းတဲ့ကားတခုလို့တော့ဆိုနိင်ပါတယ်။ ၂၀၁၆ခုနှစ် သြဂုတ်လမှာ ထွက်ရှိထားတဲ့ Guppy ဆိုတဲ့ အိန္ဒိယ  ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ၊ Chethanlal  နဲ့  Tovino Thomas တို့အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်၊ ဒီဇာတ်ကား  ထဲမှာတော့ Chethanlal ဟာ ငါးရောင်းတဲ့ေ ကာင်လေး Guppy   နေရာကနေ သရုပ်ဆောင် ထားပြီး အောက်ပိုင်းသေနေတဲ့သူ့အမေအတွက် ဝှီးချဲးလေးဝယ်ပေးချင်တဲ့ဆန္ဒပြင်းပြနေပါတယ်၊
Guppyဆိုတဲ့ဒီဇာတ်ကားလေးကတော့ ဇာတ်ကားရဲ့မင်းသားနာမည်လေးကိုယူထားတာဖြစ်ပါတယ်။ Drama ဇာတ်ကားလေးတစ်ကားလဲဖြစ်သလို မပျင်းရအောင် Comedyအခန်းလေးတွေလဲထည့်ထားပါတယ်။ Guppyဆိုတဲ့အိမ်မွေးငါးငယ်လေးတွေကိုမွေးမြူရောင်းချရင်း Guppy ဆိုပြီးတော့အမည်တွင်ခဲ့ရသူပါ။ ဖခင်ဖြစ်သူဆုံးပြီးကတည်းက ကိုယ်တိုင်ငွေရှာဖွေ ကျန်းမာရေးမကောင်းတဲ့မိခင်ကိုစောင့်ရှောက်ပြီး ဘဝကိုရုန်းကန်နေရသူတစ်ယောက်ပါ။ သူတို့နေတဲ့မြို့ကိုတံတားဆောက်ဖို့အင်ဂျင်နီယာတွေရောက်လာတဲ့အခါ အင်ဂျင်နီယာခေါင်းဆောင်နဲ့ ဘယ်လိုပဋိပက္ခတွေဖြစ်ကြလဲ။
အင်ဂျင်နီယာခေါင်းဆောင်နဲ့Guppyရဲ့ကြားကပြဿနာတွေက ဘယ်လိုတွေစဖြစ်လို့ ဒီလိုကြီးမားလာသလဲ၊ အမှန်တရားကကောဘာလဲ။ Guppyတစ်ယောက်ဘဝကို ဘယ်လိုကြိုးစားရုန်းကန်လဲ။
Guppyငါးလေးတွေကိုသူဘယ်လောက်ချစ်သလဲ။  ဇာတ်ကားလေးမှာဆက်လက်ရှုစားကြပါ။

Credit To : www.goldchannelmovies.com
Review and Translate Lwin Moe Thwin
Encoded by Hein Min Htet
Hd 720p 1g/500mb




Fan (2016) - မြန်မာစာတန်းထိုး


**မကြည့်ရသေးသူများ ကြည့်နိုင်ရန်ပြန်တင်ပေးလိုက်ပါတယ်**
umbai မြို့မှာနေထိုင်တဲ့ Gaurav ဆိုတာ အရမ်းအောင်မြင်နေတဲ့ ရုပ်ရှင်မင်းသားကြီး Aryan Khanna ကို အသဲအမဲ အရူးအမူးကြိုက်တဲ့ fanboy လေးတစ်ယောက်ပေါ့။ သူ့ အခန်းမှာဆိုလည်း Aryan Khanna ရဲ့ပုံတွေအပြည့်။ သူ အားပေးတာကြမ်းချက်က အဖေ၊ အမေ ရော သူငယ်ချင်းတွေပါမနေရ။ ဒါတင်မက Gaurav ရဲ့ရုပ်ရည်ကလည်း Aryan Khanna နဲ့တော်တော်ကိုတူတာ။ အဲ့တော့ Aryan Khanna ရဲ့ ဇာတ်ကားတွေ၊ သရုပ်ဆောင်ပုံတွေ dialogue တွေကိုမလွတ်တမ်းကြည့် သူကို့သူလည်း Aryan Khanna Junior လို့ခေါ်ရလောက်အောင်ကိုရူးတာ။ သူတို့ ရပ်ကွက်မှာလုပ်တဲ့ ရုပ်ရှင်ပြိုင်ပွဲတွေမှာလည်း Aryan Khanna ပုံစံနဲ့ ဝင်ဝင်ပြိုင်ပြီး တူလွန်းလို့ ပထမဆု တွေအမြဲစွတ်ခူးနေတဲ့သူပေါ့။ အဲ့တာနဲ့ Aryan Khanna ရဲ့မွေးနေ့အမှီ သူ ပထမ ရတဲ့ဆုလေးကို သွားပြမယ်။ အကြိုက်ဆုံးမင်းသားနဲ့သွားတွေ့မယ်ဆိုပြီး ကြံပါလေရော။ Gaurav တစ်ယောက် မင်းသားကြီး Aryan Khanna နဲ့တွေ့တဲ့အခါမှာတော့ သူမျှော်လင့်ထားတာတွေနဲ့ တစ်ခြားစီဖြစ်ခဲ့ရပြီး နာမည်ကြီးမင်းသားကြီးနဲ့ သူရဲ့ အရူးအမူး ပရိတ်သတ်တစ်ဦးတို့ ဘယ်လိုဆက်နှစ်ပါးသွားမလဲဆိုတာကို Bollywood ကား Fan မှာခံစားရမှာပါ။

ဒီဇာတ်လမ်းမှာတော့ အားလုံးသိကျတဲ့အတိုင်းပဲ အိန္ဒိယမင်းသားကြီး Shah Rukh Khan က မင်းသားကြီး Aryan Khanna နေရာရော Gaurav နေရာကပါ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ Aryan Khanna ဆိုတဲ့ ဇာတ်ကောင်ဟာ တစ်ကယ့် ဘဝထဲက Shah Rukh Khan ကိုပဲပြန်သရုပ်ဆောင်တာဖြစ်မယ်ထင်ပါတယ်။ Khan ရဲ့ Khanna ကိုသရုပ်ဖော်ထားတာက တစ်ကယ်အရမ်းကောင်းပါတယ်။ ပိုပြီး ချီးကျူးဖို့ကောင်းတာက Khan ရဲ့ Gaurav ကိုသရုပ်ဖော်ထားပုံပါပဲ။ နှစ်ကိုယ်ခွဲသရုပ်ဆောင်ရတယ်ဆိုပေမယ့် သရုပ်ဆောင်နှစ်ယောက်ကို သုံးထားတဲ့ အတိုင်းပါပဲ။ စကားပြောပုံ၊ အမူအရာ၊ အကြည့်တွေ အားလုံးအားလုံးကို ပြောင်းလဲပြီး တော်တော်ကြီး ကြိုးစားထားတာတွေ့ရမှာပါ။ တစ်ကယ်လည်း အရမ်းအောင်မြင်ပါတယ်။ ဒီကားမှာ နောက်ထက်ချီးကျူးရမှာက Gaurav ရဲ့ makeup နဲ့ effect ပါပဲ။ မင်းသားကြီး Khan ကို နှစ် ၂၀ လောက်ပြန်ငယ်သွားအောင် လုပ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ Khan ရဲ့ acting နဲ့ makeup ပေါင်းစပ်လိုက်တဲ့အခါမှ ပြီးပြည့်စုံတဲ့ Gaurav ဖြစ်လာတာပါ။
Credit To : Flim2mm.com
ရုပ်ရှင်အညွှန်း -  ဓာတ်ရှင်

IMDB 7.8 ရထားတဲ့ ဇာတ်လမ်းဟာ ပြသချိန် 2h:22mins ရှိပါတယ်။ 634 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Sarbjit (2016) - မြန်မာစာတန်းထိုး

သတိ ယခု တင်ထားသော ဇာတ်ကားကြည့်ရင်း မျက်ရည်မကျပါစေနှင့်....

ဆာရာဂျစ် ဆိုသော အိန္ဒိယနယ်စပ်ရွာမှ သူတဦးဟာ အရက်မူးကာ ပါကစ္စတန် နယ်ထဲသိုဝင်ရောက်မိရာကနေ အဖမ်းခံရပါတယ်။ ကံဆိုးချင်တော့ သူ့ကို အကြမ်းဖက်သမားဟု စွပ်စွဲကာ ထောင်ထဲပို့လိုက်ကြပါတော့တယ်။
သူအဖမ်းခံရချိန်တွင် အဖေဖြစ်သူ၊ ဇနီး ၊ သမီးနှစ်ယောက် နှင့်အတူ သူ့ရဲ့ညီမ ဒယ်လာတို့ ကျန်ရစ်ခဲ့ပါတယ်။  သူ့အစ်ကိုကိုမှားယွင်းစွပ်စွဲကြောင်း သိနေတဲ့ဒယ်လာဟာ သူ့အစ်ကို လွတ်ဖို့အရေးကို ရေကုန်ရေခန်းကြိုးစားပါတော့တယ်။ သူ့ရဲ့ကြိုးစားမှုဟာ နိုင်ငံတော်အဆင့်ထိရောက်ခဲ့ပါတယ်။ မိသားစုနဲ့ အစ်ကိုတွေ့နိုင်အောင်လည်း ကြိုးစားခဲ့ပါတယ်။ စိတ်ဓါတ်ပြင်းတဲ့ အမျိုးသမီးတယောက်အနေနဲ့ သူ့အစ်ကိုကို လွတ်အောင်ဘယ်လိုများ စွမ်းဆောင်မှာလဲ အောင်မြင်မှာလား ဆိုတာကိုတော့...

ဖြစ်ရပ်မှန်ကို အခြေုပုပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်ပါ။  အိန္ဒိယ ပါကစ္စတန်နှစ်နိုင်ငံ ရဲ့ တင်းမာမှုအခြေအနေတွေကိုလည်း တွေ့မြင်ရမှာပါ။ ခါးသီးစရာကောင်းတဲ့ အမုန်းတွေကိုလည်း ဒီကားထဲမှာ တွေ့မြင်ရမှာပါ။ အမျိုးသမီးယောက်အနေနဲ့ ဘယ်လောက်ထိစွမ်းဆောင်နိုင်သလဲဆိုတာကိုလဲ တွေ့မြင်ရဦးမှာပါ။
 ပျော်ရွှင်စရာဇာတ်ကားတော့ မဟုတ်ပါဘူး။ အခန့်မသင့်ရင် မျက်ရည်တွေဘာတွေ ထွက်သွားနိုင်ပါတယ်။

DVD rip ဖြစ်ပြီး ဘာသာပြန်သူကတော့ linnthura1988@gmail.com ဖြစ်ပါတယ်။
Credit To : Flim2mm.com
IMDB 7.3 အထိရရှိထားပြီး 2h:11mins ကြာမြင့်ပါတယ်။ 842 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။


Fever (2016)မြန်မာစာတန်းထိုး



မင်္ဂလာပါ ပရိတ်သတ်ကြီး အခုမိတ်ဆက်ပေးမယ့်ကားလေးကတော့ Fever ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် Gauhar Khan နဲ့ Rajeev Khandelwal တို့ အဓိကပါဝင်သရုပ်ဆောင်ပါတယ်၊ ဆွစ်ဇာလန်နိုင်ငံမှာ သွားရောက်ရိုက်ကူထားတဲ့
 Bollywoodကားလေးဟာဆိုရင်ဖြင့် ရင်တထိတ်ထိတ်ဖြင့်ကြည့်ရမည့်ကားလေးပါ စာရေးဆရာတစ်ယောက်အနေနဲ့ ဝတ္ထုရေးရာမှာကုန်ကြမ်းကို တကယ့်ဘဝကရှာဖွေပြီးရေးပါတယ် မတော်တဆမှုတစ်ခုဖြစ်ပြီး ဦးခေါင်းထိသွားတဲ့အခါ သူ့ဘဝသူ စာအုပ်ထဲကဘဝနှင့် ထင်ယောင်ထင်ယောင်တွေဖြစ်သွားခဲ့တယ် သူ့ကိုသူဇာတ်လမ်းထဲက ဇာတ်ကောင်အဖြစ်ထင်နေပြီး စာအုပ်ထဲကလူသတ်မှုကိုသူကျူးလွန်ထားသလိုခံစားရလာတယ် ထိုအရာတွေရှင်းရှင်းလင်းလင်းသိရအောင် လိုက်စုံစမ်းရင်း ရင်တထိတ်ထိတ်ဇာတ်ဝင်ခန်းလေးတွေကို ဇာတ်ကားလေးမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်.။

Credit To : goldchannelmovies.com
Translate by: Wai Mar Kyaw
Quality -HD Rip
Size 900MB



Lagaan: Once Upon a Time in India (2001) - မြန်မာစာတန်းထိုး

Aamir Khan ဟာ 2001 ခုနှစ်မှာ Production Company တစ်ခုကိုတည်ထောင်ခဲ့ပြီး အဲ့ဒီ Company နာမည်ကတော့ Aamir Khan Production ပဲဖြစ်ပါတယ်။ သူ Company စထောင်ပြီးခြင်းပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ Lagaan ဆိုတဲ့ကားပဲဖြစ်ပါတယ်။ အဲ့ဒီကားမှာသူဟာခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ပါဝင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားဟာ India တစ်နိုင်ငံလုံးမှာ သိသိသာသာ နာမည်ကြီးကျော်ကြားခဲ့ပြီး ထင်ထားတာထက်ပိုမိုအောင်မြင်လာပြီး အကယ်ဒမီပေါင်း 74 ခုအထိရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းမှာ- မိုးခေါင်ရေရှားလို့ ဗြိတိသျှ အစိုးရကို ဆက်ကြေးမပေးနိုင်တော့တဲ့အခြေအနေကစပြီး ရွာတရွာမှ စိတ်ဓါတ်ပြင်းပြတဲ့လူငယ်လေးဦးဆောင်တဲ့ ခရစ်ကတ် အသင်းနဲ့ ဗြိတိသျှဘက်မှ ကပ္ပတိန် ဦးဆောင်တဲ့ ခရစ်ကတ်အသင်းတို့ လောင်းကြေးပွဲတပွဲဖြစ်ခဲ့ပါတယ်။ နိုင်လျှင် အခွန်ရှောင်ခွင့် သုံးနှစ်ခံစားရမှာဖြစ်ပြီး ရှုံးလျှင် သုံးဆ အခွန်ဆောင်ရမည်ဟု သတ်မှတ်ထားသောလောင်းကြေးမှာ ခရစ်ကက် လုံးဝမကစားတတ်သော ရွာသားများအတွက် ဘဝနှင့်ရင်းရသောပြိုင်ပွဲဖြစ်လာပေသည်။ သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟုခံယူထားသောလူငယ်လေးအတွက် သူ့ရွာကို ဘယ်လိုစည်းရုံးပြီး ဘယ်လိုလေ့ကျင့်မလဲ၊ အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ဘယ်လို ကျော်လွှားမလဲဆိုတာကိုတော့.....
Credit To : Flim2mm.com
IMDB 8.2 အထိရထားတဲ့ bollywood ဇာတ်ကားကောင်းဟာ 3h:44mins အထိကြာမြင့်တဲ့အတွက် ဇာတ်လမ်းတော်တော်ရှည်တယ်လို့ပြောလို့ရမှာပါ။ 1GB ဖြင့် ဒေါင်းလုပ်ယူနိုင်ကြပါပြီ

Angrej (2015) - မြန်မာစာတန်းထိုး


IMDb rating 8.6 ရရှိထားပြီး ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့
အချစ် နဲ့ ဘ၀ အခြေအနေ ဇာတ်ကြောင်းလွန်ဆွဲကြပုံကို
ရိုက်ပြထားပြီး လူငယ်လေးတယောက်က မိမိဘ၀အခြေအနေနဲ့
အချစ်ရေး ၂ခုကြားထဲမှာ ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာကို
ဒွိဟဖြစ်ပုံကို ပညာသားပါပါ ရိုက်ကူးပြသပေးထားပြီး
ယခုခေတ်လူငယ်တွေ အတုယူကြည့်ရှူသင့်တဲ့ ဇာတ်ကားလေး
တစ်ကားကိုတင်ဆက်ပေးခြင်ပါတယ်
ဇာတ်လမ်း လေးကတော့ ယခုခေတ် ပါကစ္စတန်ကောင်လေးတစ်ယောက်နဲ့
အစပြုထားပြီး သူ့ကောင်မလေးဟာ နိုင်ငံခြား လူနေမှုဘ၀ကို အထင်ကြီးသူတယောက်ပါ
တနေ့မှာ ကောင်မလေးက ကောင်လေးကို လက်ဆောင်ပစ္စည်းတစ်ခုဝယ်ပေးဖို့
ပူဆာရာမှ ကောင်လေးက သူ့အဖေရဲ့ စကူတာလေးကို ရောင်းလိုက်ပြီး ၀ယ်ပေးခဲ့ပါတယ်
ဒီလိုနဲ့ အဲ့ကောင်လေးဟာ အိန္ဒိယ ကောင်လေးတစ်ဖြစ်လဲ Angrej နဲ့
မိတ်ဆွေဖြစ်မိပြီး ပါတီပွဲတစ်ခုမှာခင်မင်ခဲ့ပါတယ် ဒီလိုနဲ့ Angrej နဲ့ ကောင်လေး
စကားပြောကြရင်း Angrej ကိုကောင်လေးက သူ့စကူတာပျောက်သွားတဲ့ အကြောင်း
ပြောပါတော့တယ် အဲ့မှာ Angrej က ကောင်လေးကို မင်းစကူတာက ပျောက်သွားတာ
မဟုတ်တဲ့ အကြောင်း ကောင်မလေးကို လက်ဆောင်ဝယ်ပေးလိုက်တာဖြစ်ကြောင်းပြောရင်း
Angrej က သူ့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြပါတော့တယ်
ကဲ ပရိတ်သတ်ကြီးေ၇ Angrej ရဲ့ အချစ်ဇာတ်လမ်းလေးက လွမ်းမောစရာကောင်းမလား
ပျော်ရွင်စရာတွေနဲ့ ပြည့်နက်နေမလားဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ
ဆက်လက် ရှူစားကြည့်လိုက်ပါတော့ ဗျာ



1 - Nenokkadine (2014) - မြန်မာစာတန်းထိုး

အိန္ဒိယနိုင်ငံရဲ နာမည်ကျော်အဆိုတော် (Rock Star) တယောက်ဟာ ငယ်စဉ်ကတည်းက မိဘတွေအသက်ခံရတဲ့အတွက် စိတ်ဝေဒနာရှိနေပြီး မိဘများအတွက် လက်စားချေလိုစိတ်   ပြင်းပြနေသူဖြစ်ပါတယ်။ သူ့ရဲ့စိတ္တဇဆန်တဲ့ အပြုအမူတွေကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို အထူးခံနေရပါတယ်။ အဲ့ဒီအထဲမှာမှ သတင်းထောက်မလေးတယောက်က သူများထက်စိတ်ဝင်စားမှုပိုတဲ့အတွက် အဆိုတော်ရဲ့ အနီးဆုံးပတ်သတ်ရန်ကြိုးစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Rock Star အနေနဲ့ သူ့မိဘများအတွက် လက်စားချေနိုင်မလား၊ သတင်းထောက်မလေးကလည်း ဘယ်လိုကူညီနိုင်မှာလဲဆိုတာကိုတော့..................
Credit To : Flim2mm.com
IMDB 8.6 အထိတောင်ရထားတဲ့ အက်ရှင်ဇာတ်လမ်းကောင်းဖြစ်ပါတယ်။ 2h:50 ရှည်လျားပြီ 755 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။


Pink (2016) မြန်မာစာတန်းထိုး

Imdb - 8.6/10

မင်္ဂလာပါ၊ 2016 ဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာပြီ ဖြစ်သလို ဆန်ကာတင်စာရင်းဝင်မယ့် ရုပ်ရှင်တွေကလဲ အပြိုင်အဆိုင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အဓိပ္ပါယ်ပြည့်ဝတဲ့ Movie တစ်ခု ဖြစ်တဲ့အတွက်ကြောင့်.
ရုပ်ရှင်တစ်ကားရဲ့ အနှစ်သာရကို ပိုမိုတန်ဖိုးထားကြည့်ရှုလိုသူများအတွက်တော့.. ကျေနပ်အားရစရာ ရှုစားကြရမှာဖြစ်ပါတယ်။

ရုပ်ရှင်ဇါတ်ကားတစ်ခုလုံးကို ခြုံငုံသုံးသပ်ရရင် Director ရဲ့ ဇါတ်ကားအပေါ်မှာ အာရုံစိုက်ကြိုးပမ်းမှု အတော်လေးကို ထင်သာမြင်သာ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကို မူလ ပင်မ ဇါတ်လမ်းကျောရိုးပေါ်ကနေ သွေဖည်ခြင်းမရှိစေရဘဲ.. မလိုအပ်တဲ့ ပြကွက် ရိုက်ချက်တွေ ထည့်သွင်းထားခြင်းမရှိတာကိုက ဒီ ရုပ်ရှင်ရဲ့ ထူးခြားချက်တစ်ခုလို့ ဆိုရမှာအမှန်ပါပဲ။ Pink မှာ မင်းသားကြီး Amitabh-Bachchan အနေနဲ့ သူ့ရဲ့ အနုပညာစွမ်းရည်ကို သမာသမတ်ကျတဲ့ ရှေ့နေတစ်ယောက်အသွင်နဲ့... အကောင်းဆုံးထုတ်ဖေါ်ပြသနိုင်ခဲ့ပါတယ်။ မျက်နှာအမူအရာ၊ စကားလုံး တိကျပြတ်သားမှုတွေနဲ့ .. မှတ်သားလောက်စရာ Diaogue အတော်များများကို ချက်ကျလက်ကျ ရွတ်ပြသွားနိုင်တာတွေကိုကြည့်ခြင်းအားဖြင့် bollywood ရဲ့ ငွေကြယ်ဖြူတစ်ပွင့် ဟာ ခုထိ အရောင်အဆင်းတောက်ပနေဆဲ လို့ သက်သေပြနေသယောင်ယောင်ပါပဲ။ ကျွန်တော်တို့ ခုလက်ရှိခေတ်အနေအထားနဲ့ လိုက်လျောညီထွေစွာပဲ ရေပေါ်ဆီလူ့အတန်းအစားအချို့ရဲ့ စရိုက်တွေ၊ မင်းစိုးရာဇာတွေနဲ့ ပလဲနံပသင့်အောင်ပေါင်းပြီးအခွင့်အရေးကို အမိအရဆုပ်ကိုင်တတ်သူတွေ နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ စိတ်နေသဘောထား စရိုက်လေးတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ခင်းကျင်းထားတဲ့ ဇါတ်ညွှန်းကြောင့်လဲ ရုပ်ရှင်ဟာ ပိုပိုပြီး ကြွတက်လာပါတယ်။ မှောင်မိုက်တဲ့ ညကာလ အချိန်မှာ.. အမျိုးသမီးငယ်သုံးယောက်ဟာ... ဆိုးသွမ်းလူငယ်တစ်စုရဲ့..  အနိုင်ကျင့်စော်ကားခြင်းကို ခံခဲ့ရတဲ့နောက်.... သူမတို့အတွက် တရားမျှတမှု ဥပဒေဟာ အခြေယိုင်နဲ့စရာတွေဖြစ်လာခဲ့ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတာကတော့  အဲဒီ ဆိုးသွမ်းလူငယ်တစ်စုဟာ . နှယ်နှယ်ရရ မဟုတ်ဘဲ သူတို့ရဲ့.. ကျောထောက်နောက်ခံမိဘများဟာ.. အာဏာပိုင်တွေကို ခါးပိုက်ထောင်ထဲထည့်ထားနိုင်တဲ့... အတန်းအစား တွေ ဖြစ်တဲ့အပြင် တရားခွင်မှာ... သူခိုးက လူပြန်ဟစ်သလို မတရားတင်းဆိုလာတဲ့အကြောင်းရင်းတွေကြောင့်ပါပဲ။ Deepak ဟာ.. အပြစ်မဲ့ အမျိုးသမီးငယ်လေး သုံးယောက်ရဲ့ မတရားမှုပပျောက်ဖို့ နဲ့ တရားမျှတဖို့အတွက်. အဆိုပါ အသိုင်းအ၀ိုင်းကို ဆန့်ကျင်ချေပကာကွယ်ပေးရမယ့်... ရှေ့နေတစ်ယောက်အဖြစ်နဲ့ တရားရုံးလေကထဲကို တကျော့ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ တရားခွင်မှာ အဖက်ဖက်က အားသာနေတဲ့ လူချမ်းသာတွေကို ထိပ်တိုက်ရင်ဆိုင်ရမယ့် Deepak အတွက် ဘယ်လို အချက်အလက်တွေ သက်သေသာဓက တွေ၊ လျှောက်လဲချက်တွေ ဖြစ်ပေါ်လာမလဲဆိုတာ... Pink ရဲ့ အမြင့်မားဆုံး ဇါတ်ရှိန်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဇါတ်ဝင်ခန်းတွေက.. ပရိသတ်ကြီးကို အဖြေဖေါ်ထုတ်ပြသသွားမှာဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေရဲ့ လုံခြုံရေး၊ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် တန်းတူအခွင့်အရေးတွေကို ပညာသားပါပါ ထည့်သွင်းထားတဲ့ ဒီ Movie ကို မှတ်မှတ်ရရ Internation Women day မှာ စတင် အခြေတည်ရိုက်ကူးခဲ့တယ်ဆိုတာကလဲ... ဒီဇါတ်ကားရဲ့ အမှတ်တရဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဆိုတာ အသိပေးပြောကြားရင်း... ပရိသတ်ကြီး ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။


Credit To : www.goldchannelmovies.com
Reviewed by: Sugar
Translated by: Chan Nyein Shein
Encoded by: Hein Min Htet
Rating: Imdb 8.4/10
Quality: Dvdrip 720p
Size: 976MB



Madaari (2016) - မြန်မာစာတန်းထိုး

2016 ရဲ့ IMDB rating များများရထားတဲ့ ဘောလီးဝုဒ်ဇာတ်ကားတကားတင်ပေးလိုက်ပါတယ်။ ဘောလီးဝုဒ် အကျော်အမော် အာဖန်ခမ်း ပါဝင် သရုပ်ဆောင်ထားသည့် Madaari ဇာတ်ကားသည် ဖြန့်ချိခဲ့ပြီး နောက် မကြာမီ အိန္ဒိယ ရူပီး ၅ ဒသမ ၇၅ ကုဋေ အထိ ရရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ ဇာတ်ကားသည် Box Office တွင်လည်း ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရသည်။ ယင်း ဇာတ်ကားသည် ဖခင်နှင့် သားဖြစ်သူတို့ အကြား ထားရှိသည့် သံယောဇဉ်ကို ညွှန်းဖွဲ့၍ ဒါရိုက်တာ နီရှီကန့်ကာမတ်က ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် မင်းသား အာဖန်ခမ်း အပြင် ဂျမ်မီရှာဂေးလ်၊ ဗီရှရှ်ဘန်ဆဲလ်၊ တူရှာဒဲလ်ဗီ၊ နီတီရှ်ပန်ဒီနှင့် အေရှာရာဇာ တို့က ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

IMDB 7.7 ရရှိနေဆဲ ၄င်းဇာတ်ကားသည် ပြသချိန် 2h:13mins ကြာမြင့်ပါတယ်။ 837 MB ဖြင့် အောက်ပါလိင့်ခ်တွင် ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Thani Oruvan (2015) - မြန်မာစာတန်းထိုး

အိန္ဒိယနိုင်ငံရဲ့ လဘ်ပေးလဘ်ယူကိစ္စမှာ အဆိုးဆုံးလို့နာမည်ကြီးသူကို တိုက်ခိုက်ဖို့စိတ်အားထက်သန်တဲ့ ရဲအရာရှိရဲ့ခက်ခဲတဲ့လှုပ်ရှားမှုတွေအကြောင်း ရိုက်ပြထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်။

IMDB 8.8 အထိတောင်ရထားတဲ့ဇာတ်ကားဆိုတဲ့အတွက်ကြောင့် ပရိသတ်အကြိုက်ဖြစ်မယ်ဆိုတာ သေချာပါတယ်။ 2h:40mins ကြာတဲ့ဇာတ်လမ်းဖြစ်ပြီး 1GB တဖိုင်ပဲတင်ပေးနိုင်ပါတယ်။




Credit To : Flim2mm.com

Jazbaa (2015) - မြန်မာစာတန်းထိုး


စနာရားဆိုတဲ့ ရှေ့နေမတယောက်ဟာ အပြစ်ရှိတဲ့သူတွေ ပြစ်မှုထင်ရှားရင်တောင်မှ ကွင်းလုံးကျွတ် အမှုကလွတ်နိုင်အောင် အမှုလိုက်နိုင်လို့ နာမည်ကြီးသူဖြစ်ပါတယ်။ တရက်မှာ သူမရဲ့သမီးပြန်ပေးဆွဲခံရပါတယ်။ ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းကတော့ လူသတ်၊မရိန်းမှုနဲ့ သေဒဏ်ချပြီးသားလူကို ရှေ့နေပြန်လိုက်ပြီး အမှုကလွတ်အောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ သမီးရဲ့ အသက်အန္တရာယ်ကတဖက်၊ လုံးဝအပြစ်ရှိကြောင်းထင်ရှားတဲ့ အမှုကို နိုင်အောင်လုပ်ပေးရမယ့် အခြေအနေကတဖက်နဲ့ လုံးဝဗျာများနေတဲ့အချိန်မှာ သူ့အတွက် အားကိုရာလူတယောက်ပေါ်လာပါတယ်။ သူကတော့ စနာရားရဲ့ ကျောင်းနေဖက်သူငယ်ချင်း ရဲအုပ် ရိုဟန်ဖြစ်ပြီး လက်ရှိ ရာထူးကအဖြုတ်ခံ အဖမ်းခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသူပါ။

သင့်ကို ဇာတ်လမ်းအဆုံးအထိ စွဲဆောင်သွားမယ့် ဇာတ်လမ်းမျိုးပါ။ ရိုဟန်ကဘယ်လိုကူညီမှာလဲ၊စနာရာ သူ့ရဲ့ သမီးလေးကို ကယ်နိုင်မှာလား၊ မုဒိန်းလူသတ်သမားကရော လွတ်မြောက်ခွင့်ရမှာလား ဆိုတာကိုတော့....







 
Credit To : Flim2mm.com

Mohenjo Daro (2016) - မြန်မာစာတန်းထိုး


BC 2016 ခုနှစ်မှာ Mohenjo Daro မြို့ထဲမှာ ဖြစ်ပွားခဲ့တဲ့ လယ်သမား၊ တံငါသည်တို့ရဲ့ တော်လှန်ရေးအကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ ဇာတ်လမ်းအသစ်ဖြစ်ပါတယ်။

လက်ပွားမင်းသားလို့လူသိများတဲ့ နာမည်ကြီးမင်းသား Hrithik Roshan ခေါင်းဆောင်ပါဝင်ထားတဲ့ အက်ရှင်ဇာတ်လမ်းဖြစ်ပါတယ်။Mohenjo Daro ရိုက်ကူးရေးအတွက် ဘက်ဂျက် Rs.100 cr မှာ တဝက်က မင်းသား Hrithik ကိုပေးခဲ့ရပြီး Bollywood ရုပ်ရှင်လောကရဲ့ အများဆုံးသရုပ်ဆောင်ကြေးရရှိသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်


Credit To : Flim2mm.com
IMDB 6.5 ရထားတဲ့ ဘောလီးဝုဒ်အက်ရှင်ဇာတ်ကားဟာ 2h:35mins ကြာမြင့်ပြီး 998 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



India Pakistan (2015) - မြန်မာစာတန်းထိုး


အိန္ဒိယ တာမီးရုပ်ရှင် အချစ်ဟာသတကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နေရာတခုတည်းမှာ ရုံးအတူတူဖွင့်မိတဲ့ မတည့်အတူနေ ရှေ့နေနှစ်ယောက်အကြောင်းပါ။ တဦးနဲ့ တဦး သံယောဇဉ်ရှိပေမယ့် အပြိုင်အဆိုင်စိတ်ဓါတ်တွေကြောင့် မနီးစပ်နိုင်ကြပါဘူး။ သူတို့နှစ်ဦး ပထမဦးဆုံး လက်ခံလိုက်တဲ့အမှုကတော့ ရွာတရွာက မြေကိစ္စ အငြင်းပွားမှုဖြစ်ပါတယ်။ ဒီလိုထိပ်တိုက်ရင်ဆိုင်နေကြရင်းနဲ့ တဖက်မှာလည်း လူသတ်ပြီး အကျင့်ပျက်ပြားနေတဲ့ ရဲမှူးတယောက်ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကိုရင်ဆိုင်ကြရတဲ့အခါ....


Credit To : Flim2mm.com
IMDB 5.7 ရထားတဲ့ တာမီးဇာတ်ကားဟာ 2h:37mins ကြာမြင့်ပါတယ်။ 850 MB နဲ့ ဒေါင်းလုပ်ယူနိုင်ပါပြီ။





Main Tera Hero (2014) - မြန်မာစာတန်းထိုး



မင်းသား Varun Dhawan နဲ့ မင်းသမီး Ileana D’Cruz , Nargis Fakhri  တို့အဓိကပါဝင်ထားပြီး မင်းသားကြီး Salman Khan တို့နဲ့လဲ အားဖြည့်ထားတဲ့ Action, Comedy, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။
ဇာတ်လမ်းကတော့…….
Sreenath Prasad (ခေါ်) Seenu ဟာ Ooty တစ်ဝိုက်မှာတော့
လူဆိုးလေးအဖြစ်နာမည်အကြီးဆုံးလူပေါ့။ သူဟာ ဘန်ဂလော
ကောလိပ်မှာ ပညာဆက်သင်ဖို့အတွက် Ooty ကောလိပ်ကနေ
ထွက်လာခဲ့တယ်။ ဒီရောက်တော့ Sunaina နဲ့ ချစ်သူဖြစ်သွားရော။
ဒါပေမယ့် Sunaina ဟာ ဒေသခံရဲအရာရှိဖြစ်သူ Angad
(တကယ်တော့ သူက ကြောက်စရာပိုကောင်းတဲ့ ဂိုဏ်းစတားကြီး)နဲ့
လက်ထပ်ရဖို့ စီစဉ်ထားပြီးသား။ Seenu မှာ Ayesha ဆိုတဲ့ အသွင်နဲ့
ချစ်သူနောက်တစ်ယောက်ရှိသေးပေမယ့် သူကိုယ်တိုင်တောင် သတိမထား
မိခဲ့ပါဘူး။ တစ်ခါက သူ့သူငယ်ချင်းတွေကို ကယ်လိုက်ကတည်းက
Ayesha ဟာ သူ့အတွက်ပြီးပြည့်စုံတဲ့ယောက်ျားတစ်ယောက်တွေ့ပြီ
ဆိုတာ ချက်ချင်းသိလိုက်တယ်။ Ayesha ရဲ့အဖေဟာ ဂိုဏ်းစတားကြီး
တစ်ယောက်ဖြစ်တော့ Seenu ကို သူ့သမီးနဲ့ အတင်းအကျပ်လက်ထပ်
စေဖို့အတွက် Suanaina ကို ပြန်ပေးဆွဲလိုက်တဲ့အခါ….။
(ရုပ်ရှင်အညွှန်းကို Yangon Life Myanmar’s FB Page မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:08:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Direct Link 720P HD (1GB)

 

Watch And Download Direct Link 360P (510MB) 

 

 

 

 

Powered by Blogger.