Latest Movie :
Recent Movies
Showing posts with label Romantic. Show all posts
Showing posts with label Romantic. Show all posts

Just The Way You Are (2015) မြန်မာစာတန်းထိုး



ကဲအမျိုးတို့ရေ …
ဒီတစ်ခါတော့ ပရိသတ်ရင်ထဲရောက်မယ့် တစ်ကားတင်ပေးလိုက်မယ်ဗျာ … ကျွန်တော်တောင် ဘာသာပြန်နေတာကို ရပ်ပြီး ဇာတ်လမ်းဆုံးအောင် ကြည့်မိတဲ့ကားလေးပေါ့ … Just the way you are တဲ့ …. ဇာတ်လမ်းလေးကတော့ မိသားစုကြောင့် အချစ်ကိုအယုံအကြည်မရှိတဲ့ ကောင်လေးနဲ့ ကောင်းမလေးတို့ အလောင်းအစားတစ်ခုကြောင့် ဆုံတွေ့ခဲ့တဲ့အခါမှာ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် … ထုံးစံအတိုင်း Asian Romance Comedy လေးပါပဲ … အားပေးကြပါဦးနော်
Credit To : www.channelmyanmar.org
File Size         : 770 MB
Quality           : HD Rip 720P
Running Time : 1hr 47 minute
Format           : Mp4
Genre             : Drama, Romance
Encoder         : Joker.phs

Pcloud Link                                 Direct Link

Download (760MB)                     Download (760MB)

Download (380MB)                    Download (380MB)
 

Krrish 3 (2013) - မြန်မာစာတန်းထိုး


IMDb (5.4/10)….Rotten Tomatoes(83%)
အိန္ဒိယ သိပ္ပံနဲ့ စွန့်စား မှု တွေပါ ၀င်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်တဲ့ Krrish 3 ဟာ အောက်တိုဘာ ၃၁ ရက်နေ့က
ထွက်ရှိခဲ့ပါ ပြီ။ အနောက်တိုင်း animated ရုပ်ရှင်ကား တွေကို ယှဉ်နိုင်တဲ့ Bollywood ရုပ်ရှင် တွေရဲ့ အဆင့်အတန်းကို ဖော်ပြ
နိုင်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်ပါ တယ်။ အရင် ဇာတ်ကားတွေ ဖြစ်တဲ့ Koi….Mil Gaya (2003) အဓိပ္ပါယ် ကတော့
I…found someone နဲ့ သူ့ရဲ့ နောက်ဆက် တွဲ Krrish (2006) တို့ဟာလည်း အောင်မြင်ခဲ့ တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ ပထမ
ဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့
ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ
ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့
ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ
ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး
မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပါတယ်။ Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း
ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ
အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား
ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို
အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း
တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့
ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး
တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။ အခု Krrish 3 မှာတော့
Rohit နဲ့ Krrishna တို့သားအဖဟာ မွန်ဘိုင်းမြို့မှာ သူတို့ရဲ့ အစွမ်းအစတွေနဲ့ ကမ္ဘာကြီးကို အကြိုးပြုနေကြပါတယ်။ Rohit က သေသူ
ကိုအသက်ပြန်သွင်းနိုင်တဲ့ စက်ကြီးတစ်လုံးတည်ဆောက်နေပြီး Krrishna ကတော့ Priya နဲ့ လက်ထပ်ပြီး Krrish တစ်ဖြစ်လဲ အနေနဲ့
ဒုက္ခရောက်နေသူ တွေကို ကူညီလျှက်ရှိပါတယ်။ သူတို့ရင်ဆိုင်ရ မယ့် စူပါဗီလိန်ကတော့ Dr.Kaal ဖြစ်ပါတယ် ။ အာဖရိက ဘက်မှာ
ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ် က မွန်ဘိုင်းကိုပြန့်နှံ့လာနေပြီး ဖြေဆေးကို Rohit က အချိန်မီရှာရမှာပါ။ ပြီးတော့ Dr.Kaal ရဲ့ လူတစ်ပိုင်း တိရိစ္ဆာန်
တစ်ပိုင်း Maanvars လို့ခေါ်တဲ့ Mutant တွေက မွန်ဘိုင်းမြို့ကြီးရဲ့ ကယ်တင်ရှင် Krrish ကို တိုက်ခိုက်ပုံတွေ ကို အသည်းတယားယားနဲ့
ကြည့် ကြရမှာပါ။ သေသပ်လှတဲ့ Animation effect တွေနဲ့ Hrithik Roshan, Vivek Oberoi, Priyanka Chopra, Kangna Ranaut တို့
ဦဆောင်ထားပြီး ဒါရိုက်တာ Rakesh Roshan ရဲ့ လက်ရာကားကောင်းတစ်ကားပါ။ Hrithik က Rohit ရော Krrishna အဖြစ်ပါ သရုပ်ဆောင်
ထားပါတယ်။ Priyanka Chopra ကတော့ Priya အဖြစ်သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1.1GB)
Quality…BR-Rip 720p
Format…mp4
Duration….02:32:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.1GB)


Watch And Download Direct Link (1.1GB)


Watch And Download Pcloud (540MB)


Watch And Download Direct Link (540MB)

Krrish (2006) - မြန်မာစာတန်းထိုး



IMDb (6.3/10)….Rotten Tomatoes(100%)
မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကား Koi….Mil Gaya (2003) ရဲ့အဆက်ဇာတ်ကားဖြစ်ပါတယ်။
Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း
ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ
အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား
ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို
အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း
တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့
ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး
တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။
ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။
(ဘာသာပြန်ထားသူကတော့ Aye Nyein Thu Hein ဖြစ်ပါတယ်။)

Credit To : www.channelmyanmar.org

File size…(1.3GB)
Quality…BR-Rip 720p
Format…mp4
Duration….03:05:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.3GB)

 

Watch And Download Direct Link (1.3GB)

 

Watch And Download Pcloud (660MB)

 

Watch And Download Direct Link (660MB)

Koi… Mil Gaya (2003) - မြန်မာစာတန်းထိုး




IMDb (7.1/10)….Rotten Tomatoes(75%)
မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။
Koi….Mil Gaya (2003)
အဓိပ္ပါယ် ကတော့ I…found someone ဖြစ်ပါတယ်။ဒီဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့
ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ
ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့
ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ
ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး
မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပေမယ့် လူစွမ်းကောင်း Krrish မွေးဖွားဖို့ ဒီဇာတ်ကားပအစပြုထားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လဲ အတော်ကောင်းမွန်ပြီး Rating မြင့် ဘောလိဝုဒ်ဇာတ်ကားပါ။
(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1.2GB)
Quality…DVD-Rip 720p
Format…mp4
Duration….02:59:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.2GB)

 

Watch And Download Direct Link (1.2GB)

 

Watch And Download Pcloud (680MB)


Watch And Download Direct Link (680MB)

Empire of lust 2015 - မြန်မာစာတန်းထိုး


ဒီရာဇ၀င်ကားလေးဟာ ၁၄ ရာစုကကိုရီးယားနိုင်ငံရဲ့တော်ဝင်မိသားစုတစ်ခုရဲ့အကြောင်းရာကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်… 
ကင်မင်ဂျေဆိုတဲ့စစ်သူကြီးဟာ ဂျိုဆန်မင်းဆက်အတွက် အရမ်းအားထားရတဲ့စစ်သူကြီးတစ်ယောက်ဖြစ်ခဲ့ပါတယ်….သူဟာတိုင်းပြည်ရဲ့ညာလက်ရုံးတစ်ယောက်
ဖြစ်ရုံသာမက ဂျိုဆန်မင်းကြီးအပေါ်မှာလည်းအရမ်းကိုသစ္စာရှိတဲ့စစ်သားကောင်းတစ်ယောက်ဖြစ်ပါတယ်… 
ဒါကြောင့်မင်းကြီးကိုဆန့်ကျင်ဖို့ကြိုးစားနေတဲ့ မင်းကြီးရဲ့ ငါးယောက်မြောက်သားတော် ဂျောင်ကိုမျက်ခြေမပျက်စောင့်ကြည့်နေခဲ့ပါတယ်…
သူ့ရထားတဲ့ရာထူးကြောင့် သူမှာဖိအားတွေလည်းများခဲ့သလို တိုက်ပွဲပေါင်းများစွာကိုလည်းကြုံခဲ့ရပါတယ်…အဲ့ဒီလိုအခြေနေတွေမှာပဲ ဂါဟီးဆိုတဲ့ချောမောလှပတဲ့မိန်းမပျိုလေးနဲ့တွေ့ဆုံခဲ့ပြီး အမှတ်မထင်သံယောဇဉ်ရှိခဲ့ရာကနေ ထောင်ချောက်ထဲကိုတိုးဝင်သလိုဖြစ်သွားခဲ့ပါတယ်…
ဒီကားရဲ့ကောင်းကြောင်းတွေကိုပြောရရင်တစ်ကားလုံးဖြစ်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲကျေနပ်ကြပါ…ဒီကားလေးထဲမှာချစ်ခြင်းတရားဟာ ဘယ်လိုအရာမျိုးလဲဆိုတာမြင်တွေ့ရမှာပဲဖြစ်ပါတယ်…..ရှေ့ခေတ်ကိုရီးယားရဲ့ ဇာတ်ရုပ်တွေပီပြင်အောင်လုပ်ထားတာမို့ တချို့သောအခန်းတွေက မိသားစုနဲ့မကြည့်သင့်ပါ….ရာဇ၀င်ကားကြိုက်သူများနဲ့ နန်းတွင်းကားတွေကြည့်တာနှစ်သက်သူများအတွက်အကြိုက်တွေ့စေမယ့်ကားကောင်းလေး
တစ်ကားပဲဖြစ်ပါတယ်…
Credit To : www.channelmyanmar.org
File size…(1.0 GB , 460.8 MB)
Quality…DVD-Rip
Format…mp4
Duration….01:53:23
Subtitle….Myanmar Subtitle (Hardsub)
Encoder….Moe Myint Lwin




Love Fiction (2012) - မြန်မာစာတန်းထိုး




IMDb (6.3/10)
Goo Joo-wol …အူကြောင်ကြောင် နိုင်ပြီး အသားမစားတဲ့ စာရေး ဆရာ ပါ။ နောက်ဆုံး တွဲနေတဲ့ ချစ်သူက ရှင်သာ အသား စားရင် ဆိုတဲ့ စကားသုံးခွန်းပဲ ပြောပြီး လမ်းခွဲတာ ခံခဲ့ရသူပါ။ Goo Joo-wol က အချစ်ရေးမှာ သိပ်ကံမကောင်း ပါဘူး။ ကလေး ဘဝကထဲက ချစ်သူ ရှိခဲ့ဖူးပါတယ်။ နင့်ရဲ့ ရှုရှုးပေါက်တဲ့ နေရာ ငါ့ကို ပြပါ ပြောလို့ ကလေးဘဝ အချစ်ဦးနဲ့ လမ်းခွဲ ခဲ့ရပါတယ်။ ဆယ်ကျော်သက် အရွယ်မှာလဲ ခပ်ကြမ်းကြမ်း ချစ်သူဖြစ်နေလို့ လမ်းခွဲ ခဲ့ပြီး။ နောက်ဆုံး ချစ်သူ မတိုင်ခင် ရှေ့တစ်ယောက်က မယ်သီလရှင် ဝတ်သွားလို့ အချစ်ရေး ကံမကောင်းဘူး ဆိုတာ ယုံကြည်ပြီး ခပ်ကြောင်ကြောင် ဖြစ်နေတဲ့ စာရေး ဆရာ တစ်ယောက်ပါ။
Goo Joo-wol ရဲ့ ထုတ်ဝေသူ ခေါ်သွားလို့ ပါတီပွဲ တစ်ခုမှာ မထင်မှတ်ပဲ Hee-Jin နဲ့ Goo Joo-wol တို့ ဆုံမိပြီး Goo Joo-wol တစ်ယောက် အသဲ အသန် ဖြစ်ပါလေရော။
စာရေး ဆရာ ပီပီ စကားလုံး အလှတွေ ဟာသ စကားလုံးတွေနဲ့ Hee-Jin သဘောကျအောင် Goo Joo-wol တို့ကြိုးစားပြီး တကယ်ပဲ Goo Joo-wol နဲ့ Hee-Jin တို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အစပိုင်းမှာ အရမ်းချစ်ကြပေမယ့် တစ်ဖြေးဖြေး တစ်ယောက်နဲ့ တစ်ယောက် ဆိုးကွက်တွေ သိလာပြီး Goo Joo-wol တစ်ယောက် Hee-Jin ကို စိတ်ကုန်စ ပြုလာတဲ့ အခါ…။
ဒါရိုက်တာ Kye Soo Jeon ရဲ့ 121 မိနစ်ရှည်တဲ့ ဇာတ်ကားကို Jung-woo Ha, Hyo-jin Kong နဲ့ Byung-joon Lee တို့ပါဝင် သရုပ်ဆော ထားပေးတဲ့ Comedy Romance ဇာတ်ကား ဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းကို moviereview.ygn.me မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(900MB)
Quality…HD-Rip 720p
Format…mp4
Duration….02:01:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (900MB)

 

Watch And Download Direct Link (900MB)

 

Watch And Download Pcloud (350MB)

 

Watch And Download Direct Link (350MB) 

 

 

 

 

Cafe Society (2016) - မြန်မာစာတန်းထိုး




IMDb (6.8/10)…Rotten Tomatoes (69%)
BvS ရဲ့ Lex Luthor ကြီး ..မင်းသား Jesse Eisenberg နဲ့ Twilight မင်းသမီး Kristen Stewart တို့အပြင် Age of Adaline ရဲ့မင်းသမီး ..Deadpool မင်းသားကြီးရဲ့ ချစ်ဇနီးချော Blake Lively  တို့ပါဝင်ထားတဲ့ဒီဇာတ်ကားကို နာမည်ကျော်ဒါရိုက်တာကြီး Woody Allen မှရိုက်ကူးထားပါတယ်။
၁၉၃၀ ပြည့်နှစ်လောက်က Hollywood အငွေ့အသက်ကိုအခြေခံလို့ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ Drama /Romance ကိုနှစ်သက်သူတွေ ကြည့်ရှုခံစားဖို့ အတော်ပဲသင့်တော်တဲ့ဇာတ်ကားဖြစ်ပါတယ်။
(Poe Thinzar Kyaw မှခံစားတင်ဆက်ထားပါတယ်။)

Credit To : www.channelmyanmar.org

File size…(850MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:36:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (850MB)

 

Watch And Download Direct (850MB)

 

Watch And Download Pcloud (320MB)

 

Watch And Download Direct (320MB) 

 

 

 

 

Movie 43 (2012) - မြန်မာစာတန်းထိုး




>>> Do not watch with Family due to sexual content<<<
Rating လဲမကောင်း.. 18+ တွေလဲပါတဲ့ ဇာတ်ကားကို ဘာလို့တင်တာလဲလို့ မေးစရာရှိပါတယ်…
တစ်ခါတစ်လေမှာ စိတ်ရှုပ်ထွေးစရာတွေအပြင်လောကမှာကြုံဆုံနေတဲ့အခါမျိုးမှာ.. လက်တွေ့ မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို့ လဲကောင်းသလို ရီဖို့ လဲကောင်းလွန်းတဲ့ ဒီလိုဇာတ်ကားမျိုးကြည့်ခြင်းက သင့်ဦးနှောက်ကို အသစ်အဆန်းတစ်မျိုးနဲ့ မိတ်ဆက်ပေးရာရောက်လိမ့်မယ်လို့ ထင်မိလို့ပါ…
ဒီဇာတ်ကားကို နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာနဲ့ ဒါရိုက်တာပေါင်းများစွာက ဆယ်စုနှစ်တစ်ခုစာလောက်ကြာအောင် ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။
ကဲ… rating ကတော့မြင်တဲ့အတိုင်းပဲ (Rating- IMDb : 4.3/10 , RT:4 , Matacritis : 18%) ဖြစ်ပါတယ်…
အဲ့ဒီရုပ်ရှင်ထဲက Cast တွေအနေနဲ့ ကတော့….…
Kate Winslet , Emma Stone , Naomi Watts , Kate Bosworth , Chloe Grace Moretz , Helle Berry , Anna Faris (Scary Movie) , Elizabeth Banks , Uma Thurman , Kristen Bell , Leslie Bibb အစရှိတဲ့ နာမည်ကြီး အမျိုးသမီးသရုပ်ဆောင်တွေအပြင် Richard Gere , Gerard Butler , Hugh Jackman , Chris Pratt , Terrence Howard , Josh Duhamel , Dannis Quaid ,Gerg Kinner , Jeremy Allen , Stephen merchant , Christopher Mintz-Plasse , Justin Long , Kieran Culkin , Jason Sudeikis , Jimmy Bennet စတဲ့နာမည်ကြီး အမျိုးသားသရုပ်ဆောင်တွေပါဝင်ထားပါတယ်။
ဒါတင်မကသေးပါဘူး ၊ ဒါရိုက်တာအနေနဲ့ လည်း Steven Brill, Peter Farrelly, Elizabeth Banks စသည်တို့ အပါအ၀င် စုစုပေါင်းဒါရိုက်တာ 13ဦးရိုက်ကူးပြီး ဇာတ်ညွှန်းပိုင်းမှာလဲ ဇာတ်ညွှန်းရေးဆရာ အယောက် 20အထိပါဝင်ထားတဲ့ဒီရုပ်ရှင်ကိုရိုက်ကူးထုတ်လုပ်ရာမှာ အစောကပြောခဲ့သလို ဆယ်စုနှစ်တစ်ခုစာလောက်ကြာမြင့်ခဲ့ပါတယ်။
ဇာတ်ညွှန်းကိုထုတ်ဝေသူအများစုကငြင်းပယ်ခြင်း၊ ကမ်းလှမ်းတဲ့သရုပ်ဆောင်တွေကသရုပ်ဆောင်ရန် ငြင်းဆန်ခြင်း ၊ ရိုက်လက်စသူအချို့ ကလဲ ဆက်မရိုက်တော့ဘူးဆိုကာ ရိုက်ကူးရေးမှထွက်ချင်ခြင်း စတဲ့အခက်အခဲပေါင်းများစွာရင်ဆိုင်ခဲ့ပြီးနောက် 2013 Junuary 25 မှာထွက်လာခဲ့တဲ့ Movie 43 ဟာ 34ကြိမ်မြောက် Golden Raspberry ဆုပေးပွဲမှာ Worst Picture, Worst Director, Worst Screenplay စတဲ့ဆုသုံးဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ထို့ အပြင် one of the worst films of all time ရဲ့စာရင်းထဲကိုလဲဝင်သွားခဲ့ပါသေးတယ်။ ကြာမြင့်ချိန် 98 မိနစ်ရှိပြီး Indie / Comedy အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ရဲ့ထူးခြားချက်ကတော့ ရိုက်ကူးရေးအတွက် စုစုပေါင်းကန်ဒေါ်လာ 6 မီလီယံ ကုန်ကျခဲ့ပြီး Box office မှာ 32.4 မီလီယံဒေါ်လာထိပြန်ရခဲ့ပါတယ်။
ဇာတ်လမ်းလေးကတော့ ……
Calvin Culter နဲ့ သူ့ သူငယ်ချင်း JJ တို့ ဟာ သူတို့ ရိုက်ကူးထားတဲ့ပေါကြောင်ကြောင် Video တစ်ခုကို Youtube မှာ တင်လိုက်ပြီး မိနစ်ပိုင်းတွင်းမှာပဲ သူတို့ ရဲ့ Video ဟာ 1,000,000 view ရသွားတဲ့အခါ အကြီးအကျယ်ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ သူတို့ ရဲ့အပျော်ဟာကြာကြာမခံလိုက်ပါဘူး…ဘာဖြစ်လို့ ဆိုတော့ အဲ့ဒိ့ viewer အများကြီးတိုးလာတာက Calvin ရဲ့ညီ ကွန်ပျူတာကျွမ်းကျင် Baxter ရဲ့ April Fool’s Prank ဖြစ်နေလို့ ပါ…အရမ်းစိတ်ဆိုးသွားတဲ့ Calvin Culter နဲ့  JJတို့ ဟာ Baxter ကိုပြန်ကလဲ့စားချေဖို့ ကြံစည်ပါတော့တယ်။ သူတို့ ရဲ့အကြံအစည်က Baxter ရဲ့ laptop ထဲကို Virus တွေထည့်ဖို့ ပါပဲ….. သူတို့ လက်စားချေခြင်းရဲ့ပထမအဆင့်အနေနဲ့ ကတော့ Baxter ရဲ့ Laptop ကိုခိုးဖို့ ပါ..အဲ့လိုခိုးဖို့ အတွက် Baxter ကိုသူ့ အခန်းထဲကနေအောင် Movie 43 အကြောင်းလုပ်ကြံပြီးပြောရာကနေပြီး ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ….
ဒီရုပ်ရှင်ကိုကြည့်ချင်မိသွားတာက 24 Bad Movies You Forgot Starred Some of Today’s Greatest Actors ဆိုတဲ့ ဆောင်းပါးကိုစဖတ်မိရကပါ။ အဲ့ဒိဆောင်းပါးမှာ moviefone က အဲ့ဒီရုပ်ရှင်အတွက် အားနာမိတဲ့သရုပ်ဆောင်တွေကို ဖော်ပြရမှာ “Kate Winslet & Everyone else” လို့ ဖော်ပြခဲ့လို့ ပါ။ Rating နည်းနည်းလေးပဲရထားပြီး နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားတဲ့ဒီရုပ်ရှင်ဟာ စကြည့်လိုက်တာနဲ့ ဆက်ကြည့်ချင်သွားအောင်ဆွဲဆောင်နိုင်ပါတယ်…. လက်တွေ့ မှာဘယ်လိုမှမဖြစ်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ညစ်တီးညစ်ပတ်စကားလုံးတွေ ခွတီးခွကျပေါက်ကရဖြစ်ရပ်တွေက အံ့သြသင့်ဖို့ လဲကောင်းသလို ရီဖို့ လဲကောင်းလွန်းပါတယ်။ (ကျနော်ဆို ကြည့်နေရင်းနဲ့ ပါးစပ်အဟောင်းသားဖြစ်မိပါတယ်… သူ့ ဇာတ်လမ်းတွေက အံ့သြသင့်စရာကောင်းလွန်းလို့ ပါ)..
ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်ဆိုရင်တော့ ဒီကားလေးကိုလက်လွတ်မခံပဲကြည့်ဖို့ တိုက်တွန်းပါရစေ….။
#Nucleon_Review
#Admin_T
(ရုပ်ရှင်အညွှန်းကို Nucleon’s FB Page မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(700MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:38:01
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (700MB)

 

Watch And Download Direct Link (700MB)

 

Watch And Download Pcloud (320MB)

 

Watch And Download Direct Link (320MB) 

 

 

 

 

 

Labor Day (2013) - မြန်မာစာတန်းထိုး



IMDb (6.9/10)….Rotten Tomatoes (34%)
ခင်ပွန်းက နောက်အိမ်ထောင်ပြုပြီး စွန့်သားတစ်ယောက်နဲ့စွန့်ပစ်ခံရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ (Adele) အနေနဲ့ Kate Winslet ပါဝင်ထားပါတယ်။
(Adele)ရဲ့ သားတစ်ယောက်အနေနဲ့ ကလေးသရုပ်ဆောင် အကျော်အမော်လေး Gattlin Griffith က (Henry) အဖြစ် သရုပ်ဆောင်ထားပါတယ်။
လူသတ်သမား တစ်ယောက်အနေနဲ့ မင်းသားကြီး Josh Brolin က Frank အဖြစ် ပါဝင်ထားပါတယ်။
သားတစ်ယောက်နဲ့ခင်ပွန်းသည်စွန့်ပစ်ခြင်းကို ခံရတဲ့ Adele ရဲ့ဘ၀ဟာ  တိတ်ဆိတ်ခြောက်ကပ်လွန်းနေမှန်း သားဖြစ်သူ Henry ဟာ ခံစားမိနေပါတယ်။  တစ်ရက်သားအမိနှစ်ယောက် Shopping Center မှာ ဈေးဝယ်တုန်း Henry နားကို လူတစ်ယောက်ရောက်လာပြီး သူ့အမေကို လက်ညှိုးထိုးပြကာ မင်းအမေလားလို့ မေးပါတယ်။ ပြီးတာနဲ့ တစ်ဆက်တည်း သူ့ကို အကူအညီပေးဖို့  သူ့မှာဒဏ်ရာရလာကြောင်းပြောပါတယ်။ Adele က ထိုသူကိုတွေ့လိုက်ချိန်မှာတော့ သူမကူညီနိုင်ကြောင်းပြောတဲ့အခါမှာ Frank ဆိုတဲ့သူဟာ သူ့ကိုကူညီမှ ဖြစ်မယ်ဆိုတဲ့ အကြောင်း အတင်းအကြပ်ပြောလာတဲ့အခါမှာတော့။ Adele တို့သားအမိဟာ Frank ဆိုတဲ့သူကို သူတို့အိမ်ရှိရာ ခေါ်လာရပါတော့တယ်။
အိမ်ရောက်ရောက်ခြင်းမှာပဲ ထိုသူဟာ လူသတ်မှုနဲ့ ထောင်ဒဏ်(၁၈)နှစ်ကျခံထားရပြီး
ထောင်ဆေးရုံကနေ ခုန်ဆင်းပြီးပြေးလာတယ်လို့လည်း တီဗွီချန်နယ်တွေကနေ လွှင့်တာတွေ့ရတဲ့အခါမှာတော့……………….။
ဇာတ်ကောင် သုံးယောက်စလုံးဟာ ဇာတ်လမ်းပြီးဆုံးသည်အထိ အပိုအလိုမရှိ ဆွဲခေါ်သွားတဲ့ ဇာတ်ကားပါ။ Kate Winslet ကို အရမ်းနှစ်သက်မိလွန်းလို့    သူ့ကို မချီးကျူးပဲ မနနိုင်အောင်ဖြစ်မိသလို။ ကလေးသရုပ်ဆောင် ကလေးကိုလည်း  အလွန်နှစ်သက်မိပါတယ်။ ဇာတ်လမ်းအချိုးအကွေ့လေးတွေဟာ မထင်မှတ်အောင် ကောင်းလှသလို။ မထင်မှတ်ထားတဲ့ Tempo မြင့်မှုတွေနဲ့  ဇာတ်လမ်းအချိုးတွေကို ခံစားချင်တယ်ဆိုရင်တော့။ လက်လွတ်မခံသင့်ပါဘူး။  အက်ရှင်ကားလို့ ထင်ခဲ့ပေမယ့် Drama ကို ရင်တဖိုဖိုကြည့်ခဲ့ရလို့  ကျွန်တော်ကတော့ သိပ်ကြိုက်မိတဲ့ ဇာတ်ကားတစ်ခုအဖြစ် စာရင်းထပ်သွင်းမိပြန်ပါတယ်။
#AungMoeThu
(ရုပ်ရှင်အညွှန်းကို mandalaygazette.com မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(800MB)
Quality…BR-Rip 720p
Format…mp4
Duration….01:51:13
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Direct Link 720P HD (800MB)

 

Watch And Download Direct Link 360P (320MB)

 

 

 

Main Tera Hero (2014) - မြန်မာစာတန်းထိုး



မင်းသား Varun Dhawan နဲ့ မင်းသမီး Ileana D’Cruz , Nargis Fakhri  တို့အဓိကပါဝင်ထားပြီး မင်းသားကြီး Salman Khan တို့နဲ့လဲ အားဖြည့်ထားတဲ့ Action, Comedy, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။
ဇာတ်လမ်းကတော့…….
Sreenath Prasad (ခေါ်) Seenu ဟာ Ooty တစ်ဝိုက်မှာတော့
လူဆိုးလေးအဖြစ်နာမည်အကြီးဆုံးလူပေါ့။ သူဟာ ဘန်ဂလော
ကောလိပ်မှာ ပညာဆက်သင်ဖို့အတွက် Ooty ကောလိပ်ကနေ
ထွက်လာခဲ့တယ်။ ဒီရောက်တော့ Sunaina နဲ့ ချစ်သူဖြစ်သွားရော။
ဒါပေမယ့် Sunaina ဟာ ဒေသခံရဲအရာရှိဖြစ်သူ Angad
(တကယ်တော့ သူက ကြောက်စရာပိုကောင်းတဲ့ ဂိုဏ်းစတားကြီး)နဲ့
လက်ထပ်ရဖို့ စီစဉ်ထားပြီးသား။ Seenu မှာ Ayesha ဆိုတဲ့ အသွင်နဲ့
ချစ်သူနောက်တစ်ယောက်ရှိသေးပေမယ့် သူကိုယ်တိုင်တောင် သတိမထား
မိခဲ့ပါဘူး။ တစ်ခါက သူ့သူငယ်ချင်းတွေကို ကယ်လိုက်ကတည်းက
Ayesha ဟာ သူ့အတွက်ပြီးပြည့်စုံတဲ့ယောက်ျားတစ်ယောက်တွေ့ပြီ
ဆိုတာ ချက်ချင်းသိလိုက်တယ်။ Ayesha ရဲ့အဖေဟာ ဂိုဏ်းစတားကြီး
တစ်ယောက်ဖြစ်တော့ Seenu ကို သူ့သမီးနဲ့ အတင်းအကျပ်လက်ထပ်
စေဖို့အတွက် Suanaina ကို ပြန်ပေးဆွဲလိုက်တဲ့အခါ….။
(ရုပ်ရှင်အညွှန်းကို Yangon Life Myanmar’s FB Page မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:08:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Direct Link 720P HD (1GB)

 

Watch And Download Direct Link 360P (510MB) 

 

 

 

 

Shinobi: Heart Under Blade (2005) - မြန်မာစာတန်းထိုး


နင်ဂျာတွေထဲမှာ အစွမ်းထက်ဆုံး အုပ်စု ၂ စု ရှိပြီး ထိုအုပ်စု ၂ ခုလုံးဟာ လုံးဝ မတည့်ကြပါဘူး
တောင် တစ်ဖက် တစ်ခြမ်း စီမှာ နေထိုင်ကြပြီး အမြဲတမ်း သက်ဖြတ်နေခဲ့တာ ရန်ငြိုးတွေက နှစ်ပေါင်း ၄၀၀ တိုင်ခဲ့ပါတယ်…
ထို အုပ်စု နှစ်ခုပေါင်းစည်းပြီး တော်လှန်လာမှာကို ကြောက်လန့်လာတဲ့ အစိုးရကတော့ ထိုအခွင့်အရေးကို လက်လွှတ်မခံပဲ
အုပ်စု ၂ စုကို အသေအကြေ တိုက်ခိုက်စေပြီး အနိုင်ရရှိသူကို အခွင့်အလမ်း ပေးဖို့ကြေညာပေးလိုကပါတယ်..
ထို ရန်ငြိုးတွေကြားမှာတော့ နှစ်ဖက် အုပ်စု နှစ်ခုက လူကြီးတွေ ရဲ့ သားနှင့်သမီး ကတော့ ချစ်ကြိုက်နေကြပါတယ်…
ထို တိုက်ခိုက်ရမည့် အမိန့်ကြေညာစာတမ်း ရောက်ရှိလာချိန်မှာတော့ သူတို့ ချစ်သူ နှစ်ဦးဟာ စစ်မြေပြင်မှာ ရန်သူတွေအဖြစ်
ပြန်လည်ရင်ဆိုင်ရတော့မှာပါ…
နှစ်ဖက်လုံး အသေအကြေတိုက်ခိုက်ပြီး ဘယ်သူတွေ နိုင်ကြမှာလဲ ချစ်သူနှစ်ဦးကရော လက်တွဲခွင့်ရနိုင်မှာလား…
ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ….
ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ပဲ ဖြစ်ပါတယ်…
(သစ်ဆန်းခန့်)
File size – ( 730MB )
Small File Size – (440MB)
Quality –   720P
Format – MP4
Subtitle – Myanmar Subtitle
Encoder – Thit San Khant






White Night (2009)

ယခုကိုရီးယားဇာတ်လမ်းကတော့ ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း ရုပ်လုံးပေါ်လာမယ့်ဇာတ်လမ်းပါ။ လွန်ခဲ့တဲ့ ၁၄ နှစ်က အမှုပိတ်လိုက်တဲ့လူသတ်မှုတွေလိုမျိုး ယခုအချိန်မှာ အလားတူ ဆက်လက်ဖြစ်လို့နေပါတယ်။ မိမိကိုယ်မိမိ သတ်သေမှု၊ မခိုင်လုံမှုတွေနဲပဲ အဆုံးသတ်သွားပါတယ်၊ စုံထောက် ဂင်အနေနဲ့ လွန်ခဲ့တဲ့ ၁၄နှစ်က ပထမဆုံး အသတ်ခံရတဲ့လူရဲ့သားနဲ့  အိမ်နီးနားချင်း အမျိုးသမီးရဲ့ သမီးတို့ရဲ့ လျှို့ဝှက် ဆက်ဆံမှုကို အစထုတ်ပြီ အမှုမှန်ကို ဖေါ်ထုတ်ဖို့ကြိုးစားရာကနေ....
Credit To : Flim2mm.com






Fool’s Gold (2008) - မြန်မာစာတန်းထိုး


၁၇၁၅ ခုနှစ် ဇူလိုင်လ ၂၄
စပိန်နိုင်ငံရဲ့ ဘုရင်ဖီးလစ်ပ် မင်္ဂလာပွဲအတွက်
ရတနာတွေကို ဟာဗားနား ကျူးဘားကနေ စတင် ရွက်လွှင့်ပို့ဆောင်ခဲ့တယ်
သမိုင်းရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှတ်တမ်းမှာ
အကြီးမားဆုံးပို့ဆောင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရတဲ့ ရတနာတွေ…
” ဘုရင်မကြီးရဲ့ လက်ဖွဲ့ “လို့ခေါ်ဆိုကြတဲ့ အဲဒီရတနာတွေဟာ အဲဒီ ခေတ်က
ဒေါ်လာ သန်းငါးရာတန်တဲ့ ရွှေ ငွေနဲ့ ကျောက်သံပတ္တမြားတွေ ဖြစ်တယ်…
အချိန်မတော်ကျင်းပတဲ့ မင်္ဂလာပွဲအတွက် ဘုရင်ဖီးလစ်က
လက်ဖွဲ့ပစ္စည်းတွေကို နှစ်တစ်နှစ်ရဲ့ အဆိုးဆုံးအချိန်မှာမှ ပို့ဆောင်မိခဲ့တယ်
ပင်လယ်ပြင်ရဲ့ လှည့်စားမှုကြောင့် သင်္ဘောကြီးဟာ
ဟာရီကိန်းမုန်တိုင်းရဲ့ အလယ်ခေါင်ကိုမှ ၀င်တိုးမိရက်သား ဖြစ်သွားခဲ့တယ်
သင်္ဘောကြီးကို နောင်တစ်ချိန်အထိ ထပ်မတွေ့ခဲ့ကြတော့ဘူး…
IMDb 5.7/10 …
Rotten Tomatoes 11% …
Metacritic 29%
Rating တွေ ကြည်ပြီး စိတ်ထဲ မတင်မကျဖြစ်မသွားပါနဲ့
သမိုင်းကြောင်းကို မှီငြမ်းရိုက်ထားတဲ့ ရတနာရှာတဲ့ကားတွေဟာ
Rating နည်းတတ်လေ့ရှိပါတယ် ဒီကားက အလုံးစုံတော့ ပြည့်စုံနေတာ
မဟုတ်ပေမယ့်လည်းပဲ
Christopher Nolanရဲ့ Interstellarမှာ ခေါင်းဆောင်ပါဝင်ခဲ့ပြီး
Dallas Buyers Club နဲ့ အော်စကာဆုရခဲ့တဲ့မင်းသား
Matthew McConaugheyနဲ့
Almost Famousဆိုတဲ့ကားမှာ ပါဝင်သရုပ်ဆောင်ပြီး
ရွှေကမ္ဘာလုံးဆုရခဲ့တဲ့ မင်းသမီး Kate Hudson တို့က
ခေါင်းဆောင်ပါဝင်ထားတယ်
ဒါတင်မကပဲ ဟာသသရုပ်ဆောင် Kevin Hartကပါ
အားဖြည့်ကူညီထားသေးတယ်
ဒီလူတွေကြောင့် ဇာတ်ကားဟာ အတော်အသင့်တော့
ကြည့်လို့ကောင်းသွားတယ်ဆိုတာတော့ သေသေချာချာပြောနိုင်ပါတယ်
Googleမှာ Best Treasure Hunting Moviesလို့သာ ရိုက်ရှာလိုက်ရင်
ကျလာမယ့်ထဲ တစ်ကားအပါအ၀င်ဖြစ်တဲ့ Fool’s Goldကို
စိမ်းပြာရောင် ပင်လယ်ကြီးနဲ့အတူ ခံစားမျေုာပါလိုက်ကြရအောင်ဗျာ…
ဒီဇတ်ကားကို Ye Khant Min မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ သူကိုယ်တိုင်ရေးပေးထားပါတယ်
(သစ်ဆန်းခန့်)






Powered by Blogger.