Latest Movie :
Recent Movies
Showing posts with label sport. Show all posts
Showing posts with label sport. Show all posts
M.S.Dhoni:The Untold Story (2016)မြန်မာစာတန်းထိုး
M.S. Dhoni : The Untold Story
ဒီကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ခရစ်ကက်ကစားသမား မဟီဒရာဆင်းဒွန်နီရဲ့ ဘဝဇာတ်ကြောင်းကို ခရေစေ့တွင်းကျကျ ရိုက်ပြထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒွန်နီဟာ အိန္ဒိယခရစ်ကက်လက်ရွေးစင်အသင်းကို ဆယ်စုနှစ်မျာစွာ ဝေးကွာနေတဲ့ ICC Cricket World Cup ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး လက်ရှိအိန္ဒိယအသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။
လောကကြီးက ဆန်းကြယ်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လိုဘယ်ပုံဖြစ်လာမလဲဆိုတာ ပုံသေကားချပ်တစ်ခုလို ရေးဆွဲထားပြီးဖြစ်ပေမဲ့ ဘယ်အချိန် ဘာဖြစ်မလဲဆိုတာကို ကြိုသိခွင့်မပေးပါဘူး။ ဒါကြောင့်လည်း ဘောလုံးအားကစားကိုသာ ဝါသနာပါတဲ့ ဒွန်နီဟာ ဆရာကောင်းတစ်ဦးရဲ့ စောင်မမှုကြောင့်သာ သူ တကယ်ပါရမီရှိတဲ့ တကယ်အောင်မြင်မယ့် ခရစ်ကက်အားကစားနည်းနဲ့ ထိတွေ့ခွင့်ရခဲ့ပြီး အိန္ဒိယရဲ့ ခရစ်ကက်အကျော်အမော်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာ Neeraj Pandey က ဇာတ်ကားကို ICC Cricket World Cup ဗိုလ်လုပွဲမှာ အိန္ဒိယအသင်းနဲ့ သီရိလင်္ကာအသင်းတို့ ယှဉ်ပြိုင်နေပုံနဲ့ စဖွင့်ထားပါတယ်။ အိန္ဒိယအသင်းဟာ သီရိလင်္ကာအသင်းရဲ့ ကစားပုံအောက်မှာ အရေးမလှဖြစ်နေပြီး အမှတ်တွေ ဆုံးရှုံးခဲ့ရပြီးနောက်မှာတော့ နားနေခန်းထဲကနေ ပွဲကိုစောင့်ကြည့်နေတဲ့ ဒွန်နီက ကိုယ်တိုင်ဝင်ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နည်းပြနဲ့တိုင်ပင်ပြီး ကွင်းထဲကို ဝင်လာခဲ့တဲ့ အချိန်မှာတော့ အိန္ဒိယအသင်းရဲ့ ပရိသတ်တွေဟာ ဒွန်နီရဲ့နာမည်ကို အားကိုးတကြီး ဟစ်ကြွေးနေကြပါတယ်။ အဲဒီနောက်မှာတော့ ဒွန်နီ မွေးဖွားခဲ့တဲ့ (၁၉၈၁)ခုနှစ်ဆီ ပြန်ရောက်သွားမှာဖြစ်ပြီး ဒွန်နီရဲ့ ငယ်ဘဝဖြတ်သန်းပုံတွေ၊ ဘဝရဲ့ဒုက္ခအခက်အခဲတွေကို စိတ်ဓာတ်မကျဘဲ ရင်ဆိုင်ကျော်ဖြတ်ပုံတွေ၊ အချစ်ရေးမှာ ခံစားခဲ့ရပုံတွေအပြင် အောင်မြင်မှုကို ဘယ်လိုရယူခဲ့သလဲဆိုတာတွေကို စွန့်စားခန်းဝတ္ထုတစ်ပုဒ် ဖတ်နေရသလိုမျိုး  ရင်​ဖိုလှိုက်​​မောစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
IMDb Rating 8.1 ရရှိထားပြီး အကဲဖြတ်တွေရဲ့ ချီးကျူးမှုတွေတသီကြီး ရရှိထားတဲ့ ဒီကားဟာ ရုပ်ရှင်ပရိသတ်တစ်ယောက်အနေနဲ့  ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ လူ့တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ပျင်းရိငြီးငွေ့ဖွယ်မဖြစ်အောင် ပုံဖော်ထားတဲ့ ရုပ်ရှင်အတတ်ပညာကိုလည်း တွေ့ရှိရမှာဖြစ်ပြီး ခရစ်ကက်အားကစားနည်းရဲ့ အနုပညာကိုပါ ခံစားခွင့်ရပါလိမ့်မယ်။o
Credit To : www.goldchannelmovies.com
Review & Translate by Phyoe Ko Ko
Encoded by Hein Min Htet
HD 720p
Azhar (2016) မြန်မာစာတန်းထိုး
IMDB-6.1
ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ ခရစ်ကတ်ကစားနည်းသမိုင်းမှာ အစောဆုံးနာမည်ကြီးတစ်ယောက်ဖြစ်တဲ့ မိုဟာမက်အက်ဇ်ဟာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ အတ္ထုပတ္တိကားတစ်ကားပါ
ဇာတ်လမ်းကတော့ တစ်ခြားတစ်ခြားသော
Sport Biographical Movie တွေလိုပဲ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ အောင်မြင်အောင် ကြိုးစားခဲ့ရပုံတွေကို မြင်တွေ့ရမှာပါ
၂၀၁၆ရဲ့ အတ္ထုပတ္တိကားကောင်းတစ်ကားလည်းဖြစ်တယ်လို့ ဆိုကြပါတယ်
ဒီနေ့ကတော့ ကျွန်တော်တို့ စီအမ်က ဘောလိဝုဒ်ကားတွေ ဓာတ်ကျနေတယ်လို့ဆိုရမှာပဲ…
ဒီတော့ ကျွန်တော်တို့တွေ ဒီကားကိုလည်း စီးမျောခံစားကြည့်လိုက်ကြရအောင်ဗျာ……
(ဇာတ်လမ်းအညွန်းကို ကိုကို Ye Khant Min မှ ရေး ပေးထားတာဖြစ်ပါတယ်)
***Update From www.channelmyanmar.org
File size…(850 MB)
Quality…720p Bluray
Format…mp4
Duration….01:30:30
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Thanhtike Zaw
Download Here (850 MB)
Download Small File Size (450 MB)
Everybody Wants Some!! (2016)
ဒီဇတ်ကားဟာ အမေရိကန် ဘေ့စ်ဘော အသင်းကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး
၁၉၈၀ ခုနှစ်လောက်က အ၀တ်အစားတွေ ဟန်ပန်တွေ အသုံးအနှုန်းတွေ ကို ပြန်လည်တွေ့မြင်ရမှာပါ
ထိုခေတ်က ကောင်လေး ကောင်မလေးတွေ ပုံစံ နဲ့ သီချင်းတွေကလဲ အလန်းတွေပါ
မတူညီတဲ့ သူတွေကို လေ့ကျင့်ပေးဖို့ အတွက် အိမ်တစ်လုံးမှာ စုစည်းပေးထားပြီး
ဘေ့စ်ဘော ပွဲအတွက် ပြင်ဆင်ပေးနေပေမယ့် တစ်ဦးနဲ့ တစ်ဦး အကျင့်စရိုက်တွေ မတူညီကြပုံ
ပြသနာ ရှာကြပုံတွေက ရယ်လဲရယ်ရသလို အသင်းအဖွဲ့စိတ်ဓါတ်လေးတွေ ကိုလဲ တွေ့ရမှာ
Box office: 3.9 million USD ရရှိခဲ့ပြီး
Budget: 10 million USD ရရှိခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်
Director: Richard Linklater ရိုက်ကူးတင်ဆက်ထားပါတယ်
*** Update From www.channelmyanmar.org
Saala Khadoos (2016) မြန်မာစာတန်းထိုး
 Imdb Rating 7.9/10
   " မဖြစ်နိုင်ဘူး........."  အဲ့ဒီ့ စကားက လူတွေအများစုအတွက် ဘ၀ကို ခတ်ထားတဲ့ ဘောင်အနားသတ်တွေပါ.။ အဲ့ဒီအတွေးမျိုး ၀င်သွားခဲ့ပြီဆိုတာနဲ့ ပြင်းပြတဲ့စိတ်ခံစားမှု့နဲ့ ကြိုးစားမှု့မျိုးမရျိနိုင်တော့ပဲ လူတစ်ယောက်ရဲ့ စွမ်းရည်တွေ 80% လောက်လျော့ပါးသွားတတ်ပါတယ်.။ အခုဒီဇာတ်လမ်းမှာတော့ မဖြစ်နိုင်ဘူးဆိုတဲ့ ဘောင်ကို ရိုက်ချိုးကျော်လွန်ပြီး ဘ၀ရည်မှန်းချက်အတိုင်းရောက်အောင် စိတ်ဓာတ်ပြင်းထန်စွာနဲ့ ကြိုးစားခဲ့တဲ့ တံငါတည်အမျိုးသမီးတစ်ယောက် ကိုမြင်တွေ့ရမှာပါ.။
အောင်မြင်တဲ့ လက်ဝှေ့သမားတစ်ယောက်ဘ၀ကို ပိုင်ဆိုင်လိုတဲ့ တံငါသည်အမျိုးသမီးတစ်ယောက်ရဲ့ အိပ်မက်တွေကို ကူညီဖြည့်ဆည်းပေးပြီး ထူးချွန်တဲ့လက်ဝှေ့သမားဘ၀ရောက်အောင် ကူညီပေးတဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ရဲ့ ဘ၀ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်.။
Imdb Rating .7.9 /10 ရထားတာနဲ့ အညီ ပရိတ်သတ်ကြီးကြည့်ရှု့ဖို့ သင့်တော်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်.။ ;)
Race ( 2016) မြန်မာစာတန်းထိုး
 ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။
 ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။
*** Update From www.channelmyanmar.com
File Size         : 950 MB
Quality           : Blu ray 720P
Running Time : 2hr 14 minute
Format           : Mp4
Genre             : Biography,Drama,sport
Encoder         : Joker.phs
(ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)
Powered by Blogger.