Latest Movie :
Recent Movies
Showing posts with label Action. Show all posts
Showing posts with label Action. Show all posts

The Con Artists မြန်မာစာတန်းထိုး




ခုနှစ်ကိုရီးယားရုပ်ရှင်တွေထဲ အောင်မြင်မှုတော်တော်များများရခဲ့ပြီး မြောက်အမေရိက၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ဗီယက်နမ်တို့မှာပါ ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ မင်းသား ကင်ဝူဘင်ကို အများကြီးအောင်မြင်ခဲ့စေတဲ့ဇာတ်ကားဖြစ်ပြီး Professionalေ ဖာက်ထွင်းရေးသမားတစ်ဦး နဲ့ အစီအစဉ်ချတဲ့ သူ့သူငယ်ချင်းတစ်ဦးတို့ လုပ်ငန်းတစ်ခုကို လူမိုက်ခေါင်းဆောင်တစ်ဦးက လာအပ်ရာက စတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ခက်ခဲလှတဲ့ လုပ်ငန်းကိုအကောင်အထည်ဖော်ဖို့ ဟက်ကာတစ်ဦးကိုလည်း သူတို့ခေါ်ယူခဲ့ရပြီး လူမိုက်အဖွဲ့က ခိုင်းတဲ့အလုပ်ကိုလုပ်ပြီးရာမှာတော့ သူတို့ပါ အသက်ဘေးအန္တရာယ်နဲ့ကြုံလာရပါတော့တယ်။ ဒီဇာတ်ကားကို Personal အရပြောရရင်တော့ ကိုရီးယားရုပ်ရှင်တွေထဲ အတော်သဘောကျမိတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်သိမ်းပိုင်းမှာလည်း ဟောလိဝုဒ်ကားတွေထက်မနိမ့်တဲ့ လှည့်ကွက် မြှုပ်ကွက်မျိုးနဲ့
ပရိသတ်ကိုဖမ်းစားသွားတဲ့ကားပါ။ ဒရာမာလည်းမဟုတ် ၀ုန်းဝုန်းဒိုင်းဒိုင်းလည်းမဟုတ်ပဲ တစ်ကားလုံး စိတ်ဝင်စားစရာအပြည့်နဲ့ ဇာတ်အိမ်ဖွဲ့ထားတာမို့ ပရိသတ်တွေ သဘောကျကြမှာ သေချာပါတယ်။
Credit To : goldchannelmovies.com
Translated by: Alice Ei Phyu
Encode by: Eric Min Khant
Quality 720P HD


Madras Cafe (2013) မြန်မာစာတန်းထိုး



IMDb Rating (7.8/10) Rotten Tomatoes (74%) ထိရရှိထားတဲ့ Action, Drama, History အမျိုးအစား
Bollywood ဇာတ်ကားဖြစ်ပါတယ်။
မင်းသားကြီး John Abraham ရဲ့ပရိတ်သတ်တွေအကြိုက်တွေ့ဦးမယ့် Agent ဇာတ်ကားမျိုးပါ။
Credit To : channelmyanmar.org
File size…(1GB) 
Quality…Blu-ray Rip 720p
Format…mp4
Duration….02:10:05
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung 


Asura The City Of Madness(2016)မြန်မာစာတန်းထိုး



Asura(2016)The City Of Madness
ဒီကားလေးဟာဆိုရင်ဖြင့် Rating 6.5/10 အထိ ရရှိထားတဲ့ Action,Drama ကားကောင်းလေးတကား ဖြစ်ပါတယ်
ခု တင်​ဆက်​​ပေးမယ့် ကား​လေးက​တော့ 2016 စက်​တင်​ဘာ 28ရက်​​နေ့က ထွက်​ခဲ့ပြီး လူကြိုက်​များခဲ့တဲ့ အက်​ရှင်​,ဒရမ်​မာကား​​ကောင်း​လေးပါ
      ဒီကား​လေးထဲမှာ (​ရွှေမင်းသား​လေးရဲ့ ချစ်​ပုံပြင်​)ပါဝင်​ခဲ့တဲ့ မင်းသား ဂျူဂျီဟွန်းပါဝင်​တဲ့ အပြင်​ အက်ရှင် ​​မင်းသားကြီး ​ဂျောင်​ဝူ​ဆောင်း,ဟွမ်​ဂျန်​မင်​ ဝါရင့်ဇာတ်​​ဆောင်​​တွေလဲ ပါဝင်​တာ​ကြောင့် ရင်​သပ်​ရှု​မောဖွယ်​​တွေ့မြင်​ရမယ့် ကား​လေးပါ😃😃
 စုံ​ထောက်​​တွေနဲ့ နိုင်​ငံ​ရေးသမား(အမတ်​/မြို့ဝန်​)​ တွေကြားက အဖြစ်​အပျက်​​တွေကို ဦးစား​ပေးရိုက်​ကူးထားပြီး လာဘ်​​စားမှု​တွေ,လာဘ်​စားပြီး လုပ်​​ပေး​နေရတဲ့ စုံ​ထောက်​ဘဝက​နေ ရုန်းထွက်​ချင်​​ပေမယ့် ​ကင်ဆာ​​ရောဂါ​ ခံစား​​နေရတဲ့ ဇနီးသည်​ရဲ့ ​ဆေးရုံ​စရိတ်​​ကြောင့် ရုန်းမထွက်​နိုင်​ ဖြစ်​​နေတဲ့ သူ,
လူ​တွေရဲ့ ​ကြောက်စရာကောင်းတဲ့ လောဘတရားက ညီအစ်​ကိုလို ခင်​တဲ့ ဆက်​ဆံ​ရေးက​နေ ဘယ်​လို​တွေ ​ပြောင်းလဲသွားမလဲဆိုတာ ပရိသတ်​တွေ
စိတ်ဝင်စားဖွယ်​​​ ​ရှုစားကြရမှာဖြစ်​ပါတယ်​.
ဝါရင့် သရုပ်​​ဆောင်​​တွေများစွာ ပါဝင်​ပြီး လူ​တွေကြားထဲက လူ​တွေရဲ့ အ​ကြောင်းကို စိတ်​ဝင်​စားဖွယ်​ ​တွေ့မြင်​ရမယ့် ဒီ [Asura:The City Of Madness] ကား​လေးကို အက်​ရှင်​ကား​ကောင်း ​စောင့်မျှော်​​​နေသူများ လုံးဝ လက်​မလွှတ်​သင့်တဲ့​ကား​လေးလို့ ညွှန်းလိုက်​ပါရစေဗျာ😃😃😃

Credit To : goldchannelmovies.com
Review & Translate by Min Khay Man
Encoded b Hein Min Htet
HD 720p 950mb



Spectral(2016)မြန်မာစာတန်းထိုး

Spectral (2016)
IMDb : 6.4
Rotten Tomatoes : 80%
How you can stop if you can’t see the enemies are coming?
“ရန်သူတွေ လာနေတာ မမြင်ရရင် မင်းဘယ်လို တားဆီးမလဲတဲ့”။ ခုတလော သည်းထိတ်ရင်ဖိုအက်ရှင်ကားတွေကို တင်ဆက်တဲ့နေရာမှာ အလွန်ကျော်ကြားနေတဲ့ Netflix ရဲ့ Scifi-Thriller ဟာ နာမည်ကြီး အက်ရှင်ဂိမ်းတစ်ခုဖြစ်တဲ့ Gears of War ကို ဂြိုလ်သားတွေနဲ့ ပေးတွေ့လိုက်ပါပြီ။ Pacific Rim တို့ Battleship တို့လိုပဲ သဘာဝလွန်စွမ်းအားတွေရှိတဲ့ တခြားကမ္ဘာက ဂြိုလ်သားတွေနဲ့ အသေအကြေ တိုက်ခိုက်ရတဲ့ အကြောင်းရိုက်ကူးထားတဲ့ Spectral ကို သိပ္ပံကား၊ စစ်ကားဝါသနာအိုးတွေသာမက သည်းထိတ်ရင်ဖိုကြိုက်တဲ့ ပရိတ်သတ်များကပါ ချီးကျူးကြပါတယ်။ ဂိမ်းဝါသနာအိုးတွေအတွက်တော့ မကြည့်မိရင် သူများနောက်ကျန်ခဲ့နိုင်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတွေကို သူသေကိုယ်သေပြန်တိုက်ပေးရတဲ့ special operation တပ်သားတွေရဲ့ တိုက်ပွဲတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲလိုရိုးရှင်းတဲ့ စစ်ကားတစ်ကားကို ဆွဲဆောင်ထားတာကတော့ သူတို့တိုက်ခိုက်တဲ့ နည်းဗျူဟာတွေ၊ သုံးတဲ့ လက်နက်ဆန်းတွေနဲ့ ဂြိုလ်သားတွေရဲ့ သဘာဝလွန်စွမ်းအားတွေ ဖြစ်ပါတယ်။ စစ်ကားဆို သိပ်မကြိုက်တဲ့ သူတောင် Trailer ကြည့်လိုက်တဲ့အချိန်မှာ မျှော်လင့်သွားမိမှာ သေချာတာမို့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။

Credit To : www.goldchannelmovies.com
Review by Waiyan Philip
Translator by Hnin Hnin
Encoded by Hein Min Htet
Quality-bluray 720p
size-770mb


Ben-Hur (2016) - မြန်မာစာတန်းထိုး


ခရစ်တော်ရဲ့မေတ္တာဂရုဏာတော်ကို အောက်မေ့တမ်းတဖွယ် တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
Ben-Hur ရုပ်ရှင်ဟာ ဒီနှစ်ရဲ့ သြဂုတ်လ 16 ရက်မှာ စတင်ရုံတင်ပြသခဲ့တဲ့ သမိုင်းနောက်ခံ အက်ရှင်ဒရာမာကားတစ်ကားပါ။ 2016 အတွင်း ဘတ်ဂျက်ကြီးကြီးမားမားနဲ့ ရိုက်ကူးခဲ့တဲ့ ကားတွေထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ 1959 ခုနှစ်က အောင်မြင်ထင်ရှားခဲ့တဲ့ သမိုင်းနောက်ခံ Ben-Hur ခေတ်ဟောင်းရုပ်ရှင်ကိုပဲ ပြန်လည်းဆန်းသစ်ထားတဲ့ ရုပ်ရှင်ပါ။ ရာဇ၀င်ကားကြီးတွေ၏ ထုံးစံအတိုင်း လူအင်အားကောင်းကောင်း၊ ဆက်တင်ကြီးကြီးတွေနဲ့ အားထုတ်ရိုက်ကူးခဲ့ပေမဲ့ ရုံဝင်ငွေကတော့ မျှော်မှန်းသလောက် အောင်မြင်မှုမရခဲ့ပါဘူး။
ရုပ်ရှင်ကိုတော့ ခရစ်တော် သက်ရှိထင်ရှားရှိစဉ် ရောမခေတ်ကို ဇာတ်အိမ်ယူထားပါတယ်။ ဂျူးလူမျိုးနဲ့ ရောမသားဆိုတဲ့ မွေးစားညီအကိုနှစ်ယောက်ကြား ကိုယ်ပိုင်ဇာတ်လမ်းနဲ့အတူ၊ အရမ်းချစ်ခင်ကြတဲ့ ညီအကိုနှစ်ဦးရဲ့ အိမ်အပြန်ခရီးတွေဟာ သူတို့မိသားစုအတွက် မမျှော်လင့်လောက်အောင် ခက်ခဲတဲ့ အနာဂတ်တွေကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ ချစ်ခြင်းမေတ္တာနဲ့အတူ အမုန်း၊ အာဃာတ၊ အာဏာတွေကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောမခေတ်က စစ်ရထားပြိုင်ပွဲကြီးတွေကိုလည်း ရင်တစ်ဖိုဖိုနဲ့ ကြည့်ရူ့ရမှာပါ။ ဒီရုပ်ရှင်မှာ ထိုစဉ်အချိန်က သက်ရှိထင်ရှားရှိဆဲ ခရစ်တော်၏ ပုံရိပ်ကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။
Rating ကောင်းမှ ကြည့်သူတွေအတွက် သတိပေးလိုတာကတော့ ဒီကားဟာ rating ပိုင်းမှာ အားနည်းခဲ့ပေမဲ့ ကြည့်လို့အဆင်ပြေပါတယ်။ သမိုင်းနောက်ခံ ရာဇ၀င်ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအဖို့ ဒီရုပ်ရှင်ဟာ အနီးစပ်ဆုံးနှိုင်းပြရရင် နာမည်ကျော် ရောမကားဖြစ်တဲ့ Gladiator နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒီနောက်ပိုင်းမှာ ဖန်တလဲလဲမြင်နေရတဲ့ ကိုးရီးယားစီးရီးတွေ၊ လူစွမ်းကောင်းရုပ်ရှင်တွေကနေ သွေဖယ်ပြီး ရာဇ၀င်ကားကောင်းတစ်ကားကို ဖြေးဖြေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ချင်သူတွေအဖို့ နှစ်ခါမစဉ်းစားသင့်တဲ့ ရုပ်ရှင်ကားကောင်းဆိုတာလောက်ပဲ အညွှန်းပေးချင်ပြီး ကိုယ်တိုင်ကြည့်ရူ့ခံစားကြည့်ဖို့ တိုက်တွန်းလိုပါတယ်။(PG-13 အမျိုးအစားဖြစ်ပါတယ်)
Review: motaku.club
(Han Tar မှဘာသာပြန်တင်ဆက်ထားတာပါ။)

Credit To : www.channelmyanmar.org

File size…(999MB)
Quality…BR-Rip 720p
Format…mp4
Duration….02:04:43
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (999MB)

 

Watch And Download Direct Link (999MB)

 

Watch And Download Pcloud (440MB)

 

Watch And Download Direct Link (440MB)

Heartfall Arises (2016)မြန်မာစာတန်းထိုး

ဟောင်ကောင် မှာ နာမည်ကျော် လူသတ်သမား  General ဟာ လုပ်ငန်းရှင်ငွေရှင်ကြေးရှင်တွေကို မသတ်ခင် အသိပေးသော်လည်း လူသတ်မှုတွေ တစ်ခုပီးတစ်ခု ဖြစ်နေပါတယ်။ လုပ်ငန်းရှင် Bam lan ကိုကာကွယ်ဖို့ ဟောင်ကောင် ရဲ John Ma ရဲ့ လက်ထဲမှာ လူသတ်သမား Generalကျရှုံးသွားပါတယ်။ John တစ်ယောက် ဒဏ်ရာရပီး ဆေးရုံတက်နေစဉ်မှာပဲ Profeasor Clavin Che နဲ့တွေ့ဆုံခဲ့တယ်။ တစ်နှစ်အကြာပီးနောက် အာရှလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ပါတီပွဲ မှာ စောင့်ကြည့်ဖို့  John တာဝန်ကျတော့ အမှတ်မထင် General နဲ့ တစ်ပုံတည်း တူတဲ့ လူဆိုးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ General အသစ် တယောက် ထွက်ပေါ်လာပီး John ကိုထပ်ယှဉ်ပြိုင်ဖို့ စိန်ခေါ်ခဲ့တယ်။ ရဲအဖွဲ့က အသစ်ပြန်ပေါ်လာတဲ့ General နဲ့ပုံစံတူ လူသတ်သမားကို ဘယ်လိုဖမ်းဆီးမလဲ ဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ Sharon ကိုးသောက်ပွဲမှာကယ်ခဲ့တဲ့ ရဲ ဟာ သူ့ ရဲ့ ရည်းစားGeneral ကို သတ်တဲ့ သူဖြစ်နေမှန်းsharon သိသွားတဲ့ အခါ  ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်။ သေသွားတဲ့ Dr.Ko အမှုကိုပြန်စစ်ကြည့်တော့ ထိုင်ဝမ်မှာ professor Clavin Che တစ်ယောက်ပဲရှိနေကြောင်း John Ma သိသွားတဲ့အခါ တတ်တဆိတ်စုံစမ်းဖို့ ဖြစ်လာပါတယ်။ အဲ့ဒီနောက် Calvin Che ကိုယ်တိုင်ကလဲ အသည်းအစားထိုးခွဲစိတ်မှုလုပ်ထားရတယ် ဆိုတာနဲ့ ခွဲစိတ်မှုခံယူပီးနောက် စိတ်ပညာရှင် တစ်ယောက် ဘာကြောင့် ဖောက်ပြန်ပီးစိတ်ရိုင်းဝင်သွားလဲဆိုတာ Heartfall Arises မှာ ဆက်လက်ရူစားရမှာပါ။

Credit To : www.goldchannelmovies.com
Review & Translate by Seint Thet Htar Aung
Encoded by Hein Min Htet
quality & size-730mb bluray 720p


Into the Badlands (2016) TV Series မြန်မာစာတန်းထိုး (စ/ဆုံး)




Into the Badlands Review
+++++++++++++++

ခုတလော Series တော်တော် များများက Drama .. ဒါမှမဟုတ်ရင်  Mystery .. ဒါမှမဟုတ်ရင် Thriller တွေက များလာပါတယ် .. အဲ့ဒါတွေကို ခဏ နားပြီး Action Series ကောင်းကောင်းလေး ပြောင်းကြည့်ချင်သူတွေအတွက် အလန်းစား Fighting Scene တွေ .. Action အကြမ်းစားတွေနဲ့ အကောင်းဆုံးရသကို ပေးနိုင်မယ့် Series လေးတစ်ခုကို Gold Channel ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ် ..
.
Into the Badlands
Genre : Action, Adventure, Drama
IMDb Rating : 8.1
.
ကမ္ဘာစစ်ကြီးတွေအပြီးမှာ ကမ္ဘာ့နိုင်ငံတွေဟာ ပြိုလဲပျက်သုဉ်းသွားခဲ့ရပါပြီ ..။
လူသားမျိုးနွယ်စုဟာလည်း ဆက်လက်အသက်ရှင်ရပ်တည်ဖို့အတွက် ကြပ်တည်းစွာ ရုန်းကန်နေကြရပါပြီ ..။
အဲ့ဒီလိုအစိတ်စိတ်အမြွှာမြွာဖြစ်နေတဲ့ ကမ္ဘာကြီးရဲ့ တစ်နေရာမှာ Badlands ဆိုတဲ့ နယ်မြေရှိပါတယ် ..။
အဲ့ဒီနေရာကို Baron လို့ခေါ်တဲ့ အရှင်သခင် ခုနှစ်ယောက်က အသီးသီး အုပ်စိုးနေကြပါတယ် …။
.
အဲ့ဒီ Baron ခုနှစ်ယောက် ထဲက တစ်ယောက် ဖြစ်တဲ့ Quinn ရဲ့ သက်တော်စောင့် ညာလက်ရုံး .. အဆင့်မြင့် တိုက်ခိုက်ရေးသမား Sunny …
နားလည်ရခက်တဲ့ စွမ်းအားတွေနဲ့ ပျောက်သွားတဲ့ မိသားစုကို လိုက်ရှာဖို့ကြိုးစားနေတဲ့ .. M.K ဆိုတဲ့ ကောင်လေး ..
သူတို့ နှစ်ဦးပေါင်းပြီး ရှုပ်ထွေးပွေလီပြီး နိုင်သူစားစတမ်း Badlands ကြီးထဲမှာ ဘ၀ အဓိပ္ပါယ်အစစ်ကို ရှာဖို့ကြိုးစား ကြပုံကို ရင်သပ်ရှူမောဖွယ် ကြည့်ရှူ ခံစားရမှာ ဖြစ်ပါတယ် ..။
.
ယခုစီးရီးကို ထုတ်လွှင့်ပြသခဲ့တာကတော့ တမူထူးခြားတဲ့စီးရီးတွေကိုမှ ရွေးချယ်ထုတ်လွှင့်တတ်တဲ့ AMC ကပဲ ဖြစ်ပါတယ် ..။ Martial Arts အသားပေးစီးရီး ဆိုတော့ မင်းသားက ကောင်းကောင်းမှ သရုပ်ဆောင်နိုင်ပါ့မလား ဆိုတာ လည်း စိတ်ပူစရာမရှိပါဘူး ..။ New Police Story တို့ Naked Weapon တို့မှာ ဒိတ်ဒိတ်ကြဲအက်ရှင်တွေ သရုပ်ဆောင်ချက် တွေနဲ့ ပရိတ်သက်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသားကြီး  Daniel Wu ပါ ..။
(AMC Studios ကို သဘောကျတဲ့အချက်ကလည်း စီးရီးတွေမှာ အသင့်လျော်ဆုံးဖြစ်မယ့် မင်းသားတွေကို ရွေးချယ်ဖို့ နောက်မတွန့်တတ်တာပါပဲ .. ဘက်ဂျက်ကို ချွေတာနိုင်သလောက်ချွေတာပြီး ခပ်ပေါပေါရိုက်တတ်တဲ့ စီးရီးတွေ များလာတဲ့ ခေတ်ကြီးထဲမှာ Main Steam ထဲ က မင်းသားတွေကို ဘက်ဂျက်မကြည့်ဘဲ ထည့်ရိုက်ရဲတဲ့ Studio အနည်းစုထဲက တစ်ခုလည်း ဖြစ်ပါတယ် .. ထွက်သမျှ စီးရီးတွေဟာလည်း HBO က ထုတ်တာတွေ လောက် မခမ်းနားပေမယ့် အရည်အသွေးပိုင်းမှာတော့ ရင်ဘောင်တန်းနိုင်တဲ့ Studio တစ်ခုပါ ..) ..
.
နောက်ပြီး အခု Into the Badlands ဇာတ်လမ်းတွဲဟာ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့ Journey to the West -အနောက်ဘက်သို့ ခရီးသွား (စွန်းဝူခုန်း) ဇာတ်လမ်းကျောရိုးကို အနည်းငယ်မှီငြမ်းထားပါတယ် ..။
Into the Badlands ဇာတ်လမ်းတွဲဟာ Hunger Game .. Divergent Series .. Maze Runner တို့လို Post Apocalypse ဇာတ်လမ်းမျိုးကို Martial Art Genre နဲ့ အလန်းဇယား ကြည့်ရှူခံစားရနိုင်တာမို့ လက်တို့ညွှန်းဆို လိုက်ရပါတယ်..။
Credit To : www.goldchannelmovies.com
Translate by: SKL
Review by: MgKaung
Encode by: Hein Min Htet
Quality 720P HD
Size 350MB
PCLOUD                                                  Direct Link

Episode - 1                                               Episode - 1

Episode - 2                                               Episode - 2

Episode - 3                                               Episode - 3

Episode - 4                                               Episode - 4

Episode - 5                                               Episode - 5

Episode - 6(END)                                    Episode - 6(END)

Krrish 3 (2013) - မြန်မာစာတန်းထိုး


IMDb (5.4/10)….Rotten Tomatoes(83%)
အိန္ဒိယ သိပ္ပံနဲ့ စွန့်စား မှု တွေပါ ၀င်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်တဲ့ Krrish 3 ဟာ အောက်တိုဘာ ၃၁ ရက်နေ့က
ထွက်ရှိခဲ့ပါ ပြီ။ အနောက်တိုင်း animated ရုပ်ရှင်ကား တွေကို ယှဉ်နိုင်တဲ့ Bollywood ရုပ်ရှင် တွေရဲ့ အဆင့်အတန်းကို ဖော်ပြ
နိုင်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်ပါ တယ်။ အရင် ဇာတ်ကားတွေ ဖြစ်တဲ့ Koi….Mil Gaya (2003) အဓိပ္ပါယ် ကတော့
I…found someone နဲ့ သူ့ရဲ့ နောက်ဆက် တွဲ Krrish (2006) တို့ဟာလည်း အောင်မြင်ခဲ့ တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ ပထမ
ဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့
ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ
ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့
ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ
ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး
မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပါတယ်။ Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း
ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ
အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား
ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို
အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း
တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့
ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး
တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။ အခု Krrish 3 မှာတော့
Rohit နဲ့ Krrishna တို့သားအဖဟာ မွန်ဘိုင်းမြို့မှာ သူတို့ရဲ့ အစွမ်းအစတွေနဲ့ ကမ္ဘာကြီးကို အကြိုးပြုနေကြပါတယ်။ Rohit က သေသူ
ကိုအသက်ပြန်သွင်းနိုင်တဲ့ စက်ကြီးတစ်လုံးတည်ဆောက်နေပြီး Krrishna ကတော့ Priya နဲ့ လက်ထပ်ပြီး Krrish တစ်ဖြစ်လဲ အနေနဲ့
ဒုက္ခရောက်နေသူ တွေကို ကူညီလျှက်ရှိပါတယ်။ သူတို့ရင်ဆိုင်ရ မယ့် စူပါဗီလိန်ကတော့ Dr.Kaal ဖြစ်ပါတယ် ။ အာဖရိက ဘက်မှာ
ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ် က မွန်ဘိုင်းကိုပြန့်နှံ့လာနေပြီး ဖြေဆေးကို Rohit က အချိန်မီရှာရမှာပါ။ ပြီးတော့ Dr.Kaal ရဲ့ လူတစ်ပိုင်း တိရိစ္ဆာန်
တစ်ပိုင်း Maanvars လို့ခေါ်တဲ့ Mutant တွေက မွန်ဘိုင်းမြို့ကြီးရဲ့ ကယ်တင်ရှင် Krrish ကို တိုက်ခိုက်ပုံတွေ ကို အသည်းတယားယားနဲ့
ကြည့် ကြရမှာပါ။ သေသပ်လှတဲ့ Animation effect တွေနဲ့ Hrithik Roshan, Vivek Oberoi, Priyanka Chopra, Kangna Ranaut တို့
ဦဆောင်ထားပြီး ဒါရိုက်တာ Rakesh Roshan ရဲ့ လက်ရာကားကောင်းတစ်ကားပါ။ Hrithik က Rohit ရော Krrishna အဖြစ်ပါ သရုပ်ဆောင်
ထားပါတယ်။ Priyanka Chopra ကတော့ Priya အဖြစ်သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1.1GB)
Quality…BR-Rip 720p
Format…mp4
Duration….02:32:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.1GB)


Watch And Download Direct Link (1.1GB)


Watch And Download Pcloud (540MB)


Watch And Download Direct Link (540MB)

Krrish (2006) - မြန်မာစာတန်းထိုး



IMDb (6.3/10)….Rotten Tomatoes(100%)
မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကား Koi….Mil Gaya (2003) ရဲ့အဆက်ဇာတ်ကားဖြစ်ပါတယ်။
Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း
ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ
အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား
ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို
အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း
တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့
ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး
တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။
ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။
(ဘာသာပြန်ထားသူကတော့ Aye Nyein Thu Hein ဖြစ်ပါတယ်။)

Credit To : www.channelmyanmar.org

File size…(1.3GB)
Quality…BR-Rip 720p
Format…mp4
Duration….03:05:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.3GB)

 

Watch And Download Direct Link (1.3GB)

 

Watch And Download Pcloud (660MB)

 

Watch And Download Direct Link (660MB)

CAMELOT Mini Series (စ/ဆုံး)





မီးနတ်တန်ခိုးရှင် မော်ဂါနာနှင့် ဘုရင်လေးအာသာ (သို့မဟုတ်) CAMELOT Mini Series (စ/ဆုံး) (မြန်မာစာတန်းထိုး 720P HD) 18+ Action, Adventure
=========
Game of Throne ကိုကြိုက်တဲ့ သူများအတွက် Game of Throne Season 6 မထွက်ရှိခင် စိတ်ဖြေအနေနဲ့ ကြည့်သင့်တဲ့ စီးရီးကောင်းတစ်ခုပါ..။ အပိုင်းလည်းနည်းပြီး အစအဆုံးဆိုတော့ ကြည့်တာလဲ အဆင်ပြေလှပါတယ်.။တစ်ချို့သော ၁၈+ အခန်းတွေဟာ ကြမ်းလွန်းတာကြောင့်မိသားစုနဲ့ ကြည့်ဖို့ အတွက်တော့ မသင့်တော်ပါ.။
ဖြစ်ရပ်မှန် ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒဏ္ဍာရီထဲက လူစွမ်းကောင်း လန်းစလော့ ၊ မီးနတ်ဘုရားမ မော်ဂါနာ ၊ ပါရမီရှင် ထိပ်သီးမှော်ဝိဇာကြီး မာလင် ၊ဘုရင်ကြီးအာသာ အစရှိတာတွေကိုလဲ မျက်ဝါးထင်ထင်မြင်ကြရမှာပါ..။ ဇာတ်လမ်းကြောင်းကတော့....။
ငါးရာစုနှောင်းပိုင်းမှာ ဗြိတိန်ဟာ ရောမတွေရဲ့ ဆယ်စုနှစ်တစ်ချို့တာ အုပ်ချုပ်မှုကနေ လွတ်မြောက်ခဲ့ပါတယ်။ အာသာဘုရင်ဟာ ဆိုးသွမ်းလွန်းတဲ့ မော်ဂါနာဆိုတဲ့ သမီးဖြစ်သူကို ခရစ်ယာန် သာသနာပြုကျောင်းတစ်ကျောင်းမှာ သမီးသွားရောက်ထားရှိပါတယ်..။မော်ဂါနာဟာ သာသနာပြုကျောင်းမှာ ကောင်းရာကောင်းကြောင်းတွေမသင်ယူပါပဲနဲ့ စေတန်နဲ့ မိမိဝိဥာဉ်ကိုရောင်းကာ အပေးအယူလုပ်ပြီး ယုတ်မာရက်စက်တဲ့ မှော်ပညာရပ်တွေကို သင်ပြီး မီးနတ်ဘုရားမ တစ်ယောက်လို မှော်တွေသင်ယူခဲ့ပါတယ်.။
သူ့ရဲ့ အစွမ်းတွေနဲ့ အာသာဘုရင်ကို တိတ်တဆိလုပ်ကြံခဲ့ပါတယ်.။ အာသာ ဘုရင် ရုတ်တစ်ရက်သေဆုံးမှုနဲ့အတူ ၀ရုန်းသုန်းကားဖြစ်မှုတွေဟာ ဗြိတိန်ကိုဝါးမျိုပါတော့တယ်။ သမိုင်းဝင် မှော်ဆရာမာလင်ဟာ အမှောင်လွှမ်းမယ့်အတိတ်ကို ကြိုတင်မြင်ပြီးတော့ ငယ်ရွယ်ပြီး စိတ်မြန်တဲ့ အာသာ့ကို ရာထူးအပ်နှင်းခဲ့ပါတယ်။ သူဟာ အာသာဘုရင်ရဲ့ တိတ်တိတ်ပုန်းသားတစ်ယောက်ဖြစ်ပြီး သာမန်ပြည်သူအဖြစ်ကြီးပြင်းခဲ့ရသူပါ။
ဘုရင်အသစ်အနေနဲ့ မာလင်နဲ့ အာသာတို့ဟာ အစွန့်ပစ်ခံ ခြုံနွယ်ပိတ်ပေါင်းတွေများစွာထူထပ်နေတဲ့ ကမ်မလေ့ ရဲတိုက်မှာ သူတို့ရဲ့မိတ်ဖက်တွေဖြစ်တဲ့ အာသာ့မွေးမိခင် အိုင်ဂရိန်း မွေးစားညီအစ်ကို ကေးနဲ့ သစ္စာရှိစစ်သည်တော် လီယွန်တေး ဂါဝိန်း ယူလ်ဖီးယပ်စ်နဲ့ ဘာရာစရှားတို့ နဲ့အတူစတင်နေထိုင်ပြီး ဒီရဲတိုက်ကနေ အခက်အခဲပေါင်းများစွာ စိန်ခေါ်မှု့ပေါင်းများစွာနဲ့ အာသာဟာ ကောင်းမွန်တဲ့ ပြည်သူတွေငြိမ်းချမ်းစွာနေထိုင်နိုင်မယ့် ဗြိတိန်နိုင်ငံသစ်ကို တည်ထောင်ဖို့ကြိုးစားပါတော့တယ်။
=================================================
Credit To : www.goldchannelmovies.com
Credit to-Movies with Myanmar Subtitle
Encode by: Hein Min Htet 
Quality 720P HD
Size 300MB

 Pcloud                                        Direct link

Episode - 1                                    Episode - 1

Episode - 2                                    Episode - 2

Episode - 3                                    Episode - 3

Episode - 4                                     Episode - 4

Episode - 5                                     Episode - 5

Episode - 6                                     Episode - 6

Episode - 7                                     Episode - 7

Episode - 8                                      Episode - 8

Episode - 9                                      Episode - 9

Episode - 10                                     Episode - 10

Fan (2016) - မြန်မာစာတန်းထိုး


**မကြည့်ရသေးသူများ ကြည့်နိုင်ရန်ပြန်တင်ပေးလိုက်ပါတယ်**
umbai မြို့မှာနေထိုင်တဲ့ Gaurav ဆိုတာ အရမ်းအောင်မြင်နေတဲ့ ရုပ်ရှင်မင်းသားကြီး Aryan Khanna ကို အသဲအမဲ အရူးအမူးကြိုက်တဲ့ fanboy လေးတစ်ယောက်ပေါ့။ သူ့ အခန်းမှာဆိုလည်း Aryan Khanna ရဲ့ပုံတွေအပြည့်။ သူ အားပေးတာကြမ်းချက်က အဖေ၊ အမေ ရော သူငယ်ချင်းတွေပါမနေရ။ ဒါတင်မက Gaurav ရဲ့ရုပ်ရည်ကလည်း Aryan Khanna နဲ့တော်တော်ကိုတူတာ။ အဲ့တော့ Aryan Khanna ရဲ့ ဇာတ်ကားတွေ၊ သရုပ်ဆောင်ပုံတွေ dialogue တွေကိုမလွတ်တမ်းကြည့် သူကို့သူလည်း Aryan Khanna Junior လို့ခေါ်ရလောက်အောင်ကိုရူးတာ။ သူတို့ ရပ်ကွက်မှာလုပ်တဲ့ ရုပ်ရှင်ပြိုင်ပွဲတွေမှာလည်း Aryan Khanna ပုံစံနဲ့ ဝင်ဝင်ပြိုင်ပြီး တူလွန်းလို့ ပထမဆု တွေအမြဲစွတ်ခူးနေတဲ့သူပေါ့။ အဲ့တာနဲ့ Aryan Khanna ရဲ့မွေးနေ့အမှီ သူ ပထမ ရတဲ့ဆုလေးကို သွားပြမယ်။ အကြိုက်ဆုံးမင်းသားနဲ့သွားတွေ့မယ်ဆိုပြီး ကြံပါလေရော။ Gaurav တစ်ယောက် မင်းသားကြီး Aryan Khanna နဲ့တွေ့တဲ့အခါမှာတော့ သူမျှော်လင့်ထားတာတွေနဲ့ တစ်ခြားစီဖြစ်ခဲ့ရပြီး နာမည်ကြီးမင်းသားကြီးနဲ့ သူရဲ့ အရူးအမူး ပရိတ်သတ်တစ်ဦးတို့ ဘယ်လိုဆက်နှစ်ပါးသွားမလဲဆိုတာကို Bollywood ကား Fan မှာခံစားရမှာပါ။

ဒီဇာတ်လမ်းမှာတော့ အားလုံးသိကျတဲ့အတိုင်းပဲ အိန္ဒိယမင်းသားကြီး Shah Rukh Khan က မင်းသားကြီး Aryan Khanna နေရာရော Gaurav နေရာကပါ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ Aryan Khanna ဆိုတဲ့ ဇာတ်ကောင်ဟာ တစ်ကယ့် ဘဝထဲက Shah Rukh Khan ကိုပဲပြန်သရုပ်ဆောင်တာဖြစ်မယ်ထင်ပါတယ်။ Khan ရဲ့ Khanna ကိုသရုပ်ဖော်ထားတာက တစ်ကယ်အရမ်းကောင်းပါတယ်။ ပိုပြီး ချီးကျူးဖို့ကောင်းတာက Khan ရဲ့ Gaurav ကိုသရုပ်ဖော်ထားပုံပါပဲ။ နှစ်ကိုယ်ခွဲသရုပ်ဆောင်ရတယ်ဆိုပေမယ့် သရုပ်ဆောင်နှစ်ယောက်ကို သုံးထားတဲ့ အတိုင်းပါပဲ။ စကားပြောပုံ၊ အမူအရာ၊ အကြည့်တွေ အားလုံးအားလုံးကို ပြောင်းလဲပြီး တော်တော်ကြီး ကြိုးစားထားတာတွေ့ရမှာပါ။ တစ်ကယ်လည်း အရမ်းအောင်မြင်ပါတယ်။ ဒီကားမှာ နောက်ထက်ချီးကျူးရမှာက Gaurav ရဲ့ makeup နဲ့ effect ပါပဲ။ မင်းသားကြီး Khan ကို နှစ် ၂၀ လောက်ပြန်ငယ်သွားအောင် လုပ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ Khan ရဲ့ acting နဲ့ makeup ပေါင်းစပ်လိုက်တဲ့အခါမှ ပြီးပြည့်စုံတဲ့ Gaurav ဖြစ်လာတာပါ။
Credit To : Flim2mm.com
ရုပ်ရှင်အညွှန်း -  ဓာတ်ရှင်

IMDB 7.8 ရထားတဲ့ ဇာတ်လမ်းဟာ ပြသချိန် 2h:22mins ရှိပါတယ်။ 634 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


True Memoirs of an International(2016)မြန်မာစာတန်းထိုး

True Memoirs of an International Assassin (2016) ကားကတော့ ဟာသရော အမိုက်စား အက်ရှင်ခန်းတွေကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ
ဒီဇာတ်ကားမှာဆိုရင် အူကြောင်ကြောင် ကုမ္ပဏီဝန်ထမ်း Sam ဟာဆိုရင် action ဝတ္ထုရေးတာကို အရမ်းရူးသွပ်ပြီး သူ့တစ်ဘဝလုံး ဝတ္ထုတွေရေးနေခဲ့ပေမယ့် ပုံနှိပ်ထုတ်ဝေခြင်း မလုပ်နိုင်တဲ့ စာရေးဆရာတစ်ယောက်ပါ တစ်နေ့မှာ သူ့ရဲ့ နိုင်ငံတကာကြေးစားလူသတ်သမားတစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းဆိုတဲ့ စိတ်ကူးယဉ်ဝတ္ထုကို လိုင်းပေါ်မှာ e-book အဖြစ် ထုတ်ဝေပေးမယ့်သူ ပေါ်လာခဲ့ပါတယ် ဒါပေမယ့် တကယ်တမ်းသူ့စာအုပ် လိုင်းပေါ်ရောက်တဲ့အခါမှာတော့ ဖြစ်ရပ်မှန်ဆိုတဲ့ စကားလုံးတစ်လုံးအပိုပါလာပြီး မထင်မှတ်လောက်အောင် ရောင်းအားကောင်းတဲ့စာအုပ်ဖြစ်သွားပါတယ်
တခြားတစ်ဖက်မှာ ဒီစာအုပ်ကြောင့် သူ့ကိုခြိမ်းခြောက်ပြီး ကြေးစားလုပ်ခိုင်းချင်တဲ့ နိုင်ငံရေးသမားတွေ မူးယစ်ရာဇာတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရတဲ့အခါမှာတော့ Sam တစ်ယောက် သူ့စာအုပ်ထဲက တကယ့် ပရော်ဖက်ရှင်နယ် ကြေးစားအဖြစ် ဘယ်လိုဖြေရှင်းမလဲဆိုတာ ဟာသမြောက်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရှုခံစားနိုင်ဖို့တင်ဆက်လိုက်ပါတယ်

Credit To : www.goldchannelmovies.com
Review and Translate by ဆလတ်ရွက်
Encoded by Hein Min Htet
Quality-Webrip 720p
700mb


Project A 2 (1987) - မြန်မာစာတန်းထိုး

ကလေးလူကြီးအကုန်လုံးကြိုက်တဲ့ ဂျက်ကီချန်းကားကောင်းတလက်ဖြစ်တဲ့ Project A 2 မှာ ဂျက်ကီချန်း ကိုယ်တိုင် ဒါရိုက်တာလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ကြည့်လို့ကောင်းနေဆဲ IMDB rating များတဲ့ဇာတ်ကားတကားပါ။ ဒီဇာတ်ကားကို ဂျက်ကီချန်းခရေဇီ မောင်ဦး မှ ဒုတိယအကြိမ်မြောက်ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ 
ဇာတ်လမ်းအကျဉ်းကတော့ စစ်ဘက်က ဆာဂျင်မာယူလုံ (ဂျက်ကီချန်း)ဟာ  စိုင်းဝမ်မြို့လေးမှာ ရဲအုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိသွားချိန်မှာတော ဒီမြို့လေးအတွက် ဖြေရှင်းပေးရမယ့်ပြသနာတွေ မနည်းမနောရှိနေပါတယ်။ အဆိုးဆုံးကတော့ မြို့ခံလူဆိုးဂိုဏ်ဖြစ်ပြီး သူတို့နဲ့ပါတ်သတ်နေတာကတော့ လာဘ်စားနေတဲ့ ရဲတွေဖြစ်လို့နေပါတယ်။  ပင်လယ်ဓါးပြဟောင်းတွေ ၊ မန်ချူးအစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့လည်း နည်းအမျိုးမျိုးနဲ့ပါတ်သတ်ရပြီး မာယူလံအနေနဲ့ နောက်ဆုံး ဒုစရိုက်တွေကို ဘယ်လိုဖြေရှင်းသွားလဲဆိုတာကိုတော့....
Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Action, Crime
[FILE SIZE]:……………………….:[ 864 MB
[RESOLUTION]:………………….:[ 720x310
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 41mins
[iMDB RATING]:……………………..:[ 7.2/10


Legend of Hidden Temple - မြန်မာစာတန်းထိုး


ဒီတစ်ခါတော့ ပရိတ်သတ်ကြီးကို
ကြည့်လိုက်တာနဲ့ ရိုးအီမသွားစေပဲ ကလေးငယ်လေးတွေ စွန့်စားခန်းထွက်တဲ့နောက် ကိုယ်ပါရောယောင် စွန့်စားချင်စိတ်ပေါက်သွားလောက်တဲ့ adventure ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
Legends of hidden temple ဆိုတဲ့ ဒီဇာတ်ကားလေးက ၉၀ခုနှစ်လောက်တုန်းက  game show ကို live-action movie အနေနဲ့ ပြသခဲ့ပါတယ် အခု ၂၀၁၆ မှာတော့ ပုံစံတစ်မျိုးနဲ့ ဒါရိုက်တာJoe Menendezက ပြန်လည်ဆန်းသစ်ထားပါတယ်
ဒဏ္ဍာရီပုံပြင်ရှိတဲ့ ဘုရားကျောင်းရှိရာကို ခရီးထွက်လာကြတဲ့ မိသားစုတစ်စုမှာ ကလေး ၃ယောက်ပါလာခဲ့ပါတယ် မောင်နှမ၃ယောက်ထဲမှာမှ နိုအာက ဒီခရီးကို လည်ပတ်ဖို့ စိတ်အားအထက်သန်ဆုံးဖြစ်ပြီး ဘုရားကျောင်းနဲ့ ဒဏ္ဍာရီက အမှန်ဆိုတာကို ယုံကြည်ပြီး သက်သေပြဖို့ကို အမြဲကြိုးစားနေခဲ့ပါတယ် ခရစ်ဖော့ဆိုတဲ့ ခရီးသွားလမ်းညွှန်သူနဲ့ တွေ့ဆုံပြီး ဘုရားကျောင်းမြေပုံကို နိုအာက ရပြီးတဲ့နောက် သူ့အစ်မ စေဒီ တားတဲ့ကြားက ဘုရားကျောင်းထဲကို ဝင်ခဲ့ရာ ဘာတွေဆက်ဖြစ်ကြမလဲ ဘုရားကျောင်းက ကျိန်စာသင့်တယ်လို့ လူတွေပြောနေကြတာက ဘာ့ကြောင့်လဲ နိုအာ စေဒီ ဒက်လေ တို့မောင်နှမ ၃ယောက်က ဘုရားကျောင်းထဲမှာ အစိမ်းရောင်မျောက်လိုမျိုး ထူးဆန်းတဲ့ အရာတွေနဲ့ ကြုံတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ နိုအာတို့က ဘုရားကျောင်းရဲ့ ဘုရင် အောလ်မတ်နဲ့ တွေ့ပြီး ကျိန်စာသင့်လူမျိုးစုကို ကယ်တင်နိုင်မှာလား သူတို့မောင်နှမတွေကရော ဘုရာကျောင်းထဲပိတ်မိရာကနေ ပြန်ထွက်နိုင်မှာလားကို  စွန့်စားခန်းတွေနဲ့အတူ စိတ်လှုပ်ရှားစွာ ကြည့်ရှု့ရမည်ဖြစ်ပါတယ် စိတ်ရှုပ်စရာတွေကို မေ့သွားလောက်သည်အထိ ကလေးတွေစွန့်စားခန်းက ဟာသအနှောလေးတွေနဲ့မို့ အပန်းပြေပါစေလို့မျှော်လင့်ရင်း review ကို ဒီနေရာလေးမှာပဲ အဆုံးသတ်လိုက်ပါတယ်
Credit To : www.goldchannelmovies.com
Review & Translate by Htar Inzali
Encode by: Hein Min Htet



Tai Chi Hero (2012) - မြန်မာစာတန်းထိုး

  Tai Chi Zero ရဲ့ အဆက်ပါ၊ imdb 6.2 ရထားတဲ့ ဖိုက်တင်ဇာတ်လမ်းပါ။



Credit To : Flim2mm.com

Tai Chi Zero (2012) - မြန်မာစာတန်းထိုး

Yang ဟာ Chen ဆိုတဲ့ရွာကို ထိုက်ကျိသိုင်းပညာရဲ့ လျို့ ၀ှက်နက်နဲမှုတွေ သင်လိုတာကြောင့် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့သူတို့ရွာသားတွေဟာ အပြင်လူတွေကို (ရွာသားမဟုတ်သူများ) သင်ပေးလေ့မရှိပါဘူး...

သို့ပေမဲ့ yang ဟာ သူတို့ရဲ့ အကြီးမားဆုံးသော မျှော်လင့်ချက်ဖြစ်သော ရွာကိုဖြတ်သန်းကာ မီးရထားလမ်း ဖောက်လုပ်မည့်လူးများကို တိုက်ခိုက်ကယ်တင်မည့်သူဖြစ်လာတဲ့အခါ....

တရုတ်နာမည်ကြီး မင်းသမီး Shu Qi ပါဝင်သော Tai Chi Zero 2012
Credit To : Flim2mm.com
ရုပ်ရှင်အညွှန်း - Movie Lover
 
 

Empire of lust 2015 - မြန်မာစာတန်းထိုး


ဒီရာဇ၀င်ကားလေးဟာ ၁၄ ရာစုကကိုရီးယားနိုင်ငံရဲ့တော်ဝင်မိသားစုတစ်ခုရဲ့အကြောင်းရာကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်… 
ကင်မင်ဂျေဆိုတဲ့စစ်သူကြီးဟာ ဂျိုဆန်မင်းဆက်အတွက် အရမ်းအားထားရတဲ့စစ်သူကြီးတစ်ယောက်ဖြစ်ခဲ့ပါတယ်….သူဟာတိုင်းပြည်ရဲ့ညာလက်ရုံးတစ်ယောက်
ဖြစ်ရုံသာမက ဂျိုဆန်မင်းကြီးအပေါ်မှာလည်းအရမ်းကိုသစ္စာရှိတဲ့စစ်သားကောင်းတစ်ယောက်ဖြစ်ပါတယ်… 
ဒါကြောင့်မင်းကြီးကိုဆန့်ကျင်ဖို့ကြိုးစားနေတဲ့ မင်းကြီးရဲ့ ငါးယောက်မြောက်သားတော် ဂျောင်ကိုမျက်ခြေမပျက်စောင့်ကြည့်နေခဲ့ပါတယ်…
သူ့ရထားတဲ့ရာထူးကြောင့် သူမှာဖိအားတွေလည်းများခဲ့သလို တိုက်ပွဲပေါင်းများစွာကိုလည်းကြုံခဲ့ရပါတယ်…အဲ့ဒီလိုအခြေနေတွေမှာပဲ ဂါဟီးဆိုတဲ့ချောမောလှပတဲ့မိန်းမပျိုလေးနဲ့တွေ့ဆုံခဲ့ပြီး အမှတ်မထင်သံယောဇဉ်ရှိခဲ့ရာကနေ ထောင်ချောက်ထဲကိုတိုးဝင်သလိုဖြစ်သွားခဲ့ပါတယ်…
ဒီကားရဲ့ကောင်းကြောင်းတွေကိုပြောရရင်တစ်ကားလုံးဖြစ်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲကျေနပ်ကြပါ…ဒီကားလေးထဲမှာချစ်ခြင်းတရားဟာ ဘယ်လိုအရာမျိုးလဲဆိုတာမြင်တွေ့ရမှာပဲဖြစ်ပါတယ်…..ရှေ့ခေတ်ကိုရီးယားရဲ့ ဇာတ်ရုပ်တွေပီပြင်အောင်လုပ်ထားတာမို့ တချို့သောအခန်းတွေက မိသားစုနဲ့မကြည့်သင့်ပါ….ရာဇ၀င်ကားကြိုက်သူများနဲ့ နန်းတွင်းကားတွေကြည့်တာနှစ်သက်သူများအတွက်အကြိုက်တွေ့စေမယ့်ကားကောင်းလေး
တစ်ကားပဲဖြစ်ပါတယ်…
Credit To : www.channelmyanmar.org
File size…(1.0 GB , 460.8 MB)
Quality…DVD-Rip
Format…mp4
Duration….01:53:23
Subtitle….Myanmar Subtitle (Hardsub)
Encoder….Moe Myint Lwin




Rise of the Guardians (2012) - မြန်မာစာတန်းထိုး

Director: Peter Ramsey ရိုက်ကူးတင်ဆက်ထားပြီး
November 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ လူကြီးရော ကလေးပါ ကြည့်သင့်တဲ့
ယုံကြည်မှု စိတ်ဓါတ်ရေးရာ မြင့်တင်ပေးပြီး စိတ်ဓါတ်ခွန်အား ရရှိစေမယ့် နတ်သမီး ပုံပြင်အခြေခံ
ကာတွန်းဇတ်လမ်းလေး ဖြစ်ပါတယ်….
==================================
ဇတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်
ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကို
စွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်…
တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ် ကို
သေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်
နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်….
ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဥာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်
၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူး
ဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်း
ဆန်တာကလော့ တို့ အက်စတာဘန်နီ တို့ အပြင် အိပ်မက်ဖန်ဆင်းရှင် သဲလူသား နဲ့
သွားနတ်သမီး တို့ ကို တွေ့ဆုံလိုက်ရပြီး ၄င်းတို့ နဲ့ အတူ ကလေးတွေ ရဲ့ ပျော်ရွှင်မှု ယုံကြည်မှု ကို
လိုက်လံ ဆောင်ရွတ်နေရင်း နဲ့ ကလေးတွေ ကို ညဘက် အိပ်မက်ဆိုးတွေ ပေးမက်နေတဲ့
Dream Worker နတ်ဆိုး ရဲ့ ညစ်ပတ်လှတဲ့ လှည့်ကွက်တွေနဲ့ သူတို့ အဖွဲ့ တွေ့ကြုံလိုက်ရတဲ့အခါ……
ဒီ Animation ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Channel Myanmar Translator လူစီဖာဝတုတ် ဖြစ်ပါတယ်





Credit To : www.channelmyanmar.org 

Call Of Hero (2016) မြန်မာစာတန်းထိုး

မင်္ဂလာပါခင်ဗျ။
တစ်ချိန်ကမြန်မာ့အသံ၊ မြ၀တီရုပ်မြင်သံကြားဖန်သားပြင်ပေါ် နေရာယူခဲ့သော တရုပ် Martial Arts သိုင်းရုပ်ရှင်ကားတွေနဲ့ ပရိသတ်တွေ မစိမ်းသွားသေးဘူးလို့ ထင်ပါတယ်။ ဒီလို Martial Arts သိုင်းကားတွေထဲကမှ ယခု ၂၀၁၆ သြဂုတ်လ လဆန်းပိုင်းတွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်တစ်ကားဖြင့် ယနေ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။
မတရားမှုတွေကို မနှစ်မြို့တဲ့ Eddie Peng နဲ့ ကိုယ်ကောင်းဖို့အတွက် ဘာမဆိုလုပ်တဲ့ Wu Jing၊ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်။ တစ်ယောက်က တရုပ်ပြည်နယ်မြေတော်တော်များများကို မတရားလိုက်
လံသိမ်းပိုက်နေတဲ့ General Cao Ying ရဲ့စစ်သေနာပတိ၊ နောက်တစ်ယောက်က မတရားမှုတွေကို မနေတတ်သလိုလိုက်လံဖြေရှင်းပေးနေတဲ့ သာမန်အရပ်သား။
တစ်နေ့ General Cao Ying ရဲ့သားဖြစ်သူ Junior Commandant Cao ဟာ Eddie Peng နေထိုင်ရာ ရွာသို့ရောက်ရှိလာပြီး လူသတ်မှုကျူးလွန်ခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ရွာရဲ့အကြီးအကဲဖြစ်သူ
Lau Ching-Wan ဟာ Junior Commandant Cao ကို သတ်မိန့်ချခဲ့ပါတယ်။ အဲ့ဒီအချိန် General Cao ရဲ့စစ်သေနာပတိ၊ Eddie Peng ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်သူဟာ သူ့ရဲ့ရာထူး နေရာ တည်မြဲနိုင်ဖို့
အတွက် မတရားမှုများကိုနှစ်သက်သော General Cao ရဲ့သားဖြစ်သူ Junior Commandant Cao ကိုကယ်တင်ဖို့ ရောက်ရှိလာပါတယ်။ အဲ့ဒီအချိန်မှာ မတရားမှုကို မနှစ်သက်တဲ့ Eddie Peng နဲ့ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ Wu Jing အခင်ဆုံးသူငယ်ချင်းနှစ်ယောက် ပြန်လည်တွေ့ကြသောအခါ ...
ကဲဘာတွေဆက်ဖြစ်မယ်ဆိုတာကို ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုကြပါတော့ :D ဇာတ်လမ်းနမူနာအဖြစ် Vertex Cinema မှ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရသလို Full HD ရုပ်သံအကြည် ကြည့်ရှုလိုသောသူများအတွက်လည်း တိုက်ရိုက်ကြည့်နိုင်ရန် လင့်ခ်ကို ဖော်ပြပေးလိုက်ရပါတယ်။

Credit To : www.goldchannelmovies.com
Review Credit to-Vertex Page
Translate by:Yair Man Aung
Encode by: Hein Min Htet
Quality -Bluray Rip
Size 880MB


Headhunters(2012) မြန်မာစာတန်းထိုး


Thriller/Action
IMDb (7.6/10)
Rotten Tomatoes (92%)
မင်္ဂလာပါ ပရိတ်သတ်ကြီးခင်ဗျာ...ကျွန်တော်တို့ ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းများကို မရိုးတမ်း တင်ဆက်ပေးရင်း ယခုအခါမှာတော့ Headhunters ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။
ဒီကားလေးဟာ Director(Morten Tyldum) ရိုက်ကူးခဲ့တာဖြစ်ပြီး Thrillerနဲ့Action အရောလေး အမျိုးအစားလေးပဲ ဖြစ်ပါတယ်ခင်ဗျာ။IMDb (7.6/10)ရရှိထားပြီး Empire Award For Best Thriller ဆုကိုရရှိထားတဲ့အပြင်Best International Film မှာလဲ the Saturn Awards ဆုကို အနိုင်ရရှိထားသောကြောင့် ဇာတ်လမ်းကောင်းဆိုတာ ညွှန်းနေဖို့တောင် မလိုပါဘူးခင်ဗျာ။
ဇာတ်လမ်းလေးကတော့....
ရော်ဂျာ ဘရောင်း(Aksel Heennie)ဟာ နော်ဝေးနိုင်ငံရဲ့အင်းအားအကြီးဆုံး တစ်ခုဖြစ်တဲ့ Pathfinder ကုမ္ပဏီရဲ့ လူရည်ချွန်တွေကို စိစစ် ခန့်ထားပေးတဲ့နေရာက ဘောစိတစ်ယောက် ဖြစ်ပါတယ်။ဘောစိဖြစ်ရခြင်း အကြောင်းကတော့ ဒီလုပ်ငန်းရဲ့နောက်ကွယ်မှာ သူကပန်းချီကား သူခိုးတစ်ယောက်ဖြစ်နေလို့ပါပဲ။သူရဲ့ ဖောက်ထွင်းမှု ကိုတော့ အိမ်တွင်းလုံခြုံရေး နည်းပညာဌာနက အိုဗွီ ကေဂျီကီရု ကထောက်ပံ့ပေးပါတယ်။လော်တီ(Julie Ølgaard)ဟာ ရော်ဂျာရဲ့ အဆက်ဟောင်းဖြစ်ပြီး ရော်ဂျာက သူနဲ့မဆက်သွယ်ဖို့် ခါးခါးသီးသီး ငြင်းပယ်ခံထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ရော်ဂျာရှာသမျှဟာ သူ့ချစ်ဇနီးဒိုင်ယာနာ(Synnøve Macody Lund) အတွက်ကြီးပဲ ဖြစ်ပါတယ်။ဒိုင်ယာနာ အတွက် ပန်းချီပြခန်းကိုလည်း သူကိုယ်တိုင်ပဲဖွင့်ပေး ခဲ့ပါတယ်။ဒိုင်ယာနာဟာ သူမရဲ့ပန်းချီပြခန်း ဖွင့်ပွဲညမှာတော့ သူခင်ပွန်းရော်ဂျာကို လူတစ်ယောက်နဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။အဲ့ဒီကတော့ ကလက် ဂါဗွီ(Nikolaj Coster-Waldau)ဖြစ်ပြီး H.O.T.E ဆိုတဲ့ GPS နဲ့ဆိုင်တဲ့ ထောက်လှမ်းရေးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်း ဖြစ်ပါတယ်။ရော်ဂျာ ဟာ ကလက်ကို Pathfinder အတွက် အလုပ်ရွေးချယ်ဖို့် ကမ်းလှမ်းခဲ့ပါတယ်။ ကလက်ဟာ Pathfinder ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အခါ ရော်ဂျာအတွက် ကြီးမားတဲ့ ပြဿနာတွေ နဲ့ အသက်ဘေးအထိပါ ကျရောက် လာတဲ့အချိန်မှာတော့ ရော်ဂျာတစ်ယောက် အသက်ရှင်ဖို့အတွက် ဘယ်လိုကြိုးစားရုန်းကန်မလဲ ဆိုတာကို ဆက်လက်အားပေးပါအုံး ခင်ဗျာ။
(18+ နှစ်ခန်းပါသောကြောင့် မိသားစုဖြင့် ကြည့်လျှင် ရစ်ကြည့်ပါ)
Credit To : www.goldchannelmovies.com
Review By:Kelvin Aung
Translate by: Kelvin Aung
Encoded By:Hein Min Htet
Quality Web DL
Size - 700MB


Powered by Blogger.