Into the Badlands Review
+++++++++++++++
ခုတလော Series တော်တော် များများက Drama .. ဒါမှမဟုတ်ရင် Mystery .. ဒါမှမဟုတ်ရင် Thriller တွေက များလာပါတယ် .. အဲ့ဒါတွေကို ခဏ နားပြီး Action Series ကောင်းကောင်းလေး ပြောင်းကြည့်ချင်သူတွေအတွက် အလန်းစား Fighting Scene တွေ .. Action အကြမ်းစားတွေနဲ့ အကောင်းဆုံးရသကို ပေးနိုင်မယ့် Series လေးတစ်ခုကို Gold Channel ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ် ..
.
Into the Badlands
Genre : Action, Adventure, Drama
IMDb Rating : 8.1
.
ကမ္ဘာစစ်ကြီးတွေအပြီးမှာ ကမ္ဘာ့နိုင်ငံတွေဟာ ပြိုလဲပျက်သုဉ်းသွားခဲ့ရပါပြီ ..။
လူသားမျိုးနွယ်စုဟာလည်း ဆက်လက်အသက်ရှင်ရပ်တည်ဖို့အတွက် ကြပ်တည်းစွာ ရုန်းကန်နေကြရပါပြီ ..။
အဲ့ဒီလိုအစိတ်စိတ်အမြွှာမြွာဖြစ်နေတဲ့ ကမ္ဘာကြီးရဲ့ တစ်နေရာမှာ Badlands ဆိုတဲ့ နယ်မြေရှိပါတယ် ..။
အဲ့ဒီနေရာကို Baron လို့ခေါ်တဲ့ အရှင်သခင် ခုနှစ်ယောက်က အသီးသီး အုပ်စိုးနေကြပါတယ် …။
.
အဲ့ဒီ Baron ခုနှစ်ယောက် ထဲက တစ်ယောက် ဖြစ်တဲ့ Quinn ရဲ့ သက်တော်စောင့် ညာလက်ရုံး .. အဆင့်မြင့် တိုက်ခိုက်ရေးသမား Sunny …
နားလည်ရခက်တဲ့ စွမ်းအားတွေနဲ့ ပျောက်သွားတဲ့ မိသားစုကို လိုက်ရှာဖို့ကြိုးစားနေတဲ့ .. M.K ဆိုတဲ့ ကောင်လေး ..
သူတို့ နှစ်ဦးပေါင်းပြီး ရှုပ်ထွေးပွေလီပြီး နိုင်သူစားစတမ်း Badlands ကြီးထဲမှာ ဘ၀ အဓိပ္ပါယ်အစစ်ကို ရှာဖို့ကြိုးစား ကြပုံကို ရင်သပ်ရှူမောဖွယ် ကြည့်ရှူ ခံစားရမှာ ဖြစ်ပါတယ် ..။
.
ယခုစီးရီးကို ထုတ်လွှင့်ပြသခဲ့တာကတော့ တမူထူးခြားတဲ့စီးရီးတွေကိုမှ ရွေးချယ်ထုတ်လွှင့်တတ်တဲ့ AMC ကပဲ ဖြစ်ပါတယ် ..။ Martial Arts အသားပေးစီးရီး ဆိုတော့ မင်းသားက ကောင်းကောင်းမှ သရုပ်ဆောင်နိုင်ပါ့မလား ဆိုတာ လည်း စိတ်ပူစရာမရှိပါဘူး ..။ New Police Story တို့ Naked Weapon တို့မှာ ဒိတ်ဒိတ်ကြဲအက်ရှင်တွေ သရုပ်ဆောင်ချက် တွေနဲ့ ပရိတ်သက်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသားကြီး Daniel Wu ပါ ..။
(AMC Studios ကို သဘောကျတဲ့အချက်ကလည်း စီးရီးတွေမှာ အသင့်လျော်ဆုံးဖြစ်မယ့် မင်းသားတွေကို ရွေးချယ်ဖို့ နောက်မတွန့်တတ်တာပါပဲ .. ဘက်ဂျက်ကို ချွေတာနိုင်သလောက်ချွေတာပြီး ခပ်ပေါပေါရိုက်တတ်တဲ့ စီးရီးတွေ များလာတဲ့ ခေတ်ကြီးထဲမှာ Main Steam ထဲ က မင်းသားတွေကို ဘက်ဂျက်မကြည့်ဘဲ ထည့်ရိုက်ရဲတဲ့ Studio အနည်းစုထဲက တစ်ခုလည်း ဖြစ်ပါတယ် .. ထွက်သမျှ စီးရီးတွေဟာလည်း HBO က ထုတ်တာတွေ လောက် မခမ်းနားပေမယ့် အရည်အသွေးပိုင်းမှာတော့ ရင်ဘောင်တန်းနိုင်တဲ့ Studio တစ်ခုပါ ..) ..
.
နောက်ပြီး အခု Into the Badlands ဇာတ်လမ်းတွဲဟာ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့ Journey to the West -အနောက်ဘက်သို့ ခရီးသွား (စွန်းဝူခုန်း) ဇာတ်လမ်းကျောရိုးကို အနည်းငယ်မှီငြမ်းထားပါတယ် ..။
Into the Badlands ဇာတ်လမ်းတွဲဟာ Hunger Game .. Divergent Series .. Maze Runner တို့လို Post Apocalypse ဇာတ်လမ်းမျိုးကို Martial Art Genre နဲ့ အလန်းဇယား ကြည့်ရှူခံစားရနိုင်တာမို့ လက်တို့ညွှန်းဆို လိုက်ရပါတယ်..။
Credit To : www.goldchannelmovies.com
Translate by: SKL
Review by: MgKaung
Encode by: Hein Min Htet
Quality 720P HD
Size 350MB
PCLOUD Direct Link
+ comments + 2 comments
အပိုင်း 2 လေး ဒေါင်းမရတော့လို့ ပြန်တင်ပေးလို့ ရမလားဗျာ
ဒေါင်းလုပ်မရဘူးဆြာ
Post a Comment