Latest Movie :
Recent Movies
Showing posts with label Biography. Show all posts
Showing posts with label Biography. Show all posts

The Infiltrator(2016) - မြန်မာစာတန်းထိုး



2016 ထွက် IMDB 7.2 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခ၀ါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘ၀၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။

Credit To : www.channelmyanmar.org

File Size     :   900/455 Mb
Duration    :   2 :07 :09
Quality        :   Brrip 720p
Format        :   MP4
Genre          :   Biography, Crime, Drama
Translator  :   Sherlock
Encoder      :   Littleneo

 

Download From Pcloud (900MB) 

 

Download And Watch Direct (900MB)

 

Download From Pcloud (450MB) 

 

Download And Watch Direct (450MB) 

 

 

 

 

Snowden (2016) - မြန်မာစာတန်းထိုး



ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမ၀င်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ၀န်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို့ အဆုံးထိကြည့်ဖို့လည်း မမေ့ပါနဲ့လို့။ ဘာသာပြန်သူဟာ နိုင်ငံရေးနယ်ပယ်ကမဟုတ်လို့ official အသုံးအနှုန်းများနဲ့ ကွဲလွဲသည်များရှိသော် နားလည်ပေးကြဦး ခင်ဗျ။

Credit To : www.channelmyanmar.org

File Size        :   900/450 Mb
Duration      :   2 : 14: 06
Quality          :   Webrip 1080p
Format          :    MP4
Genre            :    biography,drama,thriller
Translator   :    Littleneo
Encoder       :   Littleneo

 

Watch And Download Direct Link (900MB)

 

Watch And Download Direct Link (480MB)

Sully (2016) မြန်မာစာတန်းထိုး

Imdb - 7.8/10

ဒီနေ့အတွက် ကြည့်ဖို့ ညွှန်းပေးချင်တာကတော့ စက်တင်ဘာ ၉ ရက်မှာ ထွက်ရှိထားတဲ့ အမေရိကန်ကိုယ်ရေး အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားဖြစ်တဲ့ Sully ပါပဲ။

အမေရိကန် လေကြောင်း လိုင်းမှ လေယာဉ်အမှတ် (၁၅၄၉) ကြုံခဲ့ရတဲ့ ၂၀၀၉ က အဖြစ်အ ပျက်နဲ့ လေယာဉ်မှူး ကပ္ပတိန် ချက်စလေဆာလီဆယ်လန်ဘာ ဂျာရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ထားတာပါ။

ဒီဇာတ်ကားကို ဝါနာဘရား သားစ်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိတာဖြစ်ပြီး မင်းသားကြီး ကလင့်အိစ်ဝုဒ်က စီစဉ်ရိုက်ကူး ကာ အဓိကသရုပ်ဆောင် ကပ္ပတိန်ဆာလီနေရာက မင်းသားကြီး တော်မ်ဟန့်စ်နဲ့အတူ  အေရွန် အက်ဟာ့တ်၊ လော်ရာလင်နီ၊ အန်နာဂန်း၊ အော်တမ်ရီဆာ စသူ တွေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

၂၀၀၉ ဇန်နဝါရီ ၁၅ ရက်က အမေရိကန်လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (၁၅၄၉) ဟာ လေယာဉ်မှူး ကပ္ပတိန်ချက်စလေ ဆာလီဆယ်လန်ဘာဂျာနဲ့ အရာရှိဂျက်ဖ်စကီလက်စ်တို့ရဲ့ မောင်းနှင် မှုနဲ့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မြောက်ပိုင်းက လာဂါဒီယာလေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။ ပျံတက်ပြီး သုံးမိနစ် လောက်အကြာမှာပဲ ပြဿနာက စလာပါတော့တယ်။

လေယာဉ်ကြီးဟာ ကနေဒါ ငန်းအုပ်နဲ့တိုက်မိပြီး အင်ဂျင်နှစ် လုံးစလုံး အလုပ်မလုပ်တော့ပါ ဘူး။ အင်ဂျင်တွေက အလုပ် မလုပ်တော့သလို အရေးပေါ်ဆင်းသက်စရာ လေယာဉ်ကွင်းလည်း မရှိတဲ့အခြေအနေမှာ လေယာဉ် မှူးကြီး ဆူလီဟာ ရွေးစရာနည်း လမ်းမရှိတော့ဘဲ ဟက်ဒ်ဆန်မြစ် ထဲကို အရေးပေါ်ဆင်းသက်ဖို့ကို ပဲ ရွေးချယ်ခဲ့ရပါတော့တယ်။

လေယာဉ်ပေါ်မှာပါရှိတဲ့ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း စုစု ပေါင်း ၁၅၅ ယောက် ဘေးမသီ ရန်မခစေဖို့အတွက် ဆူလီဟာ ကြိုးစားပမ်းစားနဲ့ လေယာဉ်ကြီး ကို မြစ်ထဲဆင်းသက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆူလီနဲ့ လက် ထောက်လေယာဉ်မှူး ဂျက်ဖ်တို့ ဟာ လေယာဉ်ပေါ်ပါသူတွေအ ကုန်လုံးကို အသက်အန္တရာယ်ကင်း အောင်  ဆင်းသက်ပေးနိုင်ခဲ့ပါ တယ်။

လေယာဉ်အမှတ် (၁၅၄၉)က လေယာဉ်မှူး ကပ္ပတိန်ဆူလီ နှင့်တကွ လေယာဉ်ဝန်ထမ်းတွေ အကုန်လုံး သူရဲကောင်းဆုရခဲ့ကြ ပြီး ကပ္ပတိန်ဆူလီအဖို့တော့ သူ့ရဲ့လုပ်ဆောင်ချက်တွေအတွက် မီဒီယာတွေရဲ့ စိတ်ဝင်စားခြင်းခံရသလို ဝေဖန်ပြောကြားမှုတွေလည်း ခံခဲ့ရပါတယ်။

ဖြစ်ရပ်မှန်အကြောင်းအရာ ကို ဇာတ်အိမ်တည်ရိုက်ကူးထား တာမို့ အဲဒီအခြေအနေကြုံခဲ့ရစဉ် က အဖြစ်အပျက်တွေကို ကွက် ကွက်ကွင်းကွင်း သိမြင်ပြီး ပြေး မလွတ်တဲ့ အသက်ဘေး ကြုံရ တော့မယ့် ခံစားမှု၊ ကြောက်ရွံ့ ထိတ်လန့်မှု၊ စိုးရိမ်မှု၊ ရာနဲ့ချီတဲ့ ခရီးသည်တွေရဲ့ အသက်ကို လက်ထဲရောက်နေချိန်မှာ လေယာဉ် ပေါ်မှာ တာဝန်အရှိဆုံးလူရဲ့ ဆုံး ဖြတ်ချက်နဲ့ တာဝန်ယူမှုတွေကို ကိုယ်တိုင်ခံစားကြည့်ကြပါဦးလို့။

Review Credit to -7Day Daily
Translated by: Morningstar Naing Lin
Encoded by: Hein Min Htet
Quality & Size: BRRip 720p 750MB
Credit To : www.goldchannelmovies.com




 

Azhar (2016) မြန်မာစာတန်းထိုး



IMDB-6.1
ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ ခရစ်ကတ်ကစားနည်းသမိုင်းမှာ အစောဆုံးနာမည်ကြီးတစ်ယောက်ဖြစ်တဲ့ မိုဟာမက်အက်ဇ်ဟာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ အတ္ထုပတ္တိကားတစ်ကားပါ
ဇာတ်လမ်းကတော့ တစ်ခြားတစ်ခြားသော
Sport Biographical Movie တွေလိုပဲ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ အောင်မြင်အောင် ကြိုးစားခဲ့ရပုံတွေကို မြင်တွေ့ရမှာပါ
၂၀၁၆ရဲ့ အတ္ထုပတ္တိကားကောင်းတစ်ကားလည်းဖြစ်တယ်လို့ ဆိုကြပါတယ်
ဒီနေ့ကတော့ ကျွန်တော်တို့ စီအမ်က ဘောလိဝုဒ်ကားတွေ ဓာတ်ကျနေတယ်လို့ဆိုရမှာပဲ…
ဒီတော့ ကျွန်တော်တို့တွေ ဒီကားကိုလည်း စီးမျောခံစားကြည့်လိုက်ကြရအောင်ဗျာ……
(ဇာတ်လမ်းအညွန်းကို ကိုကို Ye Khant Min မှ ရေး ပေးထားတာဖြစ်ပါတယ်)
***Update From www.channelmyanmar.org
File size…(850 MB)
Quality…720p Bluray
Format…mp4
Duration….01:30:30
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Thanhtike Zaw

Download Here (850 MB)

 

Download Small File Size (450 MB)
 
 
 
 
 

Race ( 2016) မြန်မာစာတန်းထိုး


 ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။
 ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။

*** Update From www.channelmyanmar.com
File Size         : 950 MB
Quality           : Blu ray 720P
Running Time : 2hr 14 minute
Format           : Mp4
Genre             : Biography,Drama,sport
Encoder         : Joker.phs


(ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)


The Danish Girl (2015) မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းဟာ ၁၉၂၆ မှာ ဒိန်းမတ်နိုင်ငံက ပန်းချီဆရာလင်မယားရဲ့ အကြောင်းကို ရိုက်ယူထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုပါတယ်။ ပန်းချီဆိုတာ အရောင်တွေ သုံးပြီး ကင်းဗတ်စပေါ် ရေးတယ် ဆိုတာလောက်ပဲ သိတဲ့ ကျနော့်အတွက်တော့ သူတို့ဆွဲတဲ့ ပန်းချီ အမျိုးအစားအယူအဆတွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ယောက်ျားဖြစ်သူ Einar က ရှုခင်းပုံဆွဲပြီး သူ့အမျိုးသမီး Gerda က ပုံတူရေးဆွဲတယ်လို့ပဲ ဆိုပါတော့။ တရက်မှ Gerda ဟာ ပုံတူရေးဆွဲရာမှာ မော်ဒယ်လ်ထိုင်ဖို့ အမျိုးသမီးရောက်မလာလို့ သူ့ယောကျာ်း Einar ကိုပဲ အမျိုးသမီးလို ဆင်ပေးပြီး မော်ဒယ်လ်ထိုင်ခိုင်းခဲ့တယ်။ အမှတ်မထင်ပဲ အဲ့ပန်းချီကားဟာလည်း အောင်မြင်သွားတယ်ပေါ့။ ဒါပေမယ့် တဖက်မှာတော့ သူ့ယောကျာ်း Einar ဟာ ငယ်ငယ်ကတည်းက သူ့မှာ ရှိနေတဲ့ အမျိုးသမီးဖြစ်ချင်တဲ့ စိတ်တွေဟာ သူ့မိန်းမကို အမျိုးသမီးအဖြစ် မော်ဒယ်လ်ထိုင်ပေးပြီး နောက်ပိုင်း တဖြေးဖြေး ထကြွလာပြီး နောက်ဆုံးမှာ လိင်ပြောင်းလဲဖို့အထိ ဖြစ်လာပါတော့တယ်။ Gerda ဟာ ပထမတော့ နည်းနည်း အံ့သြထိတ်လန့် သွားပေမယ့် နောက်ပိုင်းမှာ ဒီကိစ္စကို အတူလက်တွဲပြီးရင်ဆိုင်ခဲ့ပါတယ်။

ထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါမျိုးက မြန်မာကားတွေမှာဆို ဟာသလုပ်ပြီးရိုက်လေ့ရှိတယ်။ ဂေးဆိုတာ လှောင်ပြောင်စရာ သတ္တဝါတစ်ကောင်အဖြစ်ပေါ့။ ဒီဇာတ်ကားမှာတော့ Gerda ရယ် Einar ရဲ့ငယ်သူငယ်ချင်းရယ်ဟာ Einar ရဲ့ အဖြစ်ကို အပြည့်အဝ နားလည်မှုရှိစွာနဲ့ ဖေးမကူညီခဲ့ပါတယ်။ Einar ဟာ သူ့ကိုယ်သူ အမျိုးသမီးအဖြစ်ခံယူကာ Lili Elbe လို့နာမည်ပြောင်းခဲ့ပါတယ်။
Lili Elbe ရဲ့ ဒိုင်ယာရီကို ၁၉၃၃ မှာ 'Man into Woman ' ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခဲ့ပြီး သူ့ဟာ နောက်ပိုင်းမှာ လိင်ပြောင်းလဲမှုပြုလုပ်သူတွေ အတွက် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့သတဲ့။ ဒီဇာတ်ကားထဲ မင်းသမီး Alicia Vikander ဟာ Gerda အဖြစ် သရုပ်ဆောင်တာ အတော်မိုက်တယ်ဗျ။ ဒါကြောင့်လည်း သူဟာ ဒီဇာတ်ကားနဲ့ ဟိုတလောက Oscars ဆုပေးတာမှာ Best Supporting Actress ဆုရခဲ့တာပေါ့။
IMDb Rating (7/10)
(ရုပ်ရှင်အညွှန်းကို lynnsettreview.blogspot.com မှကူးယူဖော်ပြပါသည်။)
*** Update From www.channelmyanmar.com

File size...(950MB) 
Quality...Blu-ray Rip 720p
 

Format...mp4
Duration....01:59:38
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)


Download & Watch On Blog

*Download & Watch On Blog တွင်ဒေါင်းလုပ်လုပ်နည်းကို  ဒီမှာ  ကြည့်လိုက်ပါ။
*Iphone အသုံးပြုပြီး ဒေါင်းလုပ်လုပ်မည့်သူများ ဒီမှာ ကြည့်လိုက်ပါ။ 
  

Fighter In The Wind(2004) မြန်မာစာတန်းထိုး


ဒီဇာတ်ကားလေးကတော့ပရိတ်သတ်တွေအတော်လေး နစ်သက်မယ့်ဇာတ်ကားတစ်ကားလို့ပြောပါရစေ
ဇာတ် ကားလေးကဒုတိယကမ္ဘာစစ်အတောအတွင်းမှာ ရိုက်ထားတဲ့ဇာတ်ကားလေးပါကိုရီးယားနဲ့ဂျပန်နစ် နိင်ငံဖက်စပ်ရိုက်ကူးထားလို့ပရိတ်သတ်တွေသဘော ကျမှာအသေအချာပါပဲကျွန်တော်ငယ်ငယ်ကအရမ်း ကြိုက်မိလို့ဘာသာပြန်မိတာလည်းပါပါတယ်ဇာတ်လမ်း အစမှာဂျပန်နိင်ငံမှာရှိတဲ့လေယာဉ်မောင်းသင်တန်း ကျောင်းတက်ချင်တဲ့လူငယ်လေးတစ်ယောက်အခက် အခဲတွေနဲ့ဂျပန်ပြည်လာပြီးလေယာဉ်မှုးဖြစ်အောင် ကြိုးစားပုံအခက်အခဲတွေအများကြီးကြားကနေကိုး ရီးယားလူမျိုးတစ်ယောက်အနေနဲ့ခက်ခက်ခဲခဲရပ် တည်ရပုံအနိပ်အစက်အညှင်းပန်းခံပြီးကြိုးစား ရုန်းကန်ရပုံကိုတခမ်းတနားရိုက်ကူးပြထားပါတယ်
၂၀၀၄ခုနစ်ကကိုရီးယားစံချိန်တင်ဝင်ငွေရခဲ့တဲ့ဇတ် ကားလေးလည်းဖြစ်ပါတယ်လေယာဉ်မှုးဖြစ်ချင်ခဲ့ပေ မယ့်ဘဝကံကြမ္မာလက်စားချေချင်တဲ့စိတ်ကြောင့်ဂျ ပန်ပြည်မှကမ္ဘာကျော်သိုင်းအကျော်အမော်ဖြစ်လာ အောင်ကြိုးစားပုံကလည်းလူငယ်လေးတွေအတုယူ စရာပါအကြမ်းချည်းသတ်သတ်မဟုတ်ပဲဂျပန်မလေး နင့်ချစ်ကြိုက်လွမ်းဆွေးရပုံစသဖြင့်ပြောင်မြောက် အောင်ရိုက်ကူးထားနိင်တဲ့ဒီဇတ်ကားကိုကျွန်တော် ကြိုက်မိသွားတာလည်းအပြစ်မဆိုသာပါဘူး
ဒီဇာတ်ကား လေးမှာကြိုက်မိတဲ့စကားလေးတစ်ခွန်းလည်းရှိပါတယ် (မင်းဆင်းရဲချင်ဆင်းရဲနေနိင်တယ်ဒါပေမဲ့မင်းရဲ့ကြိုး စားမှုကြောင့်အောင်မြင်မှုတစ်ခုမင်းရလာနိင်တယ်) အရမ်းကောင်းမွန်တဲ့စကားလေးပါဒီဇာတ်ကားလေးကို ဖုန်းဘေကုန်ကျမယ့်ငွေကြေးကိုဂရုမစိုက်ပဲဒေါင်းလိုက် ပါလို့ပြောပါရစေသိမ်းထားသင့်တဲ့ဇာတ်ကားလေးတစ် ကားကိုကျွန်တော်(စိုးထွေး)ရဲ့၂၁ကားမြောက်ဘာသာ ပြန်လေးအဖြစ်တင်ဆက်ပေးလိုက်ရပါတယ်

Download & Watch From Pcloud Full HD

Download & Watch From Pcloud Small File

Download & Watch On Blog Full HD *uploading

Download & Watch On Blog Small File *uploading
Powered by Blogger.