Latest Movie :
Recent Movies
Showing posts with label Animation. Show all posts
Showing posts with label Animation. Show all posts

Only Yesterday (1991) မြန်မာစာတန်းထိုး


++++++++++++++++
ရုပ်ရှင် ဇာတ်ကားကောင်းလေးတွေကို အေးအေးဆေးဆေးခံစားလိုတဲ့ ပရိသတ်တွေအတွက် Studio Ghibli ရဲ့ ဇာတ်ကားကောင်းလေးတစ်ခုနဲ့
မိတ်ဆက် ပေးပါရစေ ..။
.
ဇာတ်ကားလေးက Only Yesterday တဲ့ ..
IMDb မှာ Rating 7.7 ရရှိထားတဲ့ အပြင် ၁၉၉၁ ခုနှစ်ရဲ့ ဂျပန်ပြည်မှာ ၀င်ငွေ အများဆုံးရနိုင်ခဲ့တဲ့ ဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ် ..။
.
ဇာတ်ကြောင်းကတော့ တော်တော်လေးရိုးစင်းပါတယ် ..။
အသက် ၂၇ နှစ်အရွယ် ရုံးဝန်ထမ်း ကောင်မလေး တစ်ယောက် အားလပ်ရပ်မှာ ကျေးလက်တောရွာလေးကို သွားလည်ရင်းနဲ့ကြုံတွေ့ရတာလေးတွေကို
သူငယ်ငယ်က အကြောင်းလေးတွေနဲ့ ပြန်ပြောင်းစဉ်းစားသုံးသပ်မိတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ် ..။
.
ဟင် .. အဲ့ဒါဆို ဇာတ်ကားကြီးက ပျင်းစရာကြီးပဲ လို့ ထင်ချင်ထင်မိနိုင်ပါတယ် ..။
.
ဒါပေမယ့် စကြည့်မိရင် ပြသချိန် ၂ နာရီနီးပါးကို ဘယ်လို ကုန်လို့ ကုန်သွားမှန်း မသိနိုင်လောက်တဲ့ အထိ ဇာတ်ကားရဲ့ ညှို့ဓာတ်က ပြင်းပါတယ် ..။
ဘာတွေ များ ထူးထူးခြားခြားတွေ ပါနေလို့ လဲ လို့ မေးရင် ဘာမှထူးထူးခြားခြားမပါပါဘူးပဲ ပြန်ဖြေရမယ် ..။
ဘာလို့လဲ ဆိုတော့ လောကကြီး နဲ့ သဘာဝတရားကြီးရဲ့ ရှင်းလင်းတိကျလွန်းလို့ လူတွေမသိလိုက် မသိဘာသာဖြစ်နေတဲ့ အစိတ်အပိုင်းလေးတွေကို
တစ်ခုချင်းစီ ဆွဲထုတ်ပြီး မီးမောင်းထိုးပြသွားတဲ့ ဇာတ်လမ်းမျိုး ဖြစ်နေလို့ပါပဲ ..။
.
ဇာတ်ကားအကြောင်း ပြန်ပြီး ခြုံငုံပြန်ပြောရရင်
မြို့ပေါ်မှာ ကြီးပြင်းလာရပေမယ့် ကျေးလက်တောရွာကို ချစ်ခင်တွယ်တာတတ်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ..။
မြို့ပြရဲ့ မွန်းကျပ်မှုတွေကို ပိတ်ရက်ရှည်ရတိုင်း ကျေးလက်တောရွာလေးတွေကို သွားပြီး ဖြေဖျောက်တတ်တဲ့ အမျိုးသမီး ..။
အဲ့ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သဘာဝတရားကြီးကို ချစ်မြတ်နိုးတတ်တဲ့သူလို့ ယူဆနေမိတဲ့ သူပေါ့ ..။
ဒါပေမယ့် တစ်သက်လုံး သဘာဝတရားကြီးနဲ့ ထိတွေ့ကြီးပြင်းလာတဲ့ သူတွေနဲ့ ကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေသမျှ
ဘာမှ ပြောပလောက်စရာမရှိသေးပါလားလို့ သိသွားခဲ့ပြီး ဘ၀အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်သွားခဲ့နိုင်ပုံကို အနုပညာမြောက်စွာ တင်ဆက်ထားပါတယ် ..။
.
ရိုးရှင်းတဲ့ ဇာတ်ကြောင်းထဲမှာ ရိုက်ပြသွားတဲ့ အကြောင်းအရာတွေကတော့ ခပ်ပေါ့ပေါ့မဟုတ်ပါ ..။
- ဂျပန်ပြည်ရဲ့ ပညာရေးစနစ်ကြီးအကြောင်း ..
- ဂျပန်ကျောင်းတွေ ရဲ့ ပညာရေးလည်ပတ်ပုံ .. ကျောင်းသားရေးရာလည်ပတ်ပုံတွေ အကြောင်း ..
- ကျောင်းတွေမှာ စာသင်ကြားရေးသာမက ဘ၀အတွက် အရေးပါတာတွေကို ပြင်ဆင်ပေးခြင်းများအကြောင်း ..
- ဂျပန်ပြည်ရဲ့ မိသားစုနေထိုင်မှု ပုံစံများအကြောင်း ..
- မိဘ နဲ့ သားသမီးကြား ဆက်ဆံရေးများ အကြောင်း ..
နောက်ပြီး ...
- လူတွေက သဘာဝတရားကြီးပေါ် မှီခိုနေတာလား .. သဘာဝတရားကြီးက လူတွေပေါ် မှီခိုနေတာလား
- သဘာဝတရားကြီးကို ဘယ်လို ချစ်ရတာလဲ
- ဆုံးဖြတ်ချက်တစ်ခုအတွက် ဘယ်အရာက အရေးပါဆုံးလဲ ..
အစရှိတဲ့ မရေရာတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကိုလည်း တစွန်းတစ အားဖြင့် စိတ်ထဲ အလင်းရစေပါတယ် ...
.
ဇာတ်လမ်းတစ်ခုလုံးမှာ အနုပညာမြောက်စွာ ဖန်တီးချယ်မှုန်းထားတဲ့ သရုပ်ဖော်မှု တွေကြောင့် Anime ရုပ်ရှင်ကို ကြည့်နေရတယ် ဆိုတဲ့ ခံစားချက်မျိုးထက်
သက်ဝင်လှုပ်ရှားနေတဲ့ ပန်းချီကားတွေကို ခံစားနေရသလို ရသမျိုး ပေးနိုင်ပါတယ် ..။
နောက်ပြီး ဇာတ်ကားတစ်ခုလုံးကို တမြေ့မြေ့ခေါ်ဆောင်သွားတဲ့ နောက်ခံတေးဂီတရဲ့ ပံ့ပိုးမှုကြောင့် ကိုယ့်ပတ်ပတ်လည်မှာကို
သဘာဝတရားကြီးရဲ့ ထိတွေ့ပွတ်သပ်မှုတွေ ၀န်းရံနေသလို ခံစားချက်မျိုးရနိုင်ပါတယ် ..။
အထူးသဖြင့် ညွှန်းလိုတာကတော့ အဆုံးသတ် Theme Song ဖြစ်တဲ့ Ai ha Hana ha Sono Tane ပါပဲ ..
Amanda McBroom ရေးသားပေးပြီး Bette Midler သီဆိုခဲ့တဲ့ The Rose သီချင်း ရဲ့  Japanese Version ပါ ..။
Westlife အပါအ၀င် တော်တော်များများ ပြန်ဆိုကြတာကို နားထောင်ဖူးပေမယ့် ဒီဇာတ်ကားထဲကလောက်
ရင်ထဲကို ဆွေးဆွေးမြေ့မြေ့ဖြစ်အောင် မခံစားခဲ့ရဖူးပါဘူး ..။
စာတန်းထိုးရင် ပြီးပြီဆိုပြီး ဇာတ်ကားကို ပိတ်မပစ်လိုက်ကြဘဲ ခံစားကြည့်ကြဖို့ တိုက်တွန်းလိုပါတယ် ..။
.
.
.
  မိတ်ဆွေတို့ ဟန်ဆောင်ဖူးပါသလား ..။
ဘယ်လောက် အတိုင်းအတာအထိ ဟန်ဆောင်ဖူးပါသလဲ ..။
ဟန်ဆောင်နေရင်းနဲ့ ကိုယ်ဟန်ဆောင်နေတဲ့ အပိုင်းကို ကိုယ့်ဘာသာကို အမှန်လို့ မြင်လာမိတဲ့အထိ ဖြစ်ခဲ့ဖူးလား ..။
.
ဒီ ဇာတ်ကားလေးက မိတ်ဆွေတို့ စိတ်ထဲက ကိုယ့်ဘာသာသတိမထားမိဘဲ အယောင်ဆောင်နေမိတာတွေကို
တစ်ခုချင်းစီ ပြန်မြင်ယောင်လာမိပါလိမ့်မယ် ..။
.
.
Credit To : www.goldchannelmovies.com
Review by: mG kAUNG
Translate by: Seint Seint Soe
Encode by: Waiyan Philip
Quality -720P Br-Rip
Size - 850MB


Next Avengers : Heroes of Tomorrow(2008) - မြန်မာစာတန်းထိုး


Avengers 2 : Age of Ultron မှာ Ultron ကြီးကို Avengers တွေ အနိုင်တိုက်တာ တွေ့ခဲ့မှာပါ။ ဒီ Animation မှာတော့ မဟုတ်ပါဘူး။ Ultron အနိုင်ရသွားခဲ့ပြီး Avengers တွေ သေဆုံး၊ ထွက်ပြေး၊ တိမ်းရှောင်နေခဲ့ရပါပြီ။ Avengers တွေရဲ့ မျိုးဆက်သားသမီးတွေကို Tony က လျို့ဝှက်စောင့်ရှောက်ထားခဲ့တာပါ။ ဒါပေမယ့် ကမ္ဘာကြီးငြိမ်းချမ်းစေဖို့ လုံးဝထိန်းချုပ်ထားမှဖြစ်မယ်လို့ ယုံကြည်တဲ့ Ultron၊ Avengers မျိုးဆက်တွေရှိနေတာကိုက အန္တရာယ်ရှိနေပြီလို့ တွေးမိတဲ့ Ultron က သူတို့အားလုံးနောက်ကို လိုက်ရှာတိုက်ခိုက်လာတဲ့အခါ…..
Credit To : www.channelmyanmar.org
File Size     :   500/250 Mb
Duration    :   1 : 18: 02
Quality       :   Brrip 720p
 Translator :   Hein Khant Aung
 Encoder      :   Littleneo





Sausage Party (2016) Rated R - မြန်မာစာတန်းထိုး


ဒီ Animation ရုပ်ရှင်ဇတ်ကားကို Sony Picture နှင့် Columbia ရုပ်ရှင်ကုမ္ပဏီ မှ စီစဉ်တင်ဆက်ထားပါတယ်
IMDb 6.7/10 ထိ ရရှိထားပြီး Rated R အဆင့် သက်မှတ်ထားလို့ အသက်မပြည့်သေးသော
ကလေးသူငယ်များ နှင့် မိသားစု များ အတူတူ မကြည့်သင့်သော Animation ရုပ်ရှင်ကားဖြစ်ပါတယ်..
Directors: Conrad Vernon, Greg Tiernan တို့ ရိုက်ကူးကာ
August 12, 2016 (USA) မှာ ရုံတင်ပြသခဲ့ပြီး
Box office: 129.1 million USD ရရှိခဲ့ပါတယ်..
ဒီဇတ်လမ်း အညွှန်းကို မပြောပြခင် ဘာသာပြန်ခဲ့တဲ့ Translator တွေ ရဲ့ စိုးရိမ်မှု ကိုပြောပြပါရစေ..
ဒီဇတ်လမ်း တစ်ခုလုံးမှာ စကား ၃ ခွန်း ပြောရင် ၂ ခွန်းက အဆဲစကား ပါပါတယ်…
Channel Myanmar မှာ မသင့်တော်သော ဆေးထိုးမှု များ ဘမ်းစကား များ မထည့်တော့တာ အတော်ကြာပါပြီ
ဒါပေမယ့် အဆဲလွတ်အောင် ဘာသာပြန်ရင်လဲ ရသတွေ ပျက်ကုန်မှာဆိုးတဲ့ အတွက် ကျနော်တို့
ငိုးမ လခွမ်း ဆိုတဲ့ စကားတွေ တွင်တွင် သုံးထားပြီး မူလ အရသာ မပျက်အောင် ကြိုးစားပေးထားပါတယ်
ထို့ကြောင့် ရုပ်ရှင်ကြည့် ပရိတ်သက်များကို ကြိုတင်တောင်းပန်အပ်ပါတယ် ရုပ်ရှင်အရသာ ပျက်သွားရင်
ကျနော်တို့ လိုအပ်နေသေးတာ ဖြစ်ပြီး ဖြည့်စွတ်ကြည့်ရှုပေးကြပါလို့ …..
Translator တွေကတော့ Tariq L Walker . Ye Khant Min , Moe Oo Mann တို့ ဖြစ်ပြီး
Admin Little Neo မှ စကားလုံးများ ပြေပြစ်အောင် ပြင်ဆင်ပေးထားပါတယ်…
(သစ်ဆန်းခန့်)
—————————-
ဇတ်လမ်း အစမှာတော့ စားစရာတွေ ရောင်းတဲ့ စူပါမားကတ် ကနေ စတင်ထားပါတယ်…
စားစရာတွေဟာ လူသားတွေကို ဘုရားသခင် လို့ မှတ်ယူထားပါတယ် မားကတ် မှာ ပုတ်သိုးမယ့် အန္တရာယ် ကနေ
ကယ်တင်မယ့် အရှင်သခင်တွေလို့ မှတ်ယူထားကြတာပါ…
တစ်နေ့တာ ဈေးဝယ်မှု မှာ ၀ယ်သူ ရွေးချယ်ဖို့ သူ့ထက် ငါ အပြိုင်အဆိုင် ဆုတောင်းကြရတာပေါ့
မဟုတ်ခဲ့လို့ရှိရင် Out Of Date ဖြစ်သွားတဲ့အခါ သူတို့မသွားချင်ဆုံးနေရာက အမှိုက်ပုံးအိုကြီးရဲ့ မဲမှောင်နေသာ
တွင်းနက် ကြီးပါပဲ….
ဒီဇတ်လမ်းမှာ မင်းသားကတော့ ၀က်အူချောင်း ပါပဲ ဟုတ်ပါတယ် ၀က်အူချောင်း ပါ….
ဖရန့် ၊ ကားလ် ၊ ဘယ်ရီ တို့ ဟာ ၆ ချောင်းပါတဲ့ ၀က်အူချောင်းပါကင် ထုပ်ထဲက သူငယ်ချင်းတွေပေါ့
သူတို့ ဘေးကပ်ရပ်မှာတော့ ဟော့ဒေါ့ပေါင်မုန့်မလေး တွေ အဖွဲ့ ရှိနေပါတယ်
ဘရန်ဒါ တို့ အုပ်စုပေါ့ သူတို့လဲ ပါမုန့်ချောင်း ၆ ခု တစ်ပါကင် ထုပ်ထဲကပါပဲ…
အနီးကပ် နေရတဲ့ အခါ တစ်ဦးကို တစ်ဦး စိတ်ဝင်စားပြီး ချစ်မိပါလေရော
အ၀ယ်ခံရတဲ့ အခါ အတူတူပါဖို့လဲ ဆုတောင်းကြရတာပေါ့… 😀
တစ်ရက်မှာတော့ ဖရန့် တို့ ပါကင်ထုပ် ရော ဘရန်ဒါ တို့ ပါကင်ထုပ်ရော အ၀ယ်ခံရပါတယ်
ဒါပေမယ့် စိတ်ဖောက်နေတဲ့ ပျားရည်မုန်ညင်းဗူး က သေကြောင်း ကြံစည် လို့
မတော်တဆ မှုတွေ ဖြစ်ပြီး ဖရန့် ရော ဘရန်ဒါ က ဘုရားသခင်(ဈေးဝယ်သူ) ဆီကနေ
ပြုတ်ကျ ပျောက်ဆုံးသွားပါတော့တယ်…
ဖရန့် နဲ့ ဘရန်ဒါ တို့လဲ သူတို့ သူငယ်ချင်းတွေ နဲ့ အတူ ဘုရားသခင်(ဈေးဝယ်သူ) ဆီ ပြန်သွားလို့
လမ်းစ ရှာရင်း နဲ့ ဘုရားသခင် (ဈေးဝယ်သူ) က သူတို့ကို ကြင်နာမှာ မဟုတ်ပဲ စားသုံးဖို့ သက်သက်ဆိုတာ
သိသွားတဲ့ အခါမှာတော့…..
(ရုပ်ရှင်ရဲ့ အချိန် 00:44:45 နေရာရောက်လို့ ကြည့်မိတဲ့အခါ ၀ါးလုံးကွဲ မရယ်မိဖို့ သတိပြုပါ ကျော်မကြည့်နဲ့နော် 😛 )






Kubo and the Two Strings ( 2016 ) - မြန်မာစာတန်းထိုး


2016 ရဲ့ Box Office မှာ No.4 နေရာရခဲ့တဲ့ ကာတွန်းကားတစ်ကားဖြစ်တဲ့ Kubo and the Two Strings ကို နာမည်ကြီး Laika Production ကထုတ်လုပ်ထားတာဖြစ်ပြီး Stop Motion နဲ့ ရိုက်ကူးထားပါတယ်.. IMDb 8.4/10 , Rotten Tomato 96% အထိ Rating ရရှိခဲ့တဲ့ ဒီကားဟာ မပြသခင်ကတည်းက အထူးနာမည်ကြီးနေတဲ့ ကားတစ်ကားပဲဖြစ်ပြီး Travis Knight ကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ ပွဲဦးထွက်ဦးဆောင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်.. အသံသရုပ်ဆောင်တွေကလဲ အော်စကာဆုရ၀ါရင့်သရုပ်ဆောင်တွေအပြင် Game of Thrones ထဲက Rickon Stark တို့.. The Girl with Dragon Tattoo ထဲက Rooney Mara တို့အပြင် LORD VOLDERMORT သရုပ်ဆောင် Talph Fiennes တို့လို ဒိတ်ဒိတ်ကြဲတွေဖြစ်နေမှတော့ အထူးညွှန်းစရာမလိုလောက်အောင်ပါပဲ…
ဇာတ်လမ်းသွားကိုတော့ ရှေးခေတ်ဂျပန်စတိုင်ဇာတ်အိမ်ဖွဲ့ထားပြီး သူ့အမေဘက်က သဘာဝလွန်အစွမ်းတွေရှိတဲ့အဘိုးနဲ့ မိသားစုကို ရင်ဆိုင်ဖို့အတွက် အဖေ့အမွေ ပစ္စည်း ၃ မျိုးကို လိုက်လံရှာဖွေရတဲ့ Kubo ဆိုတဲ့ကောင်လေးတစ်ယောက်အနေနဲ့ ရိုက်ကူးထားပါတယ်.. Kubo မှာ မကြာခဏ အတိတ်မေ့သလိုဖြစ်နေတဲ့အမေနဲ့အတူ တောင်ပေါ်ဂူတစ်ဂူမှာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့ဆန်းကြယ်တဲ့ ၃ ကြိုးတပ်တူရိယာလေးနဲ့ စက္ကူရုပ်တွေကို ပုံပြင်တစ်ခုပမာ လှုပ်ရှားဖန်တီးစေရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေပါတယ်.. သူ့အမေဟာ ကူဘိုလေးကို ညဘက်တွေ အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန်တားဆီးထားတာကြောင့် နေ၀င်ချိန်အမီ ရောက်ရာအရပ်က အမေ့ဆီပြန်ရတယ်.. .ညဘက်တွေမှာ အသိစိတ်ကပ်နေတတ်တဲ့အမေ့ဆီကတဆင့် အဖေဖြစ်သူ ဆာမူရိုင်းဟန်ဇိုအကြောင်းကို နားထောင်ပြီး မမြင်ဖူးလိုက်တဲ့အဖေ့ကို အားကျနေတတ်တယ်.. သူ့မှာမျက်လုံးတစ်ဖက်ပဲပါပြီး တစ်ဖက်ကိုတော့ အဘိုးဖြစ်သူက ထုတ်ယူထားတာလို့ တစွန်းတစပြောဖူးပေမယ့် အကြောင်းရင်းကို သေချာမသိရှာပါဘူး…
ဒါပေမယ့် တစ်ရက်မှာတော့ ကူဘိုတစ်ယောက်အပြင်နောက်ကျခဲ့ပါပြီ… ညမှောင်လာတဲ့အခါမှာ သူ့အမေစိုးရိမ်ခဲ့သလို ကြောက်စရာအဖြစ်အပျက်ဆိုးတွေ သူ့ဆီရောက်ရှိလာပါတော့တယ်… ဒီအဖြစ်တွေကြောင့် သူ့အမေကိုလဲ ဆုံးရှုံးခဲ့ရပြီး သူလဲ အဝေးကို လွင့်ပါးခဲ့ရပါတော့တယ်… အဖော်အဖြစ် သူ့အမေပေးထားတဲ့ မျောက်ရုပ်လေးရယ် အမေ့ဆီက ဆံပင်တစ်ချောင်းရယ် တီးခတ်နေကျတူရိယာလေးရယ်ပဲ သူ့နဲ့အတူပါလာပါတယ်.. သူသတိရချိန်မှာတော့ မျောက်ရုပ်လေးဟာ ထူးဆန်းစွာပဲ မျောက်တစ်ကောင်ဖြစ်နေပြီး သူ့ကို အဖေ့ပစ္စည်း ၃ မျိုးကို လိုက်ရှာနိုင်မှ ဒါတွေကို အောင်နိုင်မယ်လို့ပြောပြီး ပစ္စည်းမျိုးရှာဖို့တိုက်တွန်းပါတော့တယ် … လမ်းမှာ ဆာမူရိုင်းဝတ်စုံဝတ်ထားတဲ့ ပိုးကောင်တစ်ကောင်နဲ့တွေ့ပြီး အဲဒီပိုးကောင်ဟာလူအဖြစ်ကနေ ကျိန်စာမိထားသူဖြစ်ကာ အတိတ်မေ့နေသူပါ..
တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲဗျာ… ကူဘိုရယ်.. မျောက်တစ်ကောင်ရယ်.. ပိုးကောင်တစ်ကောင်ရယ်ဟာ သူတို့နောက်မှာလိုက်နေတဲ့ မကောင်းဆိုးဝါးတွေကို တားဆီးရင်း ရှာဖွေဖို့မလွယ်ကူတဲ့ ပစ္စည်း ၃ မျိုးကိုရဖို့ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ.. သူ့ဘေးမှာ အမြဲရှိနေတတ်တဲ့ မျောက်နဲ့ ပိုးကောင်ကြားကအလွဲတွေနဲ့ သူတို့ဟာ ဘယ်သူတွေဖြစ်မလဲ.. အဖိုးကရော ဘာကြောင့် သူ့မျက်လုံးကိုထုတ်ယူချင်ရတာလဲ… ဒေါသရန်ငြိုးကြီးပြီး အစွမ်းထက်လှတဲ့ အဖိုးရဲ့အန္တရာယ်ကိုရော ရှောင်လွဲနိုင်ပါ့မလားဆိုတာကိုတော့………..
2014 ကတည်းက ပြင်ဆင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို မထွက်ခင်ကတည်းက နာမည်ကျော်နေတဲ့ကားတစ်ကားဖြစ်တဲ့အပြင်… ရိုးရိုး Animation တစ်ကားထက်ပိုတဲ့ရသမျိုးစုံကို ခံစားစေရမှာမို့ ဘာသာပြန်တင်ဆက်ပေးထားလိုက်ပါတယ်။

Pokemon :Volcanion and mechanical marvel(2016)မြန်မာစာတန်းထိုး

အားလုံးပဲမင်္ဂလာပါခင်ဗျာ ပိုကီမွန် ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ဒီကားလေးဟာဆိုရင်ဖြင့် ပိုကီမွန် ရုပ်ရှင်တွေရဲ့ ၁၉ ခုမြောက် ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီးတော့ ၂၀၁၆ ခုနစ် မှာ ထွက်ရှိထားခဲ့ပြီး imdb 6.2/10 ရရှိထားခဲ့တဲ့ animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
ပိုကီမွန်ကားတွေရဲ့ထုံးစံအတိုင်း ပင်တိုင်ဇာတ်ကောင်လေး ၂ကောင်ဖြစ်တဲ့ Ash နဲ့ Pikachu တို့ကအဓိကပါဝင်ထားကြပါတယ်.
လွန်ခဲ့သော နှစ် ၅ဝဝ ခန့်က Nikola ဆိုတဲ့ သိပံ္ပပညာရှင်ကြီးတစ်ယောက်ဟာ Azoth တိုင်းပြည်ကို အချိန်ခရီးသွားစက်နဲ့
ရောက်ရှိလာခဲ့ပြီး တိုင်းပြည်ကြီးဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ကျဉ်းပေးခဲ့ပါတယ် သူ့ရဲ့တီထွင်ဖန်တီးမှုတွေအများကြီးထဲကမှ Magearna ဆိုတဲ့ ပိုကီမွန်လေးကတော့ သူ့ရဲ့အကောင်းဆုံးလက်ရာဖြစ်ခဲ့ပါတယ် နောက်ပိုင်းမှာတော့ သူ့ရဲ့လျှို့ဝှက်ချက်ကိုသိတဲ့ လူဆိုးတွေဟာ Magearna လေးကိုလိုက်ဖမ်းပါတော့တယ်.သူ့ကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ Volcanion ဆိုတဲ့ပိုကီမွန်ကြီးနဲ့ Ash တို့သူငယ်ချင်းတစ်သိုက်နဲ့တွေ့ဆုံကြတဲ့အခါမှာတော့.......
နောက်ပိုင်းဘယ်လိုတွေဖြစ်မလဲ ပိုကီမွန်နဲ့လူသားတွေကြား ဘယ်လိုဆက်နွယ်မှုတွေရှိမလဲ သူတို့တွေရော Magearna ကိုကယ်နိုင်မှာလားဆိုတာကိုတော့....အားလုံးပဲဆက်လက်အားပေးပါအုံးလို့
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ...
Credit To : www.goldchannelmovies.com
Review & Translate by Morningstar Naing Lin
Encoded by Hein Min Htet
Hd 720p 670mb


Wolf Children (2012)မြန်မာစာတန်းထိုး

Wolf Children ဇာတ်ကားလေးဟာ 2012 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး နာမည်ကြီးanimation movie စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ Rating တွေကတော့IMDbမှာ 8.2/10ရ
ရှိထားပြီး Rotten Tomatoes မှာတော့ 93% ရရှိထားလို့ လူ
ကြိုက်များတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဆိုတာ သိသာနေပါတယ်။
မိခင်တစ်ယောက်ရဲ့စိတ်ဓါတ်နဲ့ အခက်အခဲတွေကို အသားပေးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြ
စ်ပါတယ်။ တစ်မူထူးခြားတာက ကလေးတို့ရဲ့ မိခင် "ဟာန" ဟာ သာမန်လူတွေလို လူလူချင်း
ဖူးစာဖက်ခဲ့တာမဟုတ်ပါဘူး။ စိတ်ကူးယဉ်ဆန်လွန်းတဲ့ လျှို့ဝှက်ဆန်းကြယ် ရှားပါးဝံပုလွေ
လူသားရဲ့နောက်ဆုံးမျိုးဆက်နဲ့ အကြောင်းပါခဲ့တယ်။ အဲလိုအကြောင်းပါပြီး မွေးဖွားလာတဲ့
သားသမီးတွေရဲ့ ၀ံပုလွေလူသားမျိုးဆက်လေးတွေကို ဟာနရဲ့ခင်ပွန်း ဆုံးပါးသွားပြီးနောက်ပိုင်း
နယ်မြို့လေးတစ်ခုမှာ ဘယ်လို မထင်မှတ်စရာ အခက်အခဲတွေနဲ့ရင်ဆိုင်ရင်း သားသမီးတွေကို
ပြုစုပျိုးထောင်နိုင်ခဲ့တယ်ဆိုတာပရိသတ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်မှပဲ သိနိုင်မှာပါ။
သာမန်ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့တောင် မလွယ်တဲ့ကိစ္စမို့ ဟာန အတွ
က်ကတော့ တခြားလူသားမိခင်နဲ့မတူတဲ့    ၀ံပုလွေလူသားကလေး ၂ ယောက်ကို ဒုက္ခတွေ
အမျိုးမျိုးကြားက မညည်းညူပဲ စောင့်ရှောက်ပေးခဲ့တာကို ကြည့်မိသူတိုင်း မချီးကျူးပဲ မနေနို
င်ပါဘူး။ ကလေးလေးနှစ်ယောက်ကရော သူတို့မိခင်က သူတို့ဘ၀အတွက် အပြည့်အ၀ရွေး
ချယ်ခွင့်ပေးထားတာ       ကြောင့် သူတို့ဘ၀အတွက် ဘယ်လမ်းကို ရွေးချယ်ကြမှာလဲ။ သူတို့
ရဲ့ရွေးချယ်မှုက လူသားဖြစ်မှာလား ၀ံပုလွေဖြစ်မှာလား ဆိုတဲ့ပဟေဠိကလည်း စိတ်ဝင်စားစရာပါ။

Credit To : www.goldchannelmovies.com
Review & Translate by War So
Encoded By Hein Min Htet
bluray 720p 850mb


Rise of the Guardians (2012) - မြန်မာစာတန်းထိုး

Director: Peter Ramsey ရိုက်ကူးတင်ဆက်ထားပြီး
November 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ လူကြီးရော ကလေးပါ ကြည့်သင့်တဲ့
ယုံကြည်မှု စိတ်ဓါတ်ရေးရာ မြင့်တင်ပေးပြီး စိတ်ဓါတ်ခွန်အား ရရှိစေမယ့် နတ်သမီး ပုံပြင်အခြေခံ
ကာတွန်းဇတ်လမ်းလေး ဖြစ်ပါတယ်….
==================================
ဇတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်
ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကို
စွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်…
တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ် ကို
သေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်
နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်….
ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဥာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်
၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူး
ဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်း
ဆန်တာကလော့ တို့ အက်စတာဘန်နီ တို့ အပြင် အိပ်မက်ဖန်ဆင်းရှင် သဲလူသား နဲ့
သွားနတ်သမီး တို့ ကို တွေ့ဆုံလိုက်ရပြီး ၄င်းတို့ နဲ့ အတူ ကလေးတွေ ရဲ့ ပျော်ရွှင်မှု ယုံကြည်မှု ကို
လိုက်လံ ဆောင်ရွတ်နေရင်း နဲ့ ကလေးတွေ ကို ညဘက် အိပ်မက်ဆိုးတွေ ပေးမက်နေတဲ့
Dream Worker နတ်ဆိုး ရဲ့ ညစ်ပတ်လှတဲ့ လှည့်ကွက်တွေနဲ့ သူတို့ အဖွဲ့ တွေ့ကြုံလိုက်ရတဲ့အခါ……
ဒီ Animation ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Channel Myanmar Translator လူစီဖာဝတုတ် ဖြစ်ပါတယ်





Credit To : www.channelmyanmar.org 

Final Fantasy VII: Advent Children (2005) မြန်မာစာတန်းထိုး


IMDb(7.4/10)
မင်္ဂလာပါခင်ဗျာ...ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက်
Animation ကားဟောင်းလေး ဖြစ်တဲ့ Final Fantasy VII: Advent Children နဲ့မိတ်ဆက်ပေးချင်ပါတယ်။ စထွက်ထွက်ချင်း ရေပန်းစားခဲ့တဲ့ ကားလေး ဆိုလည်း မမှားပါဘူး။
 ဒီကားလေးဟာဆိုရင်ဖြင့် Directors (Tetsuya Nomura,Takeshi Nozue)တို့ ရိုက်ကူးထားပြီး ကွန်ပြူတာ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတဲ့ ထူးခြားဆန်းကြယ်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ 2005/2007 ခုနှစ်တို့မှာ အကောင်းဆုံးAward များစွာကိုလည်း ပိုင်ဆိုင်ထားတဲ့ ကားလေး ဖြစ်တာမို့ထူးခြားဆန်းကြယ်တဲ့ Animation ကားလေးတွေ ကြိုက်တတ်သူများအဖို့ လုံးဝ လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်ကြောင်း လက်တို့ပါရစေဗျာ။
 ဇာတ်လမ်းလေးဟာတော့....
    Advent Childrenဟာ Final Fantasy VIIပြီးသွားပြီး ၂နှစ်​ကြာတဲ့အခါမှာ ထွက်​​ပေါ်လာပါတယ်
ပြီး​တော့ အမည်မသိ​ရောဂါကူးစက်​ခံ​နေရတဲ့က​လေး​တွေကိုပြန်​​ပေးဆွဲတဲ့ သုံး​ယောက်​တွဲအဖွဲ့ကို အဓိကထားထားပါတယ်​။
တူညီတဲ့​ရောဂါကိုခံစား​နေရတဲ့ Final Fantasy VIIရဲ့ သူရဲ​ကောင်းတစ်​​ယောက်​ဖြစ်​ခဲ့တဲ့ Cloud Strifeက ​ရောဂါခံစား​နေရတဲ့က​လေး​တွေကို သွား​ရောက်​ကယ်​တင်​ခဲ့ပါတယ်​။
သုံး​ယောက်​တွဲအဖွဲ့ဟာ လူဆိုး Jenovaကို အသုံးချပြီး​တော့ လူဆိုးSephirothအား ပြန်​လည်​အသက်​သွင်းမည့်​အစီအစဉ်​ကို Cloud Strifeက သိရှိခဲ့ပါတယ်
သူနဲ့ သူ့ဘက်​​တော်​သားများက သူတို့ရပ်​တန့်​​စေဖို့ ဘယ်လောက်အသေ အကြေ တိုက်ခိုက် တားဆီးကြလဲ ဆိုတော့ကို ဆက်လက် အားပေးကြပါခင်ဗျာ။

Credit To : www.goldchannelmovies.com
Review by:Kelvin Aung
Translate by: Snowy Shane
Encode by: Waiyan Philip
Size :900MB
Quality 720P HD BR-RIp



The Red Turtle (2016) - မြန်မာစာတန်းထိုး

The Red Turtle (2016)
IMDb : 7/10
Rotten Tomatoes : 90%

Spirited Away, My Neighbour Totoro အစရှိတဲ့ ရုပ်ရှင်များနှင့် နာမည်ကြီးခဲ့တဲ့ Studio Ghibli ဟာ 2016 မှာ ထူးခြားမှုများစွာနဲ့ တစ်ကျော့ပြန်လာပါပြီ။ The Red Turtle ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Special Jury Prize ကို ဆွတ်ခူးရရှိခဲ့ပြီး ဝေဖန်ရေးဆရာများအကြိုက်တွေ့ခဲ့လို့ Metacritic မှာဆို 92% ထိ rating မြင့်နေပါတယ်။ ထူးခြားတာက ဒီတစ်ခေါက်မှာ ဂျပန်ကာတွန်းဆရာများလုံးဝမပါဘဲ ပြင်သစ်ဒါရိုက်တာ Micheal Dudok de Wit နဲ့ လက်တွဲထားတာ ဖြစ်ပါတယ်။ အပြာရောင်သုံးနေကျ Studio Ghibli ရဲ့ logo ကိုကအစ အနီရောင်ပြောင်းသုံးထားတာကလည်း တစ်မျိုးဆန်းနေသလို ခံစားရမှာပါ။ The Red Turtle ဟာ ခါတိုင်းလို စကားတွေ အများကြီးပြောပြီး ဇာတ်ကို ဆွဲယူသွားမှာ မဟုတ်ဘဲ ဇာတ်လမ်းထဲမှာ တငြိမ့်ငြိမ့်လေး မျောပါသွားစေမှာ ဖြစ်ပါတယ်။ ဇာတ်ကားထဲက ရိုးရှင်းလှပတဲ့ နောက်ခံပန်းချီကားတွေ တီးလုံးတွေကြောင့် သိမ်မွေ့လှပတဲ့ နတ်သမီးပုံပြင်လေးဟာ စိတ်ဝင်စားစရာအပြည့်နဲ့ သင့်ကို အဆုံးတိုင် ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းအကျဉ်းကို လုံးဝ မပြောပြချင်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ Studio Ghibli ရဲ့ အံ့အားသင့်စရာ ပြောင်းလဲမှုတွေကို ပရိသတ်တွေကို ကိုယ်တိုင်တွေ့ကြုံခံစားကြည့်စေချင်လို့ပါ။ အစဉ်အလာကြီးမားတဲ့ ကိန်းစ် ရုပ်ရှင်ပွဲတော်မှာ ထူးထူးခြားခြား အောင်ပွဲခံနိုင်ခဲ့တယ်ဆိုကတည်းက လုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားမှန်း သိသင့်နေပါပြီ။ ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စေခဲ့တဲ့ အထူးခြားဆုံးအချက်ကတော့ ဇာတ်လမ်းပြီးသွားတဲ့ အချိန်မှာ ခံစားရတဲ့  ခံစားမှုက အသက်အရွယ်၊ နေရာဒေသ၊ လက်ရှိခံစားချက်ပေါ်မူတည်ပြီး တစ်ချိန်တည်း အတူတူကြည့်နေတဲ့သူတွေကို တစ်ယောက်တစ်မျိုးခံစားရစေခြင်းပါတဲ့။ သူပြောတဲ့ အဓိပ္ပါယ်က ဒီဇာတ်လမ်းဟာ ပျော်ရွှင်နေတဲ့အချိန်မှာ ကြည့်မိရင် ပိုဝမ်းသာကြည်နူးမိစေမှာ ဖြစ်ပြီး ၀မ်းနည်းတဲ့အချိန်မှာ ကြည့်မိရင်တော့ ပိုဝမ်းနည်းမိမှာပါတဲ့။  ကဲ ဘယ်လောက်များ ဆန်းကြယ်တဲ့ နတ်သမီးပုံပြင်လေးလဲဗျာ။

Credit To : www.goldchannelmovies.com
Reviewed and Presented by Waiyan Philip
Quality Br-Rip
Size -578MB


Elena and the Secret of Avalor (2016) မြန်မာစာတန်းထိုး



မင်္ဂလာပါ ပရိတ်သတ်ကြီး အခုတစ်ခါတော့ ကာတွန်းကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် အခုတင်ဆက်ပေးမယ့်ကာတွန်းကားလေးကတော့ ၂၀၁၆ခုနှစ် နိုဝင်ဘာလမှာ Disney Television Animation မှ ထုတ်လုပ်တင်ဆက်ပေးထားတဲ့ ကားလေးဖြစ်ပါတယ် ဒီကာတွန်းကလေးထဲမှာဆိုရင်တော့ အယ်ဗလော်တိုင်းပြည်ကြီးကို စုန်းမကြီး ရှုရကီမှ မှော်အတတ်ပညာများနဲ့သိမ်းပိုက်ခဲ့ပြီး အယ်ဗလော်တိုင်းပြည်ရဲ့ မင်းသမီးလေး အယ်လီနာကို အဆောင်လေးထဲမှာ ပိတ်လှောင်ထားခဲ့ပါတယ် အဲ့အကြောင်းအရာတွေကို သိတဲ့ နန်းတွင်းမှော်ပညာရှင် အလက်စကာဟာ မင်းသမီးလေးအယ်လီနာကို ကယ်တင်နိုင်မယ့်နည်းလမ်းတွေကိုနှစ်ပေါင်းများစွာ ရှာဖွေခဲ့ရပါတယ် နောက်ဆုံးမှာ တိုင်းပြည်တစ်ခုရဲ့ မင်းသမီးလေးဆိုဖီယာ ကယ်တင်နိုင်မယ်ဆိုတာသိလိုက်တဲ့အချိန်မှာ ဆိုဖီယာလေးကို အကြောင်းစုံရှင်းပြပြီးခဲ့ပါတယ်။ မင်းသမီးဆိုဖီယာက အယ်ဗလော်တိုင်းပြည်ရဲ့မင်းသမီးလေးအယ်လီနာကို ဘယ်လိုတွေကြိုးစားကယ်ထုတ်ခဲ့ရတယ်ဆိုတာကို ကြည့်ရှုခံစားနိုင်ဖို့ Translator Theint Thazin Naing မှ ကြိုးစားတင်ဆက်ပေးလိုက်ရပါတယ်...

Credit To : www.goldchannelmovies.com
Review & Translate by: Theint Thazin Naing
Encode By Hein Min Htet
Quality 720P HD
Size 500MB


Storks (2016) မြန်မာစာတန်းထိုး

ပရိသတ်တွေအကြီးအကျယ်အားပေးခဲ့တဲ့ The Lego Movie ကာတွန်းရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ အနားယူနေရာကနေ ပြန်လည်အသက်ဝင်လာခဲ့တဲ့ Warner Animation Group ရဲ့ဒုတိယမြောက်ကာတွန်းရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။နာမည်ကြီးဟာသရုပ်ရှင် Forgetting Sarah Marshall ကိုရိုက်ကူးပေးထား သလို လက်ရှိအချိန်မှာလည်း Neighbors 2: Sorority Rising ဟာသဇာတ်ကားကိုရိုက်ကူးပေးနေတဲ့ ဒါရိုက်တာ Nicholas Stoller နဲ့ Pixar ရဲ့ Animated Short Film တွေထဲကနာမည်အကြီးဆုံးတစ်ခုဖြစ်တဲ့ Presto ( မျက်လှည့်ဆရာနဲ့သူ့ကိုမုန်လာဥမကျွေးလို့ပြပွဲမှာ ပြဿနာရှာတဲ့ယုန်ကလေးတို့ရဲ့ဟာသဇာတ်လမ်းဖြစ်ပါတယ်) ကိုဖန်တီးရိုက်ကူးပေးထားတဲ့ Doug Sweetland ( သူ့အတွက်ဒါရိုက်တာအဖြစ်ပွဲဦးထွက်လာတဲ့လက်ရာပါ ) တို့ကပူးပေါင်းရိုက်ကူးပေးထားတာဖြစ်ပါတယ်။ Hotel Transylvanian ဇာတ်ကားတွေမှာ ဂျိုနသန်အဖြစ်အသံသရုပ်ဆောင်ထားတဲ့ Andy Samberg ကအဓိကဇာတ်ကောင် ဌက်ကြား ဂျူနီယာရဲ့နေရာမှာ အသံသရုပ်ဆောင်ပေးလာမှာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ငှက်ကြားတွေက ကလေးငယ်လေးတွေကိုချီချီလာပြီးမိခင်တွေဆီကို ပေးပို့ပေးတဲ့ဇာတ်ဝင်ခန်းတွေကိုမြင်တွေ့ဖူးကြမှာပါ။ ဒါဟာဥရောပတိုက်ကစတင်ခဲ့တဲ့ယူဆချက်လေးဖြစ်ပြီး ဒီဇာတ်ကားကတော့အဲဒီအကြောင်းလေးကိုစိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ယခင်ကတည်းကကလေးတွေကိုပို့ဆောင်ပေးခဲ့တဲ့ ငှက်ကြားတွေဟာယခုအချိန်မှာတော့ ကလေးပို့ဆောင်ပေးတဲ့အလုပ်ကိုလုပ်ငန်းကြီးတစ်ခုအနေနဲ့ဖန်တီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။တစ်ရက်မှာတော့ ဂျူနီယာလို့အမည်ရတဲ့ ငှက်ကြားဟာညွှန်ကြားချက်မရဘဲကလေးတစ်ယောက်ကိုဖန်တီးမိလိုက်တာကြောင့် ဒီပြဿနာကိုဘယ်သူမှမသိရှိခင်ကြိတ်ဖြေရှင်းဖို့ ကြိုးစားရပုံကိုရိုက်ကူးပုံဖော်ထားတဲ့ ကာတွန်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ပရိတ်မျာျးမြင်ခံစားနိုင်စေရန် တင်ဆက်ပေးလိုက်ရပါတယ်။
Review credit 5 cartoon
Translate by: Aung Sid Thway
Encode by: Hein Min Htet
Quality -720 BlueRay
Size 680MB

The LEGO Story (2012) Short Film


Lego ဆိုတဲ့ အတုံးဆက်တဲ့ အရုပ်လေးတွေ မတိုင်ခင်မှာ ထို Lego ဆိုတဲ့ နာမည် အစပြုခဲ့တဲ့
လူ ၂ ဦး ရှိနေပါတယ် သူတို့ကတော့ Lego ကို စတင်ခဲ့သူ ပိုင်ရှင် နှင့် သူ၏ သားတို့ပါပဲ
သူတို့ ရဲ့ အောင်မြင်ကျော်ကြားတဲ့ Lego ဆိုတဲ့ နာမည်တစ်ခုရဖို့ ဘယ်လိုရုန်းကန်ခဲ့ရတယ်
ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာတွေ ကို Short Film Animation လေး ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
The Lego Story ကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ပဲ ဖြစ်ပါတယ်…
(သစ်ဆန်းခန့်)




The Ant Bully (2006) မြန်မာစာတန်းထိုး


Imdb - 5.9/10


လူးကပ်စ် လို့ခေါ်တဲ့ ကောင်လေးဟာ ကျောင်းမှာ အရှုံးသမားတစ်ယောက်အဖြစ် အမြဲအနိုင်ကျင့်ခံနေရလေ့ရှိတဲ့ ကောင်လေးတစ်ယောက်ပါ.။ အနှိမ်ခံ အနိုင်ကျင့်ခံ ရာမှဖြစ်ပေါ်လာတဲ့ ဒေါသတွေနာကျည်းမှု့တွေကို သူ့အိမ်ခြံဝင်းထဲမှာရှိတဲ့ ပုရွက်ဆိတ်တွေ အပေါ်ကိုပုံချပြီး ပုရွက်ဆိတ်တွေရှိတဲ့တောင်ပို့ကြီးကို ရေသေနတ်နဲ့ပစ် ခြေထောက်နဲ့ နင်းချေစသည်ဖြင့် အမျိုးမျိုး ဒုက္ခပေးလေ့ရှိပါတယ်.။
     လူးကပ်စ်ရဲ့ ဒုက္ခပေးမှု့ကို ခံရပါများလာတဲ့ ပုရွက်ဆိတ်တွေဟာ မခံမရပ်နိုင်တဲ့ အဆုံးမှာ ပြန်လဲကလဲ့စားချေဖို့လုပ်ဆောင်ကြပါတော့တယ်.။
ပုရွက်ဆိတ်တွေရဲ့ မှော်ဆေးရည်အစွမ်းနဲ့လူးကပ်စ်ကို ပုရွက်ဆိတ်အရွယ်အစားဖြစ်အောင် ပြုစားလိုက်ကြပြီး ပုရွက်ဆိတ်ကမ္ဘာမှာ လူးကပ်စ် ဘ၀အတွက်သင်ခန်းစာတွေကို စသင်သင်ကြားရပါတော့တယ်.။
ဟာသ ဘ၀သင်ခန်းစာ အက်ရှင် စတာတွေနဲ့ ရောမွေထားတဲ့ Ant Bully ဆိုတဲ့ ကာတွန်းဇာတ်ကားကောင်းလေးကို ခံစားရင်း ဘ၀အမောတွေပြေနိုင်ကြပါစေ..။

Credit To : www.goldchannelmovies.com
Translate by: Showy Shane
Encode by: Hein Min Htet
Quality -720P HD
Size 800MB


Tale From Earth Sea (2006) မြန်မာစာတန်းထိုး

Imdb - 6.5/10
အခု ဇာတ်ကားလေးကတော့ နာမည်ကြီး Studio Ghibli ကထွက်ရှိတဲ့ anime ကားဟောင်းလေးပဲဖြစ်ပါတယ် ..
A Wizard of Earthsea, The Tomb of Atuan, The Farthest Shore နောက်ပြီး Tehanu စတဲ့ ပုံပြင်အတိုလေးတွေကိုပေါင်းစည်းပြီး Tales From EarthSea လို့နာမည်တပ်ထားရတာပါ..
ဇာတ်လမ်းအကျဉ်းကတော့ Arren ဆိုတဲ့ ကောင်လေးရဲ့ အဖေက ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်
. Arren မှာသူ့ စိတ်ကထင်နေတဲ့ အကြောက်တရားရှိပါတယ်.. အဲ့အကြောက်တရားက သူ့ ရဲ့ ပုံရိပ် ပါပဲ... တစ်နည်းအားဖြင့် သူ့ ရဲ့စိတ်ကထင်တဲ့သူနဲ့ပုံစံတူပုံရိပ်တစ်ခုပါ အဲ့ဒိ ပုံရိပ်လေး က သူ့ ကိုကူညီချင်ပေမဲ့ သူက သူ့ ရဲ့ ပုံရိပ်လေးကိုမြင်တိုင်း ကြောက်ပြီးထွက်ပေးနေတတ်ပါတယ်. နောက်ပြီးသူ့ မှာ အကြောက်တရား တွေဖုံးပြီးအသိစိတ်လွတ်သွားတဲ့အခါတွေရှိပါတယ်.. အဲ့ အသိစိတ်လွတ်သွားတဲ့တစ်နေ့က သူ့ ရဲ့အဖေကို ပြန်သတ်ပြီး သူ့ အဖေဆီက ဓားကိုခိုးပြီးအိမ်ကထွက်ပြေးခဲ့ပါတယ် ဓားကပုံမှန်ရိုးရိုးဓားမဟူတ်ပါဘူး ​မှော်​အတတ်​နဲ့စီမံထားတဲ့ ဓားပါ Arren တို့မျိုးရိုးကသာ ဓားကို ဓားအိမ်​ထဲကထုတ်နိုင်မှာဖြစ်ပါတယ်.. သူထွက်ပြေးရင်းနဲ့ မြေခွေးတွေလိုက်လို့အမြန်ပြေးခဲ့ရပါတယ် အဲ့မှာ Sparrowhawk ဆိုတဲ့ wizard ကသူ့ ကိုကယ်တင်ခဲ့ပါတယ်.. Sparrowhawk က Archmage Wizard ဖြစ်ပါတယ် Archmage ဆိုတာ အဲ့ဇာတ်ကားထဲမှာတော့ မှော်ဆရာတွေထဲမှာ အတော်ဆုံးလို့ဆိုလိုပါတယ်.. Arren ကိုသူနဲ့လိုက်ဖို့ဖိတ်ခေါ်ပြီး Hort မြို့တော်ကို ဆက်ပြီးသွားခဲ့ပါတယ် အဲ့ဒိမြို့မှာ Therru ဆိုတဲ့ကောင်မလေးကို ရန်သူတွေက ကျွန်အဖြစ်ဖမ်းနေတာတွေ့ လို့ Arren ကသွားကူညီခဲ့ပါတယ် Therru ဟာ witch တစ်ယောက်ပါ... အဲ့တာကို Arren ကမသိခဲ့ပါဘူး. နောက်တော့ Arren က သူ့ ကိုကယ်ပြီး ငှါးထားတဲ့ Hotel ကိုမပြန်တတ်လို့ အဲ့နားကလှေကားနားမှာအိပ်နေခဲ့ပါတယ် အိပ်နေရင်းပဲ သူ့ တိုက်ခိုက်ခဲ့တဲ့ ကျွန်ဖမ်းသမားတွေက ဖမ်းသွားပြန်ပါတယ် သ့း ကိုဖမ်းသွားတဲ့ လမ်းမှာပဲ Sparrowhawk ပြန်ကယ်တင်ခဲ့ပါလေရော... အဲ့လိုနဲ့ Sparrowhawk ရဲ့သူငယ်ချင်း Tenar တို့အိမ်မှာတည်းခဲ့ပါတယ် နောက်တစ်နေ့ Sparrowhawk မရှိတဲ့နေ့မှာ Arren က သူက Tenar တို့ကို ဒုက္ခပေးနေတယ်ထင်လို့ထွက်သွားပါတယ် အဲ့ဒီအချိန်မှာပဲ Tenar ကို Lord Cob ကဖမ်းခေါ်သွားပါတယ် Arren ကသူ့ ရဲ့ ပုံရိပ်ကိုကြောက်လို့ထွက်ပြေးရင်း Lord Cob ကဖမ်းသွားပြန်ပါရော.. Sparrowhawk လို့ကယ်တင်ဖို့သွားရင်းမှော်စွမ်းအားအလုံအလောက်မရှိလို့ အဖမ်းခံခဲ့ရပါတယ်.. အဲ့မှာ Therru ဟာ Arren ကို သူ့ ရဲ့ ဓားပြန်ပေးရင်း Lord cob နဲ့ တိုက်ကာ ဘယ်လိုဆက်ဖြစ်လာမလဲ.. Sparrowhawk သေမလားဆိုတာ ကြည့်ရှုခံစားကြရအောင်ဗျာ....


Credit To : www.goldchannelmovies.com
Review & Translate by: Thura Tun
Encode by: Hein Min Htet
Quality -720P Br-Rip
Size - 700MB




 

The Garden of Words (2013) မြန်မာစာတန်းထိုး

 

2013 ထွက် ဂျပန် Anime ကောင်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ IMDb 7.3 နဲ့ Romance Drama အမျိုးအစားလေးပါ။ ဇာတ်လမ်းကတော့ ၁၅ နှစ်အရွယ် ဖိနပ်ချုပ်သမားလေး တစ်ယောက်ဟာ မိုးရွာတဲ့ မနက်ခင်းတွေမှာ ပန်းခြံတစ်ခုထဲမှာ ၂၇ နှစ်အရွယ် ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမြဲတစေ တွေ့ဆုံမိတတ်ပါတယ်။ ဖိနပ်ချုပ်သမားလေး Takao ဟာ မနက်ခင်း အတန်းတွေကိုလစ်ပြီး ဖိနပ်ဒီဇိုင်းထွင်ဖို့ လာနေခဲ့သလို အမျိုးသမီးလေး Yukino ဟာလည်း သူ့ပြဿနာတွေကြောင့် အလုပ်ကို ရှောင်တိမ်းရင်း လာနေခဲ့ကြတာပါ။ Takao ဟာ သူ့နှစ်သက်တဲ့ ဖိနပ်ပြုလုပ်ချင်း ပညာကို မျှဝေခံစားရင်း သူ့အတွက် ဖိနပ်တစ်ရံလုပ်ပေးဖို့တောင် ပြောခဲ့ပေမယ့် Yukino ကတော့ သူ့အကြောင်း ဘာမှဖွင့်မပြောပြခဲ့ပါဘူး။ တစ်နေ့မှာတော့ Takao တစ်ယောက် Yukino ရဲ့ ဘ၀ကို သိသွားတဲ့အခါ…….

 ***Update From www.channelmyanmar.org

File size…(650MB)
Quality…BR-Rip 720p
Format…mp4
Duration….00:46:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw

Download Here (650 MB)

 

Download Small File Size (330MB)
 

Scooby-Doo! And WWE: Curse of the Speed Demon (2016) မြန်မာစာတန်းထိုး


စကူဘီ ဒူး ချစ်သူများအတွက် ၂၀၁၆ ထွက် အသစ်ကို တင်ပေးထားပါတယ်။ IMDb 5.8 နဲ့ပါ။ စကူဘီ ဒူး အဖွဲကို WWE ကာရိုက်တာ Undertaker, Triple H တို့ နဲ့ တွဲဖက်ပေးထားပြီး လျို့ဝှက်ဆန်းကြယ် အမှုတစ်ခုကို ဖြေရှင်းကြတဲ့ အကြောင်းပါ။ အားပေးကြပါဦး။

File size…(750MB)
Quality…BR-Rip 720p
Format…mp4
Duration….01:20:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw


Download Here (750MB) Link -1


Download Here (750MB) Link -2


Download Small File Size (340 MB) Link -1

Download Small File Size (340MB) Link -2
 
 
 

The Wild Life (2016) မြန်မာစာတန်းထိုး



လူသူမနီးတဲ့ ထူးခြားဆန်းပြားတဲ့ သုခဘုံ ကျွန်းငယ်လေးတစ်ခုပေါ်မှာ အင်္ဂါလို့ခေါ်တဲ့ဖော်ရွေတဲ့ငှက်လေးတစ်ကောင်ဟာ သူ့သူငယ်ချင်းတိရိစ္ဆာန်လေးတွေနဲ့ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အင်္ဂါတစ်ကောင်ကတော့ ကမ္ဘာကြီးကိုရှာဖွေဖော်ထုတ်ဖို့ သူ့အိမ်မက်ကိုမစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ပြင်းထန်လှတဲ့မုန်တိုင်းအပြီးမှာ အင်္ဂါနဲ့သူ့သူငယ်ချင်းတွေဟာ ကမ်းခြေမှာထူးဆန်းတဲ့ ရော်ဘင်ဆင်ခရူးဆိုးလို့ သတ္တ၀ါတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ အင်္ဂါကချက်ချင်းပဲ ခရူးဆိုးကိုသူကျွန်းပေါ်ကထွက်ခွာဖို့လမ်းစလို့မြင်ခဲ့ပြီး ခရူးဆိုးကလဲ အင်္ဂါနဲ့သူ့သူငယ်ချင်းတိရိစ္ဆာန်တွေကို ဒီကျွန်းပေါ်မှာအသက်ရှင်ဖို့အဓိကကျတယ်လို့မြင်ခဲ့ပါတယ်။ သို့ပေမဲ့ လူသားဆိုတာကိုမသိတဲ့ တိရိစ္ဆာန်တွေနဲ့နေရတာတော့ လွယ်ကူတာမဟုတ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့အားလုံးအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတော့တယ်။တစ်နေ့မှာတော့ ကျွန်းကိုသိမ်းပိုက်ချင်တဲ့ ရက်စက်တဲ့ကြောင်နှစ်ကောင်နဲ့တွေ့ပြီး သူတို့ရဲ့ငြိမ်းချမ်းတဲ့ဘ၀လေးက အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကြောင်တွေနဲ့ သူငယ်ချင်းတစ်စုအကြားတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ခရူးဆိုးနဲ့ သူ့ရဲ့တိရိစ္ဆာန်တစ်စုတို့ဟာ မိတ်ဆွေစစ်တို့ရဲ့ စွမ်းအားအစစ်အမှန်ကိုရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးကိုတွန်းလှန်လိုက်ပါတော့တယ်…။ ဇာတ်လမ်းအညွန်းနဲ.ဘာသာပြန်သူကတော. Myo Myint Maung ဖြစ် ပြီ ကွာလတီ ကောင်း ကောင်းနဲ့ ကြည့် ရ အောင် Encode ပေးတာက တော့ Than Htike ပဲဖြစ်ပါတယ်

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size


*** Update From www.channelmyanmar.org

Tarzan (1999) မြန်မာစာတန်းထိုး

Batman :The Killing Joke(2016) မြန်မာစာတန်းထိုး


ဒီလောကကြီးထဲမှာ လူရယ်လို့ဖြစ်လာခဲ့ပြီဆိုရင် လောကဓံရဲ့ရိုက်ချက်တွေကံတရားရဲ့ ကစားကွက်တွေ
ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ခံစားမှုရဲ့ ဒဏ်တွေကို တစ်ခုမဟုတ်တစ်ခုကတော့ အလူးအလဲ
ခံစားကြဖူးကြမှာပါပဲ
ဒီလို နာကျင်မှုတွေ ထိုးနှက်ချက်တွေကြားမှာ လူသားတစ်ယောက်အနေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ပါ့မလား
ဒါမှမဟုတ်အရှုံးပေး လက်မြှောက်လိုက်မလား…?
ဒါမှမဟုတ် အရာအားလုံးကို နာကျည်းမုန်းတီးသွားမလား…?
ဒီဇာတ်ကားထဲမှာတော့
Batman ရဲ့ အဓိကရန်သူတော် Villain ကြီး
Joker ဟာ သူဖြတ်သန်းခဲ့ရတဲ့ လောကဓံရဲ့
ရိုက်ချက်တွေ သူ့အပေါ် ပြင်းထန်ခဲ့တဲ့ အခါမှာ
သူ့ရဲ့ကျရှုံးမှုတွေ နာကျင်မှုတွေ ကနေ
အရာအားလုံးကို နာကျည်း မုန်းတီးသွားခဲ့ပြီး ရူးသွပ်စွာ ရက်စက်တတ်တဲ့ သူတစ်ယောက်အဖြစ်ကို
အသွင်ပြောင်းသွားခဲ့ပါတယ်
နောက်ပြီး Joker ဟာ သူ့လိုပဲ လူတိုင်းဟာ
စိတ်ဒါဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ ရင် ရူးသွပ်သွားမှာပဲ
ဆိုတဲ့ အချက်ကို သက်သေပြဖို့အတွက် ဘယ်လို ဘယ်ပုံတွေ
ရက်စက် အကွက်ချ လုပ်ပြမလဲဆိုတာကတော့ ဒီဇာတ်ကားရဲ့အဓိက ဇာတ်အိမ်ပဲဖြစ်ပါတယ်
မြင်ရခဲတဲ့ Jokerရဲ့နောက်ကြောင်းရာဇဝင်ကို ဒီကားထဲ
မှာမြင်တွေ့ရမှာဖြစ်ပြီး
Batman နဲ့ Joker ရဲ့ကြားထဲက relationship ကို
လေးလေးနက်နက်ပုံဖော်ပြထားပါတယ်
1988 ခုနှစ်ကထွက်ရှိခဲ့တဲ့The Killing Joke comic
ကိုအခြေခံပြီးရိုက်ကူး ထားတဲ့ဒီဇာတ်ကား ဟာ
အချိန်ကန့်သတ်ပြသပေမယ့်လဲ ပြသခဲ့တဲ့ နှစ်ရက်အတွင်းမှ
3.8သန်းအထိဝင်ငွေရရှိခဲ့ပြီး Box-Office ရဲ့
တတိယနေရာမှာ ခေတ္တရပ်တည်နိုင်ခဲ့ပါတယ်
IMDb rating အနေနဲ့ 6.8/10ရရှိထားလို့
ဇာတ်ကားကောင်းတစ်ကားအနေနဲ့ညွှန်းပေးပါရစေ
ဇာတ်ကားကို အသေအချာ ဘာသာပြန်ပေးထားပြီး (အထူးသဖြင့် Joker ရဲ့ ဒဿန ဆန်ဆန်
ဒိုင်ယာလော့ခ် တွေ) အညွှန်းရေးပေးသူကတော့ ကိုHan Htoo Zaw ပဲ ဖြစ်ပါတယ်။
File Size : 574Mb
Duration : 1:19:00
Quality : bluRay 720P
Translator: Han Htoo Zaw
Encoder : Kaung Myat Thu

***Update From www.channelmyanmar.org

The Angry Birds (2016) - မြန်မာစာတန်းထိုး

Animation ပရိသတ်တွေအတွက် နာမည်ကြီး Mobile Game ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Abgry Bird ကို တင်ပေးလိုက်ပါတယ်။ ဇာတ်ကောင်တကောင်းချင်းစီးရဲ့ ချစ်စရာအမူအရာတွေ၊ ပီပြင်တဲ့ animation တွေကြောင့် အကြိုက်တွေ့ကြမှာပါ။

မပျံနိုင်တဲ့ငှက်တွေက ပုံမှန်အားဖြင့်ပျော်ပျော်နေတတ်ကြပေမဲ့ ကိုယ်တော် Red ကတော့ အမြဲစိတ်ညစ်ပြီး ဘူနေတတ်ပါတယ်။ ဒေါသထိန်းဖို့ သင်တန်းတွေတက်ရာက Chuck နဲ့ Bomb တို့နဲ့ သိခဲ့ရတယ်။ အဲအချိန်မှာ ငှက်တွေကြားကို အစိမ်းရောင် ဝက်တွေရောက်လာရာက သူတို့ရောက်လာရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်း Red နဲ့အဖွဲ့သားတွေ အလုပ်ရှုပ်ကုန်ကြပါတော့တယ်။

Angry Birds ကို Fergal Reilly နဲ့ Clay Kaytis တို့က ရိုက်ကူးပြီး Rovio နဲ့ Sony Pictures Imageworks တို့က ထုတ်လုပ်ကာ Columbia Pictures က ဖြန့်ချိပါတယ်။ Jason Sudeikis နဲ့ Peter Dinklage တို့ပါဝင်သရုပ်ဆောင်ထားပြီး Budget က $80 million ဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်း - ဓါတ်ရှင် 


Download & Watch On Blog * Uploading



 
Powered by Blogger.