IMDb(7.4/10)
မင်္ဂလာပါခင်ဗျာ...ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက်
Animation ကားဟောင်းလေး ဖြစ်တဲ့ Final Fantasy VII: Advent Children နဲ့မိတ်ဆက်ပေးချင်ပါတယ်။ စထွက်ထွက်ချင်း ရေပန်းစားခဲ့တဲ့ ကားလေး ဆိုလည်း မမှားပါဘူး။
ဒီကားလေးဟာဆိုရင်ဖြင့် Directors (Tetsuya Nomura,Takeshi Nozue)တို့ ရိုက်ကူးထားပြီး ကွန်ပြူတာ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတဲ့ ထူးခြားဆန်းကြယ်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ 2005/2007 ခုနှစ်တို့မှာ အကောင်းဆုံးAward များစွာကိုလည်း ပိုင်ဆိုင်ထားတဲ့ ကားလေး ဖြစ်တာမို့ထူးခြားဆန်းကြယ်တဲ့ Animation ကားလေးတွေ ကြိုက်တတ်သူများအဖို့ လုံးဝ လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်ကြောင်း လက်တို့ပါရစေဗျာ။
ဇာတ်လမ်းလေးဟာတော့....
Advent Childrenဟာ Final Fantasy VIIပြီးသွားပြီး ၂နှစ်ကြာတဲ့အခါမှာ ထွက်ပေါ်လာပါတယ်
ပြီးတော့ အမည်မသိရောဂါကူးစက်ခံနေရတဲ့ကလေးတွေကိုပြန်ပေးဆွဲတဲ့ သုံးယောက်တွဲအဖွဲ့ကို အဓိကထားထားပါတယ်။
တူညီတဲ့ရောဂါကိုခံစားနေရတဲ့ Final Fantasy VIIရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ Cloud Strifeက ရောဂါခံစားနေရတဲ့ကလေးတွေကို သွားရောက်ကယ်တင်ခဲ့ပါတယ်။
သုံးယောက်တွဲအဖွဲ့ဟာ လူဆိုး Jenovaကို အသုံးချပြီးတော့ လူဆိုးSephirothအား ပြန်လည်အသက်သွင်းမည့်အစီအစဉ်ကို Cloud Strifeက သိရှိခဲ့ပါတယ်
သူနဲ့ သူ့ဘက်တော်သားများက သူတို့ရပ်တန့်စေဖို့ ဘယ်လောက်အသေ အကြေ တိုက်ခိုက် တားဆီးကြလဲ ဆိုတော့ကို ဆက်လက် အားပေးကြပါခင်ဗျာ။
Credit To : www.goldchannelmovies.com
Review by:Kelvin Aung
Translate by: Snowy Shane
Encode by: Waiyan Philip
Size :900MB
Quality 720P HD BR-RIp
+ comments + 1 comments
Thank you much par bro ❤️💓💞
Post a Comment