Latest Movie :
Recent Movies
Showing posts with label Sci-Fi. Show all posts
Showing posts with label Sci-Fi. Show all posts

Spectral(2016)မြန်မာစာတန်းထိုး

Spectral (2016)
IMDb : 6.4
Rotten Tomatoes : 80%
How you can stop if you can’t see the enemies are coming?
“ရန်သူတွေ လာနေတာ မမြင်ရရင် မင်းဘယ်လို တားဆီးမလဲတဲ့”။ ခုတလော သည်းထိတ်ရင်ဖိုအက်ရှင်ကားတွေကို တင်ဆက်တဲ့နေရာမှာ အလွန်ကျော်ကြားနေတဲ့ Netflix ရဲ့ Scifi-Thriller ဟာ နာမည်ကြီး အက်ရှင်ဂိမ်းတစ်ခုဖြစ်တဲ့ Gears of War ကို ဂြိုလ်သားတွေနဲ့ ပေးတွေ့လိုက်ပါပြီ။ Pacific Rim တို့ Battleship တို့လိုပဲ သဘာဝလွန်စွမ်းအားတွေရှိတဲ့ တခြားကမ္ဘာက ဂြိုလ်သားတွေနဲ့ အသေအကြေ တိုက်ခိုက်ရတဲ့ အကြောင်းရိုက်ကူးထားတဲ့ Spectral ကို သိပ္ပံကား၊ စစ်ကားဝါသနာအိုးတွေသာမက သည်းထိတ်ရင်ဖိုကြိုက်တဲ့ ပရိတ်သတ်များကပါ ချီးကျူးကြပါတယ်။ ဂိမ်းဝါသနာအိုးတွေအတွက်တော့ မကြည့်မိရင် သူများနောက်ကျန်ခဲ့နိုင်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတွေကို သူသေကိုယ်သေပြန်တိုက်ပေးရတဲ့ special operation တပ်သားတွေရဲ့ တိုက်ပွဲတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲလိုရိုးရှင်းတဲ့ စစ်ကားတစ်ကားကို ဆွဲဆောင်ထားတာကတော့ သူတို့တိုက်ခိုက်တဲ့ နည်းဗျူဟာတွေ၊ သုံးတဲ့ လက်နက်ဆန်းတွေနဲ့ ဂြိုလ်သားတွေရဲ့ သဘာဝလွန်စွမ်းအားတွေ ဖြစ်ပါတယ်။ စစ်ကားဆို သိပ်မကြိုက်တဲ့ သူတောင် Trailer ကြည့်လိုက်တဲ့အချိန်မှာ မျှော်လင့်သွားမိမှာ သေချာတာမို့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။

Credit To : www.goldchannelmovies.com
Review by Waiyan Philip
Translator by Hnin Hnin
Encoded by Hein Min Htet
Quality-bluray 720p
size-770mb


Krrish 3 (2013) - မြန်မာစာတန်းထိုး


IMDb (5.4/10)….Rotten Tomatoes(83%)
အိန္ဒိယ သိပ္ပံနဲ့ စွန့်စား မှု တွေပါ ၀င်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်တဲ့ Krrish 3 ဟာ အောက်တိုဘာ ၃၁ ရက်နေ့က
ထွက်ရှိခဲ့ပါ ပြီ။ အနောက်တိုင်း animated ရုပ်ရှင်ကား တွေကို ယှဉ်နိုင်တဲ့ Bollywood ရုပ်ရှင် တွေရဲ့ အဆင့်အတန်းကို ဖော်ပြ
နိုင်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်ပါ တယ်။ အရင် ဇာတ်ကားတွေ ဖြစ်တဲ့ Koi….Mil Gaya (2003) အဓိပ္ပါယ် ကတော့
I…found someone နဲ့ သူ့ရဲ့ နောက်ဆက် တွဲ Krrish (2006) တို့ဟာလည်း အောင်မြင်ခဲ့ တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ ပထမ
ဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့
ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ
ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့
ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ
ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး
မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပါတယ်။ Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း
ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ
အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား
ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို
အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း
တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့
ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး
တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။ အခု Krrish 3 မှာတော့
Rohit နဲ့ Krrishna တို့သားအဖဟာ မွန်ဘိုင်းမြို့မှာ သူတို့ရဲ့ အစွမ်းအစတွေနဲ့ ကမ္ဘာကြီးကို အကြိုးပြုနေကြပါတယ်။ Rohit က သေသူ
ကိုအသက်ပြန်သွင်းနိုင်တဲ့ စက်ကြီးတစ်လုံးတည်ဆောက်နေပြီး Krrishna ကတော့ Priya နဲ့ လက်ထပ်ပြီး Krrish တစ်ဖြစ်လဲ အနေနဲ့
ဒုက္ခရောက်နေသူ တွေကို ကူညီလျှက်ရှိပါတယ်။ သူတို့ရင်ဆိုင်ရ မယ့် စူပါဗီလိန်ကတော့ Dr.Kaal ဖြစ်ပါတယ် ။ အာဖရိက ဘက်မှာ
ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ် က မွန်ဘိုင်းကိုပြန့်နှံ့လာနေပြီး ဖြေဆေးကို Rohit က အချိန်မီရှာရမှာပါ။ ပြီးတော့ Dr.Kaal ရဲ့ လူတစ်ပိုင်း တိရိစ္ဆာန်
တစ်ပိုင်း Maanvars လို့ခေါ်တဲ့ Mutant တွေက မွန်ဘိုင်းမြို့ကြီးရဲ့ ကယ်တင်ရှင် Krrish ကို တိုက်ခိုက်ပုံတွေ ကို အသည်းတယားယားနဲ့
ကြည့် ကြရမှာပါ။ သေသပ်လှတဲ့ Animation effect တွေနဲ့ Hrithik Roshan, Vivek Oberoi, Priyanka Chopra, Kangna Ranaut တို့
ဦဆောင်ထားပြီး ဒါရိုက်တာ Rakesh Roshan ရဲ့ လက်ရာကားကောင်းတစ်ကားပါ။ Hrithik က Rohit ရော Krrishna အဖြစ်ပါ သရုပ်ဆောင်
ထားပါတယ်။ Priyanka Chopra ကတော့ Priya အဖြစ်သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1.1GB)
Quality…BR-Rip 720p
Format…mp4
Duration….02:32:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.1GB)


Watch And Download Direct Link (1.1GB)


Watch And Download Pcloud (540MB)


Watch And Download Direct Link (540MB)

Krrish (2006) - မြန်မာစာတန်းထိုး



IMDb (6.3/10)….Rotten Tomatoes(100%)
မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကား Koi….Mil Gaya (2003) ရဲ့အဆက်ဇာတ်ကားဖြစ်ပါတယ်။
Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း
ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ
အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား
ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို
အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း
တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့
ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး
တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။
ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။
(ဘာသာပြန်ထားသူကတော့ Aye Nyein Thu Hein ဖြစ်ပါတယ်။)

Credit To : www.channelmyanmar.org

File size…(1.3GB)
Quality…BR-Rip 720p
Format…mp4
Duration….03:05:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.3GB)

 

Watch And Download Direct Link (1.3GB)

 

Watch And Download Pcloud (660MB)

 

Watch And Download Direct Link (660MB)

Koi… Mil Gaya (2003) - မြန်မာစာတန်းထိုး




IMDb (7.1/10)….Rotten Tomatoes(75%)
မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။
Koi….Mil Gaya (2003)
အဓိပ္ပါယ် ကတော့ I…found someone ဖြစ်ပါတယ်။ဒီဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့
ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ
ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့
ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ
ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး
မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပေမယ့် လူစွမ်းကောင်း Krrish မွေးဖွားဖို့ ဒီဇာတ်ကားပအစပြုထားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လဲ အတော်ကောင်းမွန်ပြီး Rating မြင့် ဘောလိဝုဒ်ဇာတ်ကားပါ။
(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1.2GB)
Quality…DVD-Rip 720p
Format…mp4
Duration….02:59:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.2GB)

 

Watch And Download Direct Link (1.2GB)

 

Watch And Download Pcloud (680MB)


Watch And Download Direct Link (680MB)

Morgan (2016) မြန်​မာစာတန်းထိုး




(IMDB - 5.8/10)

အားလုံးပဲ မင်္ဂလာပါခင်​ဗျာ ဒီတခါ​တော့ ကျွန်​​တော်​တို့ရဲ့ ပရိတ်သတ် ​တွေ နှစ်​သက်​​လောက်​မယ့်​ Morgan ဆိုတဲ့ ဇာတ်​ကား​လေးကို တင်​ဆက်​​ပေးပါရ​စေ

ဒီဇာတ်ကားမှာ​တော့ Morgan (Anya Taylor-Joy)ဟာ ဇီဝအင်​ဂျင်​နီယာပညာနဲ့ ဖန်​တီးထားတဲ့ မိန်​က​လေးဖြစ်​ပါတယ်​။ သူဟာ လသားအရွယ်​မှာပဲ စကား​ပြောတတ်​ လမ်း​လျှောက်​တတ်​ခဲ့တဲ့ ငါးနှစ်​အရွယ်​ မိန်းက​လေး​ပေါ့။ တ​နေ့မှာ​တော့ သူ့ကို ထိန်း​ကျောင်းသွန်​သင်​​ပေး​နေတဲ့ Dr. Kathy ကို တိုက်​ခိုက်​ခဲ့ပါတယ်​။ ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ Morgan ဟာ ဆက်​လက်​တည်​ရှိသင့်​တဲ့ မျိးစိတ်​သစ်​တခု ဟုတ်​မဟုတ်​ စုံစမ်းစစ်​​ဆေးဖို့ Lee Weather (Kate Mara) ကို ကုမ္ပဏီက ​စေလွတ်​လိုက်​တဲ့ အခါမှာ​တော့.......

ဒီဇာတ်​ကားမှာ Kate Mara (Fantasic four 2015, Martian) Anya Taylor-Joy (The Witch, Split) Rose Leslie (Game of thrones, The Last Witch Hunter) Michelle Yeoh (The Lady, Tomorrow Never Die) နဲ့ Paul Giamatti (Cinderella man, 12 Years in Slave) တို့ အဓိက သရုပ်​​ဆောင်​ထားပြီး Paul Giamatti က​တော့ သူ့ရဲ့ပုံစံအတိုင်း တခန်းကို တခန်းဆိုသလို  ဇာတ်​ကို ဆွဲတင်​သွားခဲ့ပါတယ်​။

ဒါရိုက်​တာ Luke Scott (ဒါရိုက်​တာကြီး Rideley Scott ရဲ့ သား၊ ဒါရိုက်​တာကြီး Tony Scott ရဲ့ တူ) ရဲ့ ပထမဆုံး ရုပ်​ရှင်​ဇာတ်​ကားကြီးဖြစ်​သလို GC ရဲ့ Translater အသစ်​ Luke ရဲ့ ပထမဆုံးဘာသာပြန်​ လက်​ရာလည်းဖြစ်​ပါတယ်​။ မတူညီတဲ့ ​နေရာနှစ်​ခုက မတူညီတဲ့ လူသစ်​နှစ်​​ယောက်​ရဲ့လက်​ရာကို ခံစား​ဝေဖန်​ကြည့်​ချင်​ပါတယ်​ ဆိုရင်​ဖြင့်​ ......
Credit To : www.goldchannelmovies.com
Review & Translator by Luke Walker
Encode by: Hein Min Htet
Quality -720P HD
Size -670MB


Pokemon :Volcanion and mechanical marvel(2016)မြန်မာစာတန်းထိုး

အားလုံးပဲမင်္ဂလာပါခင်ဗျာ ပိုကီမွန် ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ဒီကားလေးဟာဆိုရင်ဖြင့် ပိုကီမွန် ရုပ်ရှင်တွေရဲ့ ၁၉ ခုမြောက် ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီးတော့ ၂၀၁၆ ခုနစ် မှာ ထွက်ရှိထားခဲ့ပြီး imdb 6.2/10 ရရှိထားခဲ့တဲ့ animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်
ပိုကီမွန်ကားတွေရဲ့ထုံးစံအတိုင်း ပင်တိုင်ဇာတ်ကောင်လေး ၂ကောင်ဖြစ်တဲ့ Ash နဲ့ Pikachu တို့ကအဓိကပါဝင်ထားကြပါတယ်.
လွန်ခဲ့သော နှစ် ၅ဝဝ ခန့်က Nikola ဆိုတဲ့ သိပံ္ပပညာရှင်ကြီးတစ်ယောက်ဟာ Azoth တိုင်းပြည်ကို အချိန်ခရီးသွားစက်နဲ့
ရောက်ရှိလာခဲ့ပြီး တိုင်းပြည်ကြီးဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ကျဉ်းပေးခဲ့ပါတယ် သူ့ရဲ့တီထွင်ဖန်တီးမှုတွေအများကြီးထဲကမှ Magearna ဆိုတဲ့ ပိုကီမွန်လေးကတော့ သူ့ရဲ့အကောင်းဆုံးလက်ရာဖြစ်ခဲ့ပါတယ် နောက်ပိုင်းမှာတော့ သူ့ရဲ့လျှို့ဝှက်ချက်ကိုသိတဲ့ လူဆိုးတွေဟာ Magearna လေးကိုလိုက်ဖမ်းပါတော့တယ်.သူ့ကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ Volcanion ဆိုတဲ့ပိုကီမွန်ကြီးနဲ့ Ash တို့သူငယ်ချင်းတစ်သိုက်နဲ့တွေ့ဆုံကြတဲ့အခါမှာတော့.......
နောက်ပိုင်းဘယ်လိုတွေဖြစ်မလဲ ပိုကီမွန်နဲ့လူသားတွေကြား ဘယ်လိုဆက်နွယ်မှုတွေရှိမလဲ သူတို့တွေရော Magearna ကိုကယ်နိုင်မှာလားဆိုတာကိုတော့....အားလုံးပဲဆက်လက်အားပေးပါအုံးလို့
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ...
Credit To : www.goldchannelmovies.com
Review & Translate by Morningstar Naing Lin
Encoded by Hein Min Htet
Hd 720p 670mb


Sun Shine (2007) - မြန်မာစာတန်းထိုး


2007 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb 7.3 တောင်ရရှိခဲ့ပြီး
ဖလင်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Motion Picture ရယ် UK Film ရယ် ပထမဆုံး ပူးပေါင်း
ရိုက်ကူးထုပ်လုပ်လိုက်တဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်
၂၀၅၇ ရောက်ရင် ကမ္ဘာကြီးက အေးခဲပြီး နေမင်းကြီးဟာလည်း ပျောက်ကွယ်သွားမယ်လို့
သိပ္ပံပညာရှင်တွေက ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်
အဲ့ဒီ ကြိုတင်ခန့်မှန်းချက်တွေကိုလေ့လာဖို့အတွက် မာကျူရီ
ဂြိုလ်ပတ်လမ်းအတွင်းမှာ သွားရောက်လေ့လာဖို့အတွက် အိုက်ကာရပ်စ် အမှတ်၁
စူးစမ်းလေ့လာရေး ယာဉ် ကိုစေလွတ်ခဲ့ရာ အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့ပြီး
နော်က ၇နှစ်အကြာမှာ အိုက်ကာရပ်စ် ၂ ကိုစေလွှတ်ရာမှာ စွန်းစားမှုတွေ
ရှာဖွေတွေ့ရှိမှုတွေကို သဲထိပ်ရင်ဖို အသဲ ကျိန်းဖွယ်ရာရိုက်ကူးပြသထားတာပါ
ကဲ အားပေးလိုက်ကြပါအုံးဗျ



Euro report (2013) - မြန်မာစာတန်းထိုး


IMDb Rating 6.5 ရရှိထားပြီး သိပ္ပံ ဗဟုသုတ ရခြင်တဲ့သူတွေ
စကြ၀ဠာကြီးကိုစိတ်ဝင်စားတဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး
တကားကိုတင်ပေးလိုက်ပါတယ်
Europa Project ရဲ့ CEO ဒေါက်တာUnger ဟာ ဂျူပီတာဂြိုလ်ရယ် လ ရယ် ဆက်စပ်မှုနဲ့
အတူ သက်ရှိတွေကို ဖြစ်တည်မှုဆက်စပ်နေမှုကိုပါ လေ့လာဖို့ ဆန္ဒရှိနေသူတစ်ဦးဖြစ်ပြီး
တစ်နေ့မှာ Space Ship တစ်စီးကို လေ့လာဖို့အတွက်လွတ်လိုက်ပါတယ်
ဒီလိုနဲ့ လေ့လာပြီး ၆လအကြာမှာ မုန်တိုင်းတစ်ခုနဲ့တိုးမိပြီး
အာကာသယာဉ်ဟာ ချို့ယွင်းသွားခဲ့ပါတယ်
အင်ဂျင်နီယာ ၂ယောက်ဖြစ်တဲ့ Blok နဲ့ Corrigan ဟာ ချို့ယွင်းမှုကိုပြင်ဆင်ဖို့ကြိုးစားခဲ့ကြပြီး
သူတို့ ၂ယောက်က ပြင်ဆင်နိုင်ခဲ့လား ဘယ်လိုတွေများဆက်လက်ကြုံတွေ့ကြရမလဲဆိုတာကို
ဆက်လက်ကြည့်ရှူရမှာပါ
Martian ကိုကြိုက်နှစ်သက်မိရင် ဒီကားကိုလဲ ကြိုက်ကြလိမ့်မယ်ဆိုတာ
ရဲရဲကြီးအာမခံလိုက်ပါရစေတော့ဗျာ




Midnight Special (2016) - မြန်မာစာတန်းထိုး

ဇာတ်လမ်းအဖွင့်ကတည်းက သောက်ရမ်းလန်းပါတယ်။ sci-fi thriller ဆိုတာ ခဏလေးအတွင်းမှာဘဲ လုံလုံလောက်လောက် ခံစားလိုက်ရတယ်။ ဇာတ်လမ်း အသိမ်းပိုင်းမှာလည်း မြင်လိုက်ရတဲ့ အရာတွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတယ်။ တကယ်တော့ တစ်ကားလုံးမှာ ဆန်းကြယ်တာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ထင်မှတ်မထားတာတွေ အပြည့်ပါ။ Midnight Special ဟာ sci-fi အနေနဲ့ အတော် စိတ်ဝင်စားစရာကောင်းပြီး thriller အနေနဲ့ ဖျော်ဖြေမှုတော်တော်ပေးနိုင်တဲ့ ကားလေးပါ။

Credit To : Flim2mm.com
IMDB 6.7 ရထားတဲ့ဇာတ်ကားဟာ 1h:52mins ကြာမြင့်ပါတယ်။
 အောက်ပါလင့်ခ်များမှာ ဒေါင်းယူကြည့်ရှု နိုင်ပါပြီ။


Next (2007) - မြန်မာစာတန်းထိုး

မင်းသားကြီး  Nicolas Cage ဦးဆောင်ပါဝင်တဲ့ အက်ရှင်ကားတင်ပေးလိုက်ပါတယ်။ Las Vegas က အနာဂါတ်ကိုကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာရဲ့အကူအညီနဲ့ FBI အေးဂျင့်ဟာ ဖြစ်ပေါ်လာမယ့် အကြမ်းဖက်သမားတွေရဲ့ နြူးကလီးယား တိုက်ခိုက်မှုကို ကာကွယ်ရတဲ့ အက်ရှင် ဇာတ်လမ်းကောင်း တပုဒ်ပါ။  
ကိုညီထွဋ် မှဘာသာပြန်ပေးထားတာဖြစ်ပြီး သူကိုယ်တိုင် upload တင်ပေးထားခြင်းဖြစ်ပါတယ်။
Credit To : Flim2mm.com
IMDB 6.2 ရရှိထားတဲ့ဇာတ်ကားဟာ 1h:36mins ကြာမြင့်ပါတယ်။ 897 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။



Interstellar & Science of Interstellar (2014) မြန်မာစာတန်းထိုး


Imdb - 8.6/10

( မင်္ဂလာပါ၊ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အားပေးမှု တခဲနက်ရရှိခဲ့တဲ့ Interstellar ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အနှစ်သာရပြည့်ဝတဲ့ ရုပ်ရှင်ကားကို ပိုမိုလေးနက်စေလိုတဲ့အတွက် Interstellar ရဲ့ Documentary Movie ကိုပါ ပူးတွဲတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ၊ Movie အပေါ် ကောင်းစွာ ဝေဖန်သုံးသပ်ပြထားတဲ့ Datshin facebook page နဲ့ MySQUAR website ကို အထူးတလည် ကျေးဇူးတင်ရှိပါကြောင်း Credit ပေးပါတယ်ခင်ဗျာ။ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ) https://www.facebook.com/DatshinReviews/
http://mysquar.com/

#MySQUAR_Moviereview
Movie Review မတင်ဖြစ်တာကြာပြီ ဆိုပေမဲ့ ဒီတခါတော့ တကယ်ကောင်းတဲ့ ကားတစ်ကားနဲ့ ပြန်ရေးလိုက်ပါပြီ။ ဒီကားကတော့ နိုင်ငံတကာမှာ အောင်မြင်မှု ရခဲ့ပြီး ဝေဖန်သူတွေ ရဲ့ ချီးကျူးမှုကိုလည်း ရခဲ့ပါတယ်။ နောက်ပြီး Box Office မှာလည်း လက်ရှိအချိန်ထိ နံပါတ် ၅ မှာ ရှိနေတုန်းပါ။

ဇာတ်လမ်းကတော့ သိပ်မဝေးတဲ့ အနာဂတ်တချိန်မှာ လူတွေနေတဲ့ ကမ္ဘာမှာ သဲတွေအလွန်များနေပြီး သဲမုန်တိုင်းတွေကြောင့်လည်း လူတွေဟာ အစာရေစာ ရှားပါးမှု ကြုံလာရပါတယ်။ ဒီလူတွေထဲမှာ ယခင် NASA ရဲ့ ယာဉ်မောင်းအဟောင်း Cooper နဲ့သူ့မိသားစုလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့သမီး Murph ရဲ့ အခန်းထဲမှာ ထူးဆန်းတဲ့ သင်္ကေတ တချို့ကို တွေ့ခဲ့ပြီး နောက်ဆုံး အဲ့ဒီ သင်္ကေတတွေဟာ Cooper နဲ့ Murph ကို NASA ရဲ့ အထူးလျှို့ဝှက် စီမံကိန်း Lazarus ရဲ့ တည်နေရာ ကို ရောက်သွားပါတယ်။ ဒါနဲ့ပဲ တိုတိုပြောရရင် Cooper တစ်ယောက် မိသားစုကို မထားချင်ဘဲ ထားခဲ့ပြီး လူသားတွေ အခြေချနိုင်ဖို့ နောက် ကမ္ဘာတစ်ခုကို ရှာဖို့ အာကာသထဲ ခရီးထွက်ခဲ့ပါတယ်။ သူတို့ရဲ့ Endurance ယာဉ်ပေါ်မှာ Cooper နဲ့ Amelia အပါအဝင် လူ ၅ ယောက်၊ စက်ရုပ် ၂ ရုပ်တို့ ပါသွားပါတယ်။
သူတို့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ အရင်က ကမ္ဘာသစ်ရှာဖို့ ထွက်ခဲ့တဲ့ အာကာသယာဉ်မှူးတွေ အခြေချပြီး အခုထိ အချက်ပြနေတဲ့ ဂြိုလ် ၃ ခုကို သွားပြီး ဘယ် ဂြိုလ်မှာ လူတွေ အခြေချနိုင်မလဲ ဆိုတာ ရှာဖွေဖို့ပါပဲ။ ဒါပေမဲ့ သူတို့ ခရီးစဉ် ဟာ မမျှော်လင့်ဘဲ အခက်အခဲတွေ တွေ့ခဲ့ရပြီး သူတို့ အခြေချခဲ့တဲ့ ပထမဆုံး ဂြိုလ် Miller မှာ အာကာသအချိန်ကြောင့် အဲ့ဒီ ဂြိုလ်မှာ ၁ နာရီ ဟာ အပြင်မှာ ၇ နှစ်ကြာမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်တော့ တခြား ဂြိုလ်တွေကို သွားဖို့ အချိန်ရော၊ ဆီရော မလုံလောက်တော့ပါဘူး။ ပြီးတော့ အိမ်လည်း ပြန်ချင်နေပြီ ဖြစ်တဲ့ Cooper နဲ့ Amelia တို့ ဟာ လူသားတွေ အတွက် သူတို့ အသက်ကို မနှမြောရတော့တဲ့ အခြေအနေတွေ ရောက်လာခဲ့ပါတယ်…။

ဒီဇာတ်ကားဟာ Science Fiction အမျိုးအစားဖြစ်ပြီး သေချာတာကတော့ ဒီကားကို ကြည့်နေတဲ့ အချိန်မှာ တခြားဟာတွေ အကုန်လုံး မေ့သွားမှာပါ။ ဇာတ်ကားထဲမှာ ပါတဲ့ သိပ္ပံ နဲ့ သင်္ချာ အချက်အလက်တွေဟာလည်း တိကျမှန်ကန်လွန်းလို့ ဝေဖန်သူတွေကလည်း ချီးကျူးခဲ့တဲ့ ဇာတ်ကားဖြစ်သလို အတွေ့အကြုံရင့်ပြီးသား ဒါရိုက်တာ Christopher Nolan ဟာလည်း ဒီကားမှာ သူ့ရဲ့ အကောင်းဆုံး လက်ရာကို ချပြနိုင်ခဲ့တယ် လို့ ထင်ပါတယ်။ ကြည့်နေတဲ့ အချိန်မှာတော့ ဒီကားရဲ့ အဓိကအချက်တွေကို နားလည်ဖို့ ခက်ခဲနိုင်တာကြောင့် Dictionary လေးတစ်ခု ရှိရင် ပိုအဆင်ပြေမှာပါ။ ဘာလို့လည်း ဆိုတော့ သူ့ရဲ့ ဇာတ်လမ်းတစ်ခုလုံးဟာ Einstein ရဲ့ Relativity theory ကို အခြေခံပြီး Black Hole, Worm Hole, Space time စတဲ့ ပညာရပ်ဆိုင်ရာ စကားလုံး နဲ့ ရှင်းပြချက်တွေ အများကြီးပါဝင်လို့ပါ။ ဒါပေမဲ့ ကြည့်ရတာ ပျင်းဖို့ ကောင်းမှာ မဟုတ်ဘဲ တကယ်ကြည့်ရတာ တန်မယ့် Interstellar ကို ကြည့်ဖို့ ညွှန်းလိုက်ပါရစေ။ ရုပ်ရှင်ရုံတွေမှာလည်း ရုံတင်နေတယ် လို့ သတင်းကြားထားပါတယ်။

Credit To : www.goldchannelmovies.com
Reviewed by: MySQUAR & Datshin Facebook Page
Encoded by: Zaw Htet Naing
Quality: BRrip 720p 900MB
          : Documentary 250MB




Daybreakers (2009) - မြန်မာစာတန်းထိုး


မင်းသား Ethan Hwake,ဝါရင့်မင်းသားကြီးWillam defoe,မင်းသမီး Claudia Karvanတို့ ပါဝင်တဲ့
science fiction horrorဇတ်ကားတစ်ကားဖြစ်ပါသည်
ကမ္ဘာပေါ်မှာရှိတဲ့လူတွေအကုန်နီးပါး vampireတွေဖြစ်သွားပြီး
ဆယ်နှစ်အကြာကာလမှာဇတ်အိမ်တည်ထားပါတယ်
Edward Daltonအဖြစ်သရုပ်ဆောင်ထားတဲ့Ethan Hawkeဟာ
vampireတယောက်ဖြစ်သလို ဓာတုဗေဒဓာတ်ခွဲဆရာဝန်တယောက်လဲဖြစ်ပါသည်
တနေ့မှာvampireတွေအတွက်အစာရေစာဖြစ်တဲ့လူ့  သွေးတွေကုန်သလောက်ဖြစ်
သွားတဲ့အခါမှာEdwardကိုအဲဒီကိစ္စကိုဖြေရှင်းဖို့တာဝန်ပေးခြင်းခံရပါတယ် အဖြေရှာရင်းနဲ့
တရက်အိမ်အပြနိမှာAudreyဆိုတဲ့လူသားကောင်မလေးတို့ အဖွဲ့ ကိုကယ်တင်ရင်းAudreyကနေတဆင့်
အရင်ကvampireတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့Elvisအကြောငိးကိုသိလိုက်ရတဲ့အခါမှာ
Edwardတစ်ယောက်ကမ္ဘာကြီးကိုပြန်လည်ပြောင်းလဲနိုင်မလားဆိုတာပရိတ်သတ်ကြီးရူစားရမှာဖြစ်ပါသည်
ဒီဇတ်ကားကိုMicheal Spierigနဲ့Peter Spierigတို့မှရိုက်ကူးထားပြီး
Budget $20millions မှာBox officeဝင်ငွေ $51.4millions
ပြန်လည်ရရှိထားတဲ့ဇတ်ကားကောင်းတစ်ကောင်းဖြစ်ပါသည်
ဒီဇတ်ကားကို Kaung Myat Thu မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
(သစ်ဆန်းခန့်)







 

Death Race (2+3) - မြန်မာစာတန်းထိုး



ကဲဒီတစ်ခါ SiFi တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇကားလေးကတော့ သေမင်းတမန် ကားပြိုင်ပွဲကြောင်းကိုရိုက်ကူးထားတာဖြစ်ကာတယ်
Rottan tomatose မှာတော့ 78% ထိရရှိအောင်မြင်ခဲ့တာပါ
ဇာတ်လမ်း အကျဉ်းလေးကတော့ ဘဏ်ဓားပြတိုက်ကြာင့် အဖမ်းခဲ့ရတဲ့ လူးကပ်စ်ဟာ Terminal Island မှာ ရှိတဲ့ ထောင်ကိုရွေ့ပြောင်းခံခဲ့ရပြီး
ထိုထောင်ကို wayland coporation က ပိုင်ဆိုင်ထိန်းချုပ်ထားတာ ဖြစ်ပြီး ကုမ္ပဏီက သေမင်းတမန် ကားပြိုင်ပွဲတစ်ခုကို Pay per view နဲ့ စီးပွားရေးဆန်ဆန် ရိုက်ကူးပြီး လူးကပ် တို့ အကျဉ်းသားတသိုက်ကို အနိုင်ရရှိသူအား လွတ်မြောက်ခွင့်ပေးမည် ဟုတော့ မက်လုံးကိုပါ ပေးလိုက်တဲ့ အခါမှာတော့
Credit To : www.channelmyanmar.org






Iru Mugan (2016) မြန်မာစာတန်းထိုး

Imdb - 6.9/10
မင်္ဂလာပါခင်ဗျာ၊ အရှေ့တိုင်းရဲ့ အထင်ကရ Bollywood 2016 Movie choice အနေနဲ့ Action ကားကောင်းကောင်းကြိုက်သူများအတွက် နာမည်ကျော် Vikram ရဲ့ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ Action Thriller ကားလေး တင်ပေးလိုက်ပါတယ်။ တစ်ကားထက် တစ်ကား ပိုမိုပြီး ထူးခြားဆန်းသစ်အောင် ရိုက်ကူးလာတဲ့ Bollywood ရဲ့ ထုံးစံအတိုင်း.. ဇါတ်အိမ်ကိုအဆင့်မြင်မြင့် နဲ့..  အာဏာရှင် ဟစ်တလာရဲ့... တပ်တွေဆီမှာ စိတ်ကူးယဉ်မြစ်ဖျားခံထားတာကိုတွေ့ရှိရပါတယ်ခင်ဗျ။  မလေးရှားနိုင်ငံမှာ.. ရိုက်ကွင်းအခြေတည်ရိုက်ကူးထားတဲ့အတွက်...  မြင်နေကျ bollywood ရဲ့ အသွင်အပြင်နဲ့ ကွဲပြားနေတာတော့ အမှန်ပါပဲခင်ဗျာ။

ပြင်ပ အထူး အေးဂျင့် အကီလန် ဟာ (Code name) LOVE လို့ခေါ်တဲ့ ရာဇ၀တ်ကောင်တစ်ယောက် ပြန်ပေါ်လာတဲ့အတွက် ရာထူးချထားရာကနေ ပြန်လည်ခေါ်ယူခဲ့ပါတယ်။   ပြန်လည်ဖော်ထုတ်အသုံးပြုရောင်းချဖို့ကြိုးစားခဲ့တဲ့ အကြမ်းဖက်ဒုစရိုက်ခေါင်းဆောင် LOVE ဟာ လေးနှစ်ကြာ  မလေးရှားနိုင်ငံမှာ ဇါတ်မြှုပ်နေခဲ့ပြီးနောက် အာဏာရှင်ဟစ်တလာရဲ့ စစ်သားတွေအပေါ်မှာ စမ်းသပ်သုံးစွဲခဲ့တဲ့.. စိတ်ကြွဆေး တစ်မျိုးကိုဖြန့်ဖြူးဖို့ ကြိုးစားလာတာကို စုံစမ်းသိရှိရတဲ့အခါ  ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့  အေးဂျင့် အကီလန်နဲ့.. LOVE ဆိုတဲ့.. သွေးအေး မူးယစ်ရာဇာတို့ရဲ့ အကြားက ရင်သပ်ရှုမောဖွယ် Action ခန်းတွေကို ရင်တသိမ့်သိမ့်နဲ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ အထက်က ဆိုခဲ့သလို Vikram ဟာ ဒုစရိုက်ခေါင်းဆောင် အချစ် အနေနဲ့ရော ပြင်ပ အထူးအေးဂျင့်တစ်ယောက်အနေနဲ့ရော ပီပြင်စွာ သရုပ်ဆောင်ထားတဲ့အတွက် အထူးပြုလုပ်ချက်တွေကို ပိရိသေသပ်စွာ ဖန်တီးထားပါတယ်။ ထို့အတွက် ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း. ဇါတ်လမ်းတွေစောင့်မျှော်နေကြတဲ့ Bollywood ချစ်ပရိသတ်များအနေနဲ့...  2016 လက်ရာသစ် Sci-fi Actin ဇါတ်ကြမ်းကြီးကို..လွယ်လင့်တကူ.  စီးမျော ခံစားနိုင်ကြစေဖို့ ..စီစဉ်တင်ဆက်လိုက်ကြောင်းပါ ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Sugar
Translated by: Win Kyaw Thu
Encoded by: Hein Min Htet
Quality & Size:900mb/400mb
Credit To : www.goldchannelmovies.com






The Prestige (2006) - မြန်မာစာတန်းထိုး



IMDb (8.5/10) …Rotten Tomatoes (76%)
ဒီဇာတ်ကားမှာ မင်းသားနှစ်လက်က Christian Bale (Batman) နဲ့ Hugh Jackman (Wolverine) တို့ဖြစ်ပါတယ်။ မင်းသမီးက Scarlett Johansson (Black Widow) ပါ….ဒါရိုက်တာကတော့ Interstellar,The Dark Knight,Inception,Memento စတဲ့ ဂန္တဝင်ဇာတ်ကားတွေကိုဖန်တီးခဲ့တဲ့ Christopher Nolan ပါ။ ဒါကြောင့် ဇာတ်ကားက စပါယ်ရှယ်ကြီးဆိုတာ သိနေလောက်ပါပြီ။
ဇာတ်လမ်းကိုညွှန်းရရင်ဖြင့်……
“The Prestige” (2006)
~~~ ~~~ ~~~ ~~~ ~~~
၁၉ ရာစုကနေ ၂၀ ရာစုကို အကူးအပြောင်းကာလရဲ့ ညနေခင်းတစ်ခု … ။ London မြို့ ကဇာတ်ရုံတစ်ရုံထဲက စင်မြင့်ပေါ်မှာဖျော်ဖြေနေတဲ့ မျက်လှည့်ဆရာကြီးကို စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ပရိသတ်တွေထဲ Robert Angier နဲ့ Alfred Borden ဆိုတဲ့ လူငယ်နှစ်ယောက်လည်း ပါနေတယ်။ နှစ်ဦးလုံးရဲ့ မျက်လုံးတွေက ပဉ္စလက်ဆရာကို မမှိတ်မသုန်ကြည့်နေပေမယ့်၊ သူတို့နှူတ်ခမ်းပေါ်က အပြုံးတွေကတော့ အဓိပ္ပါယ်ချင်း မတူညီကြဘူး။ Angier က မျက်လှည့်ပြကွက်ရဲ့ ဆန်းကြယ်ပုံကို တအံ့တသြနဲ့ သဘောကျပြီး ပြုံးနေတာ။ Borden ရဲ့ မျက်နှာပေါ်မှာ ရှိနေတာကတော့ ဒီမျက်လှည့်ဆရာရဲ့ လျို့ဝှက်ချက်ကို သူ့မျက်စိထဲမှာ ရှင်းရှင်းလင်းလင်း မြင်နေရလို့ ကိုယ့်ကိုယ်ကို ကျေနပ်တဲ့အပြုံးမျိုး။
တကယ်တော့ Angier နဲ့ Borden တို့ကိုယ်တိုင်က တက်လမ်းရှာနေကြတဲ့ မျက်လှည့်ဆရာပေါက်စတွေ။ တစ်ခုကွာတာက Angier အတွက် အသက်မွေးဝမ်းကျောင်းဖြစ်လာမယ့်ဝါသနာတစ်ခုသက်သက်ဖြစ်တဲ့ ပဉ္စလက်အတတ်ဟာ Borden အတွက်တော့ သူ့ဖြစ်တည်မှူတစ်ခုလုံးရဲ့ အသွေးအသား ဖြစ်နေတာပဲ။ မျက်လှည့်ဆရာတစ်ယောက်ဟာ ပြောင်မြောက်တဲ့ပြကွက်တစ်ခုအတွက် ဘ၀တစ်ခုလုံးကို ရင်းနှီးနိုင်ရမယ်၊ လိုအပ်လာရင် တစ်ဖက်သားကိုနာကျင်စေမယ့်ကိစ္စတွေကိုလည်း လုပ်နိုင်စွမ်းရမယ်လို့ နားလည်ခံယူထားတဲ့ Borden က ဒီအတတ်ပညာပေါ်မှာ သူ့လောက်လေးစားမှူမရှိဘူးလို့ သူယူဆထားတဲ့ Angier ကို အားမရဘူး။
ဒါပေမယ့်၊ အထူးချွန်ဆုံးမျက်လှည့်ဝိဇ္ဇာဖြစ်တဲ့ကံကြမ္မာက ရက်စက်တဲ့လှည့်ကွက်တစ်ခုကို တင်ဆက်လိုက်တဲ့ ညတစ်ညမှာတော့၊ Borden ရဲ့အမှားကြောင့် ဖြစ်သွားတဲ့မတော်တဆမှူကနေ Angier ရဲ့ ဇနီး Julia အသက်ဆုံးသွားခဲ့တယ်။ အဲဒီနောက်မှာ ပဉ္စလက်ဆိုတာ Angier ရှင်သန်နေရခြင်းရဲ့ အဓိပ္ပါယ်ဖြစ်လာခဲ့သလို၊ Borden ထက်သာတဲ့ ပြကွက်ကို တင်ဆက်နိုင်ဖိုဟာ Angier ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်လာခဲ့တယ်။ အဲဒီလိုနဲ့ မျက်လှည့်ပညာအတွက် ဘ၀တစ်ခုလုံးကို မြှပ်နှံလိုက်ကြတဲ့ Borden နဲ့ Angier နှစ်ယောက်ကြားမှာ၊ အနိုင်အရှူံးမရေရာပေမယ့်၊ နှစ်ယောက်လုံးရဲ့ဘ၀တွေကို ကမောက်ကမဖြစ်စေမယ့် အားပြိုင်မှူတစ်ခု စတင်ခဲ့တော့တယ်။

IMDB Rating: 8.5/10
Rotten Tomatoes: 76%
~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~
~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~
ပဉ္စလက်ဆရာနှစ်ယောက်ရဲ့ အဆုံးသတ်မလှတဲ့အားပြိုင်မှူတစ်ခုအကြောင်းကို တင်ဆက်ထားတဲ့ ဒါရိုက်တာ Christopher Nolan ရဲ့ The Prestige ဟာ ပရိသတ်ကို လှည့်စားတယ်။ အံ့သြမှင်သက်စေတယ်။ မမျှော်လင့်ထားတဲ့အဆုံးသတ်နဲ့ ကန့်လန့်ကာချတဲ့အချိန်မှာ ပရိသတ်ရင်ထဲမှာ စိတ်ကျေနပ်စရာခံစားချက်၊ မဆုံးနိုင်တဲ့အတွေးစတွေကိုထားရစ်ခဲ့တဲ့ ပဉ္စလက်ပြကွက်တစ်ခုပါပဲ။ ဒီကားထဲမှာ မင်းသား Christian Bale ရဲ့ ဇာတ်ကောင် Alfred Borden ပြောခဲ့တဲ့ “The secret impresses no one; the trick you use it for is everything.” ဆိုတဲ့စကားအတိုင်း Nolan ဟာ သူ့ရဲ့ trick ဖြစ်တဲ့ဒီဇာတ်ကားမှာ နောက်ဆုံးဇာတ်သိမ်းမှာ မြင်ရမယ့် twist ထက် အဲဒီ twist ကိုပံ့ပိုးတဲ့ဇာတ်လမ်းသွားကိုပဲ အကောင်းဆုံးတည်ဆောက်သွားခဲ့တယ်။ ခံစားကြည့်ရှုကြပါဦး။
ASW (M-MDB)
(ရုပ်ရှင်အညွှန်းကို M-MDB’s FB Page မှကူးယူဖော်ပြပါသည်။ဘာသာပြန်သူကတော့ CM Team မှ Sam ဖြစ်ပါတယ်။)

File size…(1GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:10:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Credit To : www.channelmyanmar.org


Watch And Download On Blog (1GB)

 

Watch And Download On Blog (530MB)

Insurgent (2015) မြန်မာစာတန်းထိုး


နာမည်ကြီး Divergent Series ထဲက ဒုတိယမြောက်ကား ဖြစ်ပါတယ်။ နောက်ဆုံးကျန်ရှိသော လူသားများအနေနှင့် ပြီးပြည့်စုံတဲ့ စနစ်ဟုယူဆရတဲ့ စိတ်အနေအထားအလိုက် အဖွဲ့တာဝန် ၅ စုခွဲကာနေထိုင်နေပေမယ့် ထိုစနစ်မှာရှိနေတဲ့ ဟာကွက်တွေနဲ့ နောက်ကွယ်မှ မမျှတမှုတွေကို Tris Prior(Shailene) တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း မသိသေးသောမေးခွန်းများစွာနှင့် ပဟေဋ္ဌိဆန်နေတဲ့ သူတို့၏နေထိုင်မျှကို လေ့လာနိုင်ရန် စနစ်ထဲကလူများ ထွက်ခွာရလေ့မရှိတဲ့ ကြီးမားတဲ့ နံရံကြီးကို ကျော်လွန်ပြီး မြို့ ပြင်ကိုထွက်ခွာခဲ့ပါပြီ။ အဲ့ဒီနောက်မှာ စနစ်ကြီးကို ဆန့်ကျင်သူသောများနှင့် ထပ်မံဆုံဆည်းခဲ့ပြီး နှစ်ဘက်ကြားစစ်ပွဲမှာ ကြီးထွားလာနေပြီဖြစ်ပါတယ်။ ဒါ့အပြင် မြို့ မှ အုပ်ချုပ်ရေးခေါင်းဆောင် Jeanine မှ စက်သေတ္တာတစ်ခုကိုဖွင့်ရန် Divergent များနှင့် စမ်းသပ်မှု ပြုလုပ်ပြီး ထိုစက်ကိုဖွင့်ရန်မှာ Divergent တစ်ယောက်ဖြစ်တဲ့ Tris က သော့ချက်တစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် Tris အားဖမ်းမိရန် Divergent များကို အပြင်းအထန် တိုက်ခိုက်လာပါတယ်။ မှောင်ချထားတဲ့ လောကကြီးကနေ ပဟေဋ္ဌိ မေးခွန်းများစွာရဲ့ အဖြေကို Tris ရှာဖွေရင်း ဘာတွေကိုရင်ဆိုင်ကျော်ဖြတ်ရင်း ဘာတွေပေးဆပ်ရမယ်ဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ခံစားကြည့်ရှုကြရအောင်လား…
*** Update From www.channelmyanmar.com

Download And Watch With Pcloud

(ဇာတ်ကားအညွန်းကို All Myanmar Youthsဆိုက်မှ ကူးယူဖော်ပြသည်။မကြည့်ရသေးတဲ့လူတွေပါ တွေ့သွားအောင် Share လုပ်ပြီး ကူညီပေးသွားကြပါ)

Matrix 1,2,3 (မြန်မာစာတန်းထိုး)


ဒါရိုက်တာတွေဖြစ်တဲ့ Wachowski တို့ဟာ Matrix ရုပ်ရှင်ရဲ့ Idea နဲ့အတူ Warner Bros. ကို ချဉ်းကပ်ခဲ့စဉ်က ရုပ်ရှင်အတွက် Budget $80 million ကိုတောင်းခဲ့ပါတယ်။ သို့ပေမဲ့ Warner က $10 million ပဲပေးခဲ့ပါတယ်။ ဒါနဲ့ပဲ Wachowski တို့ဟာ ပေးတဲ့ $10 million ကိုယူပြီး အဲငွေတွေနဲ့ပဲ The Matrix ရဲ့ ပထမဆုံး ဇာတ်ဝင်ခန်းဖြစ်တဲ့ Carrie-Anne Moss ရဲ့ ဆယ်မိနစ်ကြာ Action ခန်းကိုရိုက်ကူးခဲ့ပြီး Warner ကိုသွားပြပါတယ်။ အဲတော့မှ Warner က တာဝန်ရှိသူတွေက သဘောကျသွားပြီး တောင်းထားတဲ့ Budget ကိုထုတ်ပေးခဲ့ပါတယ်။ အဲဒီ ပထမဆုံး ဇာတ်ဝင်ခန်းဟာလည်း ရိုက်ကူးဖို့ (၆) လလောက် လေ့ကျင့်ခဲ့ရပြီး ၄ ရက်ကြာ ရိုက်ခဲ့ပေမဲ့ ရုပ်ရှင်ထဲမှာတော့ ဆယ်မိနစ်သာကြာပါတယ်။
သိုင်းပညာရှင် Woo-Ping Yuen ဟာ The Matrix မှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ပြီး သူ့ကို Wachowskis တို့က ထပ်မခေါ်အောင်ဆိုပြီး ငွေပိုတောင်းပါတယ်။ ဒါကိုလည်း သူ့ကိုရုပ်ရှင်မှာပါဖို့ ခေါ်နေတုန်းပါ။ ဒါကြောင့် Yuen ဟာ ဘယ်လိုမှမဖြစ်နိုင်တဲ့ တောင်းဆိုမှုလို့ ထင်ရတဲ့ “ဇာတ်လမ်းပါ သရုပ်ဆောင်တွေကို ၄ လကြာ သိုင်းသင်ပေးပြီး တိုက်ပုံခိုက်ပုံတွေအကုန်လုံးကို ထိန်းချုပ်ခွင့်ပေးမှ လုပ်ပေးမယ်” လို့ပြောခဲ့ပါတယ်။ Wachowskis တို့က လက်ခံခဲ့ပါတယ်။
The Matrix ဇာတ်ဝင်ခန်းတွေထဲက Matrix ထဲမှာဖြစ်ပျက်နေသမျှအားလုံးကို အစိမ်းရောင်ဖျော့ဖျော့ထည့်ထားပါတယ်။ ဆိုတော့ ကြည့်နေရသူဟာ ကွန်ပျူတာ ဖန်သားပြင်ကတစ်ဆင့် ကြည့်နေရသလိုဖြစ်အောင်ပါ။ အပြင်လောကမှာဖြစ်နေတဲ့ဟာတွေဆိုရင် အပြာရောင်ဖျော့ဖျော့ သုံးတယ်ဆိုရုံ သုံးထားပါတယ်။ Morpheus နဲ့ Neo တို့နှစ်ယောက် တိုက်တဲ့အခန်းကတော့ Matrix မှာရော အပြင်လောကမှာရော မဟုတ်တဲ့အတွက် အဝါရောင်ဖျော့ဖျော့သုံးထားပါတယ်။
အဝတ်အစား ဒီဇိုင်နာ Kym Barrett အဆိုအရ ဇာတ်ကောင် Trinity ရဲ့ ဝတ်စုံဟာ ဈေးကြီးဝတ်စုံမဟုတ်ပါဘူး။ Budget အတွက် ဈေးပေါတဲ့ PVC သားနဲ့လုပ်ထားတာပါ။ အဲလိုပဲ Neo ရဲ့ coat ကလည်း တစ်ကိုက်ကို ၃ ဒေါ်လာပဲပေးရတဲ့ အစနဲ့လုပ်ထားတာပါ။
ဇာတ်လမ်းရဲ့ ပထမဆုံး ၄၅ မိနစ်အတွင်း Neo ဟာ Dialogue အကြောင်း ၈၀ ခန့်ပြောပါတယ်။ အဲထဲက တစ်ဝက်ကျော် ဖြစ်တဲ့ ၄၄ ကြောင်းက မေးခွန်းတွေမို့လို့ စကားတစ်ခွန်းကို မေးခွန်းတစ်ပုဒ်နှုန်းဖြစ်နေပါတယ်။
ရုပ်ရှင်စစချင်းက Phone trace program မှာပါတဲ့ နေ့စွဲက 19.2.98 ဖြစ်ပြီး ဇာတ်သိမ်းမှာပါတဲ့ နေ့စွဲက 18.9.88 မို့လို့ ရုပ်ရှင်ထဲက အဖြစ်အပျက်တစ်ခုလုံးဟာ (၉) လ ကြတဲ့သဘောပါ။
ဇာတ်လမ်းထဲက MetaCortex ရုံးခန်းပြင်ပမှာ ဖုန်းပြောတဲ့ ဇာတ်ဝင်ခန်းအတွက် မင်းသား Keanu Reeves ဟာ စတန့်မသုံးဘဲနဲ့ ၃၄ ထပ်မှာရှိတဲ့ ပြူတင်းပေါက်မှာ တက်ရိုက်ခဲ့တာပါ။
Neo နေရာမှာသရုပ်ဆောင်ဖို့ Will Smith ကို ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့ပေမဲ့ Will Smith ဟာ Wild Wild West မှာသရုပ်ဆောင်ဖို့ရှိလို့ ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Will Smith က “ကျွန်တော်က အဲဒီတုန်းက မရင့်ကျက်သေးတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ကျွန်တော်သာ ရိုက်ဖြစ်ခဲ့ရင် တလွဲတွေဖြစ်ကုန်မှာ။ အဲအတွက် ကျွန်တော် မပါခဲ့ရတာ နောင်တမရပါဘူး။ Keanu က အင်မတန်ကောင်းတဲ့ Neo ပါ” လို့ပြောခဲ့ပါတယ်။ Nicolas Cage ကိုကမ်းလှမ်းခဲ့သေးပေမဲ့ မိသားစုကိစ္စတွေကြောင့် ငြင်းဆိုခဲ့ပါတယ်။ Tom Cruise ကိုလည်း ခေါ်ဖို့လုပ်ခဲ့ပါသေးတယ်။
ရဟတ်ယာဉ်နဲ့ ဇာတ်ဝင်ခန်းကြောင့် ရုပ်ရှင်ရိုက်ကူးရေးတစ်ခုလုံး ဖျက်သိမ်းရမလိုတောင်ဖြစ်ခဲ့ပါသေးတယ်။ ဘာလို့ဆို ရိုက်ကူးရေးက ရဟတ်ယာဉ်က Sydney က လေကြောင်းကန့်သတ် နယ်မြေအတွင်းမှာ ပျံခဲ့လို့ပါ။ ဒီလိုနဲ့ပဲ The Matrix ရုပ်ရှင်ဆက်ရိုက်နိုင်ဖို့ Australia ရဲ့ New South Wales ပြည်နယ် က စည်းမျဉ်းဥပဒေအချို့ကို ပြင်ဆင်ခဲ့ရပါတယ်။
The Matrix ရုပ်ရှင်ထဲရဲ့ နာမည်ကျော် အမှတ်တံဆိပ်လို့ပြောလို့ရတဲ့ နေကာမျက်မှန်တွေရဲ့ အမှတ်တံဆိပ်ဟာ လက်လုပ်မျက်မှန်တွေရောင်းချတဲ့ Blinde ဖြစ်ပါတယ်။ အဲဒီနေကာမျက်မှန်ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Richard Walker ဟာ ဒီရုပ်ရှင်မှာပါနိုင်ဖို့အတွက် တင်ဒါတင်တာမှာ တခြားကုမ္ပဏီကြီးတွေဖြစ်တဲ့ Ray-Ban နဲ့ Arnette တို့ကို ယှဉ်မရဖြစ်နေခဲ့ပါတယ်။ အဲဒါနဲ့ပဲ Walker ဟာ မျက်မှန် နှစ်လက်လောက်ကို Matrix ဇာတ်ကောင်တွေရဲ့ တမူထူးခြားနဲ့ နာမည်နဲ့လိုက်အောင် ကိုယ်တိုင်ဖန်တီးပြခဲ့ပါတယ်။ တင်ဒါအောင်သွားတယ်။ ဒါနဲ့ပဲ Walker ဟာ Matrix ရိုက်ကူးနေသမျှကာလပတ်လုံး Sydney မှာသွားရောက်နေထိုင်ပြီး ဇာတ်ကောင်တွေအတွက် မျက်မှန်တွေကို သီးသန့်ပြုလုပ်ပေးနေခဲ့ပါတယ်။
The Matrix ရုပ်ရှင်ကို 2012 မှာတော့ U.S ကွန်ဂရက်စာကြည့်တိုက်က National Film Registry မှာသိမ်းဆည်းထားဖို့ ရွေးချယ်ခဲ့ပါတယ်။
ရုပ်ရှင်တစ်ကားလုံးထဲက တိရစ္ဆာန်တွေအားလုံးဟာ CGI တွေလို့ဆိုပါတယ်။
Morpheus ရဲ့ယာဉ်ပျံဖြစ်တဲ့ Nebuchadnezzar ဆိုတဲ့နာမည်ဟာ Daniel သမ္မာကျမ်းစာထဲက Babylon ဘုရင် Nebuchadrezzar II ကိုစွဲမှည့်ထားတာပါ။ ဘုရင်ကြီး Nebuchadrezzar the Great ဟာ ကျမ်းစာခေတ်ထဲမှာတော့ Israel ကိုသိမ်းပိုက်နိုင်ခဲ့မှုကြောင့် နာမည်ကျော်ကြားပြီး သူ့မိန်းမအတွက် ရှေးခေတ် World Wonder တစ်ခုဖြစ်တဲ့ Hanging Gardens of Babylon ကိုလည်း တည်ဆောက်ပေးခဲ့သူဖြစ်ပါတယ်။
ရုပ်ရှင်အတွက် လက်နက်ထောက်ပံ့ပေးထားတဲ့ John Bowring အဆိုအရ Keanu Reeves လက်နက်တိုက်ထဲရောက်သွားတဲ့ ဇာတ်ဝင်ခန်းထဲက သေနတ်တွေဟာ ပလတ်စတစ်နဲ့လုပ်ထားတဲ့သေနတ်တွေပါ။ MP5K တွေဟာ 150-200 gram ကြားပဲလေးပါတယ်။ ဆိုတော့ Keanu တစ်ယောက် ပေါ့ပေါ့ပါးပါးနဲ့ သယ်ယူလှုပ်ရှားနိုင်မှာပါ။ ကြမ်းပေါ်ကိုလွှတ်ချရမဲ့အခန်းတွေအတွက်တော့ လေးလံအောင်လုပ်ထားတဲ့ သေနတ်တွေလည်းရှိပါတယ်။
Morpheus နေရာမှာသရုပ်ဆောင်ဖို့ အတွက် Gary Oldman နဲ့ Samuel L. Jackson တို့ကို စဉ်းစားခဲ့ပါသေးတယ်။
Lana နဲ့ Andy တို့ဟာ Neo နေရာမှာ Johnny Depp ကိုသုံးဖို့ စဉ်းစားထားတာလို့ဆိုပါတယ်။ ဒါပေမဲ့ Warner က Brad Pitt သို့မဟုတ် Val Kilmer ကိုလိုချင်တယ်။ နှစ်ယောက်လုံးက No ဆိုတော့မှ Johnny Depp စဉ်းစားပေးပါတယ်။ ဒါနဲ့ Johnny Depp နဲ့ Warner က လိုချင်တဲ့ Keanu Reeves တို့နှစ်ယောက်ကို ရွေးကြတဲ့အခါမှာတော့ Keanu က ရုပ်ရှင်ရဲ့ concept ကို လုံးဝအံကိုက် သရုပ်ဆောင်နိုင်လို့ အရွေးခံခဲ့ရပါတယ်။
ရုပ်ရှင်ထဲမှာသုံးကြတဲ့ cell phone တွေဟာ Nokia Stilleto’s သို့မဟုတ် 8110 တို့ဖြစ်ပါတယ်။ အဲဖုန်းတွေဟာ Europe နဲ့ Australia တို့မှာ ပဲရောင်းချပြီး အကန့်အသတ်နဲ့ထုတ်လုပ်ခဲ့ပါတယ်။
ရုပ်ရှင်ရဲ့ 20% လောက်က Visual Effect တွေဖြစ်ပါတယ်။
ရုပ်ရှင်သုံးကားလုံးမှာ Agent Smith တို့အဖွဲ့ ကိုင်တွယ်အသုံးပြုခဲ့တဲ့ သေနတ်ကတော့ Israel နိုင်ငံထုတ် Desert Eagle .50 ဖြစ်ပါတယ်။ (Counter Strike Gamer တွေအကြိုက်ပေါ့)
ရုပ်ရှင်ရိုက်ကူးရေးမှာ နောက်ဆုံးရိုက်တဲ့အခန်းကတော့ Neo တစ်ယောက် ပလပ်စကျွတ်ပြီး pod ထဲက နိုးထလာတဲ့အခန်းပါ။ အဲအခန်းရိုက်ဖို့အတွက်လည်း Keanu Reeves ဟာ ၁၅ ပေါင် ဝတ်ချခဲ့ရပြီး တစ်ကိုယ်လုံးက အမွှေးအမျှင်တွေ ရိတ်ခဲ့ရပါတယ်။
Sandra Bullock ဟာ Trinity နေရာကသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပေမဲ့ အဲအချိန်တုန်းက Neo အဖြစ်ရွေးမယ်ပြောထားတဲ့ မင်းသားနဲ့ တွဲပြီး သရုပ်မဆောင်တာ အဆင်မပြေလောက်ဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ အဲနောက်မှ Keanu Reeves ကို Neo အဖြစ်ရွေးဖြစ်ခဲ့လေတော့ Bullock တစ်ယောက် နောင်တရခဲ့တယ်လို့ဆိုပါတယ်။
မြေအောက် ရထားဘူတာမှာ ချကြတဲ့အခန်းရိုက်တာမှာ အစကတော့ တကယ့် ဘူတာမှာသွားရိုက်မလို့ပါ။ သို့ပေမဲ့ ရိုက်ရမဲ့ ဇာတ်ကွက်တွေ၊ သိုင်းကွက်တွေ၊ သရုပ်ဆောင်တွေကို ကြိုးတွေဆင်ရမှာတွေကများလို့ set မှာပဲရိုက်ဖြစ်ခဲ့ပါတယ်။ Set ဟာလည်း ရထားသိုလှောင်ရုံဟောင်းကြီးမှာ သွားဆောက်ထားတာဖြစ်ပြီး အဲမှာ တကယ့်ရထားသံလမ်းတွေရှိပါသေးတယ်။
Trilogy တစ်ခုလုံးမှာ Neo သေနတ်ကိုင်တဲ့ တစ်ကားတည်းသော ရုပ်ရှင်ဖြစ်ပါတယ်။
ကဲပရိတ်သတ်ကြီးအတွက်  ၃ကားလုံးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကား အညွှန်းကိုတော့ DatShin.com မှ ကူးယူဖော်ပြပါတယ် ။

Download & Watch Matrix – 1

Download & Watch Matrix – 2

Download & Watch Matrix – 3

Dead Rising:Watch Tower(2015) မြန်မာစာတန်းထိုး


ဇွန်ဘီပုရိသတ်တွေအတွက် ရင်တဖိုဖိုနဲ့ကြည့်ရမဲ့ အက်ရှင်ကားကောင်းလေးပါ Horror,Thriller ကားတွေက Rating နည်းလေ့နည်းထ ရှိပေမဲ့ ဒီကားက 5.2 ရထားပါတယ်
ဒီဇာတ်ကားက နဲနဲလေးနိုင်ငံရေးနဲ့လည်းဆက်နွယ်နေတယ်… သတင်းထောက်သမားနှစ်ဦး ကအမေရိကန်မှာ ပြန်ဦးမော့လာတဲ့ဇွန်ဘီပိုး နဲ့ပက်သက်ပြီး ဇာတ်လမ်း(သတင်း)ယူဖို့ရောက်သွားရာကနေ ဒုက္ခစက်ကွင်းထဲရောက်ရှိသွားပါတယ် တစ်ယောက်ကတော့ဘေးကင်းရာရောက်ရှိသွားပေမဲ့ ကျန်တစ်ယောက်ကတော့….ဇွန်ဘီတောထဲမှာ တလည်လည်နဲ့ ဘယ်လိုရုန်းထွက်မလဲ…. ဘေးကင်းရာကို ရောက်ရှိသွားတဲ့သူကရော တကယ်ဘေးကင်းလား ဆိုတာ..ပရိတ်သတ်ကြီး ကပဲဆက်ကြည့်လိုက်ပါတော့လို့ ပြောပါရစေ….။
File Size : 850 MB
Quality : Blu ray 720P
Running Time : 1hr 58 minute
Format : Mp4
Genre : Action, Horror, Sci-fi
Encoder : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)

*** Update From www.channelmyanmar.org

Independents Day (2016) မြန်မာစာတန်းထိုး

Independence day (1996) မြန်မာစာတန်းထိုး


 1996 ဆိုလို့ ဇာတ်ကားဟောင်းကြီးဆိုပြီး ဟင်ခနဲဖြစ်မသွားခင် ခဏလေးဖတ်ကြည့်ပါဦး။ အခုရုံတင်နေပြီဖြစ်တဲ့ Independence day: Resurgence ရဲ့ prequel ဖြစ်တဲ့ ဒီဇာတ်ကားဟာ ဟောလိဝုဒ်ရုပ်ရှင်သမိုင်းကို အလှည့်အပြောင်းဖြစ်စေခဲ့ပြီး ခုချိန်ထိ ရုပ်ရှင်သမားတွေရော ပရိသတ်တွေပါ စံပြအဖြစ်ထားရှိနေရဆဲ တကယ့်Epic ရုပ်ရှင်တစ်ကားပါ။ 1996 ဇူလိုင် ၂ ရက်နေ့မှာ လရဲ့ဒြပ်ထု ၄ ပုံ ၁ ပုံတောင် အရွယ်အစားကြီးမားလှတဲ့ ဂြိုဟ်သားယာဉ်ကြီးဟာ ကမ္ဘာ့ပတ်လမ်းထဲကို ရောက်ရှိလာတာကစလို့ ကမ္ဘာကြီးတစ်ခုလုံး ဘေးအန္တရာယ်ကျရောက်လာတာကိုရိုက်ကူးထားတာပါ။ အမေရိကန်သမ္မတကြီး Whitmore ဦးဆောင်ပြီး လူသားတွေအားလုံး ကမ္ဘာ့ရန်ကို အားချင်းမတန်ပေမယ့် ဖြိုဖျက်နိုင်ခဲ့ပုံကို အဲဒီခေတ်အခါအနေနဲ့ တော်တော်ကြီးကို ကောင်းကောင်းမွန်မွန်ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ခုခေတ်လို ကွန်ပျူတာဖန်တီးမှုတွေ ပေါပေါများများ မသုံးနိုင်တဲ့အချိန်မို့ ဇာတ်ဝင်ခန်းတစ်ခန်းချင်းစီကို ဘယ်လောက်အသေးစိတ် အပင်ပန်းခံရိုက်ကူးထားလဲဆိုတာ ကြည့်ရင်းတွေ့မြင်ရပါလိမ့်မယ်။ ၁၉၉၆ လို ကာလမျိုးမှာ ဝင်ငွေ ၈၁၇ သန်းကျော် ရရှိခဲ့တာမို့ ခေတ်သစ်ဂြိုဟ်သားရုပ်ရှင်တွေရဲ့ ရှေ့ဆောင်လမ်းပြရုပ်ရှင်လည်းဖြစ်ခဲ့သလို အနုပညာတန်ဖိုးအရရော ငွေကြေးအရပါ အဆမတန်အောင်မြင်ပြောင်မြောက်ခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ သိပ္ပံဆိုင်ရာအတွေးအခေါ်အယူအဆတွေ ၊ ခုချိန်ထိ ခေတ်ရှေ့ပြေးနေဆဲ ဇာတ်လမ်းဖွဲ့စည်းပုံတွေ ကင်မရာအယူအဆတွေနဲ့ ကြည့်ရှုသူတိုင်း သိမ်းဆည်းထားသင့်တဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်လို့  တင်ဆက်ပေးလိုက်ပါတယ်။ အခုလက်ရှိဇာတ်လမ်းအသစ်ကို အားမရသလိုခံစားမိတဲ့ပရိသတ်တွေ ဒီကားကိုကြည့်ဖြစ်အောင်ကြည့်လိုက်ရင်တော့ Independence day ကို လုံးဝကြိုက်နှစ်သက်သွားမှာဖြစ်ပါကြောင်း။
Credit to  : Gold Channel
Reviewed by : Scarlet Phoenix
Translated by : Christine Evangelline
Encoded by : Invoker
D
Powered by Blogger.