Latest Movie :
Recent Movies
Showing posts with label Crime. Show all posts
Showing posts with label Crime. Show all posts

Udta Punjab (2016) - မြန်မာစာတန်းထိုး


အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်နယ်မှာ ကြွယ်ဝချမ်းသာကြသော်လည်း အဲ့ဒီနယ်ကလူငယ်တွေဟာ မူးယစ်ဆေးဝါးပြသနာတွေနဲ့ လုံးလည်ချာလည် လိုက်နေကြတဲ့ လူငယ်တွေအများအပြားရှိနေတာကို ဘယ်လိုဖြေရှင်းကြလဲဆိုတာကို ရိုက်ကူးပြသထားတဲ့ Rating မြင့်တဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။
Credit To : Flim2mm.com
IMDB 8.0 ထိရရှိနေပြီး ပြသချိန် 2h:28mins ကြာမြင့်ပါတယ်။ 1GB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ကြပါပြီ။


Mindhunters (2004) - မြန်မာစာတန်းထိုး




IMDb 6.4/10 ထိ ရထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး
သည်းထိတ်ရင်ဖို လျို့ဝှတ်ချက်တွေ အပြည့် နဲ့ ဇတ်လမ်း မျိုးဖြစ်ပါတယ်…
18+ အခန်း တစ်ချို့ နှင့် သွေးထွက်သံယို အခန်းများ ပါဝင်၍ ကလေးသူငယ်များ
နှလုံးရောဂါ ရှိသူများ ကြောက်တက်သူများ ကြည့်ရှုရန် မသင့်တော်ပါ
FBI မှ သူတို့ ဆီမှ အတော်ဆုံး လူ တစ်ချို့ကို စုစည်းပြီး လေ့ကျင့်ခန်း ဆင်းပေးဖို့အတွက်
လူပုံတူ အရုပ်နှင့် အဆောက်အဦးများသာ ရှိသော မှုခင်း စမ်းသက်ကွင်း သဖွယ် ဖန်တီးထားသော
အိုနေဂါ ကျွန်းပေါ်သို့ ပို့ထားမှာ ဖြစ်ပါတယ်…
အသင်းအဖွဲ့ဖြင့် အလုပ်လုပ်တက်စေရန် မှုခင်း ဖော်ထုတ်မှု မြန်ဆန်စေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်ပါတယ်..
FBI အေးဂျင့် တွေ အနေနဲ့ ထို တန်းဆင်း လေ့ကျင့်မှု အောင်မြင်မှာသာ ပြန်ရမှာ ဖြစ်ပေမယ့်
ထို ကျွန်းက သူတို့အတွက် မပြန်လမ်း တစ်ခု အဖြေရှာမရသော ပုဒ်စာ တစ်ခု ဆိုတာ သိရှိလိုက်ရချိန်မှာတော့…
ဒီဇတ်ကားကို CM Translator ဖြစ်သူ Tariq L Walker မှ ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်..
(Thit San Khant)





Memories of Murder (2003) - မြန်မာစာတန်းထိုး



IMDb (8.1/10)….Rotten Tomatoes (89%)
Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ….သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး….ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။
——————————————–
Memories Of Murder
ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။
စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက “မရေရာမှု “ပဲ။အီးလိုဆို “Doubtful”လား “Inconclusively “လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။
အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။
ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။
လတ်တလော စိတ်ထဲငြိနေတာ “Memories Of Murder “ဆိုတဲ့ ကိုရီးယားရုပ်ရှင်ကားပါ။ဒီကားကို ပုံဖော်ရိုက်ကူးတဲ့ ဒါရိုက်တာ Bong Joon-ho ကို ဟောလိဝုဒ်ကတောင် လက်ခံတာလည်း မပြောနဲ့။သူဖန်တီးသမျှ လက်ရာတွေကလည်း တကယ်ကို ကောင်းလွန်းပါတယ်။အခုဇာတ်ကားကို ကြို က်နှစ်သက်ရတဲ့ အဓိကအချက်ကလည်း ဘယ်အရာမှ တသမတ်တည်း သတ်မှတ်နေလို့မရတဲ့ အမြင်ဖလှယ်မှု တွေကို ကျကျနန ရိုက်ပြသွားတဲ့အတွက်ပါ။
ကျွန်တော်တို့ရဲ့ဘဝအများစုမှာ အသားကျနေခဲ့ပြီ ဖြစ်တဲ့ တစ်ပါးသူကို နိုင်ထက်ကလူပြု ရင်။ပြန်ပြီး တုံ့ပြန်ခံရမယ်။ဝဋ်လည်မယ် စတဲ့အမြင်တွေနဲ့ အသားကျနေကြပါ။ဖတ်မိသမျှတွေကလည်း အဲဒီလို အမြင်တွေက ခွဲထွက်တာ သိပ်မတွေ့ရပါဘူး။
ဒီဇာတ်ကားမှာတော့ အထက်က ကျွန်တော်တို့ တွေးထင်လက်ခံထားသမျှတွေကို သဘာဝကျကျ တွန်းလှန်ပြထားပါတယ်။လက်တွေ့လောကမှာ အကြောင်းအရာတစ်ခု ရှိခဲ့ကြောင်း ဖြစ်ခဲ့ကြောင်း မှန်ကန်စွာ သက်သေပြနိုင်ဖို့ရာမှာ လုပ်ကိုင်သူလိုမယ်။အဲဒီအချိန်ကို တိကျစွာ မှတ်တမ်းတင်နိုင်ဖို့ လိုမယ်။ဒိထက်ခိုင်မာအောင် တွေ့မြင်ရသူ မှတ်တမ်းတင်နိုင်သူလိုမယ်။အဲဒီအချက်တွေက အကုန်ကိုက်ညီတယ်ဆို မှန်ကန်တယ်ပေါ့။မာတင်စကော့ စကေး ရိုက်တဲ့ “Shutter Island “မှာတော့ အဲဒီသီအိုရီကို ပယ်ဖျက်ပြပြန်တော့ ယုံကြည်ရသိပ်ခက်သွားရပါတယ်။
ကိုယ်ဟာ တစ်ဦးတစ်ယောက်ရှေ့မှာ ကောင်းကင်က ပြာပါတယ်လို့ ပြောပေမယ့် အခြားသူတွေက မှားနေတယ် အညို ရောင်ကြီးဆို ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။ကျွန်တော့်မျက်စိထဲမှာ လက်ခံထားတဲ့ အမှန်တရားတစ်ခုကို ဘေးပတ်ဝန်းကျင်က လုံးဝမှားယွင်းနေကြောင်း တစ်ညီတစ်ညွှတ်တည်း ပြောဆိုနေတဲ့အခါမှာ ကိုယ့်အမှန်တရားကို ဘယ်လိုသက်သေပြမလဲ။
အဲဒီလို မရေရာမှု တွေကို အဓိကကိုင်စွဲထားတဲ့ ယခုရုပ်ရှင်မှာလည်း ပရိသတ်တွေပြန်လိုချင်တဲ့ ရလဒ်ကို ဒါရိုက်တာက လှစ်မပြခဲ့ပါဘူး။သူက ဇာတ်လမ်းတစ်ပုဒ်ဆိုတာထက် ကိုယ်အိမ်ဘေးက အိမ်ထောင်စုတစ်စု ရန်ဖြစ်နေတာကို ထိုင်ကြည့်ရတဲ့ သဘောအသွင်မျိုးနဲ့ ခုရုပ်ရှင်ကို တင်ပြထားပါတယ်။
အမှန်တရားအတွက်
-ခိုင်လုံကြောင်းသက်သေ
-ဝန်ခံချက်
-တိကျတဲ့အချိန်ကာလ
အဲဒီအချက်ထဲက အဓိကလိုအပ်နေတာက မျက်မြင်သက်သေ ။အဓိက ပွို င့်က ဒါပဲ။
1986ကာလမျိုးမှာ ကိုရီယားနိုင်ငံ နယ်မြို့ ကလေးတစ်ဝိုက်မှာ လူသတ်မှု တွေ စဖြစ်လာတယ်။အမှု က ကြောက်ဖို့ကောင်းတယ်။မိန်းမပျို လေးတွေကို မုဒိန်းကျင့် လက်ပြန်ကြိုးတုပ်ပြီးမှ ခေါင်းပေါ်မှာဖြစ်ဖြစ် ပါ့စပ်ကိုဖြစ်ဖြစ် သူရဲ့ပင်တီနဲ့ချည်ပြီး သတ်သတ်ပစ်ခဲ့တာ။
စုံထောက်သုံးယောက်က အဲဒီအမှု ကို လိုက်ရတယ်။ဖြစ်စဉ်က မိုးရွာတဲ့ညဆိုရင် ဖြစ်ပြီ။နောက်နေ့ဆို လယ်ကွင်းတွေထဲမှာ တစ်နေရာရာမှာ စွန့်ပစ်ထားတဲ့ အလောင်းကို တွေ့ရပြီ။
ထုံးစံအတိုင်း ကောလဟာလကလည်း စုံလို့။စားနေကျ အရက်ဆိုင်အိမ်က စိတ်မနှံ့တဲ့ ကောင်လေးထင်ပြီး ဖမ်းကြသေးတယ်။မဟုတ်ဘူး။ဖြစ်စဉ်က မိုးရွာတဲ့ညမှာ ဖြစ်နေကျဆိုတော့ သဲလွန်စလည်းမရဘူး။နောက်တစ်ခုက ကိုရီးယားနိုင်ငံမှာ Semen (သုတ်ပိုး)ကိုလည်း ဓါတ်ခွဲပြီး DNAကို မရှာဖွေနိုင်သေးတာပဲ။ရဲကားတောင် တွန်းနှိုးရတဲ့ အခြေအနေမှာ လူသတ်သမားကတော့ အရိပ်အယောင်လေးတောင် မသိရဘူး။
ဒါရိုက်တာက စုံထောက်တွေ အမြင်ကနေပဲ အဓိကထား ရိုက်ပြတယ်။အဲဒီလူတွေရဲ့ စွမ်းရည်ကလည်း ကိုယ်လိုသူလို အဆင့်ပဲရှိတယ်။အခင်းဖြစ်တဲ့နေရာရောက်ရင် လာကြည့်နေတဲ့သူတွေအော်မယ်။သေသူအနားက ဖြစ်နိုင်ချေ ရှိမယ့် သဲလွန်စ ရှာမယ်။နောက် အနီးဝန်းကျင်က သေသူနဲ့ သိနိုင်သူတွေကို ဖော်ထုတ်မေးမြန်းမယ်။အဲဒီလူတွေစကားတွေကနေ နီးစပ်တဲ့သူကို ဖမ်းမယ်။စစ်မယ်။ရိုက်မယ်။ဒီလောက်ပဲလုပ်တတ်တယ်။အဲဒီအဆင့်ထက်မပိုဘူး။နဲနဲစဉ်းစားတတ်တဲ့ ဆိုးလ်က လာတဲ့ စုံထောက်ကတော့ လူသတ်သမားရဲ့ ထပ်တူညီနေတဲ့အမူအကျင့်တွေကို သုံးသပ်ပြီး အခင်းဖြစ်ပွားနေချိန်မှာ ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင် အနေအထားကို သုံးသပ်တယ်။
ဒါရိုက်တာက လုံးဝမှ လူသတ်သမားရဲ့ သွင်ပြင်ကို သိသာအောင်မပြခဲ့ဘူး။ကြည့်တဲ့သူတွေကို ရှု ပ်ထွေးအောင် မရေမရာဖြစ်အောင်ပဲ လုပ်ပြတယ်။ပြင်ပလောကမှာလည်း အဲဒီအတိုင်းသာ စုံစမ်းထောက်လှမ်းမယ့် ဇာတ်ကွက်မျိုးနဲ့ပဲ ပုံသွင်းတယ်။
နှစ်နာရီကျော်ကြာတဲ့ ရုပ်ရှင်ဟာ ကြာလာလေ ဟိုလူထင် ဒီလူထင်နဲ့ စိတ်တွေက ဇာတ်ကောင်တွေနဲ့အတူ ရှု ပ်ထွေးလာစေတယ်။
အဲဒါဟာ အခုကားရဲ့ အဓိက ဖမ်းဆုပ်မှု တစ်ခုပါပဲ။
(ရုပ်ရှင်အညွှန်းကို Nyi Linn Eain’s FB မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(950MB)
Quality…BR-Rip 720p
Format…mp4
Duration….02:11:08
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud HD (950MB)

 

Watch And Download Direct Link HD (950MB)

 

Watch And Download Pcloud (460MB)

 

Watch And Download Direct Link (460MB)

One for the Money (2012) - မြန်မာစာတန်းထိုး

စတက်ဖန်နီ ပလမ် ဆိုတဲ့ အမျိုးသမီးတယောက်ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့အခြေအနေမှာ အရေးပေါ်အလုပ်လုပ်ရတော့မယ့်အခြေအနေဖြစ်နေပါပြီ။ သူ့အစ်ကိုဝမ်းကွဲဆီမှာ အလုပ်လုပ်ဖို့ကြိုးစားပါတော့တယ်။ ဝရမ်းထုတ်ထားတဲ့လူတွေကို လိုက်ဖမ်းရတဲ့အလုပ်ပါ။ သူပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လူသတ်မှုတခုအတွက် ထွက်ပြေးနေတဲ့ ရဲအရာရှိဟောင်းကို လိုက်ဖမ်းရမှာဖြစ်ပါတယ်။ သူဖမ်းရမယ့်သူကတော့ တခြားသူမဟုတ်ပါဘူး။ လူငယ်ဘဝတုန်းက ရည်းစားဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းဟောင်းလေးပါပဲ။ ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့....
မြန်မာစာတန်းထိုးဇာတ်ကားများ ဘလော့မှ ပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည်။

Credit To : Flim2mm.com
[FORMAT]:………………………….:[ 1280p HDRip MP4
[GENRE]:………………………… .:[ Action, Comedy, Crime
[FILE SIZE]:……………………….:[ 647 MB
[RESOLUTION]:………………………:[ 1280x536
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 31mins
[iMDB RATING]:……………………..:[ 5.3/10



Maigret Sets a Trap (2016) - မြန်မာစာတန်းထိုး

ရုပ်ရှင်ပရိတ်သတ်ကြီး အတွက် IMDB မှာ Rating 8.7/10 ရရှိထားတဲ့ Maigret Sets A Trap ဆိုတဲ့ ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ပထမဆုံး မိတ်ဆက်ပေးချင်တာက အဓိကဇာတ်ကောင် စုံထောက်ကြီး Maigret နေရာမှာ သရုပ်ဆောင်တဲ့Rowan Atkinson (တစ်ကမ္ဘာလုံး Mr.Bean လို့သိထားတဲ့ ဟာသအကျော်အမော်ကြီး) ဖြစ်ပါတယ်...

www.dailymail.co.uk မှာဖော်ပြထားတာကတော့ ဒီ စုံထောက်ဇာတ်ကောင်နေရာမှာ Mr.Bean သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အသေးစိတ်ကအစ ပြောထားပါတယ်..... Mr.Bean ရဲ့ အသံ .. မျက်ခုံး ... အမူအရာ တွေက ..စုံထောက်ကြီး Maigret ဇာတ်ကောင်အတွက် အသင့်တော်ဆုံးဖြစ်ကြောင်း ထောက်ပြထားပါတယ်.....ကျွန်တော်ကိုယ်တိုင်လည်း ဒီဇာတ်ကားကို မကြည့်ခင်တုန်းက...ဘယ်လိုအမူအရာမျိုးကြီးဖြစ်မလဲ ထင်ခဲ့ပေမယ့်....ကြည့်ပြီးသွားတဲ့ အခါ...သိလိုက်ရတာက....Mr.Bean ဆိုတာကိုမေ့သွားလောက်တဲ့ တည်ငြိမ်တဲ့ အမူအရာပါပဲ...

Comedian တစ်ယောက်ရဲ့အနုပညာဖန်တီးမှုဟာ ဘယ်လောက်ထိ နက်ရှိုင်းကြောင်း သိလိုက်ရပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အမျိုးသမီး ၄ ဦး အသတ်ခံရတဲ့အမှုကနေ အစပြုထားပါတယ်....ဒီ ကွင်းဆက်လူသတ်သမားကို ဖမ်းမိဖို့အတွက် တာဝန်အရှိဆုံးသူမှာ စုံထောက်အဖွဲ့ရဲ့အကြီးအကဲ Maigret ပေါ်မှာ ခေါင်းပုံကျနေပါတယ်....Rowan Atkinson (Mr.Bean) က ဇာတ်လမ်းစဖွင့်ကတည်း အကျပ်အတည်းကြားထဲ   ရောက်နေတာပါ... ဆေးတံကြီးခဲပြီး..အမှုဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်နေတာပါ

(James Bond နဲ့ မာတီနီ အရက် တွဲထားသလို....စုံထောက်နဲ့ ဆေးတံကလည်း လိုက်ဖတ်သဗျ :P)

မီဒီယာတွေရဲ့ထိုးနှက်မှုတွေကို ပြန်အသုံးချပုံတွေ....
ထောင်ချောက်ဆင်ပြီး လူသတ်သမားရဲ့စိတ်ကို ဆွပေးပုံတွေ...
သဲလွန်စအသေးအဖွဲ့လေးကနေ အမှုကြီးတစ်ခုလုံးဖော်ထုတ်သွားပုံတွေ....
လူသတ်သမားရဲ့စိတ်နေစိတ်ထားကို အကဲခတ်ပြီး...ဘာကြောင့် လူသတ်ရသလဲဆိုတဲ့ အကြောင်းအရင်း... ကို စိတ်ဝင်စားဖွယ်ရှုစားရမှာပါ။

ဒီဇာတ်လမ်းကို ကြည့်တဲ့အချိန်မှာ အကြံပြုလိုတာကတော့.....စုံထောက်ကြီး Maigret နဲ့အတူ အမှုအသွားအလာကို ဆင်ခြင်ရင်း...အမှုမှန်ပေါ်အောင် ဖော်ကြည့်ဖို့ပါပဲ...
Maigret ရဲ့အယူအဆနဲ့ ကိုယ်စဉ်းစားမိတာချင်း တူတာပဲဖြစ်ဖြစ် ..မတူတာပဲဖြစ်ဖြစ်     သင့်မှာလည်း   ထက်မြတ်တဲ့  စုံထောက်ဥာဏ်ရှိကြောင်း...အံ့သြဖွယ်တွေ့ရှိရမှာပါ။

1h:27mins ကြာမြင့်တဲ့ဇာတ်ကားကို ဖိုင်ဆိုဒ်နှစ်မျိုးတင်ပေးထားပါတယ်။ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
ရုပ်ရှင်အညွှန်း- R!B (Flim2mm.com)
 Credit To : Flim2mm.com






The silence of the lambs (1991) မြန်မာစာတန်းထိုး




ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းလေးတွေအမြဲတင်ဆက်ပေးနေကြဖြစ်တဲ့အတွက်ဒီနေ့လည်း IMDB 8.6/10 Rotten Tomatoes 95% ရထားတဲ့ Crime drama အမျိုးအစားရုပ်ရှင်ဇာတ်လမ်းကောင်းလေးတစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်။ The Silence of the lambs ဟာအော်စကာငါးဆုရထားပြီး စာရေးဆရာသော်မတ်ဟာရစ်ရဲ့ The silence of the lambs ဝတ္တုကိုပြန်လည်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ ဂျိုနသန်ဒမ်မီရိုက်ကူးထားပြီးတော့1990 ကျော်ကအတော်အောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ ဘတ်ဂျက် 19မီလီယံလောက်ပဲသုံးခဲ့ပေမယ့် မီလီယံ နှစ်ရာကျော်ပြန်ရခဲ့တာမို့အတော်လေးအောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။ ဒီကားဟာ horror ကားတွေထဲကပထမဆုံး best picture ဆုရခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ မင်းသားကြီးအန်တိုနီဟော့ကင်း မင်းသမီးဂျိုဒီဖော်စတာတို့ရဲ့ အံ့မခန်းသရုပ်ဆောင်မှုတွေကိုလည်းတွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အမျိုးသမီးတွေကိုပစ်မှတ်ထားသတ်ဖြတ်နေတဲ့စိတ္တဇလူသတ်သမားဟာသူ့ရဲ့သားကောင်တွေကို
အရေခွံဆုတ်ထားလေ့ရှိပါတယ်။သူ့နာမည်ကတော့ကျွဲကြီးငဘေ ဒီအမှုကိုအက်ဖ်ဘီအိုင်ကအေးဂျင့်စတာလင်တစ်ယောက်ဖော်ထုတ်ဖို့အကြောင်းဖန်လာတဲ့အခါ
 ဘော်တီမိုးရဲ့သံတိုင်တွေနောက်ကွယ်ကလူသားစားတဲ့လူသတ်သမားကြီးဒေါက်တာလပ်သာရဲ့
အကြံဥာဏ်လိုလာတဲ့အခါ စိတ်ပညာရှင်ဆရာဝန်တစ်ဖြစ်လည်းကွင်းဆက်လူသတ်သမားကြီးဟာနီဘလ်လပ်သာတစ်ယောက် ဒီအကွက်ကိုအသုံးချပြီးလွတ်မြောက်ဖို့ကြံစည်လာတဲ့အခါမှာတော့ ကြာချိန်မိနစ်တစ်ရာနှစ်ဆယ်နီးပါးရှိတဲ့ဒီဇာတ်ကားဟာတစ်ကားလုံးမပျင်းမရိရလေအောင်
ဇာတ်ရှိန်မြင့်ဆွဲခေါ်သွားမှာမို့ ပရိတ်သတ်ကြီးအကြိုက်တွေ့ဦးမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
 သွေးသံရဲရဲအခန်းတစ်ချို့ပါဝင်တာကြောင့်
ကလေးသူငယ်တွေကြည့်ဖို့တော့မသင့်ပါဘူး။

Credit To : www.goldchannelmovies.com
Translated by : Thoth
Encoded by : Invoker
Quality : 1080p

Wild Card (2015) - မြန်မာစာတန်းထိုး


နံမည်ကြီး Las Vagas မြို့ လောင်းကစားလောကမှာ ကျင်လည်နေထိုင်သူ နခ် ( Nick Wild) လောလောဆယ် မှာတော့ ကိုယ်တိုင်ကြိုးစားပြီး ချမ်းသာလာတဲ့ ဆိုင်းရပ်စ် (Cyrus Kinnick) ဆိုတဲ့ သူဌေးရဲ့ ကိုယ်ရံတော်ဖြစ်ပါတယ်။

တစ်ရက်တော့ ဟော်လီ (Holly) ဆိုတဲ့ အမျိုးသမီးက night club ကပြန်လာတဲ့ သူမကို ဘယ်သူမှန်းမသိတဲ့ လူ ၃ ယောက်က ရိုက်နှက်စော်ကားခဲ့တဲ့အတွက် အဲ့ဒီလူတွေကိုရှာပေးဖို့ နခ်ကို အလုပ်အပ်ပါတယ်။

 အဲ့ဒီ ကိစ္စမှာ အဓိကတရားခံက လူဆိုးခေါင်းဆောင် ဒီမာကို (Demarco) ဖြစ်ကြောင်း နခ် ရှာတွေ့သွားတဲ့အခါ ဒီမာကို နဲ့တွေ့ဖို့ သူနေထိုင်တဲ့ ဟော်တယ်ကို သွားခဲ့ပါတယ်။ သူ့ကို တိုက်ခိုက်တဲ့ ဒီမာကိုရဲ့ တပည့်တွေကို အနိုင်ယူပြီး ဒီမာကိုကို ကြိုးတုပ်ကာ ဟော်လီကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ ဟော်လီရောက်လာတဲ့အခါ ဒီမာကိုက သူ့ကိုခွင့်လွှတ်ဖို့ တောင်းပန်တဲ့အတွက် မသတ်တော့ပဲ ဒေါ်လာ ၅သောင်းပဲ ယူခဲ့လိုက်ပါတယ်။ အဲ့ဒီနောက် ငွေကို နခ်နဲ့ တစ်ဝက်စီခွဲယူပြီး ဟော်လီက ဗေးဂတ်စ် မြို့ကို စွန့်ခွာသွားပါတယ်။


နခ်ကတော့ ဆိုင်းရပ်စ်နဲ့ အတူလောင်းကစားရုံတစ်ရုံကိုသွားကာ သူ့ဝေစုပိုက်ဆံတွေအားလုံး လောင်းကြေးထပ်လိုက်ရာ ဒေါ်လာ ၅သိန်းကျော် အနိုင်ရသွားပါတယ်။ လောင်းကစားတို့ ထုံးစံအတိုင်း လောဘမသတ်နိုင်တဲ့အတွက် နောက်တစ်ခါထပ်လောင်းတဲ့အခါ တစ်ချီထဲနဲ့ သူ့ငွေတွေအားလုံး ပြန်ပြီးပေးလိုက်ရပါတော့တယ် ။


လောင်းကစားရုံမှအပြန် နခ်က ဒီမာကိုရဲ့ လူတွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပြန်ပါတယ်။ နောက်နေ့မှာတော့ နခ်က ဗေးဂတ်စ်မြို့ရဲ့ မာဖီးယားခေါင်းဆောင် ဘေဘီ (baby) နဲ့ တွေ့ပါတယ်။ လူဆိုးဂိုဏ်းတွေရဲ့ အစည်းအဝေးမှာ နခ်က လောင်းကစားမှာငွေလိုတဲ့အတွက် သူ့လူတွေကို သတ်ပြီး ငွေတွေယူသွားကြောင်း ဒီမာကိုက ဘေဘီကို တိုင်ပြောပါတယ်။ အဲ့ဒါကြောင့် နခ်က ဒီမာကိုပြောသလိုမဟုတ်ပဲ အပြစ်မရှိကြောင်း အကြောင်းစုံရှင်းပြပေမယ့် သက်သေမပြနိုင်ရင် နခ်ကို သတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပါတယ်။ ဒါပေမယ့် ဒီမာကိုရဲ့ အလိမ်ပေါ်သွားတဲ့အတွက် ဘေဘီက နခ်ကို လွှတ်ပေးလိုက်ပါတယ်။


 အမှန်တရားဘက်တော်သား လောင်းကစားသမား နခ်ရဲ့ မဝေးတော့တဲ့အနာဂတ်ဟာ ကြမ္မာဆိုးလား ကံကောင်းခြင်းလားဆိုတာကိုတော့  ဆက်လက်ခံစားကြည့်ကြပါ။

IMDB 6.0 ရရှိထားပြီး ၂၀၁၅ နှစ်အစမှာ ပွဲဦးထွက်ရုံတင်လာတဲ့ ဒီဇာတ်ကားက ဂျေဆန်ကိုကြိုက်တဲ့ ၊ အက်ရှင်ဇာတ်ကြမ်းကိုကြိုက်တဲ့ ပရိတ်သတ်အတွက်ဆိုရင်တော့ John Wick ပြီးရင် နောက်ထပ်ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားပါပဲ ။

သရုပ်ဆောင်တွေကတော့

နခ်အဖြစ် The Transporter ၊ The Italian Job, The Expendables ဇာတ်လမ်းတွဲတွေနဲ့ ကျော်ကြားတဲ့ အက်ရှင်မင်းသားချော ဂျေဆန် (Jason Statham)
ဆိုင်းရပ်စ်အဖြစ် မင်းသားချော မိုက်ကယ် (Michael Angarano)
ဟော်လီ အဖြစ် စွဲဆောင်မှုအပြည့်နဲ့ မင်းသမီးချော ဒေါ်မနစ် (Dominik Garcia-Lorido)
ဒီမာကို အဖြစ် မိုင်လို (Milo Ventimiglia)
ဘေဘီအဖြစ် စတန်လေ (Stanley Tucci) နဲ့ တခြားသရုပ်များစွာပါဝင်ပြီး Con Air, The Expendables နဲ့ Tom Rider စတဲ့ ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ ဆိုင်မွန် ( Simon West) ကရိုက်ကူးထားတာပါ။
Credit To : Flim2mm.com
ရုပ်ရှင်အညွှန်း - MMMovieGuide



Madaari (2016) - မြန်မာစာတန်းထိုး

2016 ရဲ့ IMDB rating များများရထားတဲ့ ဘောလီးဝုဒ်ဇာတ်ကားတကားတင်ပေးလိုက်ပါတယ်။ ဘောလီးဝုဒ် အကျော်အမော် အာဖန်ခမ်း ပါဝင် သရုပ်ဆောင်ထားသည့် Madaari ဇာတ်ကားသည် ဖြန့်ချိခဲ့ပြီး နောက် မကြာမီ အိန္ဒိယ ရူပီး ၅ ဒသမ ၇၅ ကုဋေ အထိ ရရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ ဇာတ်ကားသည် Box Office တွင်လည်း ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရသည်။ ယင်း ဇာတ်ကားသည် ဖခင်နှင့် သားဖြစ်သူတို့ အကြား ထားရှိသည့် သံယောဇဉ်ကို ညွှန်းဖွဲ့၍ ဒါရိုက်တာ နီရှီကန့်ကာမတ်က ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် မင်းသား အာဖန်ခမ်း အပြင် ဂျမ်မီရှာဂေးလ်၊ ဗီရှရှ်ဘန်ဆဲလ်၊ တူရှာဒဲလ်ဗီ၊ နီတီရှ်ပန်ဒီနှင့် အေရှာရာဇာ တို့က ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

IMDB 7.7 ရရှိနေဆဲ ၄င်းဇာတ်ကားသည် ပြသချိန် 2h:13mins ကြာမြင့်ပါတယ်။ 837 MB ဖြင့် အောက်ပါလိင့်ခ်တွင် ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Thani Oruvan (2015) - မြန်မာစာတန်းထိုး

အိန္ဒိယနိုင်ငံရဲ့ လဘ်ပေးလဘ်ယူကိစ္စမှာ အဆိုးဆုံးလို့နာမည်ကြီးသူကို တိုက်ခိုက်ဖို့စိတ်အားထက်သန်တဲ့ ရဲအရာရှိရဲ့ခက်ခဲတဲ့လှုပ်ရှားမှုတွေအကြောင်း ရိုက်ပြထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်။

IMDB 8.8 အထိတောင်ရထားတဲ့ဇာတ်ကားဆိုတဲ့အတွက်ကြောင့် ပရိသတ်အကြိုက်ဖြစ်မယ်ဆိုတာ သေချာပါတယ်။ 2h:40mins ကြာတဲ့ဇာတ်လမ်းဖြစ်ပြီး 1GB တဖိုင်ပဲတင်ပေးနိုင်ပါတယ်။




Credit To : Flim2mm.com

Jazbaa (2015) - မြန်မာစာတန်းထိုး


စနာရားဆိုတဲ့ ရှေ့နေမတယောက်ဟာ အပြစ်ရှိတဲ့သူတွေ ပြစ်မှုထင်ရှားရင်တောင်မှ ကွင်းလုံးကျွတ် အမှုကလွတ်နိုင်အောင် အမှုလိုက်နိုင်လို့ နာမည်ကြီးသူဖြစ်ပါတယ်။ တရက်မှာ သူမရဲ့သမီးပြန်ပေးဆွဲခံရပါတယ်။ ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းကတော့ လူသတ်၊မရိန်းမှုနဲ့ သေဒဏ်ချပြီးသားလူကို ရှေ့နေပြန်လိုက်ပြီး အမှုကလွတ်အောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ သမီးရဲ့ အသက်အန္တရာယ်ကတဖက်၊ လုံးဝအပြစ်ရှိကြောင်းထင်ရှားတဲ့ အမှုကို နိုင်အောင်လုပ်ပေးရမယ့် အခြေအနေကတဖက်နဲ့ လုံးဝဗျာများနေတဲ့အချိန်မှာ သူ့အတွက် အားကိုရာလူတယောက်ပေါ်လာပါတယ်။ သူကတော့ စနာရားရဲ့ ကျောင်းနေဖက်သူငယ်ချင်း ရဲအုပ် ရိုဟန်ဖြစ်ပြီး လက်ရှိ ရာထူးကအဖြုတ်ခံ အဖမ်းခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသူပါ။

သင့်ကို ဇာတ်လမ်းအဆုံးအထိ စွဲဆောင်သွားမယ့် ဇာတ်လမ်းမျိုးပါ။ ရိုဟန်ကဘယ်လိုကူညီမှာလဲ၊စနာရာ သူ့ရဲ့ သမီးလေးကို ကယ်နိုင်မှာလား၊ မုဒိန်းလူသတ်သမားကရော လွတ်မြောက်ခွင့်ရမှာလား ဆိုတာကိုတော့....







 
Credit To : Flim2mm.com

Circle of Atonement (2015) မြန်မာစာတန်းထိုး


Circle of Atonement (2015) မြန်မာစာတန်းထိုး
Imdb - 6.2/10

မင်္ဂလာပါ၊ Crime film တွေ တောင့်တနေတဲ့ ချစ်ပရိသတ်ကြီးအတွက် Korean Movie လေးတစ်ခု လာပါပြီခင်ဗျာ။ Hollywood ကို Inspire ယူဟန်ရှိတဲ့ Korean Directorရဲ့ ဇါတ်လမ်းဖွဲ့စည်းပုံ၊ အချိုးအကွေ့ တွေက နာမည်ကြီး Bruce Willi တို့ Liam Neeson တို့ရဲ့ Crime film တွေနဲ့ ဆင်တူနေသယောင်ရှိပါတယ်။  ဒါက ကျွန်တော်တို့ အမြင်ပါ။ 2015 မှာ ထွက်ရှိခဲ့တဲ့ Circle of Atonement ဟာ...  ဖခင်နဲ့ သမီးဖြစ်သူအကြား က သံယောဇဉ်နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ မိဘတွေအပေါ် မြင်တဲ့သဘောထားအစရှိသဖြင့် လူသားတွေအကြားက ကူးလူးဆက်နွယ်မှုတွေကို Drama ဆန်ဆန် ဦးစားပေးတင်ပြထားတာဖြစ်ပါတယ်။ အဖေဖြစ်သူ Lee Sang-won နဲ့ ဆယ်ကျော်သက်သမီးပျိုလေး Jeong-hyeon တို့ရဲ့အကြားက ခံစားချက်အားပြိုင်မှုတွေက ဇါတ်ရှိန်ကို ပိုမိုမြင့်တက်စေပါတယ်။ ဆရာအဖြစ်ငှားရမ်းခဲ့တဲ့ Cheol-woong ကိုမှ မေတ္တာသက်ဝင်မိခဲ့တဲ့ Jeong-hyeon အတွက် ရတက်မအေးရတဲ့ ရဲအရာရှိ Sang-won ဟာ အပေါင်းအသင်းလုပ်ငန်းခွင်မှာ တည်ငြိမ်ပြီး ဘယ်အရာမဆိုအားထားနိုင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် ... သမီးကလေးအပေါ်မှာတော့ ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်းငှာ မစွမ်းသာခဲ့ပါဘူး။ သမီးရဲ့ ချစ်သူ Cheol-woong ရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တဲ့အခါမှာ .. ၄င်းဟာ သူ မဖော်ထုတ်နိုင်ဘဲ ပိတ်သိမ်းခဲ့ရတဲ့ လူသတ်မှု တစ်ခု နဲ့ ပါတ်သက်ဆက်စပ်မှု ရှိနေတယ် ဆိုတာကို မထင်မှတ်ဘဲ သိရှိခဲ့ရပါတယ်။ တကယ်လို့များ သမီးကလေးရဲ့ ချစ်သူဟာ လူသတ်သမားတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုရင် သမီးလေးကို သူ ဘယ်လိုဖွင့်ပြောရမလဲ၊ ဘယ်အရာမဆို ဖခင်အပေါ် အဆိုးမြင်ပြီး စိတ်ထင်ရာလုပ်တတ်တဲ့ သမီးငယ်လေးက ရော သူပြောတာ လက်ခဲ့မှာတဲ့လား..အစရှိတဲ့ သောကတွေနဲ့ ပူလောင်နေတဲ့ Sang-won နဲ့ သံသယတရားခံ Cheol-woong တို့ရဲ့အကြားက ချစ်စိတ်မွှန်နေတဲ့ Cheol-woong ... သူတို့ သုံးယောက်အကြားက ထင်မှတ်မထားတဲ့ လှည့်ကွက်လှလှလေးတွေ ပေါက်ဖွားလာပါတော့တယ်။ ပရိသတ်ကြီးအတွက် ဇါတ်လမ်းကို အမြည်းသဘောအနေနဲ့ ရှပ်ပြီးရေးသားထားတာဖြစ်တဲ့အတွက်... မူရင်း ရုပ်ရှင်ရဲ့ ဇါတ်အိမ်က ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်..  သူ့နေရာနဲ့သူ မြှုပ်ကွက်ကလေးတွေ ပါရှိနေသေးတယ်ဆိုတာ....  ပရိသတ်ကြီး တွေ့ရှိရပါလိမ့်မယ်ခင်ဗျ။ Thriller ဘက်ကို သယ်ဆောင်မသွားဘဲ Crime/Drma ဘက်ကို ငြိမ့်ငြိမ့်လေး သယ်ဆောင်သွားမယ့် Movie တစ်ခုဖြစ်တဲ့အတွက်...  စိတ်ကျေနပ်စရာ ရုပ်ရှင်တစ်ခု ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။

[ရွှင်လန်းချမ်းမြေ့ကြပါစေ]

Credit To : goldchannelmovies.com
Reviewed by: Sugar
Translated by: Minn Htet
Encoded by: Sinn Sinn
Quality: 720P HD



The Infiltrator(2016) - မြန်မာစာတန်းထိုး



2016 ထွက် IMDB 7.2 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခ၀ါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘ၀၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။

Credit To : www.channelmyanmar.org

File Size     :   900/455 Mb
Duration    :   2 :07 :09
Quality        :   Brrip 720p
Format        :   MP4
Genre          :   Biography, Crime, Drama
Translator  :   Sherlock
Encoder      :   Littleneo

 

Download From Pcloud (900MB) 

 

Download And Watch Direct (900MB)

 

Download From Pcloud (450MB) 

 

Download And Watch Direct (450MB) 

 

 

 

 

Naked Killer (1992) - မြန်မာစာတန်းထိုး



IMdb (6/10)…Rotten Tomatoes (78%)
ဒီကားလေးကတော့ နာမည်ကြီး Naked Weapon လို ခပ်မိုက်မိုက် ခပ်လန်းလန်းကားလေးပါပဲ ။
ဇာတ်လမ်းကျောရိုးလေးကတော့ …
တီနမ်လို့ခေါ်တဲ့ ရဲလေးဟာ အမှုတစ်ခုမှာ မတော်တဆဖြစ်ပြီး
ညီဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ စိတ်ကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်နေရတဲ့ ကောင်လေးဖြစ်ပါတယ်။
တစ်နေ့တော့ ဟောင်ကောင်ကနေ ပြောင်းလာတဲ့ ကစ်တီဆိုတဲ့ ခပ်လန်းလန်းကောင်မလေးတစ်ယောက်နဲ့
မတော်တဆ တွေ့ဆုံခဲ့ပြီး သံယောဇဉ်တွယ်ခဲ့မိပါတယ် …
ပျော်ရွှင်နေတဲ့ သူတို့ဘ၀ထဲကို ကံဆိုးမိုးမှောင်ကျခဲ့ပြီး ကတ်တီရဲ့ အဖေဖြစ်သူဟာ အသတ်ခံလိုက်ရပါတယ်….
ကစ်တီဟာလည်း ပြန်လည်လက်စားချေရင်း ကြေးစားလူသတ်သမားတစ်ယောက် ဘဝကို ရောက်ရှိခဲ့ရပါတယ်။
ရဲတစ်ယောက်နဲ့ လူသတ်သမားတစ်ယောက်ရဲ့ မေတ္တာရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦးနော်…။
ဒီဇာတ်ကားထဲမှာ ခပ်ဟော့ဟော ခပ်ရမ်းရမ်း ဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက်
အရွယ်မရောက်သူကလေးသူငယ်များတော့ကြည့်လို့ အဆင်မပြေပါဘူး။
(Tartee Poe မှဘာသာပြန်တင်ဆက်ထားတာပါ။)

Credit To : www.channelmyanmar.org

File size…(850MB)
Quality…DVD-Rip
Format…mp4
Duration….01:33:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….RGB

 

Watch And Download Direct Link 720p HD (800MB)

 

Watch And Download Direct Link 360p Small file (300MB)

 

 

London Boulevard (2010) - မြန်မာစာတန်းထိုး



IMDb (6.2/10)
မင်းသား ကောလင်းဖာရဲလ်နဲ့ မင်းသမီး ကီရာနိုက်တလေ တို့အဓိကပါဝင်ထားတဲ့ Crime , Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။
Mitch အဖြစ်သရုပ်ဆောင်ထားတဲ့ Colin Farrell ဟာ Pentonville အကျဉ်းထောင်ကနေ လောလောလတ်လတ် ထွက်လာသူပါ။
ရိုးရိုးသားသားပဲ ဘဝကို ဖြတ်သန်းတော့မယ်ဆိုတဲ့ စိတ်ကူးတွေ အပြည့်နဲ့ပေါ့။
ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ကျွန်တော်တို့ရဲ့ ပြစ်ချက်တွေနဲ့ သူရဲကောင်းကြီးဟာ
ရွေးချယ်ရခက်တဲ့ အနေအထားတစ်ခုထဲကို အမှတ်မထင်ရောက်ရှိသွားပါတယ်။
Mitch တစ်ယောက် သူ့ရဲ့ရည်ရွယ်ရင်းကနေ သွေဖယ်ပြီး
အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ဒုစရိုက်အမှောင်လောကထဲကို ပြန်ဆွဲသွင်းခံရသင့်သလား…
ဒါမှမဟုတ် Keira Knightley သရုပ်ဆောင်ထားတဲ့ ခပ်ပျော့ပျော့ စူပါစတား ကောင်မလေး Charlotte ရှေ့မှာ
မားမားမတ်မတ်ရပ်တည်ပေးပြီး ပါပါရာဇီတွေရန်ကနေ ကာကွယ်ပေးရမယ့် သတ္တိခဲကိုယ်ရံတော်ပဲ ဖြစ်သင့်သလား..
ကောင်မလေးအတွက် အသက်ကိုပေးဆပ်ပြီးကာကွယ်ရမယ့် သူရဲကောင်းကြီး ဖြစ်လာသင့်သလား…ဆိုတာကို
ပရိသတ်ကြီးက ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ Ken Bruen ရဲ့ဝတ္ထု London Boulevard ကိုအခြေခံပြီး ဒါရိုက်တာ William Monahan ကရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်ကားရဲ့ အစပိုင်းမှာ တကယ်ကောင်းတဲ့ အိုင်ဒီယာတွေ စိတ်ဝင်စားဖွယ်အရာတွေနဲ့ အားစိုက်ထားတာ တွေ့ရပြီး
နောက်ပိုင်း အကြမ်းဖက်ခန်းတွေကတော့ အနည်းငယ် ငြီးငွေ့ဖို့ကောင်းတယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် ဂန္တဝင်ဆန်ဆန် Charlotte ရဲ့ အကျင့်စရိုက်တွေကို Mitch ရဲ့ခပ်ကြမ်းကြမ်း ကာရိုက်တာနဲ့ ပေးထိတွေ့ထားပုံက
တမျိုးတဖုံ စိတ်ဝင်စားဖွယ်ကောင်းနေခဲ့ပါတယ်။
ဗြိတိန်ရဲ့ Classic ဆန်တဲ့ အငွေ့အသက် တချို့ကို အကြမ်းဖက်မှုတွေနဲ့ ပေါင်းစပ်ထားပုံကလည်း ဘာမှန်းမသိတဲ့ ရသတစ်ခုကို ပေးစွမ်းစေနိုင်ခဲ့ပါတယ်။
ခံစားကြည့်ပါဦး။
(ရုပ်ရှင်အညွှန်းကို seniroKaung မှရေးဆက်ထားပါတယ်။)
Credit To : www.channelmyanmar.org

File size…(800MB)
Quality…BR-Rip 720p
Format…mp4
Duration….01:43:02
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download On Blog HD (800MB)

 

Watch And Download On Blog 360p Small File (310MB) 

 

*** ဒေါင်းလုပ်လုပ်နည်း ကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်***

 

 

 

 

Naam Hai Akira (2016) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ ၂၀၁၆ ထွက် ဘောလိဝုဒ်ကားကောင်းလေးပါပဲ...
ဒါရိုက်တာကလည်း နာမည်ကြီး GHAJINI(2008) ရဲ့ဒါရိုက်တာ၊
မင်းသမီးကလည်း  ရက်ပါ၊သရုပ်ဆောင်၊ ဒီဇိုင်းနာ ဖြစ်တဲ့ Sonakshi Sinha....
ဗီလိန်ခေါင်းဆောင်ကလည်း သရုပ်ဆောင် ပီပြင်လွန်းတဲ့ Anurag Kashyap....
ဇာတ်လမ်းအကျဉ်းကတော့....
မြို့ငယ်လေးတစ်ခုမှာ မွေးဖွားကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက် အကြောင်းပါ...
စကတည်းကို....ဒီလိုဖြစ်မယ်ထင်တယ်...ဟိုလိုဖြစ်မယ်ထင်တယ် ဆိုပြီး 
ကိုယ့်ထင်ကြေးနဲ့ တစ်ခုပြီးတစ်ခု မှန်းဆရတာ မလွယ်တဲ့ ဇာတ်လမ်းပါ
မိန်းမငယ်တစ်ဦးရဲ့ စိတ်ဓာတ်ခွန်အားကို ခပ်ကြမ်းကြမ်းလေး..စမ်းသပ်ထားတာပါ...
အရာရာမှာ....အမည်းစက်ကြီးတစ်ခုနဲ့ အသက်ရှင်နေရတာ....
အားနည်းချက်တစ်ခုနဲ့ အသက်ရှင်နေရတာ...
လူတိုင်းလုပ်နေကျအရာနဲ့ သွေဖီလိုက်ရင်ကြုံတွေ့ရတာ...
ကျော်လွှားနိုင်ပါ့မလားဆိုတာကို....ကြည့်စေချင်မိပါတယ်
.
.ကျွန်တော် ကြည့်ပြီးတဲ့အချိန်မှာ .... စဉ်းစားမိတာက...
ငါလည်း...သေဘေးနဲ့ကြုံရင် ဘယ်လိုစိတ်နဲ့ တည်ငြိမ်အောင်လုပ်မလဲ....
လူငယ်ပဲဖြစ်ဖြစ်..ကလေးပဲဖြစ်ဖြစ်...
လူကြီးအရွယ်အထိ အတွေ့အကြုံ အသိဉာဏ် မဖွံ့ဖြိုးသေးချိန်မှာ
အခက်အခဲတစ်ခုကို ဖြေရှင်းနိုင်လောက်တဲ့ ရင့်ကျက်စိတ်ထားရှိဖို့ မလွယ်ပါဘူး
မှားခဲ့ရင်လည်း...ကလေးမို့လို့...လူငယ်မို့လို့....ချွင်းချက်မပေးပါဘူး....
ထိုက်သင့်တဲ့ဒဏ် ခံရမှာပါ....
သို့သော်...ရလာတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိဖို့နဲ့...ဆင်ခြင်တက်ဖို့ ပညာပေးတယ်လို့...
ခံယူမိပါတယ်...
ကြည့်ရှုသူအပေါင်းကို အသိပေးချင်တာက..."ဟာ" တို့.."ဟင်" တို့ အံသြသံ သက်ပြင်းချသံ များထွက်အောင် လုပ်နိုင်စွမ်းပါတယ်.....အားမလို အားမရတွေလည်း ဖြစ်မယ်.....
ဟိုပုံပြင်လိုပေါ့.....ကံကောင်းချင်တော့...ဘာဖြစ်သွားတယ်..
ဒါပေမဲ့..ကံဆိုးချင်တော့ ...ဘာဖြစ်သွားတယ်
နဲ့....ဆွဲဆောင်သွားမှာပါ....
Credit To : Film2mm.com
 
IMDB - 6.1/10 ရထားတဲ့ဘောလီးဝုဒ်ဇာတ်ကားဟာ 2h:17mins ကြာမြင့်ပါတယ်။
725 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။






 

Mechanic Resurrection (2016) မြန်မာစာတန်းထိုး




အားလုံးမျော်လင့်စောင့်စားနေတဲ့ ဇာတ်ကားလေးတစ်ကားတော့ ပရိသတ်ရှေ့မှောက်ကို ပို့ပေးလိုက်ပါပြီ။ မက္ကင်းနစ်လို့ဆိုလိုက်တာနဲ့    ဂျေဆန်စတေသန်ကို အားလုံးပြေးမြင်မိကြမှာပါ။ အပိုင်း၁ကတော့ ထွက်ထားတာ နစ်အနည်းငယ်ကြာခဲ့ပါပြီ။ ကြေးစားလူသတ်သမားတစ်ဦးရဲ့ စွန့်စားမှု၊ ဥာဏ်ကိုလွာသုံးတတ်မှု၊ အကွက်မြင်တတ်မှုကို အတိအကျရိုက်ကူးနိင်ခဲ့တာကြောင့် အပိုင်း၁ဟာ ပရိတ်သတ်တွေအားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။ ခုတော့ပရိတ်သတ်တွေမျှော်လင့်နေတဲ့ မက္ကင်းနစ်အပိုင်း၂ကို ပရိတ်သတ်တွေဆီ အရောက်ပို့ပေးလိုက်ပါပြီ။ ဘယ်လောက်ပဲသွေးအေးတဲ့ လူသတ်သမားဖြစ်လင့်ကစား အချစ်အတွက်ဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဇာတ်ကောင်ဘစ်ရှော့အဖြစ် ကျွန်တော်တို့ရဲ့ ဟီးရိုးကြီးကိုမြင်တွေ့ရမှာပါ။ မိမိချစ်တဲ့မိန်းကလေးကို ဓါးစားခံလုပ်ပြီး အလွန်ပင်အာဏာကြီးမားတဲ့ ဒုစရိုက်ခေါင်းခေါင်းဆောင်၃ဦးကို လုပ်ကြံခိုင်းတဲ့အခါမှာ ဘစ်ရှော့ဘာတွေလုပ်မလဲ? ထိုဂိုဏ်းခေါင်းဆောင်၃ဦးကို လုပ်ကြံဖို့ ဘာတွေကြံစည်မလဲ? တစ်ကျွန်းကျနေသည့် ဂိုဏ်းခေါင်းဆောင်ကိုတစ်ကျွန်းထိလိုက်လံ လုပ်ကြံသည့်ဘစ်ရှော့ရဲ့ စွန့်စားခန်းတွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရအုံးမှာပါ။ သေချာပါတယ် ပရိတ်သတ်တွေလက်မလွတ်သင့်တဲ့ ဇတ်ကားကောင်းတစ်ကားလို့ ခိုင်ခိုင်မာမာပြောရဲပါတယ်။
*** Update From www.channelmyanmar.org
File Size       : 700Mb
Quality         : HDrip
Duration      : 1hr 40 min
Translator   : Soe Htwe
Encoder       : Nyein Saeyar Aung

Download Here (700Mb)

 

Download Here (340Mb)


The Shawshank Redemption (1994) (မြန်မာစာတန်းထိုး)


မိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ…..မသေခင်ကြည့်သင့်သော ကားများ….ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။
ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘ၀၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့အကြောင်းလေးပါပဲ။
ရုပ်ရှင်လေးက ရိုးရှင်းပေမယ့်….ဒါရိုက်တာတိုင်း အိပ်မက်မိမယ့် အောင်မြင်မှုတွေ ရရှိသွားခဲ့ပါတယ်။ အော်စကာ လျာထားမှု (၇) နေရာ တခြား ဆုပေါင်းများစွာ နဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုပေါင်းများစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ ခင်ဗျားတို့ဆီက မျက်ရည်တွေ ချူနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ ဘ၀တွေကို ဘယ်လိုရှင်သန်ခဲ့မိပြီလဲလို့ ပြန်တွေးမိစေပါလိမ့်မယ်။ ဘ၀ရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးမိသွားပြီလားလို့ သံသယဖြစ်လာပါလိမ့်မယ်။ တခါမှ မတွေးမိသေးတာ ဖြစ်နိုင်မယ့် လက်ရှိဘ၀ရဲ့ လွတ်လပ်မှုတန်ဖိုးကို တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ နောက်ဆုံးမှတော့ ပျော်ရွင်မှုလေး တစ်ခု ခံစားရင်း အဆုံးသတ်သွားပါလိမ့်မယ်လို့…..

File Size : 1 Gb / 500 Mb
Duration : 2 hr 22 min
Quality : 720p HD
Translator : Sherlock
Encoder      :   Joker@phs / Littleneo



 *** Update From www.channelmyanmar.org

Keeping Mum (2005) မြန်မာစာတန်းထိုး




IMDb 6.8 ရရှိပြီး Rotten Tomatoes မှာ တော့ 5.9 rating ရရှိခဲ့ပါတယ် သည် ဇာတ် ကားထဲမှာဆိုရင် မစ္စတာဘင်းန် ကို ကျ နော် တို့မြင် တွေ့ နေကျ ပုံစံမျိုးနဲ့မဟုတ် ပဲ မတူကွဲပြားတဲ့ ဇာတ် ကောင် စရိုက် နဲ့ တွေ့မြင် ရမှာပါ ပြီး တော့ သည် ဇာတ် ကားဟာရသမျိုးစုံကိုလည်း ပေးစွမ်းနိုင် မှာပါ
လူသားတစ် ယောက် ရဲ့ စိတ္တဇဆန် တဲ့ အချစ် မေတ္တာ ခင် ပွန်းသည် တစ် ယောက် ရဲ့ ဇနီးအ ပေါ်ထားသင့် တဲ့ ဝတ္တရား ဇနီးတစ် ယောက် ရဲ့ခင် ပွန်းသည် အ ပေါ် ထားရှိသင့် တဲ့ သစ္စာတရား မိဘတစ် ဦးရဲ့ သားသမီးအ ပေါ်ထားတတ် တဲ့ စေတနာ တွေ နောက် လောက ကြီးမှာ နေထိုင် အသက် ရှင် တော့မယ် ဆိုရင် ဘာ တွေလိုအပ် တယ် ဘာ တွေကို တော့လစ် လျှုရှု့သင့် တယ် ဆိုတာ တွေကိုပါ အားလုံးခြုံငုံသုံးသပ် ပြထားခဲ့ပါတယ် ဇာတ် လမ်းက ဒရာမာ ဇာတ် လမ်းဆို တော့ အစပိုင်း အေးတယ် ထင် ရ ပေမယ့်  နောက် ဆုံးပိုင်း ရောက် အောင် ဆွဲ ခေါ်သွားနိုင် မှာပါ
တစ် ခု တော့ကြိုတင် သတိ ပေးလိုက် ပါရ စေ 18+အခန်း အနည်းငယ် ပါဝင် တာ ကြောင့် ………….ဟဲဟဲ your own risk ပါလို့………
File Size : 740 MB
Quality : Blu ray 720P
Running Time : 1hr 39 minute
Format : Mp4
Genre : Comedy, Crime, Thriller
Encoder : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Min Thet Oo ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org

Central Intelligence (2016) မြန်မာစာတန်းထိုး


Bob Stone (Dwyane Johnson) ဟာ ငယ်ငယ်တုန်းက အရမ်းဝလို့ အနိုင်ကျင့်ခံခဲ့ရတဲ့သူဖြစ်ပေမဲ့ အထက်တန်းကျောင်းသား ပြန်လည်တော့ ဗလတောင့်တောင့် ကြမ်းကြမ်းတမ်းတမ်းဖြစ်နေပါတယ်။ အဲမှာသူတွေ့ဆုံခဲ့တာကတော့  Calvin Joyner (Kevin Hart) ဆိုတဲ့ သူပါ။ Calvin ဟာ ငယ်ငယ်တုန်းက အရမ်းတော်ခဲ့တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပေမဲ့ ခုတော့ စကားပြောအရမ်းမြန်လှတဲ့ စာရင်းကိုင်တစ်ယောက်ဖြစ်နေပြီး သူ့ငယ်ဘဝကို ပြန်လိုချင်နေတဲ့သူ။
Stone ဟာ ခုတော့ CIA Agent တစ်ယောက်ဖြစ်ပြီး Calvin ရဲ့ အတွက်အချက် စွမ်းရည်တွေရဲ့အကူအညီနဲ့ US Satellite တစ်ခုကို ပြန်လည်ကယ်တင်ရမှာဖြစ်လို့ အတန်းဖော်နှစ်ယောက်တွဲပြီး နှစ်ဖက်ချွန်လုပ်တာ၊ ပစ်တာခတ်တာတွေကြား ကမ္ဘာကြီးကို ကယ်တင်ဖို့လုပ်ရပါတော့တယ်။
မင်းသားကြီး Dwayne Johnson နဲ့ Kevin Hart တို့ပါဝင်သရုပ်ဆောင်ထားပြီး Rawson Marshall Thurber က ရိုက်ကူးထဲ့ Crime/Action ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Warner Bros. က ဖြန့်ချိတာဖြစ်ပြီး အခုလက်ရှိ IMDB 8/10 ရထားပါတယ်။ US မှာ June 17 ရက် ရုံတင်မှာဖြစ်ပါတယ်။
File Size : 800 MB
Quality : HD 720P
Running Time : 1hr 47 minute
Format : Mp4
Genre : Action, Comedy,Crime
Encoder : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းကိုတော့ Datsin မှ ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။)

The Departed (2006) - မြန်မာစာတန်းထိုး


တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။ The Departed (2006) (Rating 8.5/10) ဆိုတဲ့ကားးပါ။
မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (Rating 8.1/10) ဆိုတာပါ။

ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ …
ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကိုလည်း နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာက လည်း ဒီ ရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။

သာမာန်အားဖြင့် ရုပ် လက်ခဏာ အရ Matt Damon ကို အကောင်း Dicaprio ကို အဆိုး ထားရမှာ ဖြစ်ပေမဲ့ ဒီ ရုပ်ရှင်မှာတော့ ပြေါင်းပြန် ပြန်ထားတာမို့ ထူးဆန်းမှု တစ်ခုပေါ့။ ကြည့်ရင်းနဲ့ သူတို့ မူလ ရုပ်ပျောက်ပြီး Matt ကို အမြင်ကပ် Dicaprio ကို သနားလာအောင် သရုပ်ဆောင်နိုင်တာမို့ စီစဉ်သူရော သရုပ်ဆောင်တွေပါ မှော်အောင်တယ်လို့ ခံစားရပါတယ်။

ဇာတ်လမ်း သဘော အရ …

Jack Nicolson က ဒေသ တစ်ခု က Gangster ပါ။ ရပ်ကွက်ထဲက ဆိုးတဲ့ စရိုက်ရှိတဲ့ ကောင်လေးတွေ၊ သူ့ကို အထင်ကြီးတဲ့ ကောင်လေးတွေ၊ သူ့စကား နားထောင်မဲ့ ကလေးတွေကို ပေးကမ်းကျွေးမွေးထားတဲ့ သူတစ်ယောက်ပေါ့။
သူ့ လက်တံရှည်တာမို့ သူ့ ဒုစရိုက်မှုတိုင်း သက်သေမရှိပဲ သူ လွတ်နေလို့ ရဲ တွေ က အမှားစောင့်ကြည့်ရုံပဲ ကြည့်နိုင်တာပါ။ဒီ ကြားထဲမှာမှ ရပ်ကွက်ထဲမှာ ဦးလေး နဲ့ နေတဲ့ ကလေးလေးကို ငယ်ကတည်း စ စည်းရုံး ကျောင်းထား၊ ကျောင်းပြီး တဲ့ အချိန်မှာ ရဲ တပ်ဖွဲ့ထဲကို ပို့ပါတယ်။ အဲဒီ ကောင်လေးက Matt Damon ပါ။

တချိန်တည်းမှာပဲ တခြါးနေရာက မိသားစု မှာ ဒုစရိုက် နာမည်ပျက်တွေ ပြည့်နေတဲ့ ကောင်လေးတစ်ယောက်ကလည်း မိသားစု ကို စိတ်ကုန်ပြီး ရဲတပ်ဖွဲ့ထဲကို ဝင်ပါတယ်။ Dicaprio ပါ။ တပ်ဖွဲ့မတူပေမဲ့ ထူးချွန်တာ တူတာမို့ အထူးတပ်ဖွဲ့က အင်တာဗျူးပြီး ခေါ်တဲ့ အခါမှာ Gangster Jack Nicolson ရဲ့ မွေးစားသားက အမဲစက် ရက်ကော့မရှိပဲ လူကြီးကြိုက် နဲ့ ရာထူး တစ်နေရာရသွားပါတယ်။

Dicaprio ကတော့ မိသားစု အမဲစက်နဲ့ လူကြီး မျက်စိစူးပြီး Undercover ရဲ အနေနဲ့ ပဲ နေရမယ် လို့ ကမ်းလှမ်းခံရပါတယ်။

Martin Sheen ၊ Mark Wahlberg (နောက်ဆုံး Transformer ကားရဲ့ မင်းသား) ၊ Alec Baldwin တို့က အထက်လူကြီးတွေပေါ့။ Undercover ရဲ Dicaprio ရဲ့ ကိုယ်ရေးမှတ်တမ်းက Martin Sheen နဲ့ Mark Wahlberg တို့ပဲ သိထား ကိုင်ထားခွင့်ရှိတာဖြစ်ပါတယ်။

Matt Damon က သူ့ မွေးစား အဖေ ကို စောင့်ကြည့်ဖမ်းဆီးရမဲ့ အထူးတပ်ဖွဲ့ထဲ ရာထူးတွေ တိုးတိုးလာချိန် တစ်ဖက်မှာ လည်း Dicaprio က လူဆိုး ခေါင်းဆောင် Jack Nicolson နားမှာ နေရာ တစ်ခု ရသူဖြစ်လာပါတယ်။ သူလျှို ၂ ယောက် ဟိုဘက် ဒီ ဘက် သီတင်း အပြန်အလှန် ပေးနိုင်မှုတွေ ရဲတပ်ဖွဲ့ နဲ့ လူ ဆိုးဂိုဏ်း ကြား ညာဏ်ကစားမှုတွေကို တဖြေးဖြေးချင်းရိုက်ပြသွားတာပါ။
ရုပ်ရှင်အညွှန်း - မမချွိ (mandalaygazette.com)
 
 
 
 
Powered by Blogger.