Latest Movie :

Naam Hai Akira (2016) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ ၂၀၁၆ ထွက် ဘောလိဝုဒ်ကားကောင်းလေးပါပဲ...
ဒါရိုက်တာကလည်း နာမည်ကြီး GHAJINI(2008) ရဲ့ဒါရိုက်တာ၊
မင်းသမီးကလည်း  ရက်ပါ၊သရုပ်ဆောင်၊ ဒီဇိုင်းနာ ဖြစ်တဲ့ Sonakshi Sinha....
ဗီလိန်ခေါင်းဆောင်ကလည်း သရုပ်ဆောင် ပီပြင်လွန်းတဲ့ Anurag Kashyap....
ဇာတ်လမ်းအကျဉ်းကတော့....
မြို့ငယ်လေးတစ်ခုမှာ မွေးဖွားကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက် အကြောင်းပါ...
စကတည်းကို....ဒီလိုဖြစ်မယ်ထင်တယ်...ဟိုလိုဖြစ်မယ်ထင်တယ် ဆိုပြီး 
ကိုယ့်ထင်ကြေးနဲ့ တစ်ခုပြီးတစ်ခု မှန်းဆရတာ မလွယ်တဲ့ ဇာတ်လမ်းပါ
မိန်းမငယ်တစ်ဦးရဲ့ စိတ်ဓာတ်ခွန်အားကို ခပ်ကြမ်းကြမ်းလေး..စမ်းသပ်ထားတာပါ...
အရာရာမှာ....အမည်းစက်ကြီးတစ်ခုနဲ့ အသက်ရှင်နေရတာ....
အားနည်းချက်တစ်ခုနဲ့ အသက်ရှင်နေရတာ...
လူတိုင်းလုပ်နေကျအရာနဲ့ သွေဖီလိုက်ရင်ကြုံတွေ့ရတာ...
ကျော်လွှားနိုင်ပါ့မလားဆိုတာကို....ကြည့်စေချင်မိပါတယ်
.
.ကျွန်တော် ကြည့်ပြီးတဲ့အချိန်မှာ .... စဉ်းစားမိတာက...
ငါလည်း...သေဘေးနဲ့ကြုံရင် ဘယ်လိုစိတ်နဲ့ တည်ငြိမ်အောင်လုပ်မလဲ....
လူငယ်ပဲဖြစ်ဖြစ်..ကလေးပဲဖြစ်ဖြစ်...
လူကြီးအရွယ်အထိ အတွေ့အကြုံ အသိဉာဏ် မဖွံ့ဖြိုးသေးချိန်မှာ
အခက်အခဲတစ်ခုကို ဖြေရှင်းနိုင်လောက်တဲ့ ရင့်ကျက်စိတ်ထားရှိဖို့ မလွယ်ပါဘူး
မှားခဲ့ရင်လည်း...ကလေးမို့လို့...လူငယ်မို့လို့....ချွင်းချက်မပေးပါဘူး....
ထိုက်သင့်တဲ့ဒဏ် ခံရမှာပါ....
သို့သော်...ရလာတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိဖို့နဲ့...ဆင်ခြင်တက်ဖို့ ပညာပေးတယ်လို့...
ခံယူမိပါတယ်...
ကြည့်ရှုသူအပေါင်းကို အသိပေးချင်တာက..."ဟာ" တို့.."ဟင်" တို့ အံသြသံ သက်ပြင်းချသံ များထွက်အောင် လုပ်နိုင်စွမ်းပါတယ်.....အားမလို အားမရတွေလည်း ဖြစ်မယ်.....
ဟိုပုံပြင်လိုပေါ့.....ကံကောင်းချင်တော့...ဘာဖြစ်သွားတယ်..
ဒါပေမဲ့..ကံဆိုးချင်တော့ ...ဘာဖြစ်သွားတယ်
နဲ့....ဆွဲဆောင်သွားမှာပါ....
Credit To : Film2mm.com
 
IMDB - 6.1/10 ရထားတဲ့ဘောလီးဝုဒ်ဇာတ်ကားဟာ 2h:17mins ကြာမြင့်ပါတယ်။
725 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။






 
Share this article :

Post a Comment

Powered by Blogger.