Latest Movie :
Recent Movies
Showing posts with label Fantasy. Show all posts
Showing posts with label Fantasy. Show all posts

Nine Lives (2016) - မြန်မာစာတန်းထိုး






နာမည်ကျော် သူဌေးကြီး တွမ်ဘရန့် ဟာ သူ့မြို့မှာ အထပ်အမြင့်ဆုံး အဆောက်အဦးတစ်ခုကို တည်ဆောက်ပြီး
မှတ်တမ်းဝင်နိုင်ဖို့ လုပ်နေပါတယ် ဒါပေမယ့် သူ့သမီးလေး မွေးနေ့ကိုလဲ မေ့နေပြန်တဲ့ အလွန်အလုပ်များတဲ့ သူတစ်ဦးပါ…
တွမ် မှာ ပထမ အိမ်ထောင်ရှိခဲ့ပြီး သားတစ်ယောက် ရှိပြီး ထိုသားဖြစ်သူ ဒေးဗစ် မှာလဲ ဖခင် ၏ အသိအမှတ်မပြုခံရတဲ့အပြင်
ဖခင် အား မြင်ချင်တွေ့ချင်သဖြင့် ဖခင် ၏ အလုပ်တွင် ၀န်ထမ်းလာလုပ်နေရသူ ဖြစ်ပါတယ်…
မိသားစု အား အမြဲလိုလို အချိန်ပေးဖို့ မစဉ်းစားပဲ မိမိ အလုပ်ကိုသာ ဦးစားပေးတက်သော တွမ် ၏ ဒုတိယ အိမ်ထောင်တွင်
ရရှိထားသော သမီးဖြစ်သူ ရေဗက္ကာ သည် အထီးကျန်နေသော သူမ အတွက် ကြောင်ကလေး တစ်ကောင် ပူဆာသဖြင့်
ကြောင်မုန်းလှသော တွမ် တစ်ယောက် လမ်းဘေး ချောင်ကြိုချောင်ကြား တစ်ခု မှ မစ်စတာ ပါကာ ၏ ကြောင်သီးသန့် ရောင်းသော
ဆိုင်သို့ ရောက်ရှိသွားပြီး ကြောင်လေးတစ်ကောင်ကို ၀ယ်ယူလိုက်ပါတယ်…
ထိုဝယ်ယူလိုက်သော နေ့မှာပဲ တွမ် တစ်ယောက် ကံဆိုးမိုးမှောင်ကျကာ သူ ပြိုင်ဆိုင် ဆောက်နေသော အထပ်အမြင့်တိုက်ပေါ်မှ ပြုတ်ကျကာ
မသေရုံတမယ် မေ့မျှောသွားပါတော့တယ်…
သူပြန်သတိရလာသော အခါတွင်တော့ သူဌေးကြီး တွမ်ဘရန့် မဟုတ်တော့ပဲ သူ့သမီးကို လက်ဆောင်ပေးရန် ၀ယ်ယူလာသော
ကြောင်လေး တစ်ကောင်သာ ဖြစ်သွားခဲ့သောအခါ…..
ဒီ ဟာသ ဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ Channel Myanmar Translator ဖြစ်သူ Tariq L Walker ပဲ ဖြစ်ပါတယ်..
(Thit San Khant)





Credit To : www.channelmyanmar.org 

Koi… Mil Gaya (2003) - မြန်မာစာတန်းထိုး




IMDb (7.1/10)….Rotten Tomatoes(75%)
မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။
Koi….Mil Gaya (2003)
အဓိပ္ပါယ် ကတော့ I…found someone ဖြစ်ပါတယ်။ဒီဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့
ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ
ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့
ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ
ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး
မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပေမယ့် လူစွမ်းကောင်း Krrish မွေးဖွားဖို့ ဒီဇာတ်ကားပအစပြုထားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လဲ အတော်ကောင်းမွန်ပြီး Rating မြင့် ဘောလိဝုဒ်ဇာတ်ကားပါ။
(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1.2GB)
Quality…DVD-Rip 720p
Format…mp4
Duration….02:59:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.2GB)

 

Watch And Download Direct Link (1.2GB)

 

Watch And Download Pcloud (680MB)


Watch And Download Direct Link (680MB)

True Memoirs of an International(2016)မြန်မာစာတန်းထိုး

True Memoirs of an International Assassin (2016) ကားကတော့ ဟာသရော အမိုက်စား အက်ရှင်ခန်းတွေကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ
ဒီဇာတ်ကားမှာဆိုရင် အူကြောင်ကြောင် ကုမ္ပဏီဝန်ထမ်း Sam ဟာဆိုရင် action ဝတ္ထုရေးတာကို အရမ်းရူးသွပ်ပြီး သူ့တစ်ဘဝလုံး ဝတ္ထုတွေရေးနေခဲ့ပေမယ့် ပုံနှိပ်ထုတ်ဝေခြင်း မလုပ်နိုင်တဲ့ စာရေးဆရာတစ်ယောက်ပါ တစ်နေ့မှာ သူ့ရဲ့ နိုင်ငံတကာကြေးစားလူသတ်သမားတစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းဆိုတဲ့ စိတ်ကူးယဉ်ဝတ္ထုကို လိုင်းပေါ်မှာ e-book အဖြစ် ထုတ်ဝေပေးမယ့်သူ ပေါ်လာခဲ့ပါတယ် ဒါပေမယ့် တကယ်တမ်းသူ့စာအုပ် လိုင်းပေါ်ရောက်တဲ့အခါမှာတော့ ဖြစ်ရပ်မှန်ဆိုတဲ့ စကားလုံးတစ်လုံးအပိုပါလာပြီး မထင်မှတ်လောက်အောင် ရောင်းအားကောင်းတဲ့စာအုပ်ဖြစ်သွားပါတယ်
တခြားတစ်ဖက်မှာ ဒီစာအုပ်ကြောင့် သူ့ကိုခြိမ်းခြောက်ပြီး ကြေးစားလုပ်ခိုင်းချင်တဲ့ နိုင်ငံရေးသမားတွေ မူးယစ်ရာဇာတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရတဲ့အခါမှာတော့ Sam တစ်ယောက် သူ့စာအုပ်ထဲက တကယ့် ပရော်ဖက်ရှင်နယ် ကြေးစားအဖြစ် ဘယ်လိုဖြေရှင်းမလဲဆိုတာ ဟာသမြောက်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရှုခံစားနိုင်ဖို့တင်ဆက်လိုက်ပါတယ်

Credit To : www.goldchannelmovies.com
Review and Translate by ဆလတ်ရွက်
Encoded by Hein Min Htet
Quality-Webrip 720p
700mb


Fantastic Beasts and Where to Find Them (2016) - မြန်မာစာတန်းထိုး

လက်ရှိအောင်မြင်နေတဲ့ဇာတ်ကားတကားဖြစ်တဲ့အလျောက် ရုပ်ရှင်ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားကောင်းတလက်ဖြစ်ပါတယ်။ Flim2mm မှ admin ဖြစ်တဲ့ R!B မှမြန်မာဘာသာပြန်ဆိုထားပြီး cam version ကို တင်ဆက်လိုက်ပါပြီ။ ဒေါင်းသင့်မဒေါင်းသင့် ကြည့်ရှုရန် ScreenShots များတင်ပြပေးလိုက်ရပါတယ်။
r@bp!G
အခုလက်ရှိရုံတင်ပြသနေတဲ့ Fantastic Beasts and Where to Find Them ကတော့ ရုံတင်ပြသပြီးတစ်လခန့်မှာ Global Box Office ဝင်ငွေ $500 million ကျော်ရရှိသွားပြီပဲဖြစ်ပါတယ်။ Harry Potter စာရေးဆရာမဖြစ်တဲ့ J.K. Rowling အတွက် နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူလိုက်နိုင်တယ်ဆိုလဲမမှားပါဘူး။ Fantastic Beasts and Where to Find Them အတွက် Budget $180 million အထိအသုံးပြုခဲ့တာဖြစ်ပြီး အချိန်အတိုင်းအတာကာလတစ်ခုမှာ အခုလိုဝင်ငွေတွေပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
.
လက်ရှိဒီတစ်ပတ် Weekend Box Office မှာတော့ No.2 နေရာမှာရပ်တည်နေတဲ့ Fantastic Beasts and Where to Find Them ကို Director David Yates ကရိုက်ကူးထားပြီး Fantastic Beasts ကိုစုစုပေါင်းဇာတ်ကား ငါးကားအထိရိုက်ကူးသွားမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါ 5 ကားလုံးကို Director David Yates ကပဲရိုက်ကူးသွားမယ်လို့သိရပါတယ်။
ပရိသတ်ချစ်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီပေါ်တာနဲ့ သူ့ရဲ့ Hogwarts ကျောင်းတော်က သူငယ်ချင်းတွေမပါ ၀င်ပေမယ့် သူမရဲ့မှော်ရုပ်ရှင်ဇာတ်ကားသစ် "Fantastic Beasts and Where to Find Them" ဇာတ်ကားကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ J.K. Rowling က ပြောပါတယ်။
ငါးကားထွက်ဖို့ စီစဉ်ထားပြီး ပထမဆုံး စတင်ထွက်ရှိမယ့် ဟယ်ရီပေါ်တာကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ "Fantastic Beasts" ရုပ်ရှင်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေပါဝင်နေမယ်လို့တော့ ဗြိတိန်စာရေးဆရာမ က ပြောကြားထားပါတယ်။
သူမက သတင်းစာရှင်းလင်းပွဲမှာ “ကျမတို့လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီးပါပြီ၊ ကျမအမြဲတမ်း ပြောပြချင်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောခွင့်ရပါပြီ၊ ပရိတ်သတ်တွေကလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဟယ်ရီပေါ်တာဟာ ဒီရုပ်ရှင်ထဲမှာမပါဘူးဆိုတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက သူဟာမမွေးသေးလို့ပါ၊ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာ အဲ့ဒီမှော်ကမ္ဘာရဲ့အငွေ့အသက်တွေကိုခံစားရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကိုလည်း ပိုမိုသိရှိရမယ်” လို့သူမကထပ်ပြောခဲ့ပါသေးတယ်။
“Fantastic Beasts and Where to Find Them" ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက အဖြစ်အပျက် တွေမဖြစ်ခင် နှစ်၇၀ ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေနဲ့ သူတို့ရဲ့ မှော်ပညာ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Newt Scamander ဆိုတဲ့ မှော်တိရစ္ဆာန် ကျွမ်းကျင် ပညာရှင်ဟာ နယူးယောက်မြို့ကို ရောက်လာခဲ့ပြီး သူ့ရဲ့လက်ဆွဲအိတ်ထဲက ထူးဆန်းတဲ့ သတ္တ၀ါတွေ လွတ်သွားတဲ့အကြောင်းကို ရိုက်ထားဖြစ်ပါတယ်။
Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p HDCam MP4
[GENRE]:………………………… .:[ Adventure, Family, Fantasy
[FILE SIZE]:……………………….:[ 572 MB
[RESOLUTION]:………………….:[ 720x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 13mins
[iMDB RATING]:……………………..:[ 7.8/10

ScreenShots





Hot Shot (1991) မြန်မာစာတန်းထိုး

Hot Shot (1991) မြန်မာစာတန်းထိုး
တွမ်ခရုစ်ရဲ့ Top Gun ကို ပြောင်ထားတဲ့ Hot Shot! (1991) ဟာ 90’s Kid တွေကြားမှာတော့ အလွန်ရေပန်းစားခဲ့တဲ့ စွန့်စားခန်း ဟာသဇာတ်ကားတစ်ခု ဖြစ်ပြီး Police Acamedy လိုမျိုး ရှားရှားပါးပါး စစ်ကားဟာသဇာတ်မြူးလည်း ဖြစ်ပါတယ်။ Hot Shot အလွန်အောင်မြင်ခဲ့တဲ့အတွက် နောက်ဆက်တွဲ Hot Shot! Part Deux (1993) ဆိုပြီး ရမ်ဘိုကို ပြောင်ထားတဲ့ ရုပ်ရှင်လည်း ထပ်ထွက်ခဲ့ပါသေးတယ်။ ဟာသအက်ရှင် ဆိုတဲ့အတိုင်း အက်ရှင်ခန်းတွေမှာ အလွဲလွဲ အချော်ချော်နဲ့ ကမောက်ကမ ဖြစ်တာတွေကို ပွဲကျအောင် ဟားရမှာ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ ဇာတ်ကားကောင်းများကို သိမ်းဆည်းထားချင်သူများအတွက်လည်း ကိုကျော်ဝင်းသူက စကားလုံးတစ်လုံးချင်းစီကအစ သေချာဘာသာပြန်ပေးထားတာမို့ ဇာတ်ကားရဲ့ အရသာကို အပြည့်အ၀ခံစားနိုင်မှာ ဖြစ်ပါတယ်။
ဇာတ်လမ်းကို မှတ်မိချင်ရင်တော့ အစဖော်ပေးမယ်နော်။ တော့ပါးဟာလေးက ထိပ်တန်းလေသူရဲတစ်ဦးဖြစ်ပြီး အမေရိကန်လေတပ်က သူ့ကို ဆက်ဒန်ဟူစိန်ရဲ့ နျူကလီးယားဗုံးစက်ရုံကို ဖျက်ဆီးပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ အမြဲတလွဲတွေ ဖြစ်တတ်တဲ့ တော့ပါးတစ်ယောက် ကြီးမားတဲ့ သူ့တာဝန်ကို ဘယ်လိုများပြီးအောင် ဆောင်ရွက်မှာလဲဆိုတာကိုတော့…။
Credit To : www.goldchannelmovies.com
Review by: Waiyan Philip
Translate by: Win Kyaw Thu
Encode by: Waiyan Philip
Quality -720P HD
Size 600MB


Love O2O Chinese Drama Series (2016) မြန်မာစာတန်းထိုး (Complete)



ကွန်ပျူတာသိပ္ပံမေဂျာရဲ့နာမည်ကြီးကျောင်းသား ရှောင်းနိုင်ဟာ ဂိမ်းတွေကိုရေးဆွဲဖန်တီးနိုင်တဲ့IQ ကြောင့်အပြင် ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်ကြောင့် ကျောင်းသူတွေအားလုံးရဲ့သဲသဲလှုပ်ခြင်းခံရသူဖြစ်ပါတယ်
အေးတိအေးစက်အမှုအရာတွေနဲ့ ဘယ်မိန်းကလေးကိုမှမချစ်တက်သေးပေမဲ့ သူဖန်တီးထားတဲ့ဂိမ်းကိုဝင်ဆော့ရင်း မိန်းကလေး player တွေထဲမှာ နာမည် ကြီးနေတဲ့ ကောင်မလေးကို တွဲကစားဖို့ပူးပေါင်းခဲ့ရင်း တစ်စထက်တစ်စချစ်မိသွားခဲ့တဲ့အခါမှာတော့. . ။
သူစိတ်ဝင်စားမိတဲ့ကောင်မလေးကတော့အခြားမဟုတ်ပါဘူး သူတို့မေဂျာရဲ့Queen ပေဝေဝေပါပဲ ပေဝေဝေဟာ သူတို့မေဂျာက မိန်းကလေးတွေနဲ့မတူအောင်ဥာဏ်ကောင်းပြီး ဂိမ်းဆော့တဲ့နေရာမှာလည်းထူးချွန်သူပါ။ ဂိမ်းထဲကဇာတ်ကောင်တွေကိုရိုက်ပြတဲ့ အခါတကယ့်လူအစစ်ကို အစားသွင်းထားတာကြောင့် ဒီနေ့ခေတ်သွင်ပြင်ရော သိုင်းချစ်သူများအကြိုက် သိုင်းဇာတ်လမ်းပုံစံရော ရိုက်ကူးထားတဲ့တမူ
ထူးခြားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဂိမ်းထဲမှာ အတူကစားကြရင်း သံယောဇဉ်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်
ယောက်အပြင်မှာဘယ်လိုပုံစံနဲ့တွေ့မှာလဲ ဘာတွေဖြစ်လာမလဲ အစရှိသဖြင့်
ကြည်နှုးစရာ ကျောင်းသားလူငယ်တွေရဲ့စရိုက်လေးတွေကြားစီးမျောရင်းကိုယ်
တိုင်ကျောင်းပြန်တက်ချင်တဲ့စိတ်နဲ့သိုင်းချစ်သူ ဂိမ်းချစ်သူတို့အကြိုက် စိတ်လှုပ်ရှား ရင်ခုန်ဖွယ် ဇာတ်ကွက်များနဲ့ ကြည့်ပျော်စေမယ့် Love 020 ဇာတ်လမ်းတွဲကို Gold Channel ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။
Credit To : www.goldchannelmovies.com
Reviewed by: Julia Wine
Translated by: hT aG, Phyo Thant, Julia Wine, Alice Ei Phyu, Winnie Ngoon, မုန်းမာန်, Chue Chue
Encoded by: Sugar
Size: 250 MB
















 

Doctor Strange (2016) - မြန်မာစာတန်းထိုး


ယခုလက်ရှိ ရုံတင်နေဆဲ ဒေါက်တာစထရိန်းကို cam version နဲ့ တင်ပေးလိုက်ပါတယ်။ cam version ဆိုတဲ့အတွက်ကြောင့် ကွာလတီအကောင်းမဟုတ်ပါဘူး၊ အကြည်မဟုတ်ပါဘူးဆိုတာ  သသေချာချာပြောပါရစေ။ ဒေါင်းပြီးမှ တောက်တခေါက်ခေါက်ဖြစ်နေမှာစိုးလို့နော်။ နမူနာအနေနဲ့  screen short တင်ပေးလိုက်ပါတယ်။

ရုပ်ရှင်အညွှန်း~~~

Stephen Strange ဆိုတာ ကမ္ဘာပေါ်မှာ အတော်ဆုံး အာရုံကြောခွဲစိတ် ဆရာဝန်တစ်ယောက်။ မာနလည်းကြီးပြီး မောက်မာတယ်။ တစ်ရက်မှာတော့ ကား အက်ဆီးဒင့်ဖြစ်ပြီး ဒဏ်ရာအကြီးအကျယ်ရသွားတဲ့အတွက် လက်ဟာ အမြဲတုန်နေလို့ ခွဲစိတ်လို့ လုံးဝမဖြစ်နိုင်တော့ဘူး။ စာသင်စားလို့ရပေမဲ့လည်း မာနကြီးတဲ့ Strange က သူ့လက်ပြန်ကောင်းအောင် ကမ္ဘာပတ်ပြီး နည်းလမ်းရှာပါတယ်။ အဲမှာတော့ Ancient One ဆိုတဲ့ မှော်ဆရာ တစ်ယောက်နဲ့  တွေ့ရာက   မှော်အတတ်ကို သင်ကြားဖြစ်ခဲ့ပြီး Strange ဟာ ကမ္ဘာ့အတော်ဆုံးနဲ့ အစွမ်းထက်ဆုံး မှော်ဆရာ Supreme Sorcerer Doctor Strange ဆိုတာဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

Marvel ရဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး ထွက်ရှိနေတဲ့ Marvel Cinematic Universe နဲ့ချိတ်ဆက်ထားပါတယ်။ နောက်ပိုင်း Infinity War တွေမှာလည်း ပါလာဖို့ရှိပါတယ်။ Doctor Strange အဖြစ် Sherlock Series နဲ့ နာမည်ကျော်တဲ့ Benedict Cumberbatch က သရုပ်ဆောင်ပြီး Scott Derrickson ကရိုက်ကူးပါတယ်။ Marvel Entertainment က ထုတ်လုပ်ပြီး Disney က ဖြန့်ပါတယ်။
ရုပ်ရှင်အညွှန်း -  Datshin

Credit To : Flim2mm.com
IMDB 8.0 ရရှိနေပြီး box office မှာ ဦးဆောင်နေတဲ့ ဇာတ်ကားဟာ 1h:55mins ကြာမြင့်ပါတယ်။  515 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Screen Shorts


 
 

Legend Of Ravaging Dynasties (2016) - မြန်မာစာတန်းထိုး


ဒီတစ်ခါတော့ပရိတ်သတ်တွေကိုအခုတလောနာမည် ကြီးနေတဲ့ဇတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ပရိတ်သတ်တွေလည်းအတော်တောင်းဆိုထားတာများ တဲ့အတွက်အသစ်ကိုမှကြည့်ချင်သူတွေအတွက်တင် ဆက်ပေးလိုက်ပါတယ်ဇတ်ကားကတော့တရုတ်ကာ တွန်းကားလေးပုံစံပါပဲဒါပေမဲ့ဇတ်ကောင်တွေကိုလူနဲ့ တသွေမတိမ်းတူအောင်လုပ်ဆောင်ထားနိင်တာကဒီ ဇတ်ကားရဲ့ထူးခြားမှုလေးပါတရုတ်တွေရဲ့အရည်အချင်း ကောင်းတွေကိုလည်းမြင်တွေ့ရမယ့်
ဇတ်ကားကောင်းတစ်ကားပါပဲမိဘမဲ့လူငယ်လေးတစ်ယောက်နဲ့မထင် မှတ်ပဲတွေ့ဆုံခဲ့တဲ့မိန်းမလှလေးတစ်ဦးနဲ့ရဲမတ်တစ်ဦး ရဲမတ်လေးနောက်ကိုလိုက်ပြီးမှော်ပညာသင်ယူဖို့ကြိုး စားတဲ့လူငယ်လေးထာဝရကျွန်းကိုသွားပြီးမှော်လက် နက်သွားရှာတဲ့အခါဘယ်လိုလူမျိုးတွေသတ္တဝါဆန်းတွေ နဲ့တွေ့ရမလဲစသဖြင့်(animation)ပိုင်းကပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းကြိုက်တဲ့သူတွေ အတွက်ကတော့နောက်ထပ်အကောင်းပါပဲလို့ပြောကြား ရင်းအညွန်းသိပ်မပေးလိုတော့ပဲဇတ်ကားလေးသာ ဒေါင်းကြည့်ပါလို့အကြံပြုရင်း
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုစိုးထွေးဖြစ်ပါတယ်




Pete’s Dragon (2016)






Disney ရဲ့ ၂၀၁၆ ထွက် လက်ရာကောင်းတစ်ခုပါပဲ။ IMDb 7.2 ရထားပါတယ်။ ဇတ်လမ်းအကျဉ်းလေးကတော့ ၅ နှစ်သားမှာ ကားမှောက်ပြီးမိဘ၂ ပါးလုံး ဆုံးသွားတဲ့ ကလေးလေး Pete၊ တောနက်ထဲမှာ တစ်ယောက်တည်းဖြစ်နေတုန်း သူ့လိုပဲ တစ်ကောင်တည်းအထီးကျန်နေတဲ့ နဂါးကြီးနဲ့တွေ့ပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ နဂါးကို နဂါးလို့ခေါ်မှန်းတောင် မသိတဲ့ Pete လေးဟာ နဂါးမိတ်ဆွေလေးကို သူ့ပုံပြင်စာအုပ်ထဲက အက်လီရက် ဆိုတဲ့နာမည်ကိုပေးထားပြီ တောထဲမှာ ၂ ကောင်သား ၆ နှစ်တိတိအသက်ရှင်နေထိုင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သစ်ခုတ်ရင်း တဖြည်းဖြည်း တောနက်ထဲထိ ကျွံဝင်လာတဲ့ အလုပ်သမားတွေနဲ့ သစ်တောအရာရှိမိသားစုလေးနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာတဲ့အခါ….

Credit To : www.channelmyanmar.org 

File Size     :   750Mb /400 Mb
Duration    :   1 : 42 :45
Quality        :   Bluray rip
Format       :   MP4
Genre          :   Adventure, Family, Fantasy
Translator :   Littleneo
Encoder      :   Littleneo

 

Watch And Download On Blog (750MB)

 

Watch And Download On Blog (400MB) 

 

 

 

Suicide Squad(2016) – မြန်မာစာတန်းထိုး




Suicide Squad(2016) – မြန်မာစာတန်းထိုး
*************************************
Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့
ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကို
ဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်း
ထပ်ပြီး မညွှန်းချင်တော့ပါဘူး။
မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်
မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါ
ဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။

ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီး
Superman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာ
ဇာတ်အိမ်တည်ထားပါတယ်။
အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုး
သာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်
Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့
စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်
Amanda Waller ဆိုတဲ့
အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်က
DC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်
ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကို
သူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကို
လွှတိပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။
Amanda ရဲ့ အကြံအစည်အောင်မြင်မလား
ဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလား
Suicide Squadအဖွဲ့သားတွေကရော
ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။
မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် 😛
ဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲ အထူးသဖြင့်
Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့
ရေပန်းစားနေတဲ့ Harley Quinn အဖြစ်
Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေ
ကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာ
ကျိန်းသေပေါက် အာမခံရဲပါတယ် ။
Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Leto
ကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့
ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။
ဒါ့ကြောင့် rating တွေ Review တွေ ဘေးခဏချိတ်
Hype ခဲ့သမျှတွေကိုခဏမေ့ပြီး မိမိအမြင်နဲ့ သာ
ကြည့်ရှုခံစားကြပြီး မိမိအမြင်နဲ့သာဝေဖန်သုံးသပ်ကြည့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ/
အော် ဒါနဲ့ ….
နောက်ဆုံးမှာ နောက်လာမယ့် Justice League ဇာတ်ကားအတွက် အစပျိုးထားတဲ့ post credits scene
ပါပါ တယ်မကြည့်ဖြစ်လိုက်မှာစိုးလို့ ကြိုပြီး
သတိလေးပေးထားပါရစေ။
(ဇာတ်ကားဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့
ကျွန်တော် Han Htoo Zaw ပဲဖြစ်ပါတယ်။)

Credit To : www.channelmyanmar.org

File size…
Quality…HD-Rip 720p
Format…mp4
Duration….02:02:47
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download On Blog 720P HD (970MB)

 

Watch And Download On Blog 360P (450MB) 

 

Watch And Download Pcloud (450MB)

 

 

 

 

 

 

 

10 Cloverfield Lane (2016) မြန်မာစာတန်းထိုး


ဒီဇတ်လမ်းလေး ရဲ့ အစမှာ ဘာစကားမှ မပြောသေးပဲ အမျိုးသမီး တစ်ဦးဟာ ချီတုံချတုံ ပုံစံ နဲ့
ခရီးတစ်ခုကို ကားနဲ့ တစ်ယောက် ထဲ ထွက်ခဲ့ပါတယ်…
ခရီးအတော်ပေါက်ခဲ့တဲ့ အချိန်မှာတော့ ဖုန်းလာပါတယ် သူမ ချစ်သူ ဆီက ဖြစ်ပြီး ပြန်လာဖို့ တောင်းပန်ပြောဆိုသံတွေနဲ့
ဘာမှ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အခန်းလဲ မရှိပါလားလို့ တွေးနေတုန်း သူမ ကား ရုပ်တရက် အက်စီးဒင့် ဖြစ်ပြီး မှောက်သွားပါတယ်…
သူမ ပြန်သတိရတဲ့ အချိန်မှာတော့ သူမ ခြေထောက် ကျိုးနေတာကို တွေ့ရပြီး ပိတ်လှောင်ထားတဲ့ အခန်းမှောင်မှောင်ထဲမှာ ရောက်နေတာကို
သတိပြုမိသွားသလို မေးခွန်းတွေ အများကြီး သူမ ခေါင်းထဲကို ၀င်လာပါတော့တယ်….
Director: Dan Trachtenberg ရိုက်ကူးထားပြီး March 11, 2016 (USA) မှာ ရုံတင်ပြသခဲ့တဲ့
အချိန်  1h 46m ခန့် ကြာမြင့်သော Fantasy/Mystery  အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်…
Box office: 108.3 million USD ရရှိခဲ့ပြီး  IMDB 7.3/10 ရရှိထားတာဖြစ်ပါတယ်
ဒီရုပ်ရှင်ကို IMDb ရဲ့ 7.3 ဆိုတဲ့ အတိုင်းအတာကို အရင်မသိသေးပဲ ကြည့်မိရင် အစပိုင်းလေးတင်
ဟာ ကြောင်တောင်တောင်နိုင်လိုက်တာ ဘာကြီးမှန်းမသိဘူး ဆိုပြီး ဖြစ်မိပါလိမ့်မယ်
ဒါပေမယ့် တွေးစရာတွေ သံသယ တွေ အများကြီး ပေးနိုင်တဲ့ ဇတ်ကွက်တွေ နဲ့ တည်ဆောက်ထားတာဖြစ်လို့
စိတ်လှုပ်ရှား ရင်ခုန်စွာ ကြည့်ရှုရမှာပါ
(သစ်ဆန်းခန့်)
===============
File size – ( 600MB )
Quality – HD Rip 1080P
Format – MP4
Subtitle – Myanmar Subtitle
Encoder – Kyaw Soe Han
*** Update From www.channelmyanmar.org

10 Cloverfield Lane (2016) - မြန်မာစာတန်းထိုး


ဒီဇတ်လမ်းလေး ရဲ့ အစမှာ ဘာစကားမှ မပြောသေးပဲ အမျိုးသမီး တစ်ဦးဟာ ချီတုံချတုံ ပုံစံ နဲ့
ခရီးတစ်ခုကို ကားနဲ့ တစ်ယောက် ထဲ ထွက်ခဲ့ပါတယ်…
ခရီးအတော်ပေါက်ခဲ့တဲ့ အချိန်မှာတော့ ဖုန်းလာပါတယ် သူမ ချစ်သူ ဆီက ဖြစ်ပြီး ပြန်လာဖို့ တောင်းပန်ပြောဆိုသံတွေနဲ့
ဘာမှ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အခန်းလဲ မရှိပါလားလို့ တွေးနေတုန်း သူမ ကား ရုပ်တရက် အက်စီးဒင့် ဖြစ်ပြီး မှောက်သွားပါတယ်…
သူမ ပြန်သတိရတဲ့ အချိန်မှာတော့ သူမ ခြေထောက် ကျိုးနေတာကို တွေ့ရပြီး ပိတ်လှောင်ထားတဲ့ အခန်းမှောင်မှောင်ထဲမှာ ရောက်နေတာကို
သတိပြုမိသွားသလို မေးခွန်းတွေ အများကြီး သူမ ခေါင်းထဲကို ၀င်လာပါတော့တယ်….
Director: Dan Trachtenberg ရိုက်ကူးထားပြီး March 11, 2016 (USA) မှာ ရုံတင်ပြသခဲ့တဲ့
အချိန်  1h 46m ခန့် ကြာမြင့်သော Fantasy/Mystery  အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်…
Box office: 108.3 million USD ရရှိခဲ့ပြီး  IMDB 7.3/10 ရရှိထားတာဖြစ်ပါတယ်
ဒီရုပ်ရှင်ကို IMDb ရဲ့ 7.3 ဆိုတဲ့ အတိုင်းအတာကို အရင်မသိသေးပဲ ကြည့်မိရင် အစပိုင်းလေးတင်
ဟာ ကြောင်တောင်တောင်နိုင်လိုက်တာ ဘာကြီးမှန်းမသိဘူး ဆိုပြီး ဖြစ်မိပါလိမ့်မယ်
ဒါပေမယ့် တွေးစရာတွေ သံသယ တွေ အများကြီး ပေးနိုင်တဲ့ ဇတ်ကွက်တွေ နဲ့ တည်ဆောက်ထားတာဖြစ်လို့
စိတ်လှုပ်ရှား ရင်ခုန်စွာ ကြည့်ရှုရမှာပါ
File size – ( 600MB )
Quality – HD Rip 1080P
Format – MP4
Subtitle – Myanmar Subtitle
Encoder – Kyaw Soe Han
*** Update From www.channelmyanmar.org

 



The Extraordinary Adventure of Adel Blanc-Sec (2010) မြန်မာစာတန်းထိုး


IMDb 6.6 ရထားတဲ့ ဇာတ်ကာကောင်းတစ်ကား တင်ဆက်လိုက်ပါရစေ…. ဒီဇာတ်ကားက ရုရှားရုပ်ပြစာအုပ် ကိုအခြေပြုရိုက်ကူးထားတာပါ။
အဒယ် ကနာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်… သူမရဲ့မတော်တဆမှု့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တဲ့ ဝေဒနာရပြီးသေလုမျောပါးဖြစ်နေရှာပါတယ် ဒါကိုမရှု့စိမ့်တော့တော့တဲ့အဆုံး ဆောင်းပါးရှင်တစ်ယောက်ရတဲ့အခွင့်ရေးကို လက်တစ်ဆုံးနှိုက်ပြီး အီဂျစ်ရောက်သွားပါတော့တယ်… အဲဒီမှာ သူ့ညီမကို ကုသဖို့မံမီ သမားတော်ရှာရာက ဇာတ်ကျောရိုးကိုတည်ထားပါတယ်။ အဒယ်တစ်ယောက် သူရှာနေတဲ့မံမီ သမားတော်ရောရှာတွေ့ပါ့မလား ပြီးရင် မံမီသမားတော်ကရော သူ့ညီမကိုကုနိုင်ပါ့မလားဆိုတာ ပုရိတ်သတ်ကြီးကပဲ ဆက်လက်အားပေးပါလို့…..

**ဒေါင်းလုပ်လင့်တစ်ခုက အဆင်မပြေရင်နောက်တစ်ခုနဲ့ လုပ်နိုင်အောင် ဖြည့်ပေးထားပါတယ့် 

Download And watch With Pcloud Link Full HD

Download Link - 1

Download Link - 2

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org

Dark Shadows (2012) မြန်မာစာတန်းထိုး


ဒရက်ဂူလာ ဟာသကားလေးပါ…
မင်းသား Johnny Depp ပါဝင်သရုပ်ဆောင်ထားပါတယ်။
၁၉၆၆ ခုနှစ်က တင်ဆက်ပြသသော opera ကို ဇတ်လမ်းအဖြစ် ပြန်လည်ကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။
၁၇၆၀ ခုနှစ်မှာ Collins Family ဟာ လီဗာပူးကနေ အမေရိကန်ကိုပြောင်းရွေ့လာရာက ဇတ်လမ်းစထားတာပါ။
၁၄ နှစ်လောက်ကြာတဲ့အခါ မင်းသား Barnabas ဟာ အိမ်ဖော်အမျိုးသမီးဖြစ်သူ Angelique နဲ့အချစ်ဇတ်လမ်းဖြစ်ပွားခဲ့ပါတယ်။ ငယ်စဉ်တည်းက မင်းသားကိုပြုစားထားတဲ့ စုန်းမဖြစ်ပါတယ်။
အဲ Angelique ဟာ မင်းသားရဲ့ မိဘတွေကိုလဲခတ်ပစ်ပီး မင်းသားကိုလဲ မသေနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ဘ၀ကို ပြောင်းခဲ့ပါတယ်….အခေါင်း တစ်ခုတွင်းမှာထည့်သွင်းကာ စီရင်ခဲ့ပါတယ်။
နောက် ၁၉၆ နှစ်အကြာ ၁၉၇၂ ခုနှစ်မှာတော့.. အလုပ်သမားတစ်ယောက်က မမျှော်လင့်ပဲ Barnabas ရဲ့ အခေါင်းကိုဖွင့်ပီး လွတ်စေခဲ့သောအခါ…….
နောက် Victoria ဆိုတဲ့ကောင်မလေး….
မင်းသားနဲ့ဘယ်လိုပက်သက်မှာလဲ နောက်ဆုံး ကျိန်စာတွေပြယ်တဲ့အခါ …..
ဗစ်တိုးရီးယားကတော့ ပြတင်းပေါက်ကနေ ခုန်ချလိုက်ပီးသားဖြစ်နေခဲ့တယ်… သူ့အသက်ကိုမင်းသားက ဘယ်လိုကယ်မလဲ။
ဇတ်လမ်းနားထောင်ရတာ ..စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာထင်ရပေမဲ့ တကယ်လဲကြည့်ရော ရယ်နေရပါတယ် …
ရယ်စရာ သရဲ (သွေးစုပ်ဖုတ်ကောင် ) ဇတ်ကားလေးဆိုတော့ အပျင်းပြေစေမှာပါ။
ကြည့်လိုက်ရအောင်….။
(ရုပ်ရှင်အညွှန်းကို swannyeelover.blogspot မှကူးယူဖော်ပြပါသည်။)

*** Update From www.channelmyanmar.org

File size…(900MB)
Quality…BR-Rip 720p
Format…mp4
Duration….01:53:05
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD

Download and Watch 360p Small File Size (400MB)

Silent Hill (2006) မြန်မာစာတန်းထိုး


IMDb rating 6.6 ရထားတဲ့ Horror ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက ရောင်းအကောင်းဆုံးစာရင်းဝင်ခဲ့တဲ့ ဗီဒီယိုဂိမ်းကို အသက်သွင်းထားတာပါ။ ထူးခြားတာက အခြားသရဲကားတွေလို ပုံပျက်ပန်းပျက် ဗျူးဗြဲ မလုပ်ပါဘူး Character တွေကလဲ ထူးခြားနေပါတယ် Horror ဆိုတာထက် မှော် ပိုဆန်ပါတယ် ရှာရွန်လေးတစ်ယောက် အိပ်ပျော်ရင်းလမ်းထလျှောက်တဲ့ ဝေဒနာခံစားနေရပြီး Silent Hill ဆိုပြီးတစ်ချိန်လုံးအော်နေပါတယ်။ ဒါကိုမခံစားနိုင်တော့တဲ့အဆုံး အမေဖြစ်သူရို့စ် ကသူ့သမီးကို ဝေဒနာသက်သာလိုသက်သာငြား Silent Hill ကိုခေါ်သွားပါတော့တယ်။ Silent Hill ဆိုတာကြီးက မကောင်းမှု့တွေကြောင့်ရော မြေအောက်မီးကြောင့်ရော အပိတ်ခံထားရတဲ့ မြို့ဖြစ်နေပါတယ်။ရှာရွန်တို့ Silent Hill ကိုဘယ်လိုရောက်သွားကြမှာလဲ ရောက်ပြီးရင်ရောဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတာ ကြည့်ရှု့အားပေးကြပါလို့…. (ရှာရွန်ကမွေးစားသမီးဖြစ်ပါတယ် မွေးစားသမီးဖြစ်ပေမဲ့ သူမအပေါ်ထားတဲ့ ရို့စ်ရဲ့ မိခင်မေတ္တာ အတိမ်အနက်ကို ပရိတ်သတ်ကြီး မျက်ဝါးထင်ထင်တွေ့ရမှာပါ – ဤကားစကားချပ်။)

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org

Eragon (2006) မြန်မာစာတန်းထိုး


၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သည်ဇာတ်ကားလေးဟာ ခုဆို ၁၀နှစ်ပြည့်ခဲ့ပါပြီ IMDb အနေနဲ့ 5.1ပဲရရှိခဲ့ပေမယ့် $75 million ပဲကုန်ကျခဲ့တဲ့ သည်ဇာတ်ကားဟာ ရုံတင်ချိန်မှာ $173.9 millionအထိဝင်ငွေရရှိခဲ့ပါတယ် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် 249 million ဝင်ငွေရရှိခဲ့ပြီးလူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်းကိုနဲနဲမိတ်ဆက်ပေးရရင်တော့ တစ်ချိန်က နဂါးစီးသူရဲကောင်းတွေ တရားမျှတစွာအုပ်ချုပ်ခဲ့တဲ့ အလီဂေးရှားဆိုတဲ့တိုင်းပြည်ကြီးမှာ အာဏာရှင်ဘုရင်တစ်ပါးဟာ နဂါးစီးသူရဲကောင်းတွေကိုသတ်ဖြတ်ပြီး တိုင်းပြည်ကြီးကို လက်ဝါးကြီးအုပ်ထားခဲ့ပါတယ် အဲ့ဒါကို ဘယ်လိုလူမျိုးတွေက ပြန်တော်လှန်ကြမလဲ ဘယ်လိုအဖြစ်အပျက်မျိုးတွေနဲ့ကြုံရမယ်ဆိုတာကတော့ ဇာတ်လမ်းမှာပဲ ဆက်ပြီးခံစားလိုက်ကြပါ သည်ဇာတ်လမ်းကိုတော်တော်များများလဲကြည့်ဖူးကြမှာပါ ဒါပေမယ့် လွန်ခဲ့တဲ့၁၀နှစ် လောက် ကျနော်တို့ကျောင်းသားဘဝကကြိုက်နှစ်သက်ခဲ့ရတဲ့ဇာတ်ကားကောင်းလေးဆိုတော့ ကြည့်ပြီးသူတွေလဲသိမ်းထားနိုင်အောင် မကြည့်ရသေးသူတွေလဲ ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်
သည်ဇာတ်လမ်းထဲကနဂါးဟာ Game of throne ဇာတ်လမ်းတွဲထဲက နဂါးလောက်မခန့်ငြားပေမယ့် အသံကတော့ တော်တော်လေးဆွဲဆောင်မှူရှိကြောင်းကြိုပြောလိုက်ပါရစေ

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Min Thet Oo ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org
Powered by Blogger.