ရာဟူးရစ်ချန်း (ရှာရွတ်ခန်း)ဟာ ချမ်းသာကြွယ်ဝပြီးအစဉ်အလာကြီးမားတဲ့ ရပ်ရှ် မိသားစုရဲ့ အမွေစားအမွေခံ မွေးစားသားကြီးဖြစ်ပါတယ်။ သူ့ကိုနှစ်ရက်သား အရွယ်မှာ မွေးစားခဲ့ပြီး နောက်ကိုးနှစ်အကြာမှာ သားအရင်း ရိုဟန်ကို ထပ်မွေးဖွားခဲ့ပေမယ့် ရပ်ရှ် (အမီတာဘချန်း) နဲ့ နန်ဒနီ (ဂျာရာဘချန်း)ဟာ သားကြီးကို သွေးရင်းသားရင်းအတိုင်း ချစ်မြတ်နိုးတဲ့အတွက် ရာဟူးဟာ မွေးစားသားဆိုတာ ဒီအိမ်မှာ ဘယ်သူမှ ထည့်မပြောရဘူးလို့ပါ အမိန့်ထုတ်ထားခဲ့တာပါ။ ရပ်ရှ်ဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုလုံးကို အမွေဆက်ခံ ဆက်လက်ပျိုးထောင်နေတဲ့သူဖြစ်တဲ့အတွက် မာနကြီး အစဉ်အလာတွေကို တန်ဖိုးထားတတ်သလို သူ့သားကြီးကိုလဲ သူ့ခြေရာတွေအတိုင်းလိုက်စေချင်တယ်။ သူ့သားကြီးအတွက် သူ့စိတ်ကြိုက်အိမ်ထောင်ဖက်ဖြစ်တဲ့ သူ့ မိတ်ဆွေ စီးပွားရေးသမားတစ်ယောက်ရဲ့ သမီး ရာဟူးလ်နဲ့လဲ ငယ်သူငယ်ချင်းဖြစ်တဲ့ နန်ဒနီ (ရာနီမူကာဂျီး) နဲ့စီစဉ်ဖို့အဆင်သင့်ဖြစ်နေပြီးသား။ နန်ဒနီကလဲ ရာဟူးကို ငယ်ချစ် ဆိုတော့ အစစအရာရာ အဆင်ပြေနေရမယ့် အခြေအနေမှာ သူ့သားကြီး ရာဟူးလ်က သူတို့အိမ်တော်ထိန်းအမျိုးသမီးရဲ့ တူမ အလုပ်သမား လူတန်းစားတစ်ယောက်ဖြစ်တဲ့ အိန်ဂျလီ(ကာဂျိုးလ်)ကို ချစ်မိသွားခဲ့တယ်။ သူ နည်းပေါင်းစုံနဲ့တားပေမယ့် မအောင်မြင်တဲ့အခါ ရာဟူးလ် သိပ်နာကျင်သွားမယ်ဆိုတာ သိရတဲ့စကားကို တမင်ရွေးချယ် ပြောဖြစ်ခဲ့တယ်။ ‘ မင်းဟာ ငါ့သွေးသားရင်း မဟုတ်ဘူးဆိုတာ နောက်ဆုံးတော့ သက်သေပြလိုက်တာပဲ’ တဲ့။
အဲ့ဒီစကားကို အနာကြီးနာသွားတဲ့ ရာဟူးလ်ဟာ သူရွေးချယ်ထားတဲ့ ဇနီးကိုခေါ်ပြီးတော့ ရပ်ရှ် နဲ့ အဝေးဆုံးနေရာကို ပြောင်းရွှေ့သွားခဲ့တယ်။ နောက်နှစ်တစ်ချို့ကြာလာတဲ့ အချိန်မှာ ဘော်ဒါမှာကျောင်းသွားတက်နေလို့ ဒီအဖြစ်အပျက်တွေကို မသိလိုက်ရတဲ့ သားအငယ်သားအရင်း ရိုဟန် (ရီသစ်ရိုရှန်) ပြန်ရောက်လာပါတယ်။ သူပြန်ရောက်လာတဲ့ အချိန်မှာ သူ့အိမ်ရဲ့ လိုအပ်ချက်တွေကို မြင်တယ်။ ရာဟူးလ်ကို သိပ်ချစ်တဲ့ သူတို့ အဘွားနဲ့အဒေါ်ဆီမှာ အကျပ်ကိုင်မေးလိုက်တော့ ဒီအဖြစ်အပျက်တွေအကုန်လုံးကို သူပြန်သိလိုက်ရတယ်။ အဲ့ဒီမှာ သူဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီမိသားစုမှာ ကွက်လပ်တစ်ခုဖြစ်နေတဲ့ သူ့အစ်ကိုကို ရအောင် စုံစမ်းရှာဖွေပြီး မိသားစုနဲ့စေ့စပ်ပေးဖို့ပါပဲ။
*** mmsubtitles မှ ကူးယူဖော်ပြသည်။။။
+ comments + 2 comments
link သေနေပြ
link သေနေပြီ
Post a Comment