Time Travel နဲ့ ပက်သက်ပြီး စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ အတွက် IMBd rating 8.5 အထိတောင် ရရှိဲထားတဲ့ Science Fiction အမျိုးအစား India movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဒီ 24 ဆိုတဲ့ ကားလေးကို ဒါရိုက်တာ Vikram Kumar က ရိုက်ကူးခဲ့ပြီး Suriya က သုံးကိုယ်ခွဲ သရုပ်ဆောင်ထားတာဖြစ်ပါတယ်
ဒီရုပ်ရှင်လေး က 2009 ခုနှစ်ကတည်းက ရိုက်ဖို့ စီစဉ်ထားတာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ခဲ့ပြီး 2014 ခုနှစ်မှ ရိုက်ကူးနိုင်ခဲ့ပြီး 2016 May လ 6 ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်
ဒီကားလေးထဲမှာ သိပ္ပံပညရှင် Dr. Sethuraman အဖြစ် Suriya က သရုပ်ဆောင်ထားပြီး၊ သူသည် ၁၉၉၀ ဇန်န၀ါရီ မှာ အများဆုံး ၂၄နာရီစာ ခေတ် ရှေ့နောက်ပြန်သွားလို့ရတဲ့ နာရီ တလုံးကို တီထွင်ခဲ့တယ်။
အဲ့ မှာ သူ့ရဲ့ အမွှာ ညီအကို က သူ့ရဲ့ နာရီကို ခိုးဖို့ ကြိုးစား ရာကနေ သူ့ရဲ့ နာရီ ကော အခိုးခံခဲ့ရလား၊ သူ့ရဲ့ နာရီကကော ဘယ်လို အချိန်ကို ရှေ့နောက် ပြန်ချိန်လို့ရလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ခံစားပေးပါနော်
ရုပ်ရှင်အညွှန်း - Updated New Movie Tube
Powered by Blogger.
Post a Comment