Latest Movie :

The Suspect (2013) - မြန်မာစာတန်ထိုး

အတော်ဆုံးလူတွေဟာ လူမသိသူမသိပဲ ပျောက်ကွယ်သွားလေ့ ရှိသတဲ့။ Ji Dong Chul ဟာ မြောက်ကိုရီးယားရဲ့ အေးဂျင့်တစ်ယောက်ပါ။ ဒါပေမယ့် စစ်ဆင်ရေးတစ်ခုမှာ လွဲချော်မှု ဖြစ်သွားတာကြောင့် တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်စားခံထားရတဲ့ သူ့မိန်းမနဲ့ ကလေး အသတ်ခံရပါတယ်။ ဒီလူသတ်မှုကို ဦးဆောင်တဲ့သူက သူ့ရဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်တယ်ဆိုတာ သိခဲ့ရပြီး သူလည်း တောင်ကိုရီးယားဖက်ကို ထွက်ပြေးလာခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ Ji Dong Chul ဟာ လူမသိသူမသိ ပိပိရိရိနဲ့ ကိုယ်ယောင်ဖျောက်နေပါတယ်။ နေ့ခင်းတွေမှာ သူလိုပဲ တောင်ကိုရီးယားကို ထွက်ပြေးလာတဲ့ လူသတ်သမားကို လိုက်ရှာနေပြီး ညပိုင်းမှာတော့ ကုမ္ပဏီကြီး တစ်ခုက ဥက္ကဋ္ဌကြီးတစ်ယောက်ရဲ့ ယာဉ်မောင်အဖြစ် အသက်မွေးပါတယ်။ ဒါပေမယ့် တကယ်တော့ ကြမ္မာဆိုးတွေဆိုတာ အဖော်အပေါင်းနဲ့ ရောက်လာတတ်စမြဲပါ။ သူ့ရဲ့ အလုပ်ရှင်ဟာ တောင်ကိုရီးယား ထောက်လှမ်းရေးရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်။ ဒါပေမယ့် တရားခံအဖြစ် သူ့ကို ပုံချနိုင်ဖို့ အားလုံးစီစဉ်ထားပြီးသားပါ။ လုပ်ကြံမှုကို ဦးဆောင်တဲ့သူဟာ NIS ရဲ့ ဒါရိုက်တာ Kim Seok Ho ဖြစ်ပြီး မြောက်ကိုရီးယားမှာ သူဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် သိရှိထားပြီးပါပြီ။

Ji Dong Chul ကို လိုက်ဖမ်းနိုင်ဖို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ဟာ Min Se Hoon ဆိုတဲ့ လူစွမ်းကောင်းတစ်ယောက်ကို ခေါ်ယူအသုံးပြုရပါတယ်။ အဲဒီလူဟာ တစ်ချိန်က Ji Dong Chul နဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး Ji Dong Chul က မသတ်ပဲ ထားခဲ့တဲ့ အေးဂျင့်တစ်ယောက်ပါ။ Ji Dong Chul ဖက်ကနေလည်း Documentary ဒါရိုက်တာမလေး Choi Kyung Hee က ကူညီပေးပါတယ်။ အတော်ဆုံးအေးဂျင့်နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှု၊ Kim Seok Ho ရဲ့ ကွက်ကျော်ရိုက်မှုနဲ့ သည်းထိတ်ရင်ဖို စွန့်စားမှုတွေရဲ့ ကြားမှာ လျှို့ဝှက်ချက်တစ်ုတော့ ရှိနေပါတယ်။ အဲဒါကတော့ …

ဒါရိုက်တာ Won Shin Yun ရိုက်ကူးပြီး မင်းသား Gong Yoo ခေါင်းဆောင်ပါဝင်တဲ့ The Suspect ဇာတ်ကားဟာ IMDb Rating 7.3 ရရှိထားတဲ့ အက်ရှင်ဇာတ်ကြမ်း ဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း Tomatometer 75% ရရှိထားပြီး Gong Yoo နဲ့အတူ Park Hee Soon ၊ Jo Sung Ha နဲ့ Yoo Da In တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မရိုးနိုင်တဲ့ တောင်မြောက် ကိုရီးယား နှစ်နိုင်ငံကြားက အေးဂျင့်တွေရဲ့ အားပြိုင်မှုကို အသွင်သစ် တစ်မျိုးနဲ့ ဖော်ပြထားတာ ဖြစ်ပြီး ကိုရီးယားအက်ရှင်ကားတွေထဲမှာတော့ ပထမတန်းစားလို့ ပြောလို့ရပါတယ်။ ဇာတ်ကွက် အနည်းငယ် မြန်တာကလွဲရင် ထိပ်တန်းရိုက်ချက်တွေ၊ စတန့်ပြကွက်တွေနဲ့ အကောင်းဆုံး ရိုက်ကူးထားတာ တွေ့ရပါတယ်။

အက်ရှင်ဇာတ်ကား နှစ်သက်ကြတဲ့ ပရိသတ်တွေ လက်လွတ်မခံပဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ကြောင်း အသိပေးပါရစေ။
ရုပ်ရှင်အညွှန်း -  Hollinaz (Movie Guide)
Share this article :

Post a Comment

Powered by Blogger.