Latest Movie :

Hugo (2011) - မြန်မာစာတန်းထိုး


မာတင်စကော့ ဆေးဆေးရဲ့ ပထမဆုံး 3D ဇာတ်ကား ဖြစ်ပါတယ်။ စာရေးဆရာ ဘရိန်းဆယ်လ်ဇစ်ခ်ရဲ့
The Invention of Hugo Cabret ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးခဲ့တာပါ။
ဝတ္ထုက ၂၀ဝ၇ခုနှစ်မှာ ထွက်ရှိခဲ့ပါ တယ်။

ပါရီမှာရှိနေတဲ့ ရထားဘူတာရုံမှာ နေထိုင်နေတဲ့ ကလေးငယ်၊ ဘူတာအတွင်းမှာ ပဟေဠိဆန်စွာရှိနေတဲ့ အရုပ်ဆိုင်ပိုင်ရှင် ဒီနှစ်ဦးကြားက အဖြစ်အပျက်ကို ဇာတ်လမ်းဆင်ခဲ့တာပါ။ ဇာတ်လမ်းသဘောထက်
စကော့ဆေးဆေးရဲ့ ဖန်တီး မှုကို ပိုပြီးချီးကျူးခဲ့ကြပါတယ်။ ဇာတ်ကားအနေနဲ့ ၂၀၁၁ခု နှစ်အတွက် ရုပ်ရှင်ဝေဖန်သူများ က ပေးတဲ့ အကောင်းဆုံး ဇာတ်ကားဆုကို ရခဲ့သလို တစ်နှစ်တာအတွက် အကောင်း ဆုံးဇာတ်ကား ၁၀ကားစာရင်းရွေးချယ်မှုတွေမှာလည်း ဆက် တိုက်ပါဝင်ခဲ့ပါတယ်။
The New Yorker ၊ Time ၊ MTV၊ The Hollywood Reporter ၊ Rolling Stone နှင့် The New York Times တို့က ဒီဇာတ်ကားကို ၂၀၁၁ခုနှစ်ရဲ့ အကောင်း ဆုံးဇာတ်ကားတစ်ကားအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

၁၉၃၁ခုနှစ်အချိန်ကို ဇာတ်ကားမှာ နောက်ခံ ပြုခဲ့ပါ တယ်။ ဟူဂိုကားဘတ်ဆိုတဲ့ ကလေးငယ်တစ်ဦးက ဘူတာ ရုံအတွင်း နေထိုင်နေပါတယ်။  သူ့ရဲ့ဖခင်က နာရီတီထွင်တဲ့ နေရာမှာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။
တစ်နေ့တော့ မီးလောင် မှုကြောင့် သေဆုံးသွားပါတယ်။ တစ်ဦးတည်း ကျန်ရစ်ခဲ့ တဲ့ ဟူဂိုကို ဦးလေးဖြစ်သူ ကစောင့်ရှောက် ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ပြည့် အရက်မူး နေတဲ့ ဦးလေးက ဟူဂိုကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ပါဘူး။ ဘူတာရုံထဲ ရှိနေတဲ့နာရီကြီးတွေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ သင်ကြားပေးခဲ့ပါတယ်။

ဟူဂိုအတွက်တစ်နေ့တာလုပ်စရာ ဟာ ဘူတာအတွင်းမှာရှိနေတဲ့ နာ ရီကြီးတွေကို သံပတ်ပေး၊ ပျက်နေတာတွေကို ပြင်ရတဲ့ အလုပ်အဖြစ်လာပါတယ်။ နာရီလက်တန် တွေရဲ့နောက်ဘက်ကတစ်ဆင့်
ပြင်ပ ကမ္ဘာကို ထိတွေ့ခွင့်ရလာပါတယ်။ ဘူတာ မျက်နှာကျက်ကနေ အောက်ဆင်းရင်တော့ ခိုးဆင်းရတဲ့ အခြေအနေပါ။

ဘူတာတွင်း က အလေအလွင့်ကလေးတွေကို လိုက်ဖမ်း နေတဲ့ ရဲသားတစ်ဦးက ခွေးတစ်ကောင်နဲ့အမြဲလို ပတ္တရောင်လှည့်နေခဲ့ပါတယ်။ ဘူ တာကြမ်းပြင်ကို ဆင်းဖို့အတွက် ရဲသားအ လစ်ကို စောင့်နေရသလို အစာစားဖို့အတွက် လည်း ခိုးယူရတာတွေရှိလာခဲ့ပါတယ်။ ဒီလိုနေထိုင်ရင်းက ပဟေဠိဆန်တဲ့ အ ရုပ်ဆိုင်ပိုင်ရှင်တစ်ဦးနဲ့ သိကျွမ်းလာခဲ့ရပါ တယ်။ ကောင်းသော သိကျွမ်းခြင်းတော့ မဟုတ်ခဲ့ပါဘူး။ သူလိုချင်တဲ့ ကြွက်ရုပ်ငယ် ကို အကြောင်းပြုပြီး ဖခင်ရဲ့ မှတ်စုစာအုပ်ကို ဆိုင်ပိုင်ရှင်က ယူသွားခဲ့ပါတယ်။ ဒီမှတ်စုစာအုပ်ကို ပြန်မပေးတော့ပါဘူး။ ဟူဂိုအတွက် မှတ်စုစာအုပ်က အရေးကြီးနေခဲ့ပါတယ်။

ဒီအ ချက်ကို အခြေပြုပြီး မာတင်စကော့ဆေးဆေးက ဇာတ်ကား ကို စိတ်ဝင်စားအောင် တင်ဆက် သွားခဲ့ပါတယ်။ စကော့ဆေး ဆေးရဲ့ ဖန်တီးမှုအတတ်ပညာကို အထင်အရှားတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်း - Now! Not Yet
Credit To : Film2mm.com


IMDB 7.5 ရထားတဲ့ဇာတ်ကားဟာ 2h:6mins ကြာမြင့်ပါတယ်။



 


Share this article :

Post a Comment

Powered by Blogger.