Latest Movie :

Inside Man (2015) - မြန်မာစာတန်းထိုး

 
Inside Man ဇာတ်ကားသည် IMDB (7.1) ရရှိခဲ့သောဇာတ်လမ်းကောင်းတစ်ကားဖြစ်သည်။
ပရိတ်သတ်အချစ်တော် လီဗြောင်ဟွန်း၏ အောင်မြင်ခဲ့သော ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ထိုဇာတ်ကားထဲတွင် အာဆန်ဂူ  အဖြစ် လီဗြောင်ဟွန်းက သရုပ်ဆောင်ထားသည်။
လီကန်ဟီသည် တောင်ကိုရီးယားမှ အောင်မြင်သော သီတင်းစာ အယ်ဒီတာတစ်ယောက်ဖြစ်သည့်အားလျော်စွာ လွှတ်တော်အမတ် ဂျောင်ပယ်ဝူကို နောက်တစ်ကြိမ်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ကူညီထောက်ပံ့ပေးနေသည်။ထိုအကြောင်းအရာကို ဂျောင်ပယ်ဝူ၏ နောက်လိုက်ဖြစ်သူ အာဆန်ဂူပဲသိရှိထားသောအကြောင်းအရာဖြစ်သည်။ ထိုအကြောင်းအရာမှစပြီး မမျော်လင့်သောဖြစ်ရပ်များ ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော အမတ်၏ လာဘ်စားမှူ့များကိုသိရှိထားသည့် အလျောက် အနိုင်ရရှိရေးအတွက် (လီဗြောင်ဟွန်း)ကို အသုံးချခဲ့သည်။ ထို့ကြောင့် လွှတ်တော်အမတ် နှင့် နိုင်ငံရေးလောက ရှုပ်ထွေးမှု့များကို ပြန်လည် (လီဗြောင်ဟွန်း)မှ ကလဲ့စားချေခြင်းဖြင့် လက်တုန့်ပြန်သည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။
လီဗြောင်ဟွန်းတစ်ယောက် ဘယ်လိုအကွက်ကျကျနဲ့ ကြံစည်ပြီးဖော်ထုတ်သွားမလဲ ။ သူ့ရဲ့ အားပြိုင်ဘက်ကိုရော ဘယ်လောက်အခြေအနေထိ ကလဲ့စားခြေနိုင်မလဲဆိုတာကိုတော့ ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှူ့ပါခင်ဗျာ။
ဇာတ်လမ်းအညွန်းကိုတော့ မေမြတ်နိုး က ရေးသားပေးခဲ့တာပါ
Credit To : www.channelmyanmar.org





 
Share this article :

Post a Comment

Powered by Blogger.